နစ်ဆန်းကား တစ်ဒါဇင်ကို ဆွဲပြတဲ့ လစ်သူယေးနီးယား နိုင်ငံသား
လစ်သူယေးနီးယား ဆိုတာ ဥရောပတိုက် မြောက်ပိုင်းက အေးချမ်း တဲ့ နိုင်ငံ ငယ်လေး တစ်ခု ဖြစ်ပါတယ်။ ယင်းနိုင်ငံငယ်လေးထဲမှာ Zydrunas Savickas လို လူသန်တစ်ယောက် ရှိနေတာက နိုင်ငံကို နာမည်ကြီးစေခြင်း တစ်မျိုး ဖြစ်ပါတယ်။
ဂင်နစ်စံချိန်လည်းတင်ထားပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း စံချိန် အသစ် တင်ပါတယ်။ နစ်ဆန်း Hatchback ကား တစ်ဒါဇင် ( ၁၂ စီး ) ကို သူတစ်ယောက်ထဲ ဆွဲပြိး စံချိန်တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ စုစုပေါင်း စွဲခဲ့တဲ့ ခရီးအကွာအဝေးက ၁၆.၃ ပေ ရှိပါတယ်။ ကြာချိန်က ၃၂.၉ စက္ကန့်ပဲ ရှိပါတယ်။ ခပ်မြန်မြန်နဲ့ ခရီးခပ်ဝေးဝေး ကို ဆွဲနိုင်ခြင်း ဖြစ်ပါတယ်။ ကားက ယူကေနိုင်ငံ၊ ဆန်းဒါးလန်း မြို့ မှာ ထုတ်တဲ့ ဂျပန် Nissan ရဲ့  ကားများ ဖြစ်ပါ တယ်။ ၁.၂ လီတာ စူပါချာဂျာတပ် ဆလင်ဒါ လေးလုံးပူး အင်ဂျင်သုံး Hatchback ကားများ ဖြစ်ပြီး ကား စုစုပေါင်းရဲ့  ဝိတ်က ၂၈၅၃၀ ပေါင် ရှိပါ တယ်။ တော်တော်ကြီးကိုများတဲ့ ဝိတ်ပမာဏ ဖြစ်ပါတယ်။
ယင်း စံချိန်တင်မှုကို မှတ်တမးတင်ပြီး ဂင်းနစ် မှတ်တမ်းထဲ ပါဝင်နိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: autoblog
Colay.com.mm
https://www.facebook.com/photo.php?fbid=508817699216066&set=a.351047714993066.
စာအမျိုးအစား
ထူးထူးဆန်းဆန်း
No comments:
Post a Comment