စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူမိုက်ကို မမှီဝဲမဆည်းကပ်ခြင်းသည် မြတ်သောမင်္ဂလာ


"မင်္ဂလာအတွေးများ"
•••••••••••••••••••
“အသေ၀နာစ ဗာလာနံ၊ ဧတံမင်္ဂလမုတ္တမံ။
လူမိုက်ကို မမှီဝဲမဆည်းကပ်ခြင်းသည်
မြတ်သောမင်္ဂလာမည်၏။
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊
မမှီဝဲနဲ့ကင်းအောင်နေ။”

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ သာမလို့ အမည်ရတဲ့ မင်းတစ်ပါး ရှိခဲ့ပါတယ်။ အဲဒီသာမမင်းမှာ အလွန်တော်တဲ့ မြင်းတစ်ကောင်လည်း ရှိပါတယ်။ အဲဒီမြင်းရဲ့အမည်က ပဏ္ဍ၀တဲ့။ မြင်းက သိပ်တော်တော့ မင်းကိုယ်တိုင်ကလည်း မင်္ဂလာမြင်းအဖြစ် သတ်မှတ်ပေးထားပါတယ်။ မင်္ဂလာမြင်းဆိုတော့ သာမန်မြင်းတွေထက် အခွင့်အရေး ပိုရပါတယ်။
တစ်နေ့တော့ ဘယ်လိုအကြောင်းကြောင့်ရယ်တော့ မသိဘူး၊
မင်္ဂလာမြင်းကို ထိန်းကျောင်းဖို့ မြင်းထိန်းတစ်ယောက်ရောက်လာပါတယ်။ မြင်းထိန်းရဲ့အမည်က "ဂိရိဒတ္တ"တဲ့။

မင်္ဂလာမြင်းကို ထိန်းကျောင်းမယ့် ဂိရိဒတ္တဟာ မြင်းထိန်းပညာနဲ့
ပတ်သက်ပြီး ဘယ်လောက်တော်တယ်၊
ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာ စာထဲမှာပြမထားလို့
မသိရပါဘူး။ ဒါပေမယ့် ဂိရိဒတ္တမှာ လူအများမြင်သာတဲ့
ထူးခြားချက်တစ်ခု ရှိနေပါတယ်။
အဲဒီထူးခြားချက်ကတော့ ခြေခွင်နေတာပါပဲ။

ဂိရိဒတ္တဟာ မြင်းထိန်းတစ်ယောက်ရဲ့ တာဝန်တွေဖြစ်တဲ့
မြင်းစာကျွေးတာ၊ မြင်းရေချိုးတာ၊ သန့်ရှင်းရေးလုပ်တာ စသည်ဖြင့် မြင်းတစ်ကောင်လုံးနဲ့ဆက်စပ်သမျှကို တာဝန်ကျေအောင်လုပ်ပေးပါတယ်။
မြင်းထိန်းဂိရိဒတ္တလုပ်ရတဲ့အလုပ်တွေထဲမှာ မင်္ဂလာမြင်းကို မြင်းစားကျက်သွားကျောင်းပေးရတဲ့ အလုပ်လည်း တစ်ခုပါပါတယ်။ ဒီတော့ ဂိရိဒတ္တလည်း မြင်းရဲ့နှာရှုပ်ကြိုးကိုကိုင်ပြီး ရှေ့ကနေ သွားပါတယ်။ မြင်းထိန်းဂိရိဒတ္တဟာ ခြေခွင်နေတဲ့သူဆိုတော့ လမ်းလျှောက်တဲ့အခါ ထော့နဲ့ထော့နဲ့နဲ့ပေါ့။ ဒါကို မင်္ဂလာမြင်းက သူ့ကို သင်တာပဲဆိုပြီး မြင်းထိန်းလျှောက်တဲ့အတိုင်း ထော့နဲ့ထော့နဲ့နဲ့ နောက်က လိုက်လျှောက်တယ်။

ကာလတစ်ခုလည်းကြာလာရော မင်္ဂလာမြင်းလည်း
လမ်းလျှောက်တဲ့အခါ သူ့ထိန်းကျောင်းသူ မြင်းထိန်းအတိုင်း
ထော့နဲ့ ထော့နဲ့ ဖြစ်သွားပါရောတဲ့။

တစ်နေ့တော့ မင်းချင်းတစ်ယောက်က မင်္ဂလာမြင်း ခြေထောက် ထော့နဲ့ထော့နဲ့ ဖြစ်နေတာကို တွေ့သွားပါတယ်။ ဒီတော့ မင်းကို မင်္ဂလာမြင်းခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့အကြောင်း သွားလျှောက်ပြပါတယ်။ မင်းကလည်း မြင်းခြေထောက်မှာ
အနာတစ်ခုခု ဖြစ်လို့နေမှာပဲ ဆိုပြီး ဆေးဆရာတွေလွှတ်ပြီး ဆေးကုခိုင်းလိုက်ပါတယ်။ ဆေးဆရာတွေက မင်္ဂလာမြင်းကို ခြေထောက်မှာဘာရောဂါဖြစ်နေသလဲဆိုတာ
သေချာစစ်ဆေးကြည့်ကြတယ်။

အစကတည်းက ဘာရောဂါမှ မရှိတာဆိုတော့ ဘာရောဂါမှလည်းမတွေ့ပါဘူး။ ဆေးဆရာတွေက မြင်းမှာ ဘာရောဂါမှ မရှိတဲ့အကြောင်း မင်းကိုလျှောက်ပြပါတယ်။ ဒီတော့ မင်းက ဘုရားအလောင်းပညာရှိအမတ်ကို တစ်ဖန်ထပ်ကြည့်ခိုင်းပြန်ပါတယ်။
ဘုရားလောင်းပညာရှိအမတ်ကတော့ စဉ်းစားပါပြီ။ မြင်းမှာ ဘာရောဂါမှ မရှိဘူးဆိုတော့ တခြားအာရုံဘက်ကိုတွေးပြီး ရှာပါတယ်။ နောက်ဆုံးတော့ ထော့နဲ့ထော့နဲ့နဲ့ ခြေခွင်နေတဲ့မြင်းထိန်းကို သွားတွေ့ပါတယ်။ မြင်းထိန်းကိုတွေ့လိုက်တာနဲ့ ဘုရားအလောင်းပညာရှိအမတ်က
အဖြေကို ချက်ချင်းသိလိုက်ပါပြီ။ ဒါကြောင့်မင်းဆီသွားပြီး -
“ အရှင်မင်းကြီး အရှင်မင်းကြီးရဲ့ မင်္ဂလာမြင်းခြေထောက်
ထော့နဲ့ထော့နဲ့နဲ့ ဖြစ်ရတာဟာ သူ့ရဲ့မြင်းထိန်း
ခြေထော့နဲ့ထော့နဲ့ဖြစ်တာ ကို အတုလိုက်ပြီး ဖြစ်သွားတာပါဘုရား”

“ဒါဆို ယခင်အတိုင်း ပြန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ”

“ဒါကလွယ်ပါတယ်ဘုရား၊ ခန္ဓာကိုယ်ကောင်းမွန်တဲ့ မြင်းထိန်းယောက်ျားတစ်ယောက်ကို မြင်းရဲ့နှာရှုပ်ကြိုးကိုကိုင်ပြီး
ရှေ့ကနေ သွားခိုင်းပေးပါဘုရား၊ ဒါဆို ယခင်အကောင်းအတိုင်း ပြန်ဖြစ်သွားပါလိမ့်မည်ဘုရား”

မင်းလည်း ဘုရားအလောင်းပြောတဲ့အတိုင်း ပြုလိုက်တာ
မင်္ဂလာမြင်းဟာ ယခင်အကောင်းအတိုင်း ပြန်ဖြစ်သွားပါသတဲ့။

(ငါးရာငါးဆယ်ဇာတ်ဝတ္ထု-ဂိရိဒတ္တဇာတ်)

*~~~~~~*~~~~~~*~~~~~~*

“ဓာတ်ဆိုတာကူးဆက်တတ်တဲ့သဘောရှိတယ်” ဆိုတာ
ဒီဓမ္မ ပုံဝတ္ထုလေးက အလွယ်ဆုံးနည်းနဲ့ ပြလိုက်တာပါပဲ။

ဗုဒ္ဓခေတ်ကို အာရုံပြုကြည့်လိုက်ပါ။

အရှင်သာရိပုတ္တရာက ပညာကြီးတော့ သူ့ရဲ့တပည့်တွေကလည်း ပညာကြီးကြပါတယ်။ အရှင်မောဂ္ဂလာန်က တန်ခိုးကြီးတော့ သူ့ရဲ့တပည့်တွေကလည်း တန်ခိုးကြီးကြပါတယ်။

ဒေ၀ဒတ်က အလိုဆိုးရှိတော့ သူ့ရဲ့တပည့်တွေကလည်း
အလိုဆိုး ရှိကြပါတယ်။ ဒါ ဓာတ်ကူးသွားတဲ့သဘောပါ။

မျက်မှောက်ခေတ်မှာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ဝန်းကျင်မှာ ပညာတတ်တွေရှိနေရင် ပညာတတ်ဖြစ်သွားတတ်ပါတယ်။
ကိုယ့်ဝန်းကျင်မှာ စီးပွားရေးသမားတွေရှိနေရင် စီးပွားရေးသမား ဖြစ်သွားတတ်ပါတယ်။
ကိုယ့်ဝန်းကျင်မှာ နိုင်ငံရေးသမားတွေရှိနေရင် နိုင်ငံရေးသမား ဖြစ်သွားတတ်ပါတယ်။
ကိုယ့်ဝန်းကျင်မှာ ဂမ္ဘီရသမားတွေရှိနေရင် ဂမ္ဘီရသမား ဖြစ်သွားတတ်ပါတယ်။
ကိုယ့်ဝန်းကျင်မှာ မသမာတဲ့နည်းနဲ့စီးပွားရှာတဲ့သူ
တွေရှိနေရင် ကိုယ်ကိုယ်တိုင်လည်း မသမာတဲ့နည်းနဲ့ စီးပွားရှာသူ ဖြစ်သွားတတ်ပါတယ်။

ဓာတ်ဆိုတာ ကူးဆက်တတ်တဲ့သဘောရှိတယ် ဆိုပေမယ့် ဓာတ်ကောင်းနဲ့ဓာတ်ညံ့မှာ ဓာတ်ညံ့က ပိုပြီး ကူးစက်မြန်ပါတယ်။

ဒါကြောင့် ဓာတ်ညံ့ရှိတဲ့သူကို မမှီဝဲမဆည်းကပ်ခြင်းဟာ
မင်္ဂလာတရားနဲ့ အညီ နေထိုင်နေတာပါပဲ။

စာမှာတိုက်ရိုက်ပြတာကတော့ လူမိုက်ကို မမှီဝဲမဆည်းကပ်ပါနဲ့တဲ့။

► ဒီတော့လူမိုက်ဆိုတာဘာလဲ?
သူတစ်ပါး အသက်သတ်သူ၊ သူတစ်ပါးဥစ္စာခိုးသူ၊
သူတစ်ပါး ပစ္စည်းကို လုယက်ဓားပြတိုက်သူ
စသည်ဖြင့် မြင်လိုက်ကြမှာပါ။

► မြတ်စွာဘုရားကတော့ လူမိုက်ဆိုတာကို
ဒီလိုဖွင့်ပြထားပါတယ်။
၁။ မကောင်းတာတွေးနေတဲ့သူ။
၂။ မကောင်းတာပြောနေတဲ့သူ။
၃။ မကောင်းတာလုပ်နေတဲ့သူ။

အဲဒီအင်္ဂါသုံးပါးနဲ့ ညီနေရင်
ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊
ပညာတွေ ဘယ်လောက်ပဲတတ်တတ်၊
အနုပညာအရ ဘယ်လောက်ပဲအောင်မြင်မှုတွေ ရှိနေရှိနေ၊
ရာထူး အာဏာ ဂုဏ်သိန် တန်ခိုးသတ္တိတွေဘယ်လောက်ပဲ ရှိနေရှိနေ၊ မြတ်စွာဘုရားရဲ့ အလိုအရတော့ လူမိုက်ပါပဲတဲ့။

မင်္ဂလာတရားတော်နဲ့အညီ လူမိုက်လက္ခဏာတွေ ရှိနေတဲ့သူကို မမှီဝဲမဆည်းကပ်ဘဲတော့နေပါရဲ့။

ဒါပေမယ့်ကိုယ်ကိုယ်တိုင်ကတော့ မကောင်းတာတွေးနေမယ်၊ မကောင်းတာပြောနေမယ်၊ မကောင်းတာ ပြုလုပ်နေမယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင် လူမိုက်ဖြစ်နေပြီး
တကယ့် အတွင်းလူမိုက်နဲ့ပေါင်းနေတာပါပဲ။

► အမှန်တကယ်တော့ ကိုယ်ကိုယ်တိုင် လူမိုက်မဖြစ်အောင်
နေတတ်ဖို့က အဓိကပါ။
ဒီတော့ ညအိပ်ရာဝင်ရင် နဖူးပေါ်လက်တင်ပြီး ဒီနေ့တစ်နေ့တာရဲ့ အတွေးအခေါ် အပြောအဆို အပြုအမူတွေကို စဉ်းစားကြည့်လိုက်ပါ။

“ငါ ဒီနေ့တစ်နေ့တာ မကောင်းတာတွေတွေးဖြစ်လား...? မကောင်းတာတွေပြောဖြစ်လား…?
မကောင်းတာတွေပြုလုပ်ဖြစ်လား…?”
တကယ်လို့များ တစ်နေ့တာရဲ့အချိန်ကာလတစ်ခုမှာ မကောင်းတာ
တစ်ခုခု တွေးမိပြောမိပြုမိခဲ့တယ် ဆိုရင်တော့
ကိုယ့်ကိုယ်ကို အားနာမှု ကင်းစွာနဲ့ "လူမိုက်"
လို့ပဲ သတ်မှတ်လိုက်ပါတော့။ ။

- [ အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ) ]

Young Buddhist's Association
 

မြန်မာပြည်ရဲ့ ပထမဆုံး အနောက်တိုင်းဆေးပညာကို သင်ကြားခဲ့သူ



မွန်လူမျိုး ဒေါက်တာရှောလူ (Dr. M Shaw Loo)


မြန်မာပြည်ရဲ့ ပထမဆုံး အနောက်တိုင်းဆေးပညာကို သင်ကြားခဲ့သူတစ်ဦး ရှိခဲ့ပါတယ်။ သူကတော့ ဒေါက်တာရှောလူ (Dr. M Shaw Loo) ပါ မွန်လူမျိုး ဖြစ်ပါတယ်။ ရှောလူဟာ အနောက်တိုင်းဆေးပညာများ ကို သင်လိုစိတ်ပြင်းပြနေခဲ့သူပါ။ သူဟာ အင်္ဂလိပ်လူမျိုး ပါမောက္ခ Judson ( ရန္တပိုစာချူပ် ချူပ်ခဲ့သူ) နဲ့ ခင်မင်ရင်းနှီးလာပါတယ်။ တစ်နေ့တော့ ပါမောက္ခ ဟာ နေမကောင်းဖြစ်ပြီး အိန္ဒိယသို့ ဆေးကုရန် အသွားမှာ ကွယ်လွန်သွားပါ တော့တယ်။

ရှောလူဟာ ဆေးပညာကိုသင်ကြားရန် ပိုမို စိတ်အားပြင်း ထန်လာပါတော့တယ်။ ဆေးပညာဖြင့် လူအသက်များကို ကယ်ချင်သောကြောင့်ဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ၁၈၅၂ မှာ အိန္ဒိယအရောက်သွားပြီး ဆေးပညာကို သင်ကြားပါတော့တယ်။ ဒါပေမယ့် အိန္ဒိယမှာ အရေးအခင်းဖြစ်ပြီး ဆေးပညာကို ကောင်းမွန်စွာ သင်ကြားနိုင်ခြင်း မရှိပါ။ သို့သော်သူသည် စိတ်ပျက်အားငယ်ချင်း မရှိဘဲ အမေရိကန်သို့ ဒုက္ခပေါင်းမျိုးစုံဖြင့် ရောက်အောင်သွားပြီး ပညာကို ရအောင် သင်ခဲ့ပါတယ်။ အောင်မြင်လာပြီး အမေရိကန် ၁၇ ယောက်မြောက်သမ္မတ Andrew Johnson နဲ့တွေ့ဆုံခွင့်ရပြီး သမ္မတကိုယ်တိုင် ထောက်ခံစာရေးပေးခဲ့ပါတယ်။ 
 
ထိုထောက်ခံစာဖြင့် ရှောလူဟာ မြန်မာပြည်သို့ ပြန်ရောက်လာပြီး မင်းတုန်းမင်း ဆီမှာ အမူထမ်းခဲ့ပါတယ်။ မင်းတုန်းမင်းက သမ္မတ ထောက်ခံ စာကိုဖတ်ပြီး သူအား မင်းသားအဖြစ်ခန့်အပ်ခဲ့ပါတယ်။ အဆောင်အယောင် တွေကို မြတ်နိုးသူမဟုတ်သဖြင့် မင်းတုန်းမင်း ဆီက ထွက်ခွင့်တောင်းခဲ့ပြီး ဆင်းရဲသားများကို ဆေးတွေလိုက်ကုပေးခဲ့ပါတယ်။

ရန်ကုန်သို့ ဆင်းပြီး( ထိုစဉ်က အင်္ဂလိပ်လက်အောက်ခံ) ဆရာဝန် လုပ်လို့ သော်လည်း အင်္ဂလိပ်များက အရေးမပေးခဲ့ပေ။ ထိုကြောင့် မော်လမြိုင်တွင် ၁၀ နှစ် ကျောင်းဆရာသွားလုပ်ခဲ့ရပါတယ်။ နောက်ပိုင်း အင်္ဂလိပ်က သူကို ရန်ကုန်တွင် ပညာရေးဘက်မှာ အလုပ်ခန့်အပ်ခဲ့ပါတယ်။ သူလုပ်ချင် သော ဆေးပညာဘက်ကိုတော့ အင်္ဂလိပ်တွေက သဘောမတူခဲ့ပါဘူး။ ဒေါက်တာရှောလူဟာ အသက် ၉၁ မှာ ၁၉၁၉ မှာ ကွယ်လွန်ခဲ့ပါတယ်။

Credit To > သုတစွယ်စုံကျမ်း

စိတ်ဝင်စားဖို့ကောင်းတဲ့ ဗီတာမင်ချို့တဲ့ခြင်း



ဗီတာမင်ချို့တဲ့ခြင်းဟာ ပြည်သူ တွေနဲ့ မစိမ်းတဲ့ကျန်းမာရေး ဝေါဟာ ရဖြစ်ပေမယ့် စိတ်ဝင်စားဖို့ကောင်း တဲ့၊ အသိနည်းနေသေးတဲ့ အကြောင်း အရာတွေ အများကြီးရှိနေပါတယ်။ အချို့ကိုကောက်နှုတ် တင်ပြပေးလိုပါ တယ်။
 
၁။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မွေးဖွားလာ တဲ့ အသက်ငါးနှစ်အောက် ကလေး ငယ်သုံးယောက်မှာ တစ်ယောက် လောက်ဟာ ဗီတာမင်အေ ချို့တဲ့နေ တဲ့အတွက်ကိုယ်ခံအားကျခြင်း၊ ကြက်မျက်သင့်ခြင်းတွေ ဖြစ်ပွားနေပါ တယ်။
 
၂။ အမေရိကန်နိုင်ငံသား ထက်ဝက် ခန့်လောက်ဟာ ဗီတာမင်အေ၊စီနဲ့ မက်ဂနီဆီယမ်ဓာတ်တွေ ချို့တဲ့နေကြ ပါတယ်။
 
၃။ ကမ္ဘာ့ကလေးငယ် ၂၅၉သန်းကနေ သန်း၅၀ဝလောက်ထိဟာ ဗီတာမင် အေချို့တဲ့မှုကြောင့် မျက်စိကွယ်နေ ကြရပြီးထက်ဝက်လောက်ဟာ အမြင် အာရုံဆုံးရှုံးပြီး တစ်နှစ်အတွင်းမှာ သေဆုံးကြရပါတယ်။
 
၎။ ဗီတာမင်ဒီဟာ အရိုးပွရောဂါ၊ စိတ်ကျဝေဒနာ၊ ဆီးကျိတ်နဲ့ ရင်သား ကင်ဆာတွေ ကာကွယ်မှုမှာ အရေးပါ ပါတယ်။ နောက်ဆုံးလေ့လာမှုတွေ အရ ဗီတာမင်ဒီချို့တဲ့ရင် အဝလွန် ခြင်း၊ ဆီးချိုသွေးချိုရောဂါတွေနဲ့ ဆက်စပ်နေတယ်ဆိုတာပါပဲ။
 
၅။ဗီတာမင်B12 ချို့တဲ့တယ်ဆိုရင် homocysteine လို့ခေါ်တဲ့ ဓာတ် တွေများလာပြီးအယ်ဇိုင်းမားရောဂါ ကြောင့် သေဆုံးမှုနှုန်း မြင့်တက်လာ စေပါတယ်။ ဒါ့အပြင် ကလေးမရနိုင် ခြင်း၊ ပျက်ကျခြင်းတွေနဲ့လဲ ဆက်စပ် နေပါတယ်။
 
၆။ ဗီတာမင်B6 သို့မဟုတ်ဖောလစ် အက်ဆစ်တွေ ကိုယ်ဝန်ဆောင်ကာ လမှာ ချို့တဲ့မယ်ဆိုရင် ကလေးတွေ မှာမွေးရာပါ ချို့ယွင်းမှုတွေ ဖြစ်ပွား နိုင်ပါတယ်။
 
၇။ အာရှတိုက်သားအများစုဟာ ဆန် ကိုဖွတ်ပြီးဖွေးသန့်နေမှ စားသုံး လေ့ရှိတဲ့အတွက် ဗီတာမင်B1 ချို့ တဲ့ကြပါတယ်။ အဲဒီအခါမှာ ဘယ်ရီ ဘယ်ရီလို့ခေါ်တဲ့ ရောဂါဟာ သန်း ပေါင်းများစွာသောသူတွေကို ဆယ်စု နှစ်ပေါင်းများစွာ နှိပ်စက်နေပါတယ်။
 
၈။၁၇ရာစုမှာ စကော့လူမျိုး ဆရာဝန် Dr.James Lind က scurvy လို့ ခေါ်တဲ့ သွားဖုံးသွေးယိုခြင်းကို ဗီတာ မင်စီချို့တဲ့နေတဲ့ တော်ဝင် ရေတပ်သား တွေမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်ဆက်တည်းမှာပဲ လိမ္မော်သီး၊ လီမွန်သီးတွေစားပြီး ပျောက်ကင်းတယ်ဆိုတာကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သက်ကို
ref:medindia
Health Updates Journal

အဝတ်အစားများပေါ်မှ ဖားဥနှင့် မှိုစော်နံခြင်းကို ဖယ်ရှားနည်း



မိုးတွင်းတွင် စိုထိုင်းဆကြောင့် အဖြစ်များတတ်သောအဝတ်များ ပေါ်မှ ဖားဥသည် လတ်ဆတ်သော နေ၊လေနှင့်နေရောင်ခြည်တွင် မဖြစ် ပွားနိုင်ပါ။ သို့ဖြစ်၍ ဖားဥများစွဲလာ ပါက အိမ်အပြင်တွင် နေထုတ်လှမ်း ပါ။ အရင်ဆုံး (၁)ရက်လုံး နေလှမ်းပြီး အခြောက်ခံပါ။ ထို့နောက် ခြောက် သည့်အချိန်တွင် ဖားဥများကို Brush ဝက်မှင်ဘီးခပ်ကြမ်းကြမ်းဖြင့် တိုက် ပစ်ပါ။ ပြီးလျှင် ဆပ်ပြာရည်တွင် စိမ်၍ လျှော်ပါ။


ဗနီကာသည် သဘာဝမှိုသတ် ဆေးဖြစ်ပြီး ဖားဥ ၈၅%ကို ပယ်ရှား ပေးနိုင်သည်။ ဗနီကာကို သုံးခြင်းဖြင့် အဝတ်များကို ပျက်စီးမှု မရှိစေပါ။


 ပြုလုပ်နည်းမှာ
ရေသန့်သန့် (၁)ဂါလံတွင် ဗနီကာ (၁)ခွက်ရောပြီး အဝတ်များကို စိမ်ပါ။ 

 (၁)နာရီခန့်အကြာတွင် ရေသန့်သန့် ဖြင့် ဆေး၍ နေရောင်တွင် ထုတ်လှမ်း ပါ။ မှိုစော်နံသည့်အဝတ်များကို မည် သည့်အခါမှ လေမှုတ်ခြောက်စက် (dryer)နှင့်မှုတ်၍ အခြောက်မခံပါ နှင့်။ အကယ်၍ စိတ်ထဲတွင် မှိုနံ့ကျန် နေသေးသည်ဟု ထင်ပါက ဗနီကာ တွင် ထပ်မံစိမ်ပေးပါ။ မုချအနံ့ဆိုးများ ကင်းသွားပါမည်။
HT

Health Updates Journal


https://www.facebook.com/photo.php?fbid=436872329743937&set=a.351047714993066.7

ဆီအစွန်းကွက်များ ဖျောက်နည်း



ဆီကို အခြေပြု၍ ဖြစ်ပေါ်လာ သောအစွန်းများမှာ ထောပတ်၊ မာဂျရင်း၊ မိတ်ကပ်၊ ဆီ ၊ မရောနေ့ဇ်၊ ချွေးနံပျောက်ဆေး၊ ဂက်စ်လင်နှင့် ကော်လာမှ ချေးများ ဖြစ်ကြသည်။

အစွန်းနည်းလျှင်
၁. စွန်းသည့်နေရာကို အထည်ခံ နိုင် စွမ်းရှိသလောက် ရေနွေးပူပူတွင် စိမ် ပါ။
၂. (၅)မိနစ်ခန့်ကြာလျှင် ဆပ်ပြာ မှုန့် ထည့်ပြီး နယ်ပါ သို့မဟုတ် အဝတ် လျှော်စက်တွင် လှည့်ပါ။
၃. အစွန်းပျောက် မပျောက်စစ်ပါ။ အစွန်းမရှိတော့လျှင် အခြောက်လှန်း ပါ။ ရှိနေသေးက ရှေ့မှ နည်းအတိုင်း ထပ်မံပြုလုပ်ပါ။

အစွန်းများလျှင်
၁. ပြောင်းမှုန့်သို့မဟုတ် ဆေးပေါင် ဒါကို အစွန်းပေါ်တွင် ပွတ်ပါ။ မိနစ် (၂၀) ခန့်ထားပါ။
၂. ရေမပါဘဲ Brush နုနုဖြင့် အခြောက်ပွတ်ပါ။
၃. အစွန်းရှိနေသေးပါက ထပ်မံပြု လုပ်ပါ။
၎. ထို့နောက်ရေနွေးဖြင့် လျှော်၍ အစွန်းကျန် မကျန်စစ်ပြီး အခြောက် ခံပါ။ အစွန်းကျန်သေးက ဖော် ပြထားသောနည်းအတိုင်း ထပ်မံပြု လုပ်ပါ။
သဘာဝနည်းဖြင့် အစွန်းချွတ်နည်း
(၁) အစွန်းနေရာကို သဘာဝနည်း ဖြင့် ထုတ်လုပ်ထားသောသံပရာ၊ ရှောက်ဆီကို ဂွမ်းစဖြင့် တို့ပါ။
(၂) စက္ကူလက်ကိုင်ပဝါကို ယင်း အပေါ်မှဖုံးပြီး မီးပူတိုက်ပါ။
(၃) အပှူနှင့်တွေ့သောအခါ သံပ ရာဆီက အငွေ့ပျံသွားပြီး အစွန်း ကွက်သည်လည်း ပါသွားလျက် ရနံ့ သင်းသွားပါမည်။ ဤသို့ပြုလုပ်ခြင်း သည် အဆိပ်အတောက်လုံးဝကင်း စေသောနည်းဖြစ်သည်။

နှင်း

Health Updates Journal


https://www.facebook.com/photo.php?fbid=436868516410985&set=a.351047714993066.7

ဟောက်ခြင်းမှ သက်သာစေရန်



30-6-2013

(၁) အနေအထားပြောင်းပါ
ပက်လက်အိပ်သည့်အခါ လျှာ အရင်းပိုင်းက လည်ချောင်းတွင်းဝင် ရောက်ပြီး အသက်ရှူလမ်းကြောင်း ကျဉ်းသွားတတ်သည်။ ထို့ကြောင့် ဘေးစောင်းအိပ်ပါ။ ပက်လက်အိပ်မှ အိပ်ပျော်တတ်သည်ဆိုပါက လည် ကုတ်အောက်၌ ခေါင်းအုံးထူထူထား ၍ ဦးခေါင်းအနည်းငယ်မော့နေသည့် ပုံစံဖြင့်အိပ်လျှင် အသက်ရှူလမ်း ကြောင်းပွင့်၍ ဟောက်ခြင်းမှရှောင် ရှားနိုင်သည်။
 

(၂) ကိုယ်အလေးချိန်လျှော့ချပါ
အထူးသဖြင့် ဗိုက်ရွှဲသူများ၌ ဗိုက်အလေးချိန်ကြောင့် အဆုတ်နှင့် အသက်ရှူလမ်းကြောင်း လုံလောက် စွာမပြန့်ကားနိုင်သဖြင့် ဟောက် တတ်သည်။
 

(၃)အရက်နှင့်မူးယစ်ဆေးများ ရှောင်ပါ
အရက်နှင့် မူးယစ်ဆေးများ သည် လည်ချောင်းကြွက်သားများ အလွန်အကျွံပြေလျော့မှုဖြစ်စေပြီး အသက်ရှူ လမ်းကြောင်းကို ကျဉ်း မြောင်းစေသည်။
 

(၄) နှာစေးသက်သာအောင်လုပ်ပါ
အအေးမိခြင်း၊ ဓါတ်မတည့်ခြင်း တို့ကြောင့် နှာခေါင်းပိတ်လျှင် ပါးစပ် နှင့်အသက်ရှူရသဖြင့် အိပ်ပျော် သည့်အခါ ပိုဟောက်လေ့ရှိသည်။ နှာစေးနှာပိတ်နေပါက ညမအိပ်ခင် ရေနွေးစပ်ချိုးပါ။ ကြာရှည်စွာ နှာ ခေါင်းပိတ်တတ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြီး စတီးရွိုက်အမျိုးအစား နှာခေါင်းအစက်ချဆေးသုံးစွဲပါ။
 

(၅) မသက်သာလျှင်ဆေးခန်းပြပါ
နည်းမျိုးစုံ စမ်းသပ်ကြည့်ပြီး အဟောက် မသက်သာသေးပါက ဆရာဝန်နှင့် တိုင်ပင်ပြသပါ။ အဟောက် သက်သာစေရန် ဆေးဝါး များဖြင့် ထိထိရောက်ရောက် ကုသ နိုင်ပါသည်။

သီဟ
Source:RD
Health Updates Journal

https://www.facebook.com/photo.php?fbid=436867736411063&set=a.351047714993066.

အူပုပ်ခြင်းနှင့် အူပိတ်ခြင်း



အူပုပ်တယ်ဆိုတာကတော့ အူထဲကို သွေးမရောက်တော့လို့ အူက ပုပ်သွားတာပါ။ အူပုပ်တဲ့ အခြေအနေ အများစုက အူပိတ်လို့ ဖြစ်တာပါ။ အူပိတ်တော့ အူက တင်းသွားတယ်၊ သွေးကြောတွေ ပြားသွားတယ်၊ အူတွေ လိမ်သွားတဲ့အတွက် သွေးမစီးတော့ဘဲ အူတွေ ပုပ်ကုန်တာပါ။ လူနာတွေကတော့ အူပိတ်တဲ့ဒဏ်ကိုပဲ ခံစားနေရတဲ့အတွက် အူပုပ်သွားတာ၊ အူပေါက်သွားတာကိုတော့ သိပ်မသိကြပါဘူး။ ဆရာတို့ကတော့ လူနာက တစ်ဖက်ခန်းမှာ ရှိနေတာဖြစ်တဲ့အတွက် လူနာက နှစ်မိနစ်ခြား၊ သုံးမိနစ်ခြားအရမ်းကို အော်နေရာကနေ မအော်တော့ဘူး၊ မှိန်းသွားပြီဆိုရင် အဲဒါ အူက ပုပ်သွားပြီလို့ ဆရာတို့ သိပါတယ်။ အူက ရုန်းနေသေးတယ်၊ ညှစ်နေသေးတယ်ဆိုရင် အရမ်းကိုနာတယ်၊ ထိုးထိုးအောင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အရမ်း မအောင့်တော့ဘူး၊ လူနာက မှိန်းပြီး ညည်းပဲညည်းတော့တယ် ဆိုရင်တော့ အူကပုပ်သွားတာ ဖြစ်နိုင်ပါတယ်။ အူပုပ်သွားပြီဆိုရင် မကြာခင် လူနာက အဖျားပါ လိုက်လာပါတယ်။

ချက်ချင်းမခွဲဘူးဆိုရင် အသက်အန္တရာယ်လည်း ရှိပါတယ်။ အူမပိတ်ဘဲ အူပုပ်တာလည်းရှိတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုအခြေအနေက နည်းပါတယ်။ နှလုံးသွေးကြော ကျဉ်းသလိုပါပဲ၊ အူရဲ့ သွေးကြောတွေက အဆီတွေကြောင့် ပိတ်ပြီး အူပုပ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို အခြေအနေမှာဆိုရင် လူနာက သွေးဝမ်းတွေ သွားမယ်၊ ဗိုက်က မဖောင်းလာဘူး၊ လူနာက ဖျားနေမယ်ဆိုရင် အူပုပ်သွားတာ ဖြစ်နိုင်ပါတယ်။ အဲဒီအခြေအနေကတော့ အနောက်နိုင်ငံတွေမှာ ပေါပါတယ်။

ဆရာတို့နိုင်ငံမှာတော့ ရှားပါတယ်။ အူပိတ်တာက ရောဂါကြောင့်ဖြစ်တာပါ။ အဓိကကတော့ ဝမ်းချုပ်တတ်တယ်၊ ညှစ်အားကလည်း ကျတယ်ဆိုရင် ဖြစ်သွားတတ်ပါတယ်။ မြန်မာတွေမှာ တွေ့နေတာက လူတွေက ဝမ်းနုတ်ဆေးစားပြီး ဝမ်းသွားနေကြတာတွေ ရှိနေပါတယ်။ အဲဒီလူတွေက ဝမ်းပိတ်တတ်ပါတယ်။ ပညာပေးစရာအနေနဲ့တော့ အများစုက ချက်ချင်း ခွဲစိတ်ရပါတယ်။ သိပြီဆိုတာနဲ့ အရည်တွေပေးရတယ်။ ဆေးဝါးတွေ ပေးရတယ်။

ခွဲစိတ်ဖို့ ချက်ချင်း လုပ်ပေးရပါတယ်။ အူကပ်တယ်ဆိုရင် အူကပ်တာကို ခွာပေးရုံပါပဲ၊ အူကလည်း မပုပ်သေးဘူးဆိုရင် ဆယ်မိနစ်လောက်ပဲ ကြာတတ်ပါတယ်။ အူကျနေတယ်ဆိုရင်လည်း အူက အထဲကို ကျွံနေတယ်၊ အပေါက်က ကျဉ်းနေတော့ ပြန်မထွက်နိုင်ဘူး၊ အချိန်မီခွဲစိတ်ခဲ့ရင် အဲဒီကျဉ်းနေတဲ့ အပေါက်လေးကို
နည်းနည်းလေးချဲ့လိုက်ရုံနဲ့ ပြန်ထွက်သွားပါတယ်။ ဒါပေမဲ့ ပုပ်ပြီဆိုရင်တော့ အူကို ဖြတ်ဆက်လုပ်ရတယ်။ သွေးတွေ သွင်းရတယ်။ ရောဂါကပိုပြီး ကြီးသွားပါပြီ။ တီဘီကြောင့် ဆိုရင် တီဘီကုသဆေးတွေ ပေးပြီးကုပါတယ်။ တစ်ခါတလေ အကျိတ်အဖုက ကြီးနေရင် ဖြတ်ဆက်လုပ်ပေးရတာ ရှိပါတယ်။ ကင်ဆာကြောင့်ဆိုရင် ဖြည်းဖြည်းချင်း ပိတ်တာဆိုရင်တော့ အချိန်ရတဲ့အတွက် သေချာစစ်ဆေးပြီးမှ တစ်ပြိုင်တည်း ဖြတ်ဆက်လုပ်လို့ ရပါတယ်။ ရုတ်တရက် ပိတ်သွားတဲ့ အခြေအနေဆိုရင် အရေးပေါ်အနေနဲ့ လမ်းလွှဲပေးရပါတယ်။

တစ်ဖက်မှာပိတ်နေရင် မပိတ်တဲ့နေရာကနေ လမ်းလွှဲပြီး ရောဂါကိုပြန်ရှာရပါတယ်။ အူပိတ်ပြီဆိုရင် အများအားဖြင့် လူနာတွေ မသိဘဲမနေပါဘူး။ အရမ်းကို ထိုးထိုးပြီး အောင့်တဲ့အတွက် ဆေးရုံကို ရောက်ကိုရောက်လာပါတယ်။

ဖြည်းဖြည်းချင်း ပိတ်တဲ့အခါမှာတော့ လူနာက မသိပါဘူး။ အန်တာတွေ၊ အောင့်တာတွေက နောက်ကျမှ ဖြစ်တတ်ပါတယ်။ အရင်ဆုံး ဝမ်းချုပ်တာက စဖြစ်တတ်ပါတယ်။ လူနာတွေက မသိဘဲ မြန်မာဆေးတွေ၊ တခြားဆေးတွေ သောက်မိမယ်ဆိုရင်လည်း ပိုဆိုးလာတဲ့ အခြေအနေတော့ မဖြစ်ပါဘူး။ ပိုပြီးကြန့်ကြာတာလောက်တော့ ဖြစ်နိုင်ပါတယ်။

တစ်ခါတလေ ဗိုက်အောင့်နေတဲ့နေရာကို နှိပ်လိုက်ရင်လည်း ပေါက်သွားနိုင်ပါတယ်။ ဒီအခြေအနေမှာ မပေါက်ဘဲ ပြန်ကောင်းလာနိုင်ပေမယ့် ဗိုက်ကို နှိပ်လိုက်ရင် အူတွေ ပေါက်သွားနိုင်ပါတယ်။ ဆေးအပူတွေ လိမ်းရင်လည်း ပေါက်သွားနိုင်ပါတယ်။ အန္တရာယ်ရှိပါတယ်။ အဲဒါတွေ ဂရုစိုက်သင့်ပါတယ်။
By Good Health

http://on.fb.me/UWRK0Q

laminmaung

http://bluenavyblog.blogspot.com/2013/01/blog-post_1565.html

အသွင်အပြင်များက စကားပြောသည်



အခြားတစ်ပါးသောနိုင်ငံမှ နိုင်ငံရပ်ခြား တစ်နိုင်ငံသို့ ရောက်ပြီ ဆိုလျှင် မြင်ကွင်းထဲ တန်းဝင်လာသည်မှာ အဆောက်အအုံတို့၏ အသွင်သဏ္ဌန်၊ လမ်းများ၏ သန့်ရှင်း သပ်ရပ်မှု၊ သူတို့နိုင်ငံသားများ၏ အသွင်သဏ္ဌာန်။ ယင်းတို့မှတစ်ဆင့် စီတက်ကြည့်လျှင် များစွာထပ်သိနိုင်သည့် အဆောက်အအုံတို့၏ ဗိသုကာဟန်၊ အမှိုက်သိမ်းနည်းစနစ်၊ လူတို့၏ စည်းကမ်း လိုက်နာမှု၊ ဝတ်စား ဆင်ယင်မှုတို့ကို စောကြောမိမည်။ ရောက်ရောက်ချင်း မြင်ကွင်းတွင် အဆင့်ပေါင်းများစွာ ကျော်လွန် မကြည့်နှင့်ဦး ... နိုင်ငံသားများကို စိတ်ဝင်တစား ကြည့်မိမည်ဆိုလျှင် သူတို့၏ ဝတ်စားဆင်ယင်မှုက ထူးခြားလျှင် ထူးခြားသလို သတိမူမိမည်ပင်။ မြင်ကွင်းထဲတွင် သွားလာ လှုပ်ရှားနေသူများကို တွေ့မြင်ရမည်ကိုး။ ယင်းက သူတို့နိုင်ငံသားများ၏ နေ့စဉ် လူမှုဘဝ အသွင်အပြင်ကို ဖော်ပြသည်။ အငွေ့အသက်ကို စတင်ထိတွေ့မိခြင်း..။

မိမိဒေသ မဟုတ်သည့် နေရပ်စိမ်းတစ်ခုသို့ ရောက်ရှိ သွားချိန်တွင် ထိုနေရာဒေသ မြင်ကွင်းက ရောက်ရှိသွားသူကို ရှုမြင် သုံးသပ်မှု တစ်ခုခု ပေးနိုင်လေ့ ရှိပါသည်။ မိမိနိုင်ငံကို ရောက်လာသူ သူစိမ်း များကရော ဘယ်လို မြင်ကြပါသလဲ။ ကားစီးသွားရင်း လမ်းပေါ်မှ လူများကို သူစိမ်းတို့ နိုင်ငံကို ရောက်နေသလို သဘောထားပြီး ကြည့်မိလျှင် အတော်နီးနီးစပ်စပ် သိမြင်နိုင်ပါသည်။

နိုင်ငံသားများကို ကြည့်လျှင် ပထမဆုံး သတိပြုမိသည်မှာ သူတို့ရုပ်ရည် အသွင်အပြင်နှင့် ဝတ်စားဆင်ယင်မှု အသွင်သဏ္ဌာန်ပင်။ ရုပ်ရည်ချော မချောက တစ်ဦးချင်းစီနှင့် ဆိုင်သော်လည်း ခြုံကြည့် လိုက်လျှင်တော့ သူတို့လူမျိုး၏ ရုပ်ရည်ကို အကြမ်းဖျင်းတော့ မှတ်ချက် ချမိမည်သာ။ နောက်..သူတို့၏ ဝတ်စားဆင်ယင်မှု။

ဗီတာမင်ဒီဓါတ်နှင့် ဘဝအရင်းအမြစ်


===================

ကျွန်ုပ်တို့၏ ကျန်းမာရေး ကဏ္ဍတစ် ချို့တွင် မျိုးစေ့ဗီဇများက စိုးမိုးခြယ် လှယ်ထားလေရာ ကိုယ်ဝန် ဆောင်ထားစဉ် အတောအတွင်း မိခင်၏ ပြုမူနေထိုင် ခဲ့ပုံလည်း ပါဝင်ပေသည်။ သို့သော်လည်း ဘဝနေထိုင်မှု ဟန်ပန် အများအပြား၏ ကျန်းမာကြံ့ခိုင်ရေး၊ စားနေကျ အစား အစာနှင့် ကိုယ် အလေးချိန် ဆိုင်ရာ အချက်အလက်တို့ ပါဝင်ပြီး ထိုအရာများ အားလုံးက အကျိုးသက် ရောက်မှုရှိ သဖြင့် ကျွန်ုပ်တို့သည် အသက်ရှည်ရှည်နှင့် ကျန်းမာစွာ နေထိုင်သော အရည် အသွေးကိုပါ ရရှိနိုင်ကြ ပေသည်။
ငယ်စဉ် ကတည်းက ကျန်းမာအောင် နေပါ။

ကျွန်ုပ်တို့ မမွေးဖွားမီ ကျွန်ုပ်တို့ မိခင်၏ ဘဝနေထိုင်မှု ဟန်ပန် ရွေးချယ်ခဲ့မှု အပေါ်တွင် ကျွန်ုပ်တို့၏ ကျန်းမာရေး အကျိုးသက်ရောက်မှု ရှိလာခဲ့သည်။ အကယ်၍ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးသည် အလွန်အမင်းသောက ရောက်ခဲ့ပါက သူ၏မွေးကင်းစ ကလေးအပေါ် အကျိုး သက်ရောက်ပြီး မွေးဖွားလာသူတို့ အသက်ကြီး လာကြသောအခါ နှောင်းပိုင်းတွင် သောက များမဲ့ သွား စေနိုင်ကြောင်း လေ့လာ ဆန်းစစ်မှုများမှ ပြသပေးနေသည် ဟုဆိုသည်။

ကိုယ်ဝန် ဆောင်ထားစဉ်အတော အတွင်းတွင် အရက်ကို အလွန်အကျွံ သောက်သုံးလျှင် သန္ဓေသားနှင့် ဆိုင်သော အရက်နာကျ ရောဂါနိမိတ် လက္ခဏာစု (Foetal alcohol syndrome in babies) ကျရောက် တတ်သဖြင့် အဆိုပါ ကလေးလည်း ဘဝတစ်လျှောက်လုံး ပညာ သင်ယူရာတွင် ဥာဏ်ရည် မမီဘဲ ချို့ယွင်းသည့် နည်းတူ ကိုယ်ခန္ဓာဆိုင်ရာ ပြဿနာ များလည်း ဝင်လာတတ်သည်။ ဆေးလိပ် သောက်ခြင်းမှာလည်း အလားတူပင် သူတို့၏ ကြီးထွား ရင့်သန်မှုကို ထိခိုက် စေတတ်သည်။ ကိုယ်ဝန်ဆောင် တစ်ဦး၏ မဆင်မခြင် စားသောက်တတ်သည့် အလေ့အထ မရှိလျှင် ကလေးငယ်၌ အဝလွန်ရောဂါ ဘေးအန္တရာယ် ကျရောက်မှု တိုးသွားအောင် လုပ်ဆောင် သကဲ့သို့ ဖြစ်တတ်သည်။ မိခင်က အမွေပေးသော ကလေး၏ ကလာပ်စည်းများ အတွင်းရှိ ဗီဇ လက္ခဏာဆောင် ဓာတုပစ္စည်း (DNA)ကို ပြောင်းလဲ စေခြင်းဖြင့် ယင်းသို့ အဝလွန်ရောဂါ ဝင်လာစေတတ်ကြောင်း သုတေသနပြုမှု အချက် အလက်များက အကြံပေး ထားသည်။

ပျော်ရွှင်ဖွယ်ရာ ကလေးငယ်၏ ဘဝကို ပိုင်ဆိုင်ထားခြင်းဖြင့် အသက်ရှည်ရှည် နေနိုင်စေရန် မြှင့်တင် ပေးလိမ့်မည်။ သူတို့၏ လူငယ်ဘဝတွင် ပျော်ရွှင်မှု မရရှိ သူများသည် အသက်ကြီး လာသည်နှင့် နှလုံးရောဂါ ဘေးအန္တရာယ် ကြီးမားစွာ ကျရောက်မှု ဖြစ်ပေါ် လာနိုင်ကြောင်း လေ့လာ ဆန်းစစ်မှု တစ်ရပ်က အကြံပေး ထားသည်။

အိမ်ပြင် ထွက်ခြင်းသည်လည်း သော့ချက် တစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဗီတာမင်ဒီ ဓာတ်ရရှိရေး၌ နေရောင်ခြည်သည် အရေးပါသော အရင်းမြစ် တစ်ရပ်ဖြစ်သည်။ လောလော ဆယ်တွင် ကလေး လေးဦးရှိသည့် အနက် တစ်ဦးသည် ဗီတာမင်ဒီဓာတ် ချို့တဲ့ နေသည်ကို တွေ့နေရသည်။ ဗီတာမင်ဒီသည် သန်မာကြံ့ခိုင် စေခြင်းနှင့် ကျန်းမာသော အရိုး ဖြစ်စေရန် တည်ဆောက်ပေး၍ ၄င်းဓာတ်မှာ မရှိမဖြစ်လို အပ်နေပေသည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်များ အတွက် ကယ်လ်ဆီယံ ဓာတ်နှင့် (Phosphorus) မီးစုန်းဓာတ် များကို ကျွန်ုပ်တို့၏ စားနေကျ အစား အစာမှ စုပ်ယူပေးရန် ဗီတာမင်ဒီက ကူညီပေးသည်။


https://www.facebook.com/photo.php?fbid=436716773092826&set=a.351047714993066.

"ကာလဒါနတို့သည် ငါးမျိုး..."



 
 "ကာလဒါနသုတ်"
•••••••••••••••
ရဟန်းတို့ ကာလဒါနတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁။ ဧည့်သည် 'အာဂန္တုက' အား အလှူကို ပေးလှူ၏။
၂။ ခရီးသည်အား အလှူကို ပေးလှူ၏။
၃။ လူနာအား အလှူကို ပေးလှူ၏။
၎။ ငတ်မွတ်ခေါင်းပါးသော အခါ၌ အလှူကို ပေးလှူ၏။
၅။ ကောက်ဦး သစ်သီးဦးတို့ကို သီလရှိသူတို့အား ရှေးဦးစွာ ပေးလှူ၏။

ရဟန်းတို့ ကာလဒါနတို့သည် ဤငါးမျိုးတို့တည်း ဟု မိန့်တော်မူ၏။

အလှူခံ၏ စကားကို သိတတ်ကုန်သော
နှမြော ဝန်တိုမှု ကင်းသော ပညာရှိတို့ သည် လျှောက်ပတ်သောအခါ၌ ပေးလှူကြကုန်၏၊

ဖြူစင် ဖြောင့်မတ်သည့် တာဒိ ဂုဏ်ရှိသော ပုဂ္ဂိုလ်တို့၌
အထူးကြည်လင်သော စိတ်ဖြင့် လျောက်ပတ်သော အခါ ၌ ပေးလှူ၏၊
ထိုပုဂ္ဂိုလ်၏ အလှူသည် ပြန့်ပြော၏။

အကြင်သူတို့သည် ထိုအလှူ၌ ဝမ်းမြောက်လည်း ဝမ်းမြောက်ကြကုန်၏၊
အမှုကြီးငယ် 'ဝေယျာဝစ္စ' ကိုပြုလည်း ပြုလုပ်ကုန်၏၊
ထိုသို့ ဝမ်းမြောက်ခြင်း အမှုကြီးငယ်ကို ပြုခြင်းကြောင့် အလှူသည် မယုတ်မလျော့နိုင်၊

ထိုဝမ်းမြောက်သူ (ဝေယျာဝစ္စ) ပြုသူတို့သည်လည်း ကုသိုလ် ၏ အဖို့အစုကို ရကြကုန်၏။
ထို့ကြောင့်တွန့်တိုခြင်းကင်းသော စိတ်ရှိသူသည်
အလှူ ပေးသည်ရှိသော် ကြီးကျယ်သော အကျိုးရှိနိုင်မည့် ပုဂ္ဂိုလ်၌ ပေးလှူရာ၏၊
ကောင်းမှု ကုသိုလ်တို့သည် တမလွန်ဘဝ၌ သတ္တဝါတို့၏ ထောက်တည်ရာ ဖြစ် ကုန်၏။


- [၆ - ကာလဒါနသုတ်၊ သုမန၀ဂ်၊ ပဉ္စက၀ဂ်၊ အင်္ဂုတ္တိုရ်။]-
Young Buddhist's Association

https://www.facebook.com/photo.php?fbid=436435963120907&set=a.351047714993066.7

လူကြားထဲမှာ အဆင်မပြေသော်လည်း ကျန်းမာရေးအတွက် ကောင်းသော အစားအသောက် ၅ မျိုး



လူကြားထဲမှာ စားရင် ခံတွင်းအနံ့ နံစေတာကြောင့် အဆင် မပြေပေမယ့် အရသာရှိပြီး ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အစားအစာ တွေကို ရေးသား လိုက်ရပါတယ်။
၁) ကြက်သွန်ဖြူနှင့် ကြက်သွန်နီ

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အစိမ်းလိုက် စားတာကြောင့် ခံတွင်းအနံ့ နံတာက ချက်ချင်းဖြစ်တတ်ပြီး နာရီပေါင်းများစွာ ကြာတဲ့အထိ အနံ့ မပျောက်နိုင် ဖြစ်တတ်ပါတယ်။

ဘာကြောင့် ခံတွင်းနံ့နံရသလဲ

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာ ဆာလဖာဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် အလွန် အနံ့နံပြီး ခံတွင်းနံ့ဆိုးစေတာ ဖြစ်ပါတယ်။ ဒီအနံ့က သွားမှာ စားကြွင်းစားကျန် ကပ်ငြိပြီး ထွက်လာတဲ့ အနံ့မျိုး မဟုတ်ပါဘူး။ ဒီအစာတွေကို ချေဖျက်လိုက်တဲ့အခါ စူးရှတဲ့ အဆီတွေက သွေးကြောထဲကို စုပ်ယူသွားပြီး ခန္ဓာကိုယ်ကနေ အဆုတ်ဆီကို သယ်သွားပါတယ်။ အဲဒီအချိန်မှာ သင်ပါးစပ်ဟတိုင်း အနံ့နံနေတာ ဖြစ်ပါတယ်။

ဘာကြောင့် စားသင့်သလဲ

သင်ချက်တဲ့ ဟင်းလျာထဲမှာ ဟင်းခတ် အမွှေးအကြိုင်၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကို ထည့်တာက ဆားလိုအပ်မှု နည်းစေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီထဲမှာပါတဲ့ ဖိုင်တိုကမ်မီကယ်တွေကလည်း ရောဂါတွေကို ကာကွယ်ပေးပြီး ကျန်းမာရေးကို ကောင်းစေပါတယ်။

ဘယ်လို လုပ်သင့်သလဲ

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို စားပြီးတဲ့အခါ ရေကို များများ သောက်ပေးပါ။ နွားနို့ကို သောက်တာကလည်း ခံတွင်းအနံ့ နံစေတဲ့ ဒြပ်ပေါင်းတွေကို လျော့ကျစေပါတယ်။ ဒါမှမဟုတ် ပူဒီနာ၊ ပီကေ၊ ပူရှိန်း၊ သကြားလုံးစားတာနဲ့ ပက်ပါးမင့် လက်ဖက်ရည်သောက်တာတွေကို လုပ်ပေးပါ။ ခံတွင်း အနံ့ဆိုး ထွက်တာက အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာ မကောင်းတဲ့ လက္ခဏာ ဒါမှမဟုတ် သွားနဲ့ ခံတွင်းထိန်းသိမ်းမှု မကောင်းတာ တွေရဲ့ လက္ခဏာ ဖြစ်နိုင်တာကြောင့် အချိန်ကြာတဲ့အထိ ခံတွင်းနံ့နံနေရင်
ဆရာဝန်နဲ့ တိုင်ပင်ပါ။

၂) မုန်လာဥနီ

မုန်လာဥနီကို အများကြီး စားလိုက်ရင် အရေပြားကို လိမ္မော်ရောင် သန်းစေပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ

ဒါကို ဆေးပညာ ဝေါဟာရအရ Carotenaemia လို့ ခေါ်ပါတယ်။ မုန်လာဥနီမှာပါတဲ့ ဘီတာကယ် ရိုတင်းတွေ အများကြီးက အရေပြားကို လိမ္မော်ရောင် သန်းစေတာ ဖြစ်တဲ့ အတွက် အန္တရာယ်မရှိတဲ့ အခြေအနေပါ။ သက်သတ်လွတ် စားသူတွေနဲ့ သရေစာအဖြစ် မုန်လာဥနီ အစားများတဲ့ ကလေးငယ်တွေမှာ တွေ့ရတာ များပါတယ်။ တစ်ခါတစ်ရံ အသားဝါ ရောဂါနဲ့ လွဲမှားတတ်ပါတယ်။

ဘာကြောင့် စားသင့်သလဲ

ဗီတာမင်အေပါဝင်မှု များတာကြောင့် မျက်စိကျန်းမာရေးအတွက် ကောင်းပါတယ်။

ဘယ်လို လုပ်သင့်သလဲ

အရေပြားဟာ စားတဲ့အစားအသောက်၊ နေထိုင်မှုပုံစံတွေနဲ့ သက်ရောက်မှု ရှိပါတယ်။ ရေကို များများသောက်ပါ၊ အိပ်ရေးဝဝ အိပ်ပါ၊ အစားအသောက်ကို အစုံစားပါ။ အရေပြားအတွက် ကောင်းတဲ့အရာတွေက အိုမီဂါသရီး ဖက်တီး အက်စစ်၊ ဇင့်(သွပ်)၊ ဗီတာမင် ဘီအုပ်စုနဲ့ ဗီတာမင်စီတို့ ဖြစ်ပါတယ်။

၃) ကညွတ်

ကညွတ်က ဆီးအနံ့ နံစေပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာပဲ ဖြစ်တတ်တာပါ။ စားတဲ့သူ တစ်ဝက် လောက်မှာ ဆီးအနံ့ နံတာမျိုး ဖြစ်တတ်ပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ

ကညွတ်ထဲမှာပါတဲ့ ဆာလဖာဒြပ်ပေါင်းကြောင့် ခန္ဓာကိုယ်ကနေ စွန့်ထုတ်လိုက်တဲ့ ဆီးဟာ အနံ့နံရတာပါ။

ဘာကြောင့် စားသင့်သလဲ

ကညွတ်မှာ အမျှင်ဓာတ် ကောင်းစွာ ပါဝင်ပြီး ဖောလိတ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဘယ်လို လုပ်သင့်သလဲ

တစ်ထိုင်တည်းနဲ့ ကညွတ်တွေ အများကြီးကို မစားပါနဲ့။ ကညွတ်စားပြီးချိန်မှာ ရေများများ သောက်ပေးပါ။ ဒါမှ အနံ့ဆိုးထွက်စေတဲ့ ဒြပ်ပေါင်းတွေက ခန္ဓာကိုယ်ကနေ ထွက်သွားမှာပါ။ ဆီးအနံ့ နံတာက ဆီးလမ်းကြောင်း ပိုးဝင်တဲ့လက္ခဏာ ဖြစ်တတ်တာကြောင့် ကညွတ် မစားတော့တဲ့ ရက်တွေအထိ ဆီးအနံ့ နံနေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

၎) ကင်ထားသော ပဲများ

ပဲတွေကို များများ စားလေလေ၊ လေလည်နိုင်ခြေ များလေလေ ဖြစ်ပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ

ပဲတွေထဲမှာ ပျော်ဝင် အမျှင်ဓာတ်မြင့်မားစွာ ပါဝင်တာကြောင့် အူမကြီးထဲ ရောက်တဲ့အထိ ကောင်းကောင်း မချေဖျက်နိုင်ပါဘူး။ နောက်ဆုံး ချေဖျက်ပြီးတဲ့ အခါမှာ လေ (Gas) ထွက်လာပါတယ်။

ဘာကြောင့် စားသင့်သလဲ

အမျှင်ဓာတ် များစွာပါတဲ့ အစာတွေက ရောဂါမျိုးစုံကို မဖြစ်အောင် ကာကွယ်ပေးပြီး အစာခြေ စနစ်ကို ကျန်းမာ စေပါတယ်။ ဆီးချိုသွေးချို ရောဂါရှင်၊ သွေးတွင်း ကိုလက် စထရော များသူနဲ့ ကိုယ်အလေးချိန် လျှော့ချ လိုသူတွေ အတွက် အကျိုးကျေးဇူး များပါတယ်။

ဘယ်လို လုပ်သင့်သလဲ

ဘယ်လို လုပ်သင့်သလဲချင်း (ဂျင်း)၊ နွယ်ချို၊ ပက်ပါးမင့်နဲ့ သံပရာသီး စတာတွေက လေပွ၊ လေထတာကို သက်သာစေပါတယ်။ ဒါကြောင့်ပဲကို ဒီလို ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တွဲစားပေးသင့်ပါတယ်။

၅) ဝိုင်နီ

ဝိုင်နီကို များများသောက်ရင် သင့်သွားတွေမှာ နီရဲနေပြီး ဒရက်ကူလာနဲ့ တူနေပါလိမ့်မယ်။

ဘာကြောင့်ဖြစ်ရသလဲ

ဝိုင်နီမှာ ပိုလီဖီနောဓာတ်ပါဝင်တာကြောင့် သွားတွေကို အစွန်းထင်စေပါတယ်။

ဘာကြောင့် သောက်သင့်သလဲ

ဝိုင်နီကို အသင့်အတင့် သောက်ရင်တော့ သွားဖုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဝိုင်နီမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် နှလုံးသွေးကြော ဆိုင်ရာရောဂါတွေလို ရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ နှစ်ခွက်ထက် မပိုပါစေနဲ့။

ဘယ်လို လုပ်သင့်သလဲ

ဝိုင်နီ သောက်ပြီးတိုင်း သွားအစွန်းထင်တာ ကင်းအောင် ပလုတ်ကျင်းပေးပါ။ သွားကို ပုံမှန်တိုက်ပေးပါ။

Good Health

http://on.fb.me/UWRK0Q

laminmaung
 

http://bluenavyblog.blogspot.com/2013/01/blog-post_29.html

နှာစေး ချောင်းဆိုး ဖြစ်ပွားရသည့် အကြောင်း အရင်းနှင့် ကာကွယ်နည်း၊ ကုသနည်းများ




နှာစေးခြင်းနှင့် ချောင်းဆိုးခြင်း ဒွန်တွဲခံစား ရခြင်းကို နှာစေး၊ ချောင်းဆိုးဟု ခေါ်ကြပါသည်။ နှာစေး၊ ချောင်းဆိုးခြင်းသည် ရုတ်တရက် ဖြစ်ပေါ်တတ်ပြီး ညီညွတ် မျှတအောင် မနေတတ် လျှင် ရက်တာရှည် ဖြစ်နေတတ် ပါသည်။

နှာစေး၊ ချောင်းဆိုးမှ တစ်ဆင့် အဖျားရောဂါ၊ အဆုတ်ရောဂါ၊ ပန်းနာရင်ကျပ် ရောဂါများ ဆီသို့ ဦးတည် သွားတတ်သဖြင့် ''အပျက် အပျက် နှင့် နှာခေါင်းသွေးထွက်'' ဆိုသကဲ့သို့ သာမန် အခြေ အနေမှ ရောဂါကြီး အဆင့် ဖြစ်တတ် ပါသေးသည်။

နှာစေး၊ ချောင်းဆိုး ဖြစ်ခြင်းသည် နွေ၊ မိုး၊ ဆောင်း ရာသီဥတု အလိုက် ဖြစ်တတ်သော ရောဂါဟု ဆိုနိုင်ပါသည်။ နွေဦး၊ မိုးဦး၊ ဆောင်းဦး စသည့် ဥတုပြောင်း၊ ရာသီပြောင်း ကာလ များတွင် အများဆုံး ဖြစ်တတ်ပါသည်။

နွေရာသီတွင် အပူဒဏ် သက်သာစေရန် အလို့ငှာ အချိန်အခါ မဟုတ် ရေချိုးခြင်း၊ ဦးခေါင်းကို ရေစိမ်ချိုးခြင်း၊ အင်္ကျီချွတ်ပြီး လေအေး အတိုက်ခံခြင်း၊ ပန်ကာ လေခံခြင်း၊ ညဘက်အချိန် စောင်မခြုံဘဲ အိပ်ခြင်း၊ ရေခဲရေ သောက်ခြင်းတို့ကြောင့် အပူအအေး ဝိရောဓိ ဖြစ်ပြီး အအေးပတ် ကာ နှာစေး၊ ချောင်းဆိုး ဖြစ်စေသည်။

မိုးရာသီတွင် ထီး၊ ဦးထုပ်စသည့် ဆောင်းစရာ မပါဘဲ သွားလာရင်း မိုးမိသောကြောင့် လည်းကောင်း၊ အချိန်ကြာကြာ မိုးရေခံ အလုပ် လုပ်ခြင်းကြောင့် လည်းကောင်း၊ ရေငွေ့ ပါသော လေများကို ရှူရသောကြောင့်
လည်းကောင်း နှာစေး၊ ချောင်းဆိုး ဖြစ်နိုင်သည်။ ဆောင်းရာသီတွင် နှင်းငွေ့ ထူထပ်သော လေကို ရှူရသောကြောင့် လည်းကောင်း၊ လေအေး အတိုက် ခံရသောကြောင့် လည်းကောင်း၊ ဝမ်းထဲတွင် အပူငွေ့ အောင်းနေရာမှ လည်းကောင်း နှာစေး၊ ချောင်းဆိုး ဖြစ်နိုင်သည်။ ရေငုပ်ခြင်း၊ ရေချိုးရာမှ နှာခေါင်းထဲ ရေဝင်ခြင်း၊ ခေါင်းလျှော်ခြင်း တို့ကြောင့်လည်း အပူငုပ်ပြီး နှာစေး၊ ချောင်းဆိုး ဖြစ်နိုင်ပါသည်။

နှာစေး၊ ချောင်းဆိုး ရက်ကြာလာလျှင် အစားအသောက် ပျက်ကာ ခန္ဓာကိုယ် ပိန်ချုံးနေခြင်း အပြင် စိတ်ညစ်ညူး နောက်ကျိခြင်း ကိုပါ ပူးတွဲခံစား ရနိုင်ပါသည်။ ကြာလျှင် နှာခေါင်းအနံ့ မရနိုင်သော နှာပိတ် ရောဂါခေါ် ထိပ်ကပ်နာ ဖြစ်နိုင်သည်။

သို့ပါ၍အထက်တွင် ဖော်ပြခဲ့သည့် နှာစေး၊ ချောင်းဆိုးခြင်း ဖြစ်နိုင်သည့် အကြောင်းအချက် တို့ကိုထိန်းသိမ်း ရှောင်ကြဉ် ရပါမည်။ ဆောင်းနှောင်း၊ နွေ ဦးရာသီ အကူးအပြောင်း တို့၌ ကျန်းမာအောင် ဆင်ခြင် နေထိုင်ရင်း ရာသီ ဥတုကြောင့် နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့သော် ချက်ချင်း ပျောက်ကင်းအောင် လုပ်ရပါမည်။ သို့မဟုတ်လျှင် အခြား ရောဂါများ ဆက်လက် ဝင်ရောက် နိုင်ပါသည်။

နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့လျှင် လူအုပ်စုထဲ ရောမဝင် သင့်ပါ။ ကိုယ်ခံအား နည်းနေချိန် ဖြစ်သဖြင့် အာရုံ တရားများ အနားယူရန် အလုပ် ကိစ္စများကို ရပ်နားထားလျှင် ပိုကောင်း ပါသည်။ မဖြစ်မနေ လုပ်ငန်းခွင်သို့ ဝင်ရလျှင် နှာရည်များ၊ တံတွေးများနှင့် ချောင်းဆိုးခြင်း တို့ကို သုတ်သင် တားဆီးရန်နှင့် ကူးစက် ပျံ့နှံ့မှုကို ကာကွယ်ရန် လက်ကိုင်ပဝါ၊ တစ်ရှူးနှင့် ဆေးဝါးများကို အသုံးပြုရ ပါမည်။

နှာစေး၊ ချောင်းဆိုး မဖြစ်မီ ရှေးဦး လက္ခဏာ အဖြစ် မျက်စိ၊ ပါးစပ်များ ပူပြီး အာသီး ရောင်တတ်ပါသည်။ ခေါင်းကိုက်ခြင်း၊ နှာပိတ်ခြင်း၊ အိပ် မပျော် ခြင်းတို့ ဖြစ်လာပါမည်။ ထိုအခါ ရှေးဦးပြုစု ကုသမှု အဆင့်အဖြစ် ရေနွေး ပွက်ပွက်ဆူကို ဇလုံထဲတွင် ထည့်ပြီး မျက်နှာကို ရေနွေးငွေ့ ခံပါ။ ရေနွေးငွေ့ ရှူပေးပါ။ ရှောက်ရည်၊ သံပရာ ရည်ကို ရေနွေးနှင့် ခပ်ချဉ်ချဉ် ဖျော်သောက်ပါ။ အစာအိမ် ရောဂါ အခံရှိ၍ အချဉ် ကဲသောက်၍ မရလျှင် သံပရာ ဖျော်ရည်၌ သကြားအစား ပျားရည်ကို အစားထိုး၍ သုံးပေး နိုင်ပါသည်။ ရေများများ သောက်ပေးဖို့ လိုပါသည်။ ကွမ်းရွက် တစ်ရွက် ကို လက်ဖြင့် ဆုပ်ခြေ၍ ဖန်ခွက်ထဲ ထည့်ပြီး ရေနွေး ပူပူနှင့် ခပ်ကြာကြာ စိမ်ထားပြီး ပူနွေးနေစဉ် သောက်ပေး ရပါမည်။ ချင်း၊ ထန်းလျက် ပြုတ် ရည်တို့ သည်လည်း ဆေးအဖြစ် အသုံး ပြုနိုင်သော ဓာတ်စာ ဖြစ်ပါသည်။ နွေးထွေးစွာ အနားယူ နေထိုင်လျှင် နှာစေး၊ ချောင်းဆိုးခြင်း ဝေဒနာမှ သက်သာလာမည် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။

လမင်းမောင်
http://on.fb.me/UWRK0Q
 

အိုမင်းခြင်း ဖြစ်စဉ်ကို နှေးကွေးစေမည့် အချက် ၁၀ ရပ်



တစ်နေ့ပြီး တစ်နေ့ ကူးပြောင်းလာချိန်မှာ အိုမင်းလာနေတယ် ဆိုပေမယ့် ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ ရှိရင်းစွဲ အသက်ထက် ၁၀ နှစ်လောက် ပိုငယ်တယ် ထင်ရအောင်၊ ဘဝမှာ နေထိုင်ရတာ ပိုမို သက်သောင့်သက်သာ ရှိအောင်နဲ့ စွမ်းအင်တွေ ပြန်ရအောင် လုပ်ဆောင်နိုင်ပါတယ်။

၁။ တက်တက်ကြွကြွ နေထိုင်ခြင်း

သင်ရဲ့ နေ့စဉ် ဘဝထဲမှာ အားကစားတစ်မျိုးကို လုပ်ဆောင်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်တာ ပါဝင်ပါစေ။ လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ဟန်ချက် ထိန်းနိုင်တာ၊ ဦးနှောက် နျူထရွန်တွေကြား ဆက်သွယ်ရေးကို လှုံ့ဆော်နိုင်တာ၊ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

၂။ ပုံမှန် ချစ်တင်းနှီးနှောခြင်း

အိမ်ထောင်ရှိသူတွေ အတွက် ပုံမှန် Sex ကိစ္စ ရှိတာဟာ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးစေတဲ့ လျှို့ဝှက်ချက် တစ်ရပ်လို့ ကျွမ်းကျင်သူတွေက ထင်မြင် ယူဆထားကြပါတယ်။ Sex ကိစ္စကြောင့် ဘဝလက်တွဲဖော်နဲ့ ပိုရင်းနှီးလာတာ၊ ကြွက်သားတွေ ပိုသန်စွမ်းလာတာနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရှိလို့ပါ။ အမျိုးသမီးတွေမှာ Sex ကိစ္စကြောင့် အောက်ဆီတိုစင်ဟော်မုန်း ထွက်ရှိကာ စိတ်ခံစားမှုကို ကောင်းစေပြီး အမျိုးသားတွေမှာတော့ တက်စတိုစတီ ရုန်းထွက်အောင် လှုံ့ဆော်မှု ရှိတာကြောင့် အိုမင်းတာနဲ့ ဆက်စပ်နေတဲ့ အရာတွေကို နှေးကွေးစေပါတယ်။

၃။ မှတ်ဉာဏ်အတွက် လေ့ကျင့်ခန်း လုပ်ခြင်း

တစ်နေ့ကို မိနစ် ၃ဝ လောက် လမ်းလျှောက်တာ၊ ရွရွပြေးတာ၊ ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ လတ်တလော လေ့လာမှုအရ အေရိုးဗစ် လေ့ကျင့်ခန်းနဲ့ မှတ်ဉာဏ်အကြား ခိုင်မာတဲ့ ဆက်နွှယ်မှုကို တွေ့ရှိခဲ့ရာ အာရုံကြော ပညာရှင်တွေက များစွာ အံ့အားသင့်ခဲ့ရပါတယ်။ ဒါဟာ ဦးနှောက်ဆဲလ်တွေဆီ အောက်ဆီဂျင် ရောက်ရှိကာ သွေးလှည့်ပတ်မှု ကောင်းတာကြောင့်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ မှတ်ဉာဏ်ကို ထိန်းချုပ်တဲ့ ဦးနှောက် အစိတ်အပိုင်းရှိ ဦးနှောက်ဆဲလ်တွေကို အသစ် ဖြစ်ပေါ်စေတာကြောင့်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြထားပါတယ်။

၎။ ဆေးလိပ်မသောက်ဘဲ နေခြင်း

ဆေးလိပ်၊ ဆေးရွက်ကြီး စတာတွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေဟာ ဦးနှောက်ဆဲလ်တွေကို လေးလံ ထိုင်းမှိုင်းသွားစေပါတယ်။ ဆေးလိပ်သောက်တာဟာ ဦးနှောက်ရဲ့ သတင်း အချက်အလက်တွေကို မှတ်သားနိုင်စွမ်းနဲ့ သိုလှောင်နိုင်စွမ်းကို ဟန့်တားပစ်တတ်တာကြောင့် မှတ်ဉာဏ် မကောင်းတာနဲ့ စူးစိုက်အား နည်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် အရေပြားရဲ့ အပြင်လွှာကို အာဟာရ ထောက်ပံ့နေတဲ့ သွေးကြောတွေ ကျဉ်းသွားကာ အရေပြား ခြောက်သွေ့နွမ်းနယ်လာပြီး အရေးကြောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ ယေဘုယျအားဖြင့် ဆေးလိပ်သောက်သူရဲ့ အရေပြားဟာ ဆေးလိပ်မသောက်သူနဲ့ ယှဉ်ရင် ၁၀ နှစ်လောက် ပို ရင့်ရော်နေတတ်ပါတယ်။

၅။ အိပ်ချိန် အပြည့်အဝ ပေးခြင်း

တစ်ညမှာ အချိန်ရှစ်နာရီအောက် လျော့နည်းပြီး အိပ်တာဟာ ပင်ပန်း နွမ်းနယ်စေပြီး ကိုယ်အလေးချိန် မြင့်တက်ကာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ စတာနဲ့ လေဖြတ်ရောဂါတွေရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ အိပ်ရေးပျက်တာကြောင့် Ghrelin ဟော်မုန်းပမာဏ မြင့်တက်ကာ အစာစားချင်တဲ့ဆန္ဒ မြင့်တက်လာပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ပါက ဗိုက်ပြည့်စေတဲ့ Leptin ဟော်မုန်းကို ဖိနှိပ်ထားတာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်စေတာ ဖြစ်ပါတယ်။

၆။ အသားအရေ ထိန်းသိမ်းခြင်း

အသက်ကြီးလာတဲ့ အခါမှာ အရေပြားက သူ့အလိုလို ပြန်ပြီး ငယ်နုအောင် မလုပ်နိုင်တော့ပါဘူး။ အရေးကြောင်းတွေနဲ့ သက်ကြီး အစက်အပြောက်တွေလည်း ထင်ရှား လာတတ်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ်တွေ အသစ်ဖြစ်အောင် လှုံ့ဆော်နိုင်ဖို့ ရက်တီနော (Retinol) ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ အပြင်ထွက်တဲ့ အခါမှာ နေရောင်ကာနိုင်စွမ်း SPE ၃၀ ဆနဲ့အထက် ပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးပါ။

၇။ ငါးကြီးဆီ မှီဝဲခြင်း

အိုမီဂါသရီး ဖက်တီးအက်စစ် ပါတဲ့ ငါးကြီးဆီကို မှီဝဲတာက အသက်ကြီးတဲ့အခါ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုကို ဟန့်တားပေးနိုင်ပါတယ်။ အိုမီဂါသရီး ဖက်တီးအက်စစ်ဟာ ဆဲလ်အဆင့်မှာ အိုမင်းမှု မဖြစ်အောင် ကာကွယ်နိုင်လို့ပါပဲ။

၈။ သိုင်းရွိုက်ကို စစ်ဆေးခြင်း

သိုင်းရွိုက်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် စနစ်တစ်ခုလုံးကို ထိန်းညှိပေးတာကြောင့် သိုင်းရွိုက်မကောင်းတာနဲ့ ကိုယ်အလေးချိန် တက်တာ၊ စွမ်းအင်နည်းတာ၊ လိင်စိတ် ကုန်ခန်းတာနဲ့ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ကျဆင်းနေတယ်လို့ ထင်ရင် သိုင်းရွိုက် စစ်ဆေးမှုအတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၉။ အရက် မသောက်ခြင်း

အရက် အလွန်အမင်း သောက်သူတွေကို ကြည့်လိုက်ရင် သူတို့ဟာ ရှိရင်းစွဲ အသက်ထက် ပိုရင့်ရော်နေတာကို တွေ့ရမှာပါ။ အရက်ဟာ ဆဲလ်တွေကို ထိခိုက်စေပြီး အရက်သောက်တာ ကြာလာတဲ့အခါ ကိုယ်အလေးချိန် မြင့်တက်တာ၊ မှတ်ဉာဏ် ဆုံးရှုံးတာ၊ ဆီးချိုသွေးချို ရောဂါဖြစ်နှုန်း မြင့်တက်တာ၊ အရေပြားပေါ်က ဆံခြည်မျှင် သွေးကြောတွေ ပေါက်ပြီး မျက်နှာနီမြန်းတာ စတာတွေကို ဖြစ်စေနိုင်ကာ ကြည့်ရတာ ဖောသွပ်သွပ် ဖြစ်နေတတ်ပါတယ်။ တကယ်လို့ အရက်ကို မသောက်ရ မနေနိုင်ရင် အမျိုးသားတွေမှာ အရက်နှစ်ပက်အောက်၊ အမျိုးသမီးတွေမှာ အရက်တစ်ပက် အောက်ကိုသာ သောက်သင့်ပါတယ်။

၁ဝ။ အိပ်စက်မှု စွမ်းရည် ကောင်းမွန်ခြင်း

စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု လျော့နည်းနေတယ်လို့ ထင်ရင် ဒါဟာ အိပ်ရေးမဝတာကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ချိန် အပြည့်အဝ ပေးပေမယ့် အိပ်နေစဉ် ဟောက်တာ၊ ခြေထောက်တွေ လှုပ်နေတာ၊ သွားကြိတ်တာ၊ တခြား အသက်ရှူလမ်းကြောင်းနဲ့ မျိုချမှုဆိုင်ရာ ပြဿနာတွေ ဖြစ်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ အဆင့်ကို ဟန့်တားနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝရတဲ့ အခြေခံ အကြောင်းရင်းကို ရှာပြီး ကုသမှု ခံယူကာ အိပ်ရေးဝအောင် ကြိုးစားသင့်ပါတယ်။

ကြယ်စင်
Ref: Good Health

http://on.fb.me/UWRK0Q


http://bluenavyblog.blogspot.com/2013/01/blog-post_3021.html

မျက်စိညောင်း ခြင်းကို ကုသနည်းများ


Saturday, June 29, 2013

ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။

အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်း ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များ တာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များ တာနဲ့ တောက်ပတဲ့ အလင်းရောင် ကို ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ် ပါတယ်။

မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေ ကတော့-

- မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊

- မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊

- မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊

- ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။

မျက်စိညောင်းညာမှု သက်သာစေရန်

(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။

(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။

(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။

(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။

(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။

(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။

(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။


https://www.facebook.com/photo.php?fbid=436429473121556&set=a.351047714993066.7

ချီလီမှ အမျိုးသမီး တစ်ဦး ငိုကြွေးရာမှ သွေးမျက်ရည်များ ကျဆင်း


Saturday, June 29, 2013

ချီလီနိုင်ငံမှ ဟာရစ်တ်ဇာ အမည်ရှိ အသက် ၂ဝ အရွယ် အမျိုးသမီးငယ် တစ်ဦးသည် ယခုလ အစောပိုင်းတွင် ထူးခြား ဆန်းကျယ်သော အခြေအနေ တစ်ရပ်ကြောင့် စိတ်ဖိစီးမှု ဝေဒနာကို ခံစားရပြီး နောက်တစ်ရက်တွင် ငိုကြွေး လိုက်သည့် အကြိမ်တိုင်း သူမမျက်နှာ ပေါ်တွင် သွေးမျက်ရည်များ စီးကျလာကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ထို့ကြောင့် ယင်းအမျိုးသမီးသည် သူမ၏ မျက်လုံးအိမ်အား စစ်ဆေးမှုများ ခံယူရန်အတွက် ဒေသတွင်းရှိ ဆေးရုံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

သူမ၏ မျက်လုံးအိမ်အား ဆရာဝန် များက စစ်ဆေးမှုများ ပြုလုပ်ပြီး နောက်ပိုင်းတွင် ရောဂါ အမျိုးအမည်ကို တရားဝင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း haemolacria အမည်ရှိ ဖြစ်ခေါင့် ဖြစ်ခဲ ရောဂါတစ်မျိုး ခံစားနေ ရဖွယ် ရှိသည်ဟု ယူဆရကြောင်း ဒေသတွင်းရှိ ဆေးရုံမှ ဆရာဝန်များက ထုတ်ဖော် ပြောကြား
ထားသည်။

သို့ရာတွင် သွေးယိုစိမ့်မှုကြောင့် မျက်လုံးအိမ် အတွင်း နာကျင်မှု ဝေဒနာကို သက်သာ စေရန်အတွက် မျက်စဉ်းဆေး တစ်မျိုးကို အသုံးပြုရန် ဆရာဝန်များက ညွှန်ကြား ပြသခဲ့သည့် အတွက် ယခုအခါတွင် သက်သာလာပြီ ဖြစ်ကြောင်း ဟာရစ်တ်ဇာက ပြောကြား ခဲ့သည်ဟု သိရသည်။   
    
  http://www.myawady.com.mm/allnews/global/item/18027-2013-06-29-11-08-13

အပါယ်တံခါး ပိတ်ပြီး သံသရာထွက်လမ်းအစကို ရအောင်ယူနည်း။

http://newlotus.buddhistdoor.com/resources/get/bd08fdc03880529c9c25367a14841d102ac6e005/x.jpg      

 ဘ၀သံသရာ ခရီးကို လျှောက်တဲ့အခါမှာ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့သည်၊ အပါယ်လေး
ဘုံမှ လွတ်မြောက်ရာလမ်းစဉ်မှန်သို့ ရောက်ရန်အလွန်အရေးကြီးပါသည်။ လူ့ရဲ့သဘာဝအရ အပေါင်း
အသင်း၊ အဖေါ်ပြုမှုတွေဖြင့် တစ်ဦးပေါ်တစ်ဦး အပြန်အလှန် အကျိုးပြုပြီးတော့ နေကြပါသည်။   သူ
တော်ကောင်းတို့သည် မိမိတို့၌ သားမယား၊ လင်သား၊ စပါးဆန်ရေ၊ ရွှေငွေ၊ ဆင်မြင်း၊ တိုက်တာခြံမြေ
တို့ကို မပစ်မစွန့်ရဘဲ၊  ကာမဂုဏ် စည်းစိမ်ကြီးပေါ်က စံစား၍  နိဗ္ဗာန်သို့  သွားနိုင်သော  အနာထပိန်၊
ဝိသာခါတို့လို  သောတာပန်ဖြစ်ခြင်း လမ်းကြောင်းမှန်ကို သိဖို့လိုပါသည်။

         အခါတစ်ပါးမှာ  ဥဂ္ဂသေန သူဌေးက ဘုန်းတော်ကြီး  မြတ်စွာဘုရားကို  မေးလျှောက်ထား၏။
တပည့်တော်၏ မယားသည် တပည့်တော် ခရီးထွက်သွားလျှင် တပည့်တော် လာမည့်လမ်းကို တမ်းတ
၍ ထမင်းမစား၊ ဟင်းမစားဘဲ လေသာပြူတင်းက တပည့်တော်ပြန်လာမည့်လမ်းကိုကြည့်ပြီး  မျှော်တ
၍သာ  နေပါ၏။ လင်၏၀တ္တရားကိုလည်း ကျေပွန်ပါ၏။  သို့အတွက် လင်ကိုချစ်သော မယားကိုလည်း
တပည့်တော် မစွန့်ပစ်နိုင်ပါ။ ကျေးကျွန်၊ ဆင်မြင်း၊ ကျွဲနွား၊ ရွှေငွေ၊ ရတနာတို့ကိုလည်း မစွန့်ပစ်နိုင်ပါ။
ရဟန်းလည်း မပြုနိုင်ပါ။ ဆင်းရဲသော ဘ၀နှင့် အပါယ်လေးပါးကိုလည်း ဘယ်အခါမှ မကျမရောက်လို
ပါ။ လောကီစည်းစိမ်ကို ခံစား၊ စံစားလျက် ကာမဂုဏ်ကို လက်မလွတ်ဘဲ နိဗ္ဗာန်ကို ရောက်လိုပါသည်
ဟု  လျှောက်ထားလေ၏။

         ထိုအခါ  ဘုန်းတော်ကြီးမြတ်စွာဘုရားက  ကာမဂုဏ်တန်းလန်းနှင့်  (အိမ်ရာထောင်သောသူ)
အာဂါရပုဂ္ဂိုလ်များ  နိဗ္ဗာန်ကိုသွားသော သောတာပန်လမ်း၊ ဘုံစဉ်စံလမ်းကို ဟောပြတော်မူပေသည်။
ဤသောတာပန် ဘုံစဉ်စံလမ်းမှန်သည် ရှေးဦးစွာ ဉာတပရိညာစခန်းတည်းဟူသော  ရုပ်၊ နာမ်၊ ခန္ဓာ၊
ပဋိစ္စသမုပ္ပာဒ်၊ ဓာတ် သစ္စာတရားတို့ကို သင်ကြားတတ်မြောက်ပြီး  အိမ်ထောင်သားမွေးကိစ္စ၊  ကာမ
ဂုဏ်ကို လက်မလွတ်ဘဲ ဤရုပ်ကောင်၊ နာမ်ကောင်၊ ခန္ဓာကောင်၊ ပဋိစ္စ သမုပ္ပာဒ်ကောင်သာ ရှိသည်
ဟု ထင်အောင်၊ မြင်အောင်၊ မိမိခန္ဓာပေါ်မှာ နေရင်းထိုင်ရင်း ကာမဂုဏ်ပျော်ပါးရင်း ရှုကြည့်၍ ပုဂ္ဂိုလ်
သတ္တ၀ါ၊ ငါ၊ သူတစ်ပါးကောင် ပျောက်ပြီး  ဓာတ်ကောင်၊ ရုပ်နာမ်ကောင်မှန်း သိသည်ကိုပင်    အတ္တ
ပျောက်၍ အနတ္တပေါက်သူ သောတာပန်ဖြစ်သူဟု ခေါ်ဆိုသဖြင့် ပရမတ် ဓာတ်တရားကို သိကာမျှနှင့်
သောတာပန်ဖြစ်နိုင်သည်ဟု ဟောပြတော်မူပါသည်။

        သောတာပန်ဖြစ်ခြင်း အင်္ဂါလေးပါးရှိပါသည်။ (သုတ်ပါထေယျ ပါဠိတော်)   ၁။ ရုပ်နာမ်ခန္ဓာ
ဓာတ်သစ္စာတို့၌ ကျွမ်းကျင်လိမ္မာသော သူတော်ကောင်းတို့နှင့် ပေါင်းဖေါ်ရခြင်း။      ၂။ ရုပ်နာမ်ခန္ဓာ
ဓာတ်သစ္စာတို့နှင့်စပ်သော တရားစကားကို ကြားနာ၊ မှတ်သား၊ နာခံ၊ သင်ကြားရခြင်း။  ၃။ ရုပ်ဓာတ်
နာမ်ဓာတ်၊ ခန္ဓာဓာတ်၊ ပရမတ်တရားတို့ကို မြင်အောင်၊ ထင်အောင်၊ အသင့်အတင့် နှလုံးသွင်းရခြင်း။
၎။ မဂ်ဉာဏ်၊ ဖိုဉာဏ် နိဗ္ဗာန်တရားတို့ကို ရခြင်း၏ အကြောင်းဖြစ်သော သက္ကာယဒိဌိကို ပယ်ရခြင်းတို့
ဖြစ်ကြပါတယ်။ ဤအင်္ဂါလေးပါးအနက် တစ်းပါး ပါးပျက်ကွက်ပါက မရနိုင်ပါ။

        တရားနာရင်း သောတာပန်ဖြစ်သည်။ ရုပ်၊ နာမ်၊ ခန္ဓာ၊ အာယတန၊ ပဋိစ္စသမုပ္ပာဒ် တရားတို့ကို
သင်ကြားလေ့လာ မှတ်သားရင်း သောတာပန်ဖြစ်သည်။ ၀ိပဿနာကိုပွားများလျှင် သကဒါဂါမ်၊ အနာ
ဂါမ်၊ ရဟန္တာ စသည့် အထက်မဂ် တစ်ပါး ပါး၌တည်သည်၊ မဖြစ်လျှင် ပုထုဇဉ်အတိုင်း နေသည်။ သော
တာပတ္တိမဂ်သည် အောက်မဂ်ဖြစ်၍ “ဒိဌိ”သတ်ဖြစ်သည်။ အထက်မဂ် သုံးပါးသည် “တဏှာ”သတ်ဖြစ်
သည်။ သောတာပန်ဆိုသော အောက်မဂ်တရားသည် မိမိ၌  အယူမှား၊ အမှတ်မှား၊ အမြင်မှား၊ အထင်
မှားပျောက်လျှင် စင်ကြယ်လျှင်ပြီးသည်။ ဤခန္ဓာကြီးကို ငါကောင် အမှတ်ပျောက်၍ ဓာတ်ကောင်ဟု
မှတ်ယူမှု မျှသာရှိသေးသည်။ ငါ့ကိုယ်၊ ငါ့ခန္ဓာ၊ ငါ့ဥစ္စာဟု သာယာတွယ်တာ ကပ်ငြိမှု   တဏှာတန်း
လန်းပင်   ရှိသေးသည်။


         သောတာပန်  ပုဂ္ဂိုလ်မျိုးတို့သည်  ကျင့်လမ်းစဉ်မှန်ကို သိရုံရှိသေးသည်။   တစ်ထောင့်ငါးရာ
ကိလေသာတွင် “ဒိဌိကိလေသာ”တစ်ခုကိုသာ  ပယ်သေးသည်။  တစ်ထောင့်လေးရာ ကိုးဆယ့်ကိုးခု
ကိလေသာ ကျန်သေးသည်။ ၀ိပဿနာ တရားကို မကျင့်ဘဲလျက် ကာမဂုဏ်ကို အားကြီးစွာ ပျော်ပါး
လိုက်စားနေသော   သောတာပန်သည်  ခုနှစ်ဘ၀နှင့်  နိဗ္ဗာန်ကို  ရောက်မည်။   သောတာပန်သည်
ရန်ကုန်မှ မန္တလေးသို့ ခရီးသွားရန် ကားလက်မှတ် ၀ယ်ပြီးစိတ်ချလက်ချ ကားစီးလိုက်သွားသောသူနှင့်
တူသည်။ အလိုရှိရာ မန္တလေးသို့ ထိုင်လိုက်၊ အိပ်လိုက်၊ စားလိုက်နှင့်ပင် ရောက်ရှိသွားပါမည်။ တရားမ
ကျင့်ဘဲ နေတာနဲ့တူပါသည်။ ကျင့်လျှင်   စောစီးစွာ နိဗ္ဗာန်ကို  ရောက်နိုင်မည်။


         ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့သည်လည်း အပါယ်လေးဘုံမှ လွတ်မြောက်ရာ လမ်းစဉ်မှန်
ကို  သိရှိကြပြီး  ဘ၀သံသရာ  ခရီးကို  သက်တောင့်သက်သာဖြင့်  နိဗ္ဗာန်ဆီသို့ လျှောက်လှမ်းနိုင်တဲ့
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ ကုန်သတည်း။
 {ဓမ္မစေတီ ဆရာတော်၏ သောတာပန်လမ်း-အလင်းကျမ်းကို  ကိုးကားရေးသားပါသည်။}
   ဦးသိန်းဝေ။
----------------------------------------------------------------------------------------------------
        “ဆုတောင်း၍ မရ”
        ===========
ဆုတောင်းမရ၊   ကျင့်ကြံက
ရမည်  ဧကန်သာ။
ကျမ်းကိုမချင့်၊   ရမ်း၍ကျင့်
အခွင့်   မရောက်ပါ။
နည်းလမ်းသိမှ၊  ကျင့်လိုက်က
ခဏ  မဂ်ဆိုက်မှာ။ ။
 {ဓမ္မစေတီ ဆရာတော် }
------------------------------------------------------------------------------------------------------
    “အဓိဌာန်”
     ========
ငါ့တွက်များမြောက်  ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ်  အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ   သာသနာ၏
ရှည်စွာအဓွန့်   ရောင်လျံကွန့်ဖို့
စွန့်စွန့် စားစား   ငါကြိုးစားသည်
စိတ်ထား  ငါ့မှာ  အမြဲတည်း။ ။
(ဆရာတော် အရှင်ဇနကာဘိဝံသ)
 http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A2093747&xg

ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်လဲ

 

ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်တယ် ဆိုတာကို ဗုဒ္ဓက မုနိ သုတ်တော် မှာ ဒီလို အသိပေး ဆုံးမခဲ့ပါတယ်။

ကိုယ်...့ဟာကို တရားကျင့်ပြီး အနာဂါမ်ဖြစ်နေတဲ့ အရိယာ လူပုဂ္ဂိုလ် ကတောင် ဒီကနေ့မှာ သင်္ဃန်းဝတ်ထားတဲ့ ပုထုဇဉ် ကိုရင်လေးကို ရှိခိုးရမယ် လို့ ဆိုပါတယ်။

တရားသိမှု၊ ကျင့်ကြံပေါက်မြောက်မှုမှာ ကိုယ်က သာနေပေမယ့် သာသနာဝန်ထမ်းရှင်သာမဏေလေးကို ရှိခိုးထိုက်တယ်။ဘာကြောင့်ဆိုရင် ရှိခိုးထိုက်သော အသွင်အပြင်အားဖြင့် (၂)မျိုးရှိတယ်။ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀) တိတိရှိနေတယ်။

အသွင်အပြင်အားဖြင့် (၂)မျိုးကတော့ -

(၁) ဖန်ရည်ဆိုးသော သင်္ဃန်းကို ၀တ်ရုံခြင်း ၊(လှပတင့်တယ်သော အရောင်အဆင်းရှိတဲ့ အ၀တ်အစား ကို ရှောင်ကြဉ်လိုက်ခြင်း၊ကာမဂုဏ်ကို အသွင်ဖြင့် သတ်ခြင်း ၊

(၂) ဦးခေါင်းကို ရိတ်တုံးထားခြင်း ။ ( ဦးခေါင်းတန်ဆာဆင်ခြင်း ကို ရှောင်ကြဉ်ခြင်း၊နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးအလှအပထားခြင်း များကို ရှောင်ကြဉ်ခြင်း ၊ အိန္ဒိယမှာတော့ ဒါတော်တော်ကို စွန်ပတာတဲပ အစဉ်အလာလုပ်ရပ်လို့ဆိုပါတယ်။ သူတို့က ဆံပင်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးကို အရမ်းအလှဆင်တဲ့ တိုင်းပြည်ဖြစ်နေလို့တဲ့)

ဒီနှစ်ချက်မှာတင် သူ၏ ခြိုးခြံမှု ၊ အလိုနည်းမှု ၊ လူ့အသွင်အပြင်သဘာဝကို ရှောင်ခွာကာ မြင့်မြတ်သော အသွင်ကို ယူမှုတွေဟာ သာမာန်လူထက်သာလွန်နေလို့ ရှိခိုးခံထိုက်နေပြီ လို့ ဟောတော်မူပါတယ်။ဒီနေရာမှာ သီလ သမာဓိ ပညာရှိခြင်းတွေကို ဘုရားရှင်က ဘာမှ မဆိုလိုသေးပါ။မိလိန္ဒ ပညာ မှာလဲ ဒီအတိုင်းပါပါတယ် ။

အရှင်နာဂသိန်ကတော့ ဒီအသွင်(၂)ပါးယူပြီးတာနဲ့ကို ဘုရား၏ အလိုကျ အသွင်အပြင် စဖြစ်နေပြီ..တဲ့။ဒါကြောင့်လဲ ရှိခိုးခံထိုက်တယ် လို့ ဆိုပါတယ်။

ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀)

(၁) သေက္ခ ပုဂ္ဂိုလ် အသွင်ရှိခြင်း

(၂) ရဟန္တာအသွင် ရှိခြင်း

(၃) အရီယာနှင့်တူသော အကျင့်ရှိနေခြင်း

(၄) တူသောနေထိုင်ခြင်းရှိကြခြင်

(၅) တူသောဣနြေ္ဒ ရှိကြခြင်း

(၆) တူသောဆင်းရဲခြင်းရှိခြင်း၊

(၇) တူသောသည်းခံခြင်းရှိခြင်း

(၈) တစ်ကိုယ်ထီးတည်းကျင့်ကြံအားထုတ်နိုင်ခြင်း

(၉) တစ်ကိုယ်ထီးတည်းမွေ့လျှော်ခြင်း

(၁၀) တစ်ကိုယ်ထီးတည်းကျိန်းအောင်ခြင်း

(၁၁) မကောင်းမှုမှရှက်ခြင်း

(၁၂) မကောင်းမှုမှ လန့်ခြင်း

(၁၃) သ ဓမ္မ အကျင့်ကို အားထုတ်ခြင်း

(၁၄) ကုလိုလ်ကို မမေ့လျော့ခြင်း၊

(၁၅) သုတ်လွှတ်ခြင်းကဲ့သို့သော ကာမဂုဏ်ကို ဖယ်ကြဉ်ခြင်း၊

(၁၆) ပါဠိသင်ယူခြင်း

(၁၇) အဋ္ဌကထာ ခေါ်အကျယ်အနက် သင်ယူခြင်း

(၁၈) သီလ၊သမိာပညာဂုဏ်တို့တွင်မွေ့လျော်ခြင်း၊

(၁၉) ကင်းသောတပ်မက်မှုရှိခြင်း၊

(၂၀) ဘုရားရှင်သတ်မှတ်သော သိက္ခာပုဒ်များကို ဖြည့်ကျင့်ခြင်း

ဒီအချက်တွေကြောင့်လဲ ရှိခိုးခံထိုက်နေပါတယ်။

အပေါ်က အချက်တွေနဲ့ တစ်ချက် ခြင်းအကျယ်ကို သီတဂူဆရာတော်၏ ရာဟုလာသုတ္တန် နဲ့ ရဟန်းတစ်ပါးတန်ဖိုးတရားတော်မှာ နာယူမှတ်သားနိုင်ပါတယ်။ဓမ္မစေတီဆရာတော် ပဗ္ဗဇ္ဖဟူသည် (ရဟန်းခံခြင်းဆိုင်ရာ တရား ) (အကယ်ဒမီဦးညွန့်ဝင်း အိမ်မှာဟောတဲ့ တရား )နဲ့ သာမညဖလသုတ်အကျယ် ၊ မဟာပဒါနသုတ်နှင့် မိလိန္ဒ ပညာတို့မှာလဲ ပါပါတယ်။ သုခမှတ်စုမှာလဲ လေ့လာနိုင်ပါတယ်။

အရှင်ဣန္ဒက ရခိုင် မှကူးယူဖော်ပြပေးပါသည်။


https://www.facebook.com/photo.php?fbid=10200130113164148&set=a.2051480935214

"တန်ဖိုးရှိတဲ့ဘ၀ကြီး နှမြောစရာ.."



လူ့ စည်းစိမ်နဲ့ နတ်စည်းစိမ် ဘယ်ဟာက ကြီးကျယ် ခမ်းနားသလဲ။ ပျော်မွေ့ စရာကောင်းသလဲ။
လူ့ စည်းစိမ်ဆိုတာက နတ်စည်းစိမ်နှင့် စာရင် သူတောင်းစား စည်းစိမ်၊ စဏ္ဍာလ စည်းစိမ်ပဲ။

အလောင်းတော် တေမိမင်းသားမှာ ပါရမီတွေ ဖြည့်ချင်လွန်းလို့  အလွန်ကြီးကျယ်တဲ့ နတ်စည်းစိမ်တွေ
စွန့် ပြီး လူ့ ပြည်ဆင်းလာရရှာတယ်။ သူ့ လိုပဲနတ်စည်းစိမ်တွေ စွန့် ပြီး လူ့ ပြည်လာကြတဲ့
နတ်သားတွေတောင် ငါးရာ တဲ့..လိုက်ပါလာကြတာ။

လူ့ ပြည်ရောက်လာပြန်တော့ရော သူ့ ခမျာ ပါရမီဖြည့်ရတာ သက်သာရှာရဲ့ လား။

ဘုရားလောင်း ဘူရိဒတ် နဂါးကြီးဟာလဲ ဥပုသ်ကလေးစောင့်ချင်တာနဲ့  လူ့ ပြည်လာရရှာတယ်။ နဂါးစည်းစိမ်ကလဲ နတ်စည်းစိမ်လို ကြီးကျယ်ခမ်းနားတာပဲ။

အဲ လူ့ ပြည်ရောက်လာပြီး ဥပုသ်စောင့်ရသော်လဲဖြောင့်ဖြောင့် အေးအေးလူလူ မစောင့်ရရှာဘူး။
အလမ္ပာယ်လုပ်သမျှ ဒုက္ခခံပြီး စောင့်ရရှာတာ။

ကုသိုလ်ကောင်းမှုဆိုတာက ဘုံဘ၀တိုင်းမှာလုပ်လို့ ရတာမျိုး မဟုတ်ဘူး။ လူ့ ဘ၀မှာမှ လုပ်လို့ ရတာ။
ဒါ့ကြောင့် အလောင်းတော်ကြီးများ လူ့ ပြည်လူ့ ရွာဆင်းလာပြီး ပါရမီကုသိုလ်တွေ လုပ်ယူကြရတယ်။

ဒါကြောင့် လယ်တီဆရာတော်ကြီးကပြောတာ -လူ့ ဘ၀ဆိုတာ ဘ၀ပဒေသာပင်ကြီးတဲ့ ။

ကိုယ့်မှာ လွယ်လွယ်ကူကူ ရရှိနေတော့ ရခဲတယ်မထင်ကြဘူး။ တန်ဖိုးရှိတယ် မထင်ဘူး။ မထင်တော့
အချိန်တွေဖြုန်း၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန်နေသွား၊ပြီးတော့ သေ...။ တန်ဖိုးရှိတဲ့ဘ၀ကြီး နှမြောစရာ..။

(မြေဇင်းဆရာတော်ဘုရားကြီး)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
https://www.facebook.com/photo.php?fbid=436262276471609&set=a.351047714993066

ပြူတင်းပေါက်မှာ ချစ်တင်းနှောနေစဉ် ပြုတ်ကျသေဆုံးသော စုံတွဲ


Saturday, June 29, 2013

လူသေစေနိုင်လောက်အောင် ပူသော ရာသီဥတုဖြစ်ပါတယ်။ အကြောင်းမှာ ဝူဟန်က စုံတွဲတစ်တွဲ ပြူတင်းပေါက်မှာ ချစ်တင်းနှောရင်း ပြုတ်ကျသေဆုံး ရသောကြောင့် ဖြစ်သည်။

မကြာသေးခင်က စုံတွဲတစ်တွဲက လေရအောင် ပြူတင်းပေါက်မှာ ချစ်တင်းနှောရလောက်တဲ့အထိ ပူအိုက်ကြောင်းကို netizen က ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ အဲဒီစုံတွဲက ပျော်ရွှင်ရန်အတွက်သာ စိတ်အားပြင်းပြနေခဲ့ပြီး၊ သူတို့ရဲ့ ပျော်စရာအချိန်လေးကို ၎င်းပြူတင်းပေါက်က ဖျက်ဆီးသွားလိမ့်မယ်ဆိုတာကို သတိမပြုမိခဲ့ပါဘူး။ သူတို့ ပျော်ပါးနေစဉ်မှာပဲ ရုတ်တရက် ပြူတင်းပေါက်ကျိုးပျက်သွားပြီး သူတို့နှစ်ဦးလည်း အဆောက်အအုံထက်မှ ပြုတ်ကျသေဆုံးခဲ့ရပါတယ်။

netizen ရဲ့ ပြောပြချက်အရ ထိုစုံတွဲက သူတို့ရဲ့ ပျော်စရာအချိန်လေးမှာ ဒီပြူတင်းပေါက်ရဲ့ အားနည်းမှုကို သတိမပြုမိခဲ့ကြပါဘူး။ အဲဒီလိုနဲ့ အမျိုးသမီးက အထွတ်အထိပ်ရောက်လာတာနဲ့ တပြိုင်နဲ့ သူမခါးကိုလည်း ခုံးလိုက်တာကြောင့် ပြူတင်းပေါက်က တွန်းအားကို မခံနိုင်ပဲ ကျိုးပျက်သွားပြီး သူမ ဟန်ချက်ပျက်သွားပါတယ်။ စုံတွဲနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဖက်ထားတာကြောင့် သူတို့နှစ်ဦးစလုံး အဆောက်အဦးပြင်ပကို ပြုတ်ကျသေဆုံးခဲ့ပါတယ်။

Myanmar Daily Star Group

https://www.facebook.com/photo.php?fbid=436341889796981&set=a.351047714993066.7

Computer လောက သိမှတ်စရာများ



နှိုင်းရင့်နွေ
----------------------------------------------------------------
၁) ပထမဆုံး register လုပ်ခဲ့တဲ့ Domain Name က Symbolics.com ဖြစ်ပါတယ်...

၂) Tim Berners-Lee ဟာ World Wide Web ဆိုတဲ့ ဝေါဟာရအသုံးအနှုန်းကို ၁၉၉၀ မှာစတင်တီထွင်အသုံးပြုခဲ့ပါတယ်...

၃) Google ဟာ ခန့်မှန်းအားဖြင့် တစ်နှစ်ကို ၁၅ ဘီလီယံ ကီလိုဝပ်နာရီရှိတဲ့ လျှပ်စစ်ဓာတ်အားကို အသုံးပြုပါတယ်... ဒီပမာဏဟာ နိုင်ငံအများစုမှာသုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုထက်များပါတယ်... လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားတွေကို Google ဟာ solar panels တွေကနေ ကိုယ်တိုင်ထုတ်ယူသုံးစွဲပါတယ်....

၎) Bill Gates ရဲ့ အိမ်ကို Apple ရဲ့ Macintosh ကွန်ပျူတာနဲ့ ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပါတယ်...

၅) အင်တာနက်ကိုချိတ်ဆက်အသုံးပြုသူ သန်းထောင်ပေါင်း ၁.၈ မှာ အင်္ဂလိပ်စကားပြောတဲ့သူက ၄၅၀ သန်းပဲရှိပါတယ်...

၆) ဆွီဒင်ဟာ အင်တာနက်အသုံးပြုသူ ရာနှုန်းအများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းရှိပါတယ်...

၇) ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မတိုင်ခင်အထိ Domain registration ကို အခမဲ့လုပ်နိုင်ပါတယ်....

၈) ပုံမှန် web-page တစ်ခုရှိတိုင်းမှာ အညှီအဟောက် (porn) page ငါးခုလောက်ရှိနေမှာဖြစ်ပါတယ်..

၉) Google ရဲ့ home page မှာ ပြောင်ရှင်းနေရတဲ့ အဓိကအကြောင်းရင်းကတော့ စတင်တည်ထောင်သူတွေဟာ HTML ကို မသိဘဲ interface တစ်ခုကို အမြန်တည်ဆောက်ချင်ခဲ့တာကြောင့် ဖြစ်ပါတယ်...

၁၀) ခန့်မှန်းအားဖြင့် လူဦးရေ 1,319,872,109 ယောက်ဟာ အင်တာနက်ကို အသုံးပြုကြပါတယ်...

၁၁) ပထမဆုံး Apple ကွန်ပျူတာကို Steve Jobs နဲ့ Steve Wozniak တို့ဟာ သူတို့အလုပ်ကနေ အလကားရတဲ့ ပစ္စည်းအစိတ်အပိုင်းတွေကနေ တည်ဆောက်ခဲ့တာဖြစ်ပါတယ်...

၁၂) Rother J လို့အမည်ရတဲ့ program ဟာ ပထမဆုံး ကွန်ပျူတာ ဗိုင်းရပ်စ်ဖြစ်ပြီး သူ့ကိုရေးသားထားတဲ့ ကွန်ပျူတာမှာမဟုတ်ဘဲ တခြား ကွန်ပျူတာမှာ စပြီးအလုပ်လုပ်ခဲ့တဲ့ ဗိုင်းရပ်စ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်...

၁၃) Mosaic ဟာ ပထမဆုံး နာမည်ကြီး web browser ဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်...

၁၄) နေ့စဉ်နေ့တိုင်း ၂၄၇ ဘီလီယံရှိတဲ့ အီးမေးလ်တွေပေးပို့ကြပြီး အဲ့ဒီအထဲက ၈၁ % ဟာ spam တွေဖြစ်ပါတယ်....
----------------------------------------------------------------
Ref: Computer Freaks

https://www.facebook.com/photo.php?fbid=436326939798476&set=a.351047714993066.

ကွန်ပျူတာကို ဝယ်ကစလို မြန်စေချင်တယ်ဆိုရင်



Laptop, Desktop ဘယ်လို ကွန်ပျူတာပဲ ဖြစ်ဖြစ် PC အားလုံးဟာ ဝယ်ပြီး ကြာလာတဲ့အခါ လုပ်ဆောင်ချက် နှေးသထက် နှေးကွေးလာပါတယ်။ တစ်ခါခါဆို ဘာမှ လုပ်လို့မရအောင် စက်ရပ်သွားတာမျိုးတို့တောင် ဖြစ်တတ် ပါတယ်။ ဒီလို အခြေအနေကနေ ရုန်းထွက်နိုင်ပါတယ်။ ဒါက ပြုပြင်ယူလို့ ရတဲ့ အခြေအနေဖြစ်ပါတယ်။

ကွန်ပျူတာ လုပ်ဆောင်ချက် နှေးသွားရတဲ့ အဓိက အကြောင်း အရင်း နှစ်ခု ရှိပါတယ်။

၁။ registery errors

Registery Errors က ပိုအဖြစ်များပါတယ်။ ကိုယ်က ကွန်ပျူတာမှာ ဂိမ်း တစ်ခုခုဆော့ခဲ့မယ်ပြီးတော့ ပြန်ပိတ်ပါတယ်။ သာမန် ဖြစ်ရိုးဖြစ်စဉ်လို့ ဆိုပေမယ့် အမှန်တော့ ကွန်ပျူတာဟာ ယင်း ဂိမ်းနဲ့ ပက်သက်တဲ့ အချက်အလက်များကို အလိုအလျောက် သိမ်းဆည်းပေးသွားပါတယ်။ ဂိမ်း ရယ်လို့မှ မဟုတ်ပဲ ကိုယ်သုံးလိုက်တဲ့ ပရိုဂရမ်နဲ့ သက်ဆိုင်တဲ့ အချက်လက်/ Data အားလုံးကို အလိုအလျောက် မှတ်သားပါတယ်။ အချို့ ဟာတွေက မမှတ်သားအောင် Option ပေးနိုင်ပေမယ့် သတိမထားမိလိုက်တဲ့ အရာတွေ ပိုများပါတယ်။

ဥပမာ- ကိုယ်က ဓာတ်ပုံ တစ်ပုံကို ဖျက်လိုက်ပေမယ့် Recycle Bin မှာ ရှိပါတယ်။ Recycle Bin မှာ မရှိတော့ဘူးဆိုရင် လုံးဝ မရှိတော့ဘူးလို့ မထင်ပါနဲ့။ သူက သိမ်းဆည်းရ အနည်းနိုင်ဆုံး အနေအထား ထိ ကျစ်လိုက်ပြီး Chip / Hardware များရဲ့  တစ်နေရာရာမှာ Register လုပ် သိမ်းဆည်းထားပေးတတ်ပါတယ်။ တစ်ခါခါ စက်တွေ အဖွင့်များပြီး ခလုပ်အနှိပ်များရင်၊ Command အပေးများရင် ပြဿနာက စဖြစ်ပါတယ်။ ကိုယ် Register လုပ်ထားတာရော၊ သူ့အလိုအလျောက် Register လုပ်ထား တာရော အားလုံးပေါင်းပြီး ကမောက် ကမတွေ ဖြစ်ပါတော့တယ်။ ဒီတော့ အကျိုးဆက်က ကွန်ပျူတာ ထစ်ငေါ့ထစ်ငေါ့ဖြစ်ခြင်း၊ စက်ရပ်သွားခြင်းတို့မျိုး ဖြစ်ပါတယ်။

ဒါကို ဖြေရှင်းရန် နည်းလမ်း ရှိပါတယ်။ အဓိကကတော့ ကိုယ် Register လုပ်ထားတဲ့ ဟာတွေအားလုံး ပြန်ဖျက်ပေးဖို့ ရှိပါတယ်။ ဒါကို ဆော့ဖ်ဝဲ စီဒီ ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ အွန်လိုင်းမှာပဲ အခမဲ့ ဒေါင်းချင်တယ်ဆိုရင်လည်း Advanced Registry Optimizer free download လို့ Google search မှာ ရိုက်ပြီး ရှာဖွေနိုင်ပါတယ်။

ဥပမာ - http://download.cnet.com/Advanced-Registry-Optimizer/3000-2086_4-10661245.html
http://www.softpedia.com/get/Tweak/Registry-Tweak/Advanced-Registry-Optimizer.shtml

ဆိုင်ကနေ ဝယ်တာကို ပိုပြီးတော့ recommand ပေးထားပါတယ်။ အွန်လိုင်းကနေ ယူတာက မလိုအပ်တဲ့ Freeware, spyware တွေ ပါဝင်မှာ စိုးလို့ ဖြစ်ပါတယ်။

၂။ ဗိုင်းရက်စ်နှင့် Spyware များ ကြောင့် စက်နှေးခြင်း

ဒါကတော့ ရှင်းပါတယ်။ အဓိကက အွန်လိုင်းသုံးရာမှာ သတိထားရ မှာ ဖြစ်ပါတယ်။ အွန်လိုင်းသုံးတဲ့အချိန်တင်မကပဲ USB နဲ့ အခြားသော Input များမှာ သတိထားဖို့ လိုအပ်ပါတယ်။ ကိုယ်က အင်တာနက်ကနေ သီချင်းတစ်ပုဒ် ကြိုက်လို့ ဒေါင်းပေမယ့် သူနဲ့ တွဲပါလာနိုင်တဲ့ အရာများ ကို သေချာ သတိထား လေ့လာသင့်ပါတယ်။ သီချင်းတင်မကပဲ အခြားသော Software, application များရော ဖြစ်ပါတယ်။ USB ပေါက်ကို memory stick တို့ ထိုးမယ်ဆိုရင်လည်း Scan ဖတ်ပြီး Virus တွေကို Detect လုပ်ပေး မယ့် ဆော့ဖ်ဝဲ တစ်ခု တော့ ရှိနေသင့်ပါတယ်။ အင်တာနက် သုံးရင်လည်း Spyware, Virus တို့က တစ်ခါခါကျရင် ဝင်လို့ ဝင်မှန်းတောင် မသိပါဘူး။ အချိန်တော်တော်ကြာမှာ သူပုန်းနေတဲ့ နေရာတွေကနေ ထပြီး သောင်းကျန်း တတ်ပါတယ်။ ဒါကြောင့်လည်း စက်ကနှေးပါတယ်။

ပို့လာတဲ့ အီးမေးလ်၊ app, software, သီချင်း၊ ဓာတ်ပုံ နဲ့ ကိုယ်တိုင် ရှာဖွေ မှု ပြုတဲ့အခါ ယုံကြည် စိတ်ချရတဲ့ ဝဘ်ဆိုဒ်ကိုပဲ ရွေးချယ်သင့်ပါတယ်။ Offline အနေနဲ့လည်း ကိုယ့် PC နဲ့ သင့်တော်မယ့် Ant virus ဆော့ဖ်ဝဲ များ ဆောင်ထားသင်ပါတယ်။

အထက်ပါ အချက်နှစ်ချက်ကို သိရှိလိုက်နာပြီး မိမိ PC ကို ဂရုစိုက်မယ်ဆိုရင် ကွန်ပျူတာ နှေးလာစရာ အကြောင်း မရှိတော့ပါဘူး။
---
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/photo.php?fbid=436320989799071&set=a.35104771499306

ဖုန်းတစ်လုံး အသစ်ဝယ်ပြီး ဘယ်လို အားသွင်းကြမလဲ




ဖုန်းတစ်လုံး အသစ်ဝယ်ပြီး စသုံးမယ့် အချိန်နဲ့ နောင်အချိန်တွေမှာBattery ကိုဘယ်လောက်အချိန်ကြာကြာ အားသွင်းသင့်တယ် ဆိုတာကို
အတော်များများ မသိကျပါဘူး။ဖုန်းတစ်လုံးဝယ်တော့ ဖုန်းဆိုင်အတော်များများ က စမသုံးခင် 8:00
လောက် အားသွင်းပြီးမှသုံးပါ လို့ မှာတာ အတော်များများ တွေ့ ဖူးတယ်။

ဘာကြောင့် အဲလိုသွင်းရသလဲ ? မေးရင် အတိအကျပြန်မဖြေနိုင်ကျပါဘူး။အဲဒီတော့ USER တွေက အဲဒီညတစ်ညလုံး အားသွင်းလိုက်ပါရော။8:00 ဆိုတဲ့ကြာမြင့်မှုက တစ်ညလုံး နီးပါးလောက် ကြာနေတာ ကို။ဒီမှာတင်ပဲ USER တွေက တစ်ညလုံးအားသွင်းလဲ ကိစ္စမရှိပါဘူး ဆိုတဲ့အတွေးနဲ့ အလုပ်အား အလုပ်နားတဲ့ အချိန် ညပိုင်းမှာပဲ တစ်ညလုံး အားသွင်းပြီးအိပ်လေ့ ရှိကျပါတယ်။ မလုပ်သင့်ပါဘူး။ ဖုန်းကလဲ တန်ဘိုးကြီးပဲ Charger ကလဲOriginal အားပြည့်ရင် Auto ဖြတ်တဲ့ စနစ်တွေ ပါတယ် အားပြည့်ရင် Charger တွေကဆက်အလုပ်မလုပ် တော့ ဘူး လို့ ထင်နေကျတယ်။

အခြား နိုင်ငံတွေမှာ ဖြစ်နိုင်စွမ်းရှိပေမယ့်မြန်မာနိုင်ငံမှာ တော့ မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ အသုံးပြုနေကျတဲ့ လျှပ်စစ်ထုတ် ပစ္စည်း များအကြောင်း
 

Electric City ( အိမ်သုံးလျှပ်စစ် )

__မီးလာနေတဲ့ အချိန်တွေမှာ Voltage Loses/ Frequency Loses တွေရှိနေပါတယ်။
__မီးပျက်ရတဲ့ အကြောင်းရင်းတွေက တော့

 
( 1 ) Over Load ( အလွန်အမင်း အသုံးပြုမှု များနေခြင်း )

( 2 ) Voltage Loses ( ဗို့ အား ကျဆင်းခြင်း )


( 3 ) Frequency Loses ( frequency Hz မတည်ငြိမ်ခြင်း )


အစရှိတဲ့ အကြောင်းအချက်တွေကြောင့် တခါတလေ မှာ LDC ရုံးချုပ်မှ မဖြစ်မနေ ဓါတ်အားဖြတ်တောက်
ရပါတယ်။ မြို့ တွေက ဓါတ်အားပေးခွဲရုံ တွေမှာဆိုရင် System break down / Default စတာတွေဖြစ်ပြီး 
OCB တွေ ပြုတ်ကျတယ်လေ။ OCB ဆိုတာက Oil Circuit Breaker ပါ။ Frequency / Voltage / Ampere တွေက သီအိုရီတွေ အရ တိုက်ရိုက် အချိုးကျ 
သက်ရောက်မှုရှိနေတာကြောင့် ဖုန်းတွေကို တစ်ညလုံး Charging သွင်းခြင်းမှ ရှောင်သင့်ပါတယ်။


Electric Generator ( မီးစက် )


__အိမ်သုံး Generator တွေမှာ Syncronization ဆိုတဲ့ ပြေပြစ် လိုက်လျောညီထွေမှုရှိ အောင် 

ဆွမ်းဆောင်နိုင်တဲ့ System တွေ မပါရှိတာရယ်။ ပါရှိနေသော်ငြားလည်း အပြည့်အဝ မစွမ်းဆောင်နိုင်တာရယ်။

__ Hz UV Meter မပါရှိတော့ Frequency ကိုအတိအကျ မသိရှိနိုင်တာရယ်


 စတဲ့ ပြစ်ချက်တွေကြောင့် စိတ်ချရမှု မရှိပြန်ပါဘူး။


Inverter ( Battery မှ လျှပ်စစ်စွမ်းအင် )


__ အိမ်သုံး လျှပ်စစ်ရဲ့ Wave Form က Sine Wave ဖြစ်ပြီး
Inverter ကထုတ်ပေး တဲ့ Wave Form ကတော့ Square Wave ကို Sine Wave ဖြစ်အောင် ပြောင်းလဲထားတာပါ။ နားလည်လွယ်အောင်ပြောရရင် Sine Wave က ရေလှိုင်းပုံ ရှိပြီး Square Wave က လေးထောင့်စပ်စပ် ဆိုတော့ Sine Wave နဲ့ တူအောင် ထောင့်ချိုးလေးတွေ ကို အနား သတ်ပေးဘို့ AC Output မှာ Resistor နဲ့  Condenser နှစ်လုံးကို Series ဆက်ပြီး 220V ထွက်တဲ့ Output ကို ခွဆက်ပေးထား တာပါ။ 
အဲဒီတော့ Inverter ကကော စိတ်ချရပါသလား။


______Mobile Phone Battery တွေ ကို ဘယ်လို Charging သွင်းကျမလဲ______



__ Power Saver System ပါတဲ့ ဥပမာ- Nokia 86 8MP ဖုန်းမျိုးစားတွေကတော့ ကြာချိန် 2:30

လာက်သွင်းသင့်ပါတယ်။အကြောင်းကတော့ ဖုန်းကို စတင်အသုံးပြု တဲ့ အချိန်ရဲ့ Charging Time ကို Software ကမှတ်သားထားပါတယ်။တကယ်လို့  အဲဒီလို Charging မလုပ်မိဘူးဆိုရင် အဲဒီ Battery က ဘယ်လောက် အားဖြည့်ဖြည့် ပြည့်ပေမယ့် အသုံးမခံတော့ပါဘူး။

__ အခြား ဖုန်းတွေကတော့ ပုံမှန်ပဲ Charging လုပ်ပေးပါ။ 
Battery တစ်လုံးမှာ Charging အကြိမ်ရေ သတ်မှတ်ချက်ရှိပါတယ်။ဘယ်အမျိုးစားမှာပဲဖြစ်ဖြစ်ပါ။ အဲဒီတော့ Battery ကို အနည်းဆုံး 20% ရောက်မှပဲ Charging လုပ်စေချင်ပါတယ်။

__ တစ်ညလုံးအားသွင်းရင် Battery သာမက ဖုန်းပါ ဆုံးရှုံးနိုင်ပါတယ်။

ပြစ်ချက်တွေကတော့ Charging မရတော့ရင်Main Power IC/ Aux Power IC လဲရတာတွေထိရှိပြီး တချို့ မှာဆို လုံးဝ ပြုပြင်လို့ မရတော့ပါဘူး။ဖုန်းအသုံးပြု သူ အားလုံး အသိဥာဏ်ကြွယ်ဝ နိုင်ပါစေလို့  ဆန္ဒ ပြုလိုက်ပါတယ်။

be happy all my fri

Creadit to Ko Soe Win (mobileforum)

 
http://www.bluenavyblog.blogspot.com/2013/06/blog-post_3595.html

Android အကြောင်း ပါးပါးလေး ပြောမယ်




         Android အကြောင်း ပါးပါးလေး ပြောမယ်နော် Android OS ဆိုတာ linux လို့ခေါ်တဲ့OS
ရဲ့ Linux 2.6 kernel ကို အခြေပြုထားတဲ့ OS တစ်ခုဖြစ်ပြီး မိုလ်ဘိုင်းဖုန်းတွေ Tablet ကွန်ပျူတာတွေ အတွက် ရည်ရွယ်ပြုလုပ်ထားတာပါ အပေါ်ကဖော်ပြထားတဲ့ စက်ရုံပုံလေးကတော့ သူ့ရဲ့ Logo လေးပေါ့ စက်ရုပ်ပုံလေးလေဒီ ကောင်လေး စတင် ဖြစ်ပေးလာတာကတော့ စတင်ဖန်တီးရေးသားခဲ့တဲ့ Android Inc
ကို 2005 ခုနှစ်မှာ Google ကနေ ၀ယ်ယူလိုက်ပါတယ် ၀ယ်ယူထားပြီး ဘာလုပ်နေတယ်တော့ မသိရပါဘူး ။


 2007 ခုနှစ်ေ၇ာက်တော့မှ Google က Android ကို (OHA) Open Handset Alliance ကို တည်ထောင်လိုက်ပြီး Android Coad တွေကို ဘယ်သူမဆို အခမဲ့ ရယူပြင်ဆင်နိုင်တဲ့ Open source အဖြစ် ကြေငြာလိုက်ပါတယ်ဒါကို ကိုယ့်ထုတိကုန်နဲ့ ကိုက်ညီမယ့် ပုံစံနဲ့ ကုပ္မဏီတွေကနေ ဆက်လက်ပြီး
ထပ်ဆင့်အဆင့်မြင့်ရေးသားကြပြန်ပါတယ် လိုင်စင်ကိုတော့ ဖရီးလိုင်စင်ပေါ့နော် ဘယ်သူမဆို အခမဲ့ရယူနိုင်ပါတယ်ပေါ့ ကိုယ်လဲ ပြင်ချင်ပြင်လို့ရတာပဲလေနောက် Android Software တွေ ဖန်တီးဖို့ Android Software development kit (SDK) 1.0 ကို 2008 ခုနှစ်မှာထုတ်ပေးပြီး လွတ်လွတ်လပ်လပ်
ရှယ်ယာလုပ်ခွင့်လဲ ပြုခဲ့ပါတယ် ။


အဲနောက်ပိုင်းမှာတော့ Android သုံး မိုဘိုင်းဖုန်းတွေ Tablet တွေ မျိုးစုံကိုထွက်လာတော့တာပဲပေါ့ဗျာ Android ထါက်လာပြီးနောက် မိုဘိုင်းလောကမှာ အပြောင်းအလဲကြီးတစ်ခုဖြစ်သွားပြီး ဘာမှမကြာလိုက်တဲ့ နှစ်အနည်းငယ်ထဲမှာပဲ မိုဘိုင်းလောကကို Android က ဦးဆောင်လာပါတော့တယ် ဘာကြောင့် ဒီလို ကြီးစိုးလာသလဲဆိုရင်တော့ ဘယ်သူမဆို ပြင်ဆင်ခွင့်ရှိတယ် ဆိုတဲ့ အချက်ရယ် ဖရီးလိုင်စင်ရယ် Open source coad တွေရယ်ကြောင့်ပါပဲ အလကားလဲရသေး လုပ်ပိုင်ခွင့်ကလဲကွာသေး
နည်းပညာလဲလေ့လာလို့ရသေး တယ် ။


ဖန်တီးမယ်ဆိုလဲ ရတယ်ဆိုတော့ဗျာ ဘာပြောကောင်းမလဲ ဟဲဟဲပေါ့ နော်ဒီလို အလကားပေးထားတာ Google ကဘာအမြတ်အစွန်းရလဲ ဆိုတာ သိချင်ပါသေးလဲ
OS ကို အလကားပေးထားပေမယ့် ရတဲ့နေရာတွေ ရှိတာပေါ့ဗျာ Android Market မှာ ဖရီးမဟုတ်တာလေးတွေ
သင်ကြည့်ပါလား အဲကနေလဲ ရတယ် အင်တာနက်အခြေခံတဲ့ 
 ဖုန်းပြောတဲ့ စနစ်တွေကလဲ ပြန်ရပါတယ် ဘယ်လောက်ရမှာ မို့လို့လဲ ဆိုတာ့ တစ်နှစ်ကို 
သုံးစွဲသူ တစ်ဦး ကနေ တစ်ဒေးလာပဲတွက်ကြည့် ခုလောလောဆယ် သုံးစွဲသူပေါင်း သန်း 
280 ကျော်နေပါပြီ ကဲ ဘယ်လောက်ရပြီလဲ ဒါမျိုးလေးတွေကနေ ပြန်ရနေတော့ 
အလကားပေးရတာ တန်တယ်ပေါ့ဗျာ ဟဲဟဲ နဲနဲ နဲ့ ကြဲကြဲလေး ၀ိုင်းတတ်တဲ့ တရုတ်တွေ 
သုံးတဲ့ နည်းပညာပါခင်ဗျ တော်တော် တန်ဖိုးရှိတဲ့ နည်းပညာပါ 
 
တကယ်လဲကောင်းပါတယ် စမ်းကြည့်ပေါ့ ကိုယ့်လုပ်ငန်းမှာ 
အဲလိုနည်းနဲ့ ဈေးလျှော့ပေးတယ်ဆိုပြီး တစ်ဖက်ကနေ မသိမသာ ပြန်လှီးယူတာလေးလေ ဟိဟိ
Android Market ထဲမှာ အခုဆို applications တွေ Game တွေ ငါးသိန်းကျော်နေပါပြီ 
ဒီဟာအကုန်လုံးကို Google ကနေ ထုတ်ထားတာလားဆို မဟုတ်ပါဘူး နိုင်ငံပေါင်း 
30 လောက်က software ရေးတဲ့ သူတွေက တင်ထားတာတွေ လေ Android Market 
က Google အတွက် သာမက ဆော့ဝဲလ်ရေးသူတွေ အတွက်ပါ ကောင်းပါတယ် 
 
ဘာလို့ကောင်းလဲ ဆို ကိုယ်ပိုင် ဂိမ်းတစ်ခုရေးပြီး ကိုယ့် ဆိုဒ်မှာ 
လာဝယ်ခိုင်းတာမျိုးက ရောင်းရဖို့ မလွယ်သလို သိသူလဲ အင်မတန်နည်းတာကိုး ဗျ 
ဟိုမှာက လည်ရင်းပတ်ရင်းနဲ့လဲ တွေ့နိုင်တာမျိုးလေ ဟဲဟဲ အာကာဖြိုးလဲ 
 
အင်တာနက်မာ့ကက်တင်း လုပ်စားလို့ရလောက်ပြီထင်တယ် 
 
ဟီး တော်တော်တတ်တာကိုးဗျ နော် အဟဲ Google ကလဲ 
 
လူလည်ကျသဗျ ပြောရရင် ဆော့ဝဲလ်ထုတ်လုပ်သူမှန်သမျှ့ ဈေးကွက်မှာ ရောင်းချင်ရင် 
 
ရီဂျစ်စတာလုပ်ရတယ်ဗျ လုပ်ပြီး တစ်ခုေ၇ာင်းရရင် ရောင်းရတဲ့ဈေးနှုန်းအပေါ်မှာ google 
 
ကို 30% ပေးရတယ်လေ ကျွန်တော်တောင် တစ်ခုတင်ထားသေး 
 
ဟိဟိ ပြောပြဘူးတော်ကြာ အလကားလာတောင်းနေဦးမယ် ဟိဟိ

အခု ဆက်ပြီး Android version တွေ ဆက်လေ့လာကြည့်ရအောင်

ပထမဆုံး Android Version 1.0 ကို 2008 ခုနှစ် စက်တင်ဘာလ 23 ရက်နေ့မှာ 
 
စတင်ထုတ်ဝေခဲ့ပါတယ် Android1.0 ကို ထည့်သါင်းပြီး စတင်ထုတ်လုပ်ခဲ့တဲ့ ပထမဆု့း 
 
မိုဘိုင်းအဖြစ် HTC (G1) phone က စခဲ့တာပါ

ဒီနောက်ပိုင်းမှာ ထပ်ထွက်လာတာတွေ ကတော့ 
 
ထူးထူးခြားခြားနာမည်လေးတွေ ဖြစ်သလို အခုနောက်ဆုံးထွက်တဲ့ အထိ 
 
မုန့်နာမည်လေးတွေ ပါ မုန့် အကုန်လုံးကလဲ အချို တွေ သီးသန့် ဖြစ်သလို 
 
နာမည်ပေးထားပုံလေးကလဲ စိတ်ဝင်စားစရာကောင်းပါတယ်  
 
ဘယ်လိုစိတ်ဝင်စားစရာကောင်းသလဲဆို  ဒီလိုဗျ နာမည်လေးတွေကို A,b,c,d အက္ခရာ 
 
စဉ်ပြီးထွက်လာတာပါ အဲ 1.0 နောက်ပိုင်းစထွက်တာက C ကနေ စတာပါ B ပါဘူး 
 
C,D,E စသဖြင့် ထွက်လာတာလေ

 
ကဲ့ကြည့်လိုက်ရအောင် CupCake (version 1.5)

ဒီဗားရှင်းက 30.4.2009 မှာ စထွက်လာတာပါ 1.0 ကအားနဲချက်တွေကို ပြုပြင်ပြီး 
 
ထွက်လာတာလေ


 
နောက် Donut (version 1.6)

 
ဒီ ဒိုးနမ့် မုန့်လေးကို တော့ စက်တင်ဘာ လ 2009 မှာ ထပ်ထွက်လာပြန်ပါတယ် 
 
ဘယ်လောက်ကွာသလဲ ကိုယ့်ဘာသာပဲတွက်တော့နော် ဒီကောင်မှာ 
 
ကင်မရာပိုင်းဆိုင်ရာနဲ့ စခရင် ရီဆိုလူးရှင်းတွေကို အလုပ်လုပ်နိုင်လာပါတယ်  CDMA နဲ့ 
 
EVDO စနစ်တွေကိုလဲ လုပ်ဆောင်နိုင်လာပါတယ်


Eclair (version 2.0/2.1)

 2009 အောက်တိုဘာမှာ ဒီမုန့်လေးထပ်လုပ်ခဲ့ပြီး မာတီဘယ် 
 
အီးမေးလ်အကောက်တွေကို  Device  အတါင်းထည့်သွင်းနိုင်မယ့် နည်းပညာတွေ ခရင် 
 
ဆိုဒ်ကြီးနဲ့ ရီဆိုလူးရင်းအမြင့်တွေကို စပိုစ့်လုပ်နိုင်မယ့်နည်းပညာတွေ  မာတီ touch 
 
feature တွေ စသဖြင့်တိုးတက်ပါဝင်လာသလို HTML 5 ကိုလဲစိပုစ့်လုပ်နိုင်လာ ပါတယ်

 
 
Frovo (version 2.2)

ဒီဗားရှင်းကိတော့ 2010 မေလ မှာ ထုတ်ခဲ့ပြီး ဒီဗားရှင်းဟာ Android 
 
ရဲ့ အောင်မြင်မှု ပြယုဂ်အဖြစ် မှတ်တမ်းဝင်လာနိုင်မယ့် ဗားရှင်းလို့ ဆိုရမှာပါ ကြာင့်ဆို 
 
ဒီဗားရှင်းဟာ ခုချိန်ထိ အသုံးပြုသူ 30% လောက်ရှိနေသေးတာလေ ဒီဗားရှင်းမှာ 
 
မက်ဆေ့ပို့တာတွေ ပါဝင်လာတယ် ဖုန်းကနေ ကွန်ပျူတာကို 
 
အင်တာနက်ရှယ်ယာပေးလို့ရတဲ့ နည်းပညာတွေ Wifi ပြန်လအတ်လို့ရတဲ့နည်းပညာတွေ 
 
ပါဝင်လာပြီလေ နောက် နာမည်ကျော် adobe flash ကို စပိုစ့်လုပ်ပေးနိုင်လာတော့ 
 
အွန်လိုင်းမှာ ဖက်နဲပလုပ်ထားတဲ့ ဟာတွေ ဂိမ်းတွေကိုပါရှာနိုင်လာတယ်ဆိုပါတော့ ဗျာ

 
Gingerbread (version 2.3.x)

 
ဒီဗားရှင်းကတော့ လက်ရှိအချိန်မှာ အောင်မြင်မှု အရှိဆုံးပါပဲ  အသုံးပြုသူ 60% လောက် 
 
ရှိနေပါတယ် ဒီကောင်ကတော်တော်မြင့်လာပါပြီ 
 
အပေါ်ကပြောထားတဲ့ဟာတွေအကုန်ပါပြီးအပြင်ပေါ့နော် ပြန်မပြောတော့ဘူးကျော်လိုက်တော့မယ် 
 
ဒီကောင်မှာ ကီးဘုတ်တွေ ကောင်းမွန်လာပြီး စာရိုက်တဲ့ အခါ ကော်ပီပေ့ စတာတွေ 
 
လုပ်လို့ရလာပါတယ်  Broswer Email နဲ့ software တွေကနေ 
 
အလွယ်တက်ူဒေါင်းယူနိုင်မယ့် ဒေါင်းလော့မန်နေဂျာလဲ ပါလာပါတယ် ဗားရှင်း 2.3.4 
 
မှာတော့ Gtalk ကို Chatting သုံးနိုင်လာတယ်လေ


Honeycomb (version 3.0,3.x)

ဒါကိုတော့ 2012 ဖေဖ၀ါရီလ မှာ ထုတ်ခဲ့ပါတယ်  ဒီကောင်က tablet မှာပဲ 
 
သုံးနိုင်တဲ့ဗားရှင်းပါ ဖုန်းတွေမှာ မရပါဘူး ကင်မရာနဲ့ အင်တာနက် အသုံးပြုမှု 
 
အတွက်အကောင်းဆုံးထုတ်ထားတာပါ Gtalk ကနေ video chat  လုပ်နိုင်ပါတယ် မာတီ 
 
core processors ကို စပို့လုပ်လာနိုင်ပါတယ်


Ice Cream sandwich (version 4.x )

ဒါကတော့ 2011 အောက်တိုဘာလမှာ Galaxy Nexus ဖုန်းနဲ့ အတူ 
 
ထွက်လာတာလေးပါ မြန်မာတွေကတော့ ရေခဲညှပ်လို့ ခေါ်နေတာပါပဲ  ဒီကောင်တွေမှာ 
 
အဆင့်မြင့်လာပါပြီ ကိုယ့်ဖုန်းကို ကိုယ့်မျက်နှာနဲ့ သော့ခတ်ထားမယ် ပြန်ဖွင့်မယ်ဆိုတဲ့ 
 
စနစ်တွေ တောင်ပါလာပါတယ် 1080p video ၇ိုက်ကူးနိုင်ဖို့ စပိုစ့်လုပ်လာပါတယ် 
 
ဒါပဲလားဆို ဟုတ်ဘူးဗျ အလွန်အသုံးဝင်တဲ့ Wi-Fi Direct နည်းပညာလဲပါဝင်လာတယ်  
 
အခုလက်ရှိ တော်တော်များများချိတ်ဆက်နေတာက wireless router တွေ wireless 
 
access point တွေ ချိတ်ဆက်ပြီး ၀ိုင်ယာလက်ကွန်နရှင်ကိုချိတ်ဆက်နေတာပါ Wi-Fi 
 
Direct နည်းပညာ ဆိုတာက ကြားမှာ ဘာမှမလိုဘဲ Drive အချင်ချင်း 
 
တိုက်ရိုက်ချိတ်လို့ရတာပါ လွယ်လွယ် ဥပမာပြောရရင် Bluetooth နည်းပညာလိုပေါ့ 
 
တစ်ခုတည်းကို ချိတ်နိုင်တာမဟုတ်ဘူးနော တစ်ခုကနေ အများကြီးကိုချိတ်ဆက်နိုင်တာ 
 
ထားလိုက်ပါတော့ ဒီအကြောင်းပြောနေတာမှ မဟုတ်ဘဲနော် အသေးစိတ်ဖို့ မလိုပါဘူး



မူရင်းရေးသားထားသူ - အာကာဖြိုး

http://www.bluenavyblog.blogspot.com/2013/06/android_28.html


Related Posts Plugin for WordPress, Blogger...