စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်ကို စောင့်ကြည့် နေကြပြီလား ?


                      

 Wednesday, March 26, 2014

ကျွန်တော်တို့ တိုင်းပြည်မှာပါ ယခုဆိုရင် နေပြည်တော် အမြန်လမ်းများ ၊ ရန်ကုန်မြို့ လမ်ဆုံ လမ်းခွများ ၊ မိးပွိုင့်များ ၊
ဘဏ်များ ၊ ရုံးများ ၊ ဈေးဝယ်စင်တာများ ကျောင်းများ ၊ ဟိုတယ် ၊ လေဆိပ် ..စသည့်ဖြင့် နေရာတော်များများ သင့်ကိုစောင့်ကြည့်နေကြပါပြီ။
ဒါဆို အဲ့ဒီလုံခြုံရေး ကင်မရာတွေ အကြောင်းနဲနဲ တော့လေလာ ထာားဖို့လိုလာ ပါတယ်... ။

CCTV ဆိုတာ ဘာလဲ ..?

CCTV ဆိုတာကို အင်္ဂလိပ်လို Closed Circuit Television လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ပတ်လမ်းပိတ်ရုပ်သံစနစ်ပါ။
ဆိုလိုတာက .. ကျွန်တော်တို့ သာမာန်ကြည့်နေတဲ့ ရုပ်သံစနစ်တွေက တစ်နေရာကနေထုတ်လွှင့်ပြီး မည်သူမဆို ဖမ်းယူကြည့်ရှုနိုင်ပါတယ်။
CCTV ကတော့ တစ်နေရာကဖမ်းယူထားတာကို တစ်နေရာတည်းကပဲ ကြည့်ရှုနိုင်တယ်ဆိုတဲ့ သဘောပါ။

CCTV ကို ဘာအတွက် အသုံးပြုကြသလဲ ?

CCTV ကို လုံခြုံရေးကင်မရာအဖြစ် လူသိများကြပါတယ်။ စောင့်ကြည့်ကင်မရာအဖြစ်အသုံးပြုပါတယ်။ မိမိရဲ့ ပတ်ဝန်းကျင်လုံခြုံရေးအတွက်
အသုံးပြုကြသလို၊ အလုပ်ရုံများ၊ ကုမ္မဏီ ရုံးခန်းတွေမှာလည်း ၀န်ထမ်း စည်းကမ်းထိန်းသိမ်းရေးအတွက် စောင့်ကြည့်သည့်အနေဖြင့်
အသုံးပြုကြပါတယ်။ အချို့သော အငြင်းပွားဖွယ်ကိစ္စရပ်တွေမှာလည်း CCTV ရဲ့ ဆုံးဖြတ်ချက်ကို ရယူဆောင်ရွက်ကြပါတယ်။

CCTV ကို ဘယ်လိုနေရာတွေမှာ အသုံးပြုကြသလဲ ?

CCTV ကို စက်ရုံ၊ အလုပ်ရုံ၊ ကုမ္မဏီ၊ ရုံးခန်း၊ အရောင်းပြခန်း၊ ဈေးဆိုင်ခန်း၊ ဆေးရုံ၊ ဆေးခန်း၊ ရွှေဆိုင်၊ စတိုးဆိုင်၊ အပေါင်ဆိုင်၊ နေအိမ်၊ ခြံဝန်း
စသည်ဖြင့် နေရာစုံမှာ အသုံးပြုနေကြပါတယ်။ တန်ဖိုးကြီးပစ္စည်းရောင်းချသည့်နေရာများ၊ လူဝင်လူထွက်များသည့်နေရာများ၊ လုံခြုံရေးအထူး
လိုအပ်သည့်နေရာများ၊ အ၀င်အထွက်မှတ်တမ်းတင်ရန် လိုအပ်သည့်နေရာတိုင်းတွင် အသုံးပြုသင့်ပါသည်။

CCTV အသုံးပြုခြင်းဖြင့် မည်သည့် အကျိုးများရရှိနိုင်သလဲ ?

CCTV အသုံးပြုခြင်းဖြင့် သူခိုး၊ ဓါးပြ စသည်ဖြင့် ခိုးဆိုးလုယက်သူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်နိုင်သလို၊ မိမိရဲ့ အသက်ကို အန္တရာယ်ပြုမည့်သူများ၏
ဘေးမှလည်း ကာကွယ်နိုင်ပါသည်။ ထို့ပြင် အမှုအခင်းများတွင် တရားခံဖော်ထုတ်နိုင် ရန်အတွက် များစွာ အထောက်အကူ ဖြစ်စေပါသည်။ ၀န်းထမ်းများ၏
စည်းကမ်းဖောက်ဖျက်ခြင်းကို တိတိကျကျအရေးယူဆောင်ရွက်နိုင်သလို လုပ်ငန်းခွင်အတွင်း ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းကိုလည်း ဖော်ထုတ်အရေး
ယူနိုင်မှာ ဖြစ်ပါတယ်။

CCTV တပ်ဆင်ရန် မည်မျှ ကုန်ကျနိုင်သလဲ ?

မိမိတပ်ဆင်လိုသည့် အရေအတွက်ပေါ် မူတည်ပြီး ကုန်ကျနိုင်ပါသည်။ သို့သော် .. ယခုအခါ

နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ .. လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်လာခြင်း၊ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်လာခြင်း၊ မိမိအသုံးလိုရာ ရွေးချယ်ဝယ်ယူနိုင်ခြင်း .. စသည်တို့ကြောင့် ကုန်ကျစရိတ်မှာ များစွာသက်သာလာပြီး
ပစ္စည်းအရည်အသွေးများမှာလည်း တိုးတက်ကောင်းမွန်လာပါသည်။

CCTV ကို ဘယ်လို ရွေးချယ်ဝယ်ယူရမလဲ ?

အသုံးပြုလိုသည့်နေရာ၊ ခန့်မှန်းအသုံးစရိတ်အပေါ် မူတည်ပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ မှတ်တမ်းတင် သိမ်းဆည်းခြင်းကို DVR စက်ဖြင့်အသုံးပြုခြင်း၊ ကွန်ပျူတာစနစ်ဖြင့်
အသုံးပြုခြင်း စသည်ဖြင့် ကွာခြားနိုင်ပါတယ်။ CCTV Camera များကို ရွေးချယ်ဝယ်ယူရာမှာ ဈေးနှုန်းအပြင် ပစ္စည်းအရည်အသွေး၊ အမှန်တကယ်အာမခံပေးသည့် အခြေအနေ
စသည်တို့ကို အထူးသတိထား ရွေးချယ်သင့်ပါသည်။ CCTV Camera များ၏ အရည်အသွေးကို TVLine ဖြင့် သတ်မှတ်အသုံးပြုကြပါသည်။ ဥပမာ . 420TVLine သည်
ယခင်နှစ်များက အသုံးပြုသည့် အမျိုးအစားများဖြစ်ပြီး ယခုချိန်တိုင်အောင် လက်ခံအသုံးပြုနေကြဆဲဖြစ်ပါသည်။ အရည်အသွေးကောင်းကောင်းအသုံးပြုလိုပါက ယခုအခါ
700TVLine နှင့် အထက်ပင် ၀ယ်ယူရရှိနေပြီဖြစ်ပါသည်။

TVLine ဆိုတာဘာလဲ ?

TVLine ဆိုသည်မှာ အရည်အသွေး စံသတ်မှတ်ချက်တစ်ခုဖြစ်ပါသည်။ ယခင်က Graphic အရည်အသွေးကို Pixel (အစက်အပျောက်) Dot per Inch ဖြင့် တွက်ချက်ကြပါသည်။
ဥပမာ Resolution 600 x 800 ရှိ Resolution 1024 x 768 ရှိသည့် ရုပ်ပုံ ၂ ခုကို နှိုင်းယှဉ်ကြည့်ပါက One Square Inch အတွက် အစက်အပျောက်ငယ် 480000 ရှိသည့်ပုံနှင့်
786432 ရှိသည့်ပုံ တွင် Resolution များသည့်ပုံက ပိုမိုကြည်လင်ပြတ်သားသကဲ့သို့ဖြစ်ပါသည်။ TVLine မှာ အစက်အပျောက်များနှင့် သတ်မှတ်ခြင်းမဟုတ်ဘဲ လိုင်းစင်းအရေအတွက်နှင့်
သတ်မှတ်သုံးနှုန်းခြင်းဖြစ်သည်။ ထို့ကြောင့် လိုင်းစင်းအရေအတွက်များလေ အရည်အသွေးပိုမိုကောင်းမွန်လေဖြစ်သည်။

CCTV Camera တွေက နေ့ / ည အသုံးပြုလို့ရလား ?

ကင်မရာတိုင်းတော့ မရပါဘူး .. IR ပါတဲ့ ကင်မရာတွေသာ ညဘက်မှာ အသုံးပြုနိုင်ပါတယ်။

ညဘက်မှာ Color နဲ့ မြင်ရတာလား ?

မဟုတ်ပါဘူး .. IR ပါတဲ့ ကင်မရာတွေနဲ့ ညမြင်ကွင်းတွေဟာ Black & White ပဲ မြင်ရပါတယ်။ ဒါပေမယ့် .. ခုနောက်ပိုင်း အချို့သော IR Camera တွေမှာ ညမြင်ကွင်းကို Color နဲ့ ရနိုင်ပါပြီ။

IR ဆိုတာ ဘာလဲ ?

IR ဆိုတာ Infra-Red ကို ဆိုလိုတာပါ။ အနီအောက်ရောင်ခြည်တမျိုးပါ။ CCTV Camera တွေမှာ LED လို မီးလုံးလေးတွေပါရှိခြင်းကို ဆိုလိုပါတယ်။

အကွာအဝေး ဘယ်လောက်ထိ မြင်ရလဲ ?

IR အနည်းအများ ပေါ်မူတည်ပြီး အကွာအဝေး ခြားနားပါတယ်။ အများအားဖြင့်တော့ 10meter ကနေ 15meter ၀န်ကျင်လောက်ထိ မြင်ရနိုင်ပါတယ်။

CCTV Camera တွေရဲ့ မြင်ကွင်းက ဘယ်လို ကွာခြားလဲ ?

CCTV Camera တွေရဲ့ မြင်ကွင်းကို Lens အရွယ်အစားပေါ်မူတည်ပြီး ကွာခြားပါတယ်။ Lens အရွယ်အစားတွေက 3.6mm, 4mm, 6mm, 8mm, 12mm, 16mm စသည်ဖြင့်
အမျိုးမျိုးရှိသလို Zoom ချိန်လို့ရနိုင်သည့် CCTV Camera တွေလည်း ရှိပါတယ်။ အသုံးများတဲ့ ဆိုဒ်တွေက မြင်ကွင်းကျယ်ကျယ်လိုချင်သူများအတွက် 3.6mm နဲ့ အနီးကပ်ကြည့်လို
သူတွေအတွက် 6mm, 8mm တွေကို အသုံးပြုကြပါတယ်။

မှတ်တမ်းတင် သိမ်းဆည်းရာမှာ မည်မျှကြာအောင် သိမ်းဆည်းနိုင်သလဲ ?

CCTV Recording ပြုလုပ်ရာမှာ ကင်မရာအရည်အသွေး၊ အလင်းအမှောင်၊ အသုံးပြုသည့်အချိန်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါသည်။ ပျမ်းမျှအားဖြင့် ကင်မရာတစ်လုံးလျှင် ၂၄ နာရီလုံး
အသုံးပြုပါက 5G to 8G ပမာဏအထိ ရှိပါသည်။ ထို့ကြောင်း 500G ရှိသော HardDisk ဖြင့် Camera ၄ လုံး အား ၂၄ နာရီ အသုံးပြုပါက.. တစ်လ၀န်းကျင်ခန့် အသုံးပြုနိုင်ပါသည်။
အကယ်၍ ကာလကြာမြင့်စွာ သိမ်းဆည်းထားလိုပါက HardDisk 1000G, 2000G စသည့်ဖြင့် ပမာဏ များပြားသည့် HardDisk များကို အသုံးပြု သိမ်းဆည်းနိုင်ပါသည်။

Record Data တွေပြည့်သွားရင် ဖျက်ပေးရမှာလား ?

Record Data များကို အမြဲတမ်းဖျက်ပေးနေဖို့ မလိုအပ်ပါဘူး။ Recroding ပြုလုပ်ပေးသည့် စက်များတွင် Over Write စနည် ပါရှိပြီးဖြစ်သည့်အတွက် သူ့အလိုလို ရှေ့ပိုင်းမှ Data များကို
ဖျက်ပေးသွားမှာပါ။ ဥပမာ .. ရက်ပေါင်း ၃၀ မှတ်တမ်းရှိတယ်ဆိုရင် .. အမြဲတမ်း ရက် ၃၀ စာ ရှိနေပေးမှာပါ။ နောက်ပိုင်းရက်တွေ အသစ်မှတ်လိုက်လိုင်း ရှေ့ပိုင်းက အဟောင်းကို
ဖျက်ပြီး သိမ်းလိုက်တာပါ။

DVR စနစ်နဲ့ Computer စနစ်က ဘာတွေကွာလဲ ?

DVR စနစ်ရဲ့ အားသာချက်က … အသုံးပြုရလွယ်ကူတယ်၊ ကုန်ကျစရိတ်သက်သာတယ်၊ အမျိုးအစားအပေါ်မူတည်ပြီး အရည်အသွေးနဲ့ ဈေးနှုန်းကွာခြားတယ်။
DVR စနစ်ရဲ့ အားနည်ချက်က ... Play Back နဲ့ Backup ပြုလုပ်ရာမှာ အနည်းငယ် အားနည်ချက်ရှိတယ်။ DVR စက်က မှတ်တမ်းတွေကို တခြားမှာ နေရာမှာ
အလွယ်တကူ ပြန်ကြည့်ဖို့ အဆင်မပြေဘူး။

Computer စနစ်ရဲ့ အားသာချက်က … အသုံးပြုလို့ကောင်းတယ်၊ နည်းစနစ်ပိုင်း တိကျသေချာတယ်၊ Play Back နဲ့ BackUp ပြုလုပ်ဖို့ လွယ်ကူတယ်။ တခြား
ဘယ်နေရာမှာမဆို အလွယ်တကူပြန်ကြည့်လို့ရတယ်၊ ရုပ်သေ Photo အနေနဲ့လည်း ထုတ်ယူနိုင်တယ်။ အကယ်၍ CCTV စနစ်ကို အသုံးမပြုတော့ဘူးဆိုရင်
DVR စက်ကို တခြားဘယ်နေရာမှာမှ အသုံးပြုလို့မရနိုင်ဘဲ .. Computer ကတော့ မည်သည့်နေရာမှာမဆို ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် ..
DVR စက်က Recording တစ်ခုပဲ လုပ်နိုင်မှာဖြစ်ပြီး Computer ကတော့ အခြားကိစ္စများမှာပါ ပူးတွဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Computer စနစ်ရဲ့ အားနည်းချက်က … Computer တစ်စုံလိုအပ်တယ်၊ ကွန်ပျူတာအခြေခံနားလည်ထားဖို့လိုတယ်၊ လျှပ်စစ်မီးစနစ်ကောင်းမွန်ဖို့ လိုအပ်တယ်။

နေရာတစ်ခုမှာ တပ်ဆင်ထားတဲ့ CCTV မြင်ကွင်းတွေကို တခြားနေရာကနေ ကြည့်လို့ရနိုင်မလား ?

ရပါတယ် ..။ CCTV ရဲ့ Monitor မြင်ကွင်းကို ၀န်းကျင်တစ်ခုတည်းမှာပဲဆိုရင် ကြိုးစနစ်ရော .. ကြိုးမဲ့စနစ်နဲ့ပါ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ အကယ်၍ အခြားနေရာတစ်ခုကနေ
ကြည့်ချင်တယ်ဆိုရင် Local Area Network တစ်ခုကို Wifi စနစ်နဲ့ လွှင့်ပြီး ဖမ်းယူကြည့်ရှုနိုင်ပါတယ်။ ဒါအပြင် အခြားမြို့ရွာ၊ နိုင်ငံများကို သွားရောက်တဲ့အခါတိုင်းမှာ မိမိရဲ့ CCTV
ကိုပြန်ကြည့်ချင်တယ်ဆိုရင်တော့ ကောင်းမွန်တဲ့ Internet စနစ်ရှိဖို့ပဲ လိုအပ်ပါတယ်။ မိမိအသုံးပြုနေတဲ့ Andriod, iPhone, iPad စသည်တို့ကလည်း ကြည့်ရှုထိန်းချုပ်နိုင်ပါတယ်။

ကချင်း ( MM Social Sky )

Ref; special thanks to ingyin.com/cctv/ ။ Internet

https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...