စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးဖက်ဝင် . . .သပြေပင်


                  

 သပြေပင်သည် မြန်မာ လူမျိုးများ အလေးအမြတ် ထားသော အပင် တစ်မျိုးဖြစ်၍ သပြေပန်းဟု ခေါ်သော သပြေရွက် အညွန့်များသည် မြန်မာ လူမျိုးတို့ မြတ်စွာဘုရားရှင်အား ပန်း ကပ်လှူ ပူဇော်ရာတွင် အလေး ထားသော ပန်းအမယ် တစ်မျိုးတွင် ပါဝင်လေသည်။ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ပေါက်ရောက်ပြီး သပြေ မျိုးပေါင်းများစွာ ရှိသည်။

သပြေကို ရုက္ခဗေဒ အမည်ဖြင့် Eugenia Jambolana Linn ဟု ခေါ်သည်။ ဆေး အသုံးပြုမှုအဖြစ် အရွက်၊ အခေါက်၊ အသီး၊ အစေ့တို့မှာ အသုံးဝင်သည်။ သပြေခေါက်သည် နှုတ်ကို မြိန်စေသည်။ သည်းခြေနာနှင့် ပူလောင်ခြင်းကို ပယ်ပျောက် စေနိုင်သည်။ သပြေသီးသည် သလိပ်ရောဂါ၊ သည်းခြေရောဂါနှင့် အစာမကြေ ရင်ပြည့် ရောဂါများကို ပျောက်ကင်းစေသည်။ သပြေစေ့သည် ဆီးချိုရောဂါကို ပျောက်ကင်းစေသည်။ 


သပြေ ရွက်နုများကို ကြိတ်၍ ရေဖြင့်ငုံ ထွေးပေးခြင်းဖြင့် ခံတွင်း အပူဖုများ ပျောက်ကင်းစေပြီး ဝမ်းတွင်းသို့ ဆံပင်များ ဝင်ရောက် သွားပါက သပြေသီး စားပေးခြင်းဖြင့် ဆံပင်များကို ကျေပျက် စေပါသည်။ 

သပြေသီး အစေ့ ခြောက်ကို အမှုန့်ပြု၍ အမှုန့် နှစ်ပဲသားကို ရေကျက်အေးနှင့် တစ်နေ့ နှစ်ကြိမ် သောက်လျှင် ဆီးချိုရော ဂါကို သက်သာ ပျောက်ကင်းစေသည်။ သပြေသီး သတ္တုရည် တစ်ကျပ်သားကို နံနက်၊ ည သောက်လျှင် သရက်ရွက် ကြီးသော ရောဂါ ပျောက်စေသည်။ သပြေသီး အစေ့မှုန့်ကို သကြားနှင့် ဆတူရော၍ တစ်နေ့ နှစ်ကြိမ် နှစ်ပဲသား သောက်လျှင် သွေးဝမ်းသွားခြင်းကို သက်သာ ပျောက်ကင်း စေသည်။

 ထို့အပြင် ကင်းကိုက်လျှင် သပြေရွက် သတ္တုရည် လိမ်းပေးခြင်းဖြင့် ကင်းဆိပ် မပျံ့နိုင်ပေ။ သပြေစေ့သည် ကိုလက် စထရောကို ကျဆင်းစေသည့် အတွက် သပြေသီးစေ့ အခြောက်မှုန့် နှစ်ဂရမ်ကို တစ်နေ့ နှစ်ကြိမ်သောက် ပေးပါက ကိုလက်စထရောကို ကျဆင်းစေသည်။ ။

ရွှန်းလက်


https://www.facebook.com/photo.php?fbid=516316125132890&set=a.35104771499306

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...