ပညာတတ် ထင်ပေါ် ကျော်ကြား အနုပညာရှင်များ
ပြည်သူ ချစ်သော ကမ္ဘာ့နိုင်ငံ အသီးသီးမှ အနုပညာရှင်များ၏ ရရှိခဲ့သော ဘွဲ့များနှင့် ၎င်းတို့ ကျွမ်းကျင်စွာ ပြောဆိုနိုင်သော ဘာသာစကားများ အကြောင်းကိုလည်း ပရိသတ်ကြီး သိရှိနိုင်စေရန် တင်ပြလိုက်ရပါသည်။
Kevin Costner
စွယ်စုံရ အနုပညာရှင်ဟု ဆိုရမည် ဖြစ်သည်။ ဒါရိုက်တာ၊ တီးဝိုင်းခေါင်းဆောင် အဖြစ် ကျော်ကြားသည့် အပြင် ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ်မှ rit ဘွဲ့ ရရှိခဲ့သော အနုပညာရှင်တစ်ဦး ဖြစ်သည်။
Natalie Portman
အော်စကာဆုရှင် Natalie Portman သည် ၂ဝ၁၃ ခုနှစ်တွင် Havard တက္ကသိုလ်မှ စိတ်ပညာ အဓိကဖြင့် B.A ဘွဲ့ကို ရရှိခဲ့သည်။ ထို့အပြင် ဟီဘရူး၊ ပြင်သစ်နှင့် ဂျပန် ဘာသာစကား တို့ကိုလည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ ဖြစ်သည်။
Rowan Atkinson
Mr.Bean အဖြစ် လူသိများပြီး ပရိသတ်များကို မည်ကဲ့သို့ ဖျော်ဖြေရမည်ဆိုသည်ကို သာမက အင်ဂျင်နီယာ ဘာသာရပ် ဆိုင်ရာများကိုလည်း ဟောပြောနိုင်သူ ဖြစ်သည်။ Oxford တက္ကသိုလ်မှ M.A (Electrical Engi-neering) ဘွဲ့ ရရှိထားသူ ဖြစ်သည်။
Hugh Jackman
၂ဝဝ၈ ခုနှစ်တွင် People မဂ္ဂဇင်းမှ ''Sexres Man Alive" အဖြစ် ရွေးချယ် ခံခဲ့ရသည်။ ဆစ်ဒနီ နည်းပညာ တက္ကသိုလ်မှ B.A (Communication) ဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။
Arnold Schwarzenegger
Terminator ဇာတ်လမ်းတွဲများဖြင့် လူသိများ လာခဲ့ပြီး ကာယဗလမောင်နှင့် နိုင်ငံရေးသမား အဖြစ် လူသိ များသည်။ Wisconsin တက္ကသိုလ်မှ Bachelor in Business and International Economic ဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။
Jodie Foster
Jodie Foster သည် အော်စကာ ဆုများရှင် မင်းသမီး အဖြစ် ကျော်ကြားသူ ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် ယေး (လ်) တက္ကသိုလ်မှ အင်္ဂလိပ် ဘာသာဖြင့် ဘွဲ့ ရရှိခဲ့သည်။ ထို့ပြင် သူမအနေဖြင့် ၁၉၉၇ ခုနှစ်တွင် ထပ်မံ၍ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။
YPPA (Academic Weekly)
https://www.facebook.com/photo.php?fbid=513126025451900&set=a.3510477149930
စာအမျိုးအစား
ဗဟုသုတ
No comments:
Post a Comment