စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျောက်ကပ်လေးလုံးရှိသူ


                         
ဆီးရောဂါပိုး ဝင်သည့်အတွက် ဆေးရုံပြရာမှ ကျောက်ကပ်လေးလုံးရှိမှန်း သိသွားသူ

အသက် ၂၀ အရွယ် Jessica Curphey ဆိုသူ အမျိုးသမီးဟာ ဆီးလမ်းကြောင်း ရောဂါပိုး ဝင်ရောက်ပြီး ဝမ်းဗိုက် ညာဘက်မှာ နာကျင်တဲ့ အတွက် ဆေးရုံကို သွားပြ ခဲ့ပါတယ်။ ဆေးရုံမှာ စမ်းသပ်ကြည့်ရာ ညာဘက် ကျောက်ကပ် အတွင်း ၁၇ စင်တီမီတာ အရွယ်အစား အရည်အိတ် တစ်ခုရှိတယ်လို့ ဆရာဝန်တွေက ယူဆခဲ့ပါ တယ်။ ၁၁ ရက်အကြာ ဆေးရုံမှာ စမ်းသပ် စစ်ဆေးမှု အပြီး ညာဘက်ခြမ်းမှာ ကျောက်ကပ် နှစ်လုံးရှိမှန်း သိရှိသွားပြီး ဒုတိယ ကျောက်ကပ်ဟာ အရည်အိတ်လို့ ထင်မှတ်တဲ့ အရာ ဖြစ်နေပြီး ပျက်စီးနေတဲ့ အတွက် ဖယ်ရှားဖို့ လိုအပ်တယ်လို့ သိရပါတယ်။ 

ခွဲစိတ်မှု ပြုလုပ်စဉ် အတွင်း ခွဲစိတ်ဆရာဝန် တွေက ကျောက်ကပ် နောက်တစ်ခုကို ထပ်မံတွေ့ရှိ ခဲ့တဲ့အတွက် ဂျက်စီကာမှာ ကျောက်ကပ် လေးလုံး ရှိနေပြီး ပုံမှန်လူတွေ ထက် ပမာဏနှစ်ဆ ရှိနေကြောင်း တွေ့ရ ပါတယ်။ ခန္ဓာကိုယ် တစ်ခြမ်းမှာ ကျောက်ကပ် သုံးလုံး ရှိတာဟာ အလွန်ရှားပါးလှ တယ်လို့ သိရ ပါတယ်။ ပျက်စီးနေတဲ့ တတိယ ကျောက်ကပ် အတွင်းမှာ ပြည်အရည်ပေါင်း ၂၀ဝ၀ မီလီလီတာကျော် ဖယ်ရှားပေး ခဲ့ရတယ်လို့ သိရပါတယ်။ ကျောက်ကပ် နှစ်လုံး ပျက်စီးနေတဲ့ အတွက် နှစ်လုံးစလုံး ဖယ်ရှားလိုက် ရတယ်လို့ သိရပြီး အခုအခါမှာ သူမဟာ ကျန်းမာရေး ကောင်းမွန် နေတဲ့ အတွက် ဆေးရုံမှ ဆင်းရပြီလို့ ဆိုပါတယ်။
ဒေါက်တာခင်မိုးမိုး

ရိုးရာလေး
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...