စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အအေးမမိအောင်ကာကွယ်နည်းများ






ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ...........
ဆောင်းရာသီက အအေးမိ တတ်တဲ့ရာသီပါ ။ကြာရှည်စိတ်ဖိအားများပြီးအလုပ်လုပ်နေသူက
သာမာန်ရိုးရိုးသုထက် အအေးမိလွယ်တာ အဆ 5 ဆဖြစ်၏ အအေးမမိအောင်ကာကွယ်နည်းတွေလည်းရှိပါတယ် ။
ပိုက်ဆံမကုန် လုမပင်ပန်း လွယ်ကုစွာနဲ့ အအေးမမိအောင်လုပ်ကြရအောင်........

(၁) ဆားရေဖြင့်ပလုပ်ကျင်းနည်း (အငံ အပေါ့ ကိုယ်တိုင်ချင့်ချိန်ပါ) နေ့တိုင်းမနက် ည အစားစားပြီးတိုင်းဆားရေဖြင့်ပလုပ်ကျင်းပါ ။ ဆားရေကခံတွင်း(ပါးစပ်)ထဲမှာရှိတဲ့ ဗက်တီးရီးယား(bacteria.) ပိုးကို သေစေ၏ ။

(၂) ရေအေးဖြင့်မျက်နှာသစ် ရေနွေးဖြင့်ခြေဆေးနည်း နေ့တိုင်း မနက် ည ရေအေးဖြင့်မျက်နှာသစ်ပါ ။ ရေနွေးဖြင့်ခြေဆေးခြင်းက ကိုယ်ခန္ဓာကဖျားနာခြင်းကို ခံနိင်ရည်ရှိစေ၏ ။

(၃) ဂျင်းနှင့်သကြားနီ (ထညက် ကြံသကာ) ကြိုချက်ပြီး သောက်ရေလို သောက်ပါ ။(ဂျင်းနှင့်သကြား ကိုယ်တိုင်ချင့်ချိန်ပါ)
*အအေးမိခြင်းကိုကာကွယ်ပေးတဲ့အကောင်းဆုံးနည်းပါ ။

(၄) ရေနွေးငွေ့ဖြင့် နှာခေါင်း လည်ချောင်းမှအချွဲများကိုသန့်ရှင်းနိင်ခြင်း ( ဆေးရုံမှာ Steam inhalation လုပ်နည်းနှင့်တု၏) ရေခွက်ထဲသို့ရေနွေးထည့်ပါ ။ ရေနွေးငွေ့ကို ပြင်းပြင်းရူလိုက်ပါ ရေအေးတဲ့အထိလုပ်ပေးပါ ။ (တနေ့တည်း အခါ များများလုပ်နိင်၏) ဒီနည်းကတော့ စစချင်း အအေးမိတဲ့အချိန်မှာလုပ်နိင်ရင် အကောင်းဆုံး အသင့်တော်ဆုံးပါ ။ချောင်းဆိုးနှာပိတ် နှာမွန်းခြင်း ကိုသက်သာစေ၏ ။

(၅) ပင်ပန်းခံ ခြင်းကိုလျှော့ပါ ။ အနားယုအိပ်စက်ရမည့်အချိန် များများပေးပါ ။ ပင်ပန်းတဲ့အချိန်မှာခန္ဓာကိုယ်ခုခံအားကျဆင်းပြီး အားလျှော့သောကြောင်းဗိုင်းရပ်များအလွယ်တကုဝင်လာတတ်ပါတယ် ။ (တစ်ရက်တွင်သုံးနာရီလျှော့အိပ်ပါကခန္ဓာကိုယ်ခုခံအားကျဆင်းပါတယ်)

(၆) ရေနွေးဖြင့်ရေချိုးပါ ။

(၇) အအေးမိတဲ့အခါ ရေနွေးများများသောက်ပါ ။ ရေမသောက်ချင်ရင်လည်း (သံပရာ + ပျားရည်+ရေနွေး ) ဖျော်သောက်ပါ ။ ကြက်စွပ်ပြုတ်လည်းသောက်ပေးပါ ။

* ချစ်ခင်လေးစားရသောသူငယ်ချင်း ...နေမကောင်းတဲ့အချိန် ဘေးအနားမှာပြူစုမဲ့သူ မရှိရင်အလွန်အားငယ်စရာကောင်းတယ် ။ ဖျားနာနေတဲ့ အထဲ ဘယ်မှမသွားချင် ဆေးဝါးခဈေးကြီး ......
ကျန်းမာရေးကိုဂရူစိုက်ကြပါ ။

ချစ်ခင်လေးစားရသောသူငယ်ချင်းတို့
အားလုံး ကျန်းမာပျော်ရွှင်နိင်ကြပါစေ ..............
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...