စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တိုင်ထိပ်ပေါ်က သပိတ်တော် (သို့) ရာဇဂြိုဟ်သူဋ္ဌေးရဲ့ ဘာသာရေး ရှာပုံတော်




ဗုဒ္ဓမြတ်စွာသည် ရာဇဂြိုဟ်ပြည် မင်္ကုလတောင် “ချရားတော”မှာ ဆဋ္ဌမမြောက်ဝါ ဆို၊၀ါကပ်ေ တာ် မူပါတယ်၊ တိတ္ထိဂိုဏ်းဆရားကြီး (၆)ယောက်တို့လည်း သူတို့ကိုယ်သူ တို့ ဘုရားဟုပြောဆိုကြပြီး ဗုဒ္ဓမြတ်စွာနှင့် ရောယောင်ကာလူတွေအထင်ကြီးစေရန် ဗုဒ္ဓမြတ်စွာ ၀ါဆိုတော်မူရာ ရာဇဂြိုလ်မှာပဲ နေထိုင်ကြပါတယ်။

ဝါကျွတ်ကာလတစ်ရက်မှာတော့ ရာဇဂြိုဟ်သူဋ္ဌေးကြီးတစ် ဦးဟာ နောက်ပါ အခြွေအရံ တွေနဲ့ အတူ ဂင်္ဂါမြစ်ထဲမှာ ရေကစားကြပါတယ်၊ ဒီလိုရေကစားတဲ့အခါ မှာ မြစ်ထဲကကနေ အမှိုက်သ ရိုက်ေ တွ၊ တိရိစ္ဆာန်အသေကောင်စတာေ တွ ရေကစား တဲ့နေရာကို ရောက်မလာနိုင်အောင် လေးဘက်ေ လးတန်မှာ ပိုက်ကွန်တွေ ကာရံပြီးမှ စိတ်အေးလက်အေးကစားကြတာဖြစ်ပါတယ်။

ဒီလိုသူဋ္ဌေးကြီးနဲ့ အခြွေအရံတွေရေးကစားနေတုန်း ပိုက်ကွန်မှာ သစ်တုံးတစ် တုံးလာညိပါတ ယ်။ သစ်တုံးဆိုပေမဲ့ သာမာန်သစ်တုံးမဟုတ်ပဲ အဖိုးများစွာထိုက် တန်တဲ့ “စန္ဒကူးနှစ်”စစ်စစ်ဖြစ်ပါတယ် ၊ အထက်ဟိမ၀န္တာတောမှမြစ်ရိုး တစ်လျှော က်ရေစီးနဲ့မျောပါလာပြီး မြစ်ကွေ့ကျောက်ဆောင်၊ကျော က်စွန်းတွေနဲ့ ပွတ်တိုက်ခဲ့လို့ အကာမရှိတော့ပဲ အနှစ်သက်သက်မို့ တန်ဘိုးအနဂ္ဃထိုက်တန်လှပါတယ်

သူဋ္ဌေးကြီးဟာ ဒီစန္ဒကူးနှစ်ကို အိမ်သို့ယူဆောင်သွားပြီး ဘယ်လိုအသုံးပြုရမလဲ ဆိုတာ တွေးေ တာနေပါတယ်။ နောက်ဆုံးမှာသူဋ္ဌေးကြီးဟာ တစ်ချက်ခုတ် နှစ်ချ က်ပြတ်ဆိုသလို အကျိုးလည်းရှိ သူရဲ့ ယုံးမှားသံသယကိုလည်းပယ်ဖျောက်ပြီး ကိုးကွယ်ရာအစစ်ကို ရှာဖို့ရန်အတွက် စန္ဒကူးနှစ်ကို အသုံးပြု ဘို့ဆုံးဖြတ်လိုက်ပါတယ်။ သူဋ္ဌေးကြီးဟာ အဲဒီအချိန်က ဘယ်ဘာသာကို ကိုးကွယ်ရမှန်းမသိပဲ ဖြစ်နေ တာပါ၊ ဘယ်ဘာသာတရားက မှန်ပြီ၊ ဘယ်ဘာသာကမှားတယ်ဆိုတာကို သူ့မှာရှိတဲ့ အရည်အချင်းနဲ့ မဆုံးဖြတ်မရွေးချယ်နိုင်ဖြစ်နေတာဖြစ်လို့ ဒီစန္ဒကူးနှစ်ကို အကြောင်းပြုပြီး စစ်မှန်တဲ့ဘာသာတရားကို ရှာဘို့စိတ်ကူးဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

လောကမှာ ငါတို့ဟာ ရဟန္တာများဖြစ်ကြတယ်ဆိုပြီးဝန်ခံပြောဆိုကြတဲ့ ဘာသာရေးဂိုဏ်ဆ ရာတွေဟာ များလှပေတယ်၊ ဘယ်ဘာသာရေးဆရာတွေ ဘယ်ဂိုဏ်ကတွေက ဘုရားအစစ်၊ရဟန္တာအ မှန်ဖြစ်တယ်ဆိုတာ ငါလဲမဆုံးဖြတ်နိုင်ဘူး၊ တကယ်လို့ ရဟန္တာအစစ်ဖြစ်တယ်ဆိုရင်တော့ မလွဲမသွေ တန်ခိုးရှိပြီး ကောင်းကင်ေ ပ်ါတော့ ပျံတက်နိုင်ကြမှာပဲ၊ ဒီလိုကောင်းကင်ပျံတက်နိုင်တဲ့ ရဟန္တာမျိုး၊ဘာ သာတရားမျိုးကိုပဲ ငါရွေးချယ်ကိုးကွယ်မယ် လို့ကြံတွေးပြီး စန္ဒကူးနှစ်ကို သပိတ်ပြု လုပ်ပြီး “အတောင် ခြောက်ဆယ်မြင့်တဲ့တိုင်ထိပ်မှာ သပိတ်ကိုတင်ထားပြီး လောကမှာ ရဟန္တာစစ်စစ်ဖြစ်သူသည် ကောင်း ကင်ကနေကြွလာပြီ် ဤသပိတ်တော်ကို အလှုခံပါ၊ သပိတ်တော်ကိုယူနိုင်သောရဟန္တာအား အသက် ထက်ဆုံး သားမယားနဲ့တကွ ကိုးကွယ်မည်” ဟုသတင်းလွှတ်လိုက်ပါတော့တယ်။

တကယ်တော့ ရာဇဂြိုဟ်သူဋ္ဌေးကြီးဟာ သူများပြောတိုင်းယုံတတ်တဲ့သူ၊ သူများယောင်တိုင်းေ ယာင်တတ်တဲ့ ခပ်ညံ့ညံ့၊အသိဉာဏ်နည်းတဲ့သူမဟုတ်ပါဘူး၊ အသိဉာဏ်မနည်းသလို ဘယ်ဘာသာတရားကမှ န်လောက်တယ်၊မမှန်လော က်ဘူးစသည်ဖြင့် ဝေဘန်ခွဲခြားဆုံးဖြတ်နိုင်လောက်တဲ့ အသိဉာဏ် မြင့်မား တဲ့သူလည်းမဟုတ်ပါဘူး။ “မျက်စေ့နဲ့တပ်အပ်မြင်တွေ့မှ ယုံကြည်မယ်”ဆိုတဲ့လူ စားမျိုးဖြစ်ပါတယ် ။

“မျက်စေ့ဆိုတာကလည်း ပကတိမျက်စေ့၊ အသိဉာဏ်မျက်စေ့လို့ နှစ်မျိုးနှစ်စား ရှိပါတယ်။ ပကတိမျက်စေ့ဆိုတာ မွေကတည်းကပါလာတဲ့မျက်စေ့ပါ ၊ ကပတိမျက်စေ့ က မျက်စေ့နဲ့မြင်နိုင် သလော က် မျက်စေ့တစ်ဆုံးကိုသာကြည့်နိုင်၊မြင်နိုင်ပါတယ်။ မျက်စေ့ကွယ်ရာမှာ တော့မြင်နိုင်စွမ်းမရှိပါဘူး၊ အသိဉာဏ်မျက်စေ့ကတော့ ပကတိမျ က်စေ့နဲ့ မမြင်နိုင်တဲ့ အရာတွေကို ဘယ်လောက်ပဲဝေးဝေး၊ မည်မျှ ပင်ကြီးကြီးစဉ်းစား ဆင်ခြင်သုံးသတ်ပြီး မြင်နိုင်စွမ်းရှိပါတယ်”

ခုသူဋ္ဌေးကြီးလည်း ပကတိမျက်စေ့သာရှိပြီး၊ အသိဉာဏ်မျက်စေ့မရှိဘူးလို့ပြော ရမှာပါ၊ ဘာလို့ လဲဆိုရင် သာမာန်လောကီပညာရပ်တွေအနေနဲ့လ ည်း ကောင်းကင် ကိုပျံတက်နိုင်တယ်ဆိုတာ သူဋ္ဌေး ကြီးမသိပါဘူး။ အကယ်၍သာ လောကီပညာရှ င်တယောက်ယောက်ကများ ကောင်းကင်ကနေ သပိတ် ကိုယူသွားရင်လည်း သူဋ္ဌေးကြီး ကတော့ တကယ့်ရဟန္တာအစစ်ထင်ပြီး ကိုးကွယ်ဆရာတင်မှာဖြစ်လို့ ရည်ရွယ်ချ က်ကောင်းပြီး ဉာဏ်နည်းပါလို့ သူဋ္ဌေးကြီးမျှော်မှန်းသလို ဘုရားအစစ်၊ဘာသာအမှန်နဲ့ မတွေ့ရဘဲ ကိုးကွယ်လွဲ၊ဆရားမှားပြီး လမ်းမှားကို ရောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ သူဋ္ဌေးကြီးကံ ကောင်ပါတယ်၊ ဒီလိုကံကောင်းတာကလည်း ရှေ့အတိတ်ဘ ၀များက ပြုလုပ်ခဲ့သော ကုသိုလ်ကံများေ ကြာင့် လမ်းလွဲလမ်းမှား ကို ရောက်မ သွားခြင်းဖြစ်ပါတယ်။

သူဋ္ဌေးကြီးရဲ့ ဘာသာတရားရှာပုံတော် စန္ဒကူးသပိတ်သတင်းဟာ ရာဇဂြိုလ်ပြည်တစ်ပြည်လုံး သတင်းကြီးသွားပြီး တိတ္ထိဆရာကြီးမျာားဖြစ်ကြတဲ့ ပုရာဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသ ကမ္ဗလာ၊ပကုဓကစ္စာယန၊ သိဉ္ဇည်းဆရာကြီး သဉ္စယဗေဋ္ဌိပုတ္တ နှင့် ဂျိန်းဆရာကြီး နိဂဏ္ဌနာဋပုတ္တ စတဲ့ ဘုရားအမည်ခံ တိတ္ထိဂုဏ်(၆)ဂိုဏ်ဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြပါတယ်။

“အရည်အချင်းမရှိသော သူတို့၏သဘောသဘာဝအတိုင်း လူအထင်ကြီးစေရန်အတွက် အဆောင်ယောင်ဂုဏ်ဒြပ်နောက်လိုက်ပြီး ရယူလိုခြင်းဖြစ်ပါတယ်”
ရဟန္တာစစ်စစ်များများစွာရှိသော မှန်ကန်သောအယူဝါဒဖြစ်ဖြစ်သည့် ဗုဒ္ဓသာ သနာတော်၌တွင်မူ အရည်အချင်ရှိ စစ်မှန်သည့်သဘောသဘာဝအတိုင်း ပကတိငြိမ်သက်လျှက်ပ င်ရှိနေပါတယ်။ “အရည်အချင်းအစစ်အမှန်ရှိသူတို့သည် ဘယ်တော့အခါမှ အဆောင်အယောင် ဂုဏ်ဒြပ်နောက်သို့မလိုက်၊ အနှစ်စွန့်၍ အကာနောက်လိုက်လေ့မရှိပေ”

တိတ္ထိဂုဏ်ဆရာ (၆)ယောက်တို့မှာ လူအများအထင်ကြီးပြီး လာတ်လာဘေ ပါများလာစေရန် စန္ဒကူးသပိတ်ကို ရယူချင်ပေမဲ့ ကောင်ကင်ပျံဘို့အ တွက် လောကု တ္တရာဈာန်၊အဘိဉာဉ်ကိုအသာထားလို့ လောကီအဘိဉာဉ်ပင် ရရှထားသူများမဟု တ်၊ နောက်ဆုံး ၀ိဇ္ဇာအတတ်၊မှော်အတ်စတဲ့အတတ်ေ လာက်ပင် တတ်မြောက်ထား သူများမဟုတ်သဖြင့် စန္ဒကူးသပိတ်ကိုကောင်းကင်တက်ယူဘို့ ဘယ်လို မှမဖြစ်နိုင်ပါ ဘူး။ ဒါပေမဲ့ သူတို့မှာအတတ်တစ်ခုတော့ရှိပါတယ် ဒါကတော့ ဉာဏ်နီ၊ဉာဏ်နက်သုံးပြီး ဖျားယောင်းသွေးဆောင်လှည့်စားအယုံသွင်းတဲ့အတတ်ပါ၊ ဒီနည်းနဲ့ပဲ ဘာတရားမှမရှိပဲ ဘုရားလို့ကို ယ့်ကိုကိုယ်ကို အမည်တတ်ပြီးဂိုဏ်ထောင်ခဲ့မဟုတ်လား၊ သူတို့ရဲ့အယုံ သွင်းမှု သွေးဆောင်မှုတွေကို အဟုတ်ထင်အမှန်ထင်ပြီး ကိုးကွယ်တဲ့လူတွေကလဲ သူဋ္ဌေးကစ သူဆင်းရဲအထိ အလွှာစုံရှိနေကြေ တာ့၊ အခု စန္ဒကူးသပိတ်ရရှိရေး အရေးကိစ္စမှာလဲ ဒီနည်းနဲ့ပဲ သပိတ်ကိုရယူနိုင်လိပ်မယ်လို့ အပိုင် တွက်ထားကြတာဖြစ်ပါတယ်။

တိတ္ထိဂိုဏ်ဆရာကြီးတွေဟာ သူတို့ရဲ့မာယာနဲ့ စန္ဒကူးသပိတ်ကိုရယူဖို့အတွက် သူဋ္ဌေးကြီးရဲ့ အိမ်ကို တဖွဲ့ပြီးတဖွဲ့သွားရောက်ပြီး သူတို့သာ ရဟန္တာအစစ်ဖြစ်တာကြောင့် စန္ဒကူးသပိတ်ကို သူတို့ ကိုပေးဘို့ ပြောဆိုကြပါတော့တယ်။ သူဋ္ဌေးကြီးကလည်း ရဟန္တာဆိုရင် သူကြေညာထားတဲ့အတိုင်း ကောင်ကင်ပျံတက်ပြီး ယူနိုင်ကြောင်းပြ န်လည်းပြန်လည်ပြောကြားတော့ ဂိုဏ်းခေါင်းဆောင်တ္ထိ ဆရာကြီးဟာ ကော င်ကင်ပေါ်ပျံတက်တော့မဲ့ ပုံသဏ္ဍာန်လုပ်ပါတော့တယ် ဒီအခါမှာ နောက်လိုက်တ ပည့်တပန်းတွေက သူတို့စည်းဝါးရိုက်ထားတဲ့အတိုင်း

“ဆရာကြီးရယ် ဘာမဟုတ်တဲ့ သပိတ်လေးတ စ်လုံးအတွက်နဲ့များ ဆရာကြီးရဲ့ မြင့်မြတ်လှတဲ့ တန်ခိုးတော်တွေကို ထုတ်မသုံးသင့်ပါဘူး”
လို့ ၀ိုင်းဝန်း တားမြစ်ကြတာကြောင့် သူဋ္ဌေးကြီးကို “ကဲ ရာဇဂြိုလ်သူဋ္ဌေးကြီး သင်ကြားတဲ့အတိုင်းပဲ ငါကိုယ်တော် ကောင်ကင်ပျံတက်ပြီး စန္ဒကူးသပိတ်ကိုယူမလို့ လုပ်တော့ ငါရဲ့တပည့်တော်က တားမြစ်တောင်းပန်လို့ ငါမတက်တော့ဘူး သင်ရဲ့သပိတ်ကို ဖြုတ်ပြီးငါ့ကိုသာ လှုဒါန်းလိုက်ပါတော့”လို့ အယုံသွင်းပြီး အလှုခံပါတော့တယ်။

ဒါပေမဲ့ ရာဇဂြိုဟ်သူဋ္ဌေးဟာ သူတို့အရင်က အယုံသွင်းလှည့်စားခဲ့တဲ့သူတွေေ လာက် အယုံမ လွယ်တာကြောင့် “ဆရာကြီးတို့ရယ် ကျွနုပ်က ရဟန္တာအစစ်ဆို ရင် ကောင်းကင်ပေါ်ပျံတက်ပြီး သပိတ် ကို အလှုခံပါလို့ ပြောထားပြီးပြီးပဲ အရှင်တို့ တကယ်ရဟန္တာအစစ်၊ဘာသာတရားအမှန်ဆိုရင် ကောင်းက င်ပေါ်သာ ပျံတက်ပြီးသာ ယူကြပါ” လို့ တင်းခံနေလို့ သူဋ္ဌေးကြီးအိမ်ကနေ အရှက်ရပြီး စိတ်မအီမသာနဲ့ သာ ပြန်သွားကြရတာချည်းပါပဲ။

တိတ္ထိဆရာဂိုဏ်ဆရာကြီးတွေ (၆) ရက်လုံး နည်းပရိယာယ်မျိုးစုံသုံးပြီး စန္ဒကူးသပိတ်ကို အလှုခံကြပေမဲ့လည်း ဘယ်သူမှ သပိတ်ကိုရမသွားကြပါဘူး။ (၇)ရက်မြောက်နေ့နံနက်မှာတော့ အရှင်မောဂ္ဂလာန် နဲ့ အရှင်ပိဏ္ဍောလ မထေရ်တို့ဟာ ရာဇဂြိုဟ်မြို့အတွင်းသို့ ဆွမ်းခံကြွဘို့ရန် သင်္ကန်းရုံနေစဉ်မှာ

“ တကယ်တော့လောကမှာ ရဟန္တာဆိုတာ တကယ်မရှိပါဘူးကွာ ၊ ငါတို့ဟာရ ဟန္တာဖြစ်တယ်ဆိုပြီးပြောတာပြောနေတာကြ၊ အပြောပဲရှိတယ်၊ ရာဇဂြိုဟ်သူဋ္ဌေးကြီးက ရဟန္တာဆိုရင် စန္ဒကူး သပိတ်ကို ကောင်းကင်ပျံပြီး လာယူပါလို့ပြောတော့ ဘယ်သူမှလာမယူနိုင်ကြဘူး၊ ခုဆို ၇-ရက်တောင်ရှိ နေပြီ၊ နောက်ဆိုရင် ဘုရား၊ရဟန္တာလို့ပြောကြတဲ့သူတွေရဲ့စကားကို ငါတို့နားထောင်စရာမလိုတော့ဘူး” လို့အရက်သမားတွေဟာ အရက်သောက်စားရင်ပြောဆိုနေတဲ့အသံကို မထေရ်နှစ်ပါးကြား သွားပါတ ယ်။

ဒီအခါမှာ အရှင်မောဂ္ဂလာန်မထေရ်မြတ်ကြီးမှ အရှင်ပိဏ္ဍောလကို “ ငါ့ရှင် ဒီသေရည်သမား တို့ရဲ့စကားကို အမှုမဲ့အမှတ်မဲ့ နေဖို့မသင့်ပေဘူး၊ ဒကာ၊ဒကာမတွေ ဟာ ရတနာမြတ်သုံးပါးအပေါ်မှာ ယုံးမှားသံသယဖြစ်ပြီး ပြစ်မှားမိကြရင် သံသရာမှာနစ်မွန်းကြပေတော့မည်၊ ဒါကြောင့် ငါ့ရှင်အနေနဲ့ ကောင်ကင်ကို ကြွချီပြီ သပိတ်ကိုဆောင်ယူခဲ့လော့”ဟုတိုက်တွန်း တိုက်တွန်းတော်မူပါတယ်။

အရှင်မောဂ္ဂလာန်မထေရ်မြတ် တိုက်တွန်းတော်မူသောတာကြောင့် အရှင်ပိဏ္ဍော လမထေရ်မြ တ်ဟာ အဘိဉာဉ်တန်ခိုးတော်ဖြင့် ကောင်းကင်သို့ပြန်တက် ကြွချီတော်မူ ပြီး အလျား၊အနံ သုံးဂါဝုတ်ရှိ တဲ့ ကျောက်ဖျာကို ခြေမတော်ဖြင့်ညှပ်ယူပြီး ရာဇဂြိုဟ်မြို့ ပေါ်မှာ အကြိမ်ကြိမ်ကြွချီ စင်္ကြံကြွတော်မူပါ တယ်။ ကျော်ဖျာဟာ ကြီးလွန်းတာကြောင့် ရာဇဂြိုဟ်မြို့ပေါ်ကို အမိုးအုပ်မိုးထား သလိုဖြစ်နေပါတော့ တယ်။

ဒီလို အရှင်ပိဏ္ဍောလမထေရ်မြတ်ဟာ ကျောက်ဖျာကိုဖြေမတော်နဲ့ ညှပ်ပြီးစ င်္ကြံကြွနေတာကို မြို့သူ၊မြို့သားတွေ တွေ့မြင်ကြတဲ့အ ခါမှာ ကျောက်ဖျားကြီး အောက် ကိုပြုတ်ကျလာမည်ကို ကြောက် လန့်ကြပြီး ပုန်းအောင်းသူက ပုန်အောင်း၊ပြေးသူ ကပြေးနဲ့ ထိတ်လန့်တကြားဖြစ်နေကြပါတယ်။ ဒီအခါမှာ အရှင်ပိဏ္ဍေလဟာ ကျော က်ဖျာကို ထိုးဖောက်ပြီး မိမိကိုယ်ကို ပြတော်မူလိုက်တာကြောင့် ရာဇဂြိုဟ်ပြည် သားတွေဟာ အရှင်ဘုရား ကျောက်ဖျာကြီးကျလာရင် တပည့်တော်တို့သေရပါလိပ် မယ်၊ ကျောက်ဖျာကြီးမကျပါစေနဲ့ ဘုရား ဆိုပြီး လျှောက်ထားကြပါတယ်။

ဒီတော့မှ အရှင်ပိဏ္ဍောလမထေရ်မြတ်ဟာ ကျောက်ဖျာကြီးကို တန်ခိုးနဲ့ မူလနေရာမှာပြန် ထားပြီးရာဇဂြိုဟ်သူဋ္ဌေးရဲ့ အိမ်ပေါ်ကောင်ကင်ယံမှာရ ပ်တော်မူနေပါတယ်။ ရာဇဂြိုဟ်သူဋ္ဌေးကြီးလဲ အရှင်ပိဏ္ဍောလမထေရ်မြတ်ကို “အရှင်မြတ်ဘုရား တပည့်တော်ရဲ့ အိမ်သို့ကြွတော်မူပြီး စန္ဒကူးသ ပိတ်သပိတ်တော်ကို အလှုခံတော်မူပါဘုရား” လို့လျှောက်ထားပြီး မထေရ်မြတ်ဆင်းသက်လာတဲ့အခါ မှာ အိမ်သို့ပင့်ဆောင်ပြီး စန္ဒကူးသပိတ်အတွင်းမှာ စတုမဓူများကို အပြည်ထည့်ပြီး လှုဒါန်းလိုက်ပါတ ယ်။

အရှင်ပိဏ္ဍောလမထေရ်မြတ် သပိတ်ကိုအလှုခံပြီး ကျောင်းတော် ကိုပြန်ကြွ တဲ့အခါမှာ လူတွေ ဟာ “ အရှင်ပိဏ္ဍောလမထေရ်မြတ်ဟာ တကယ်တန်ခိုးကြီး ပါပေတယ်။ ဟို တိတ္ထိဆရာတွေကတော့ ဘာတန်ခိုးမှလဲမရှိ ဘာတရားမှလဲမရပဲ လူတွေကိုလိမ်စားနေတာပါ” စတဲ့ ချီးမွမ်းစကားတွေပြောပြီး မထေရ်မြတ်နော က်ကနေလိုက်လာကြပါတယ်။

ဗုဒ္ဓမြတ်စွာဟာ အရှင်ပိဏ္ဍောလရဲ့ တန်ခိုးပြတဲ့သတင်းကို ကြားသိပြီး သံဃာတော်တွေကို စည်းဝေးစေကာ နောက်နောင် ရဟန်းတော်များ တန်ခိုးမပြရ ဟု သိက္ခာပုဒ်တော်ဖြင့် ပညတ်တား မြစ်တော်မူပြီး၍ ထိုစန္ဒကူးသပိတ်ကိုလည်း ခွဲစေကာ အမှုန့်ဖြစ်အောင်ကြိတ်စေပြီး မျက်စဉ်းမှုန့် အဖြစ်အသုံးပြုရန် ခွဲဝေပေးစေတော်ပါတယ်။

ဗုဒ္ဓမြတ်စွာဟာ တန်ခိုးပြခြင်းကို တားမြစ်တော်မူခြင်းမှာ သာသနာတော်ကြီး သန့်ရှင်း တည်ပြန့် စေရန်အတွက် တားမြစ်ခြင်းဖြစ်ပါတယ်။ အကယ်၍သာ သိက္ခာပုဒ်ေ တ်ာနဲ့ မတားမြစ်ခဲ့ပါက ဒကာ၊ဒ ကာမတွေဟာ တန်ခိုးရှိတဲ့ သူတွေကိုပဲ ကိုးကွယ်လှုဒါ န်းပါက ဒကာ၊ဒကာတွေအနေနဲ့ သံဃာတော်ေ တွနဲ့ စပ်၍ရရှိလာမဲ့ ကုသိုလ်တွေဟာ ယုတ်လျှော့သွားနိုင်ပါတယ်၊ ဒါအပြင် သံဃာတွေအနေနဲ့လည်း တန်ခိုးဣတ္ထိပါဒ်ရရှိေ ရးကိုသာ အလေးထားလိုက်စားနေပြီး သာသနာတော်ရဲ့အသက်သွေးကြော ဖြစ်တဲ့ ပရိယတ္ထိဘက်မှာ ကြိုးစားအားထုတ်မှု မရှိဖြစ်သွားနိုင်ပါတယ်။

ပိုဆိုးတာက လူဒကာ၊ဒကာမတွေ အထင်ကြီး ကြည်ညိုစေဘို့ တန်ခိုးဣတ္ထိပါဒ် ရရှိစေရန်အ တွက် လောကုတ္တရာဈန်၊အဘိဉာဉ်တွေကို ရရှိအောင်အားထုတ် တာမျိုးမဟုတ်ပဲ ၀ိဇ္ဖာ၊ဂန္ဒာရီ၊စတဲ့ သာသနာပလောကီလိုင်းတွေေ နာက်လိုက်စားသွားေ စနိုင်မကပဲ စုန်းကဝေ၊မှော်စတဲ့ေ အာက်လမ်းနည်းပညာတွေကိုပါ လိုက်စားသွားနိုင် ပါတယ်။ ဒီလို လောကီလိုင်း၊အောက်လမ်းနည်းတွေကို လူတွေအ ထင်ကြီးစေရန် လိုက်စားကြမည်ဆိုပါက ဆင်းရဲကြီးစွာ တည်ထောင်ရှာဖွေထားခဲ့တဲ့ ဗုဒ္ဓသာသနာေ တ်ာဟာ အချိန်တိုအတွင်းမှာ မလွဲမသွေပျောက်ကွယ်သွားမှာကို ကြိုတင်သိမြင်တဲ့ အတွက် သိက္ခာပု ဒ်တော်ဖြင့် တားမြစ်ခြင်းဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပွင့်တော်မူခဲ့ရာ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓသာသနာတော်ကွ ယ်ပျောက်ခဲ့ရခြ င်း အကြောင်း များစွာထဲမှာ ဗေဒင်၊၀ိဇ္ဇာ၊အောက်လမ်း စတဲ့လောကီအတတ်ပညာေ တွကို လိုက်စာခဲ့ခြင်းဟာလည်း အဓိကအကြောင်းအရာတခုပဲဖြစ်ပါတယ်။ ယခုလည်း ဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံတွေဖြစ်တဲ့ မြန်မာ ၊ထိုင်းကဲ့သို့သော နိုင်ငံတွေမှာ ဗုဒ္ဓဘာသာခေါင်းစဉ်အောက်ကနေ ထိုလောကီအတတ်ပညာတွေကို ဦးစားပေး လိုက်စားနေတာ ကိုတွေ့နေရပါတယ်။ ဒါတွေဟာ အမှန်တော့ ကိုယ့်ဘာသာ ကို ပြန်လည်၍ အားနည်း၊ယုတ်လျော့အောင်လုပ်တေဲ့ အတွင်းပိုးများဖြစ်လို့ ဗုဒ္ဓဘာသာဝင်များအနေနဲ့ ထိုလောကီ လိုင်းတွေကို အားပေးအားမြောက်မပြုသင့်ပါဘူး။

တွေ့ကြုံဘို့ခက်ခဲလှတဲ့ ဗုဒ္ဓသာသနာတော်နဲ့ ကြုံတွေ့ခိုက်မှာ ကုသိုလ်အခွင့်အေ ရးကို ပြည့်ပြည့်၀၀ အသုံးချ၍ မြတ်ဗုဒ္ဓအလိုတော်ကျ ဗုဒ္ဓသာဝကများဖြစ်အောင် လိုက်နာကျင့်သုံး အားထုတ်သင့်လှပါတယ်။

(မိမိအကျိုး၊ သူတပါးတို့၏အကျိုး၊ ထိုနှစ်မျိုးအား၊ သည်ပိုးဆောင်ရွက်နိုင်သူများ ဖြစ်နိုင်ကြပါစေ)


ဓမ္မ၀ီရ အရှင်တေဇနိယ

ဗုဒ္ဓဂယာ၊အိန္ဒိယ

Website; www.ashintejaniya.com
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...