စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကျိုးမဲ့ နောင်တ

“ အကျိုးမဲ့ နောင်တ ”
▬▬▬▬▬▬▬▬
လက်ဦးဆရာ မည်ထိုက်စွာသား
မာတာပိတ မိနှင့်ဖကို
သင်တို့ကျေးဇူး ဆပ်ဖူးသလော။
ဇရာယိုယွင်း အိုမင်းနေတဲ့
လက်ဦးဆရာ မိဘနှစ်ဖြာကို
ရှိသော်မကျွေး ဝတ်သော်မပြု
မလိုချောင်ထိုး နွားအိုမျိုးလို
မကျွေးမွေးရှာ သင်တို့မှာက
နှမြောတွန့်တို မစ္စရိယပျိုတို့
ဝင်ကာဖိစီး ချုပ်ထောင်ကြီးနှင့်
နေဘိလေကာ။
ရှိသောဥစ္စာ အသပြာမှ
သမီးနဋောင်းဖိုး သားကျောင်းဖိုးနှင့်
မြေးကိုဗန်းပြ ရှိကုန်ကြရဲ့။
သင်တို့စုစည်း ဝယ်ပြီးလေက
လက်ဦးဆရာ မိဘမှာတော့
ဝတ်ကောင်းစားလှ မဝတ်ရဘဲ
မရဏထံ သေချိန်တန်ဟု
သင်တို့ပြစ်ပယ် ရှောင်ဖယ်ပြန်၏။
မိဘနှစ်ဖြာ မရှိကာမှ
သင်တို့တမ်းတ ငိုကြွေးကြလည်း
အရာမထင် ဘောင်ခွင်မကျ
သင်တို့မျက်ရည် မြေခလေမှ
မိဘကျေးဇူး မြင့်မိုရ်ဦးကို
တွေ့မြင်လေရ ထိုဘဝ၌
ကျွေးချင်မွေးချင် ပြုစုချင်လည်း
လုပ်သမျှဟာ အချည်းနှီးပါ
နောက်မှနောင်တ ရလေတကား။

- (အရှင်ဧသိက)
Dhamma Danã Source ► Ma Khaing & www.facebook.com/youngbuddhistassociation.mm
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...