စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရေးပေါ် လူနာတင်ယာဉ် အခမဲ့ခေါ်ယူနိုင်



ရန်ကုန် ဒီဇင်ဘာ ၂၄

အရေးပေါ် လူနာ အသက်ကယ်တင်ရေး အတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်း အရေးပေါ် ဖုန်းနံပါတ် ၁၈၃ဝ သို့ ဆက်သွယ်၍ အခမဲ့ ခေါ်ယူနိုင်ကြောင်း အရေးပေါ် လူနာ အသက်ကယ်တင် ကုသ ပို့ဆောင်ရေး ဖောင်ဒေးရှင်းမှ လက်ထောက်မန်နေဂျာ ဒေါက်တာထက်အောင်က ပြောသည်။

ယင်းဝန်ဆောင်မှု လုပ်ငန်းကို အရေးပေါ်လူနာ အသက်ကယ်တင် ကုသပို့ဆောင်ရေး ဖောင်ဒေးရှင်း အမည်ဖြင့် ယခုနှစ်အောက်တိုဘာ ၁ ရက်မှ စတင်ခဲ့ပြီး ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ၂၄ နာရီ အခမဲ့ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း၊ လှူဒါန်းလိုပါက ငွေလက်ခံ ဖြတ်ပိုင်းများဖြင့် လက်ခံမည်ဖြစ်သည်။

လူနာ အသက်ကယ်တင် ကုသပို့ဆောင်ရေး ဖောင်ဒေးရှင်းကို မြန်မာနိုင်ငံ ဆရာဝန် အသင်းနှင့် ဧရာဝတီ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ တည်ထောင် ထားခြင်းဖြစ်ပြီး လက်ရှိတွင် အရေးပေါ်လူနာတင်ယာဉ် ငါးစီးဖြင့် ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။


https://www.facebook.com/photo.php?fbid=516238048474031&set=a.3510477149930

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...