စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆောင်းတွင်းမှာ စားသုံးသင့်တဲ့ အစားအစာများ


                 
ဆောင်းရာသီကို ချဉ်းနင်းဝင်ရောက်လာပြီဖြစ်တာကြောင့်
အေးမြခြောက်သွေ့တဲ့ လေအေးတွေဟာ သင့်အရေပြား၊ နှုတ်ခမ်း၊ ပါးနဲ့ ခန္ဓာကိုယ်အနှံ့ထိတွေ့တိုက်ခတ်တော့မှာဖြစ်ပါတယ်။ ဆောင်းရာသီမှာ အသားအရည်ကြမ်းလာခြင်းကို ကာကွယ်ဖို့အတွက် အရေပြားထိန်းသိမ်းမှု အလှကုန်တွေသုံးစွဲရမှာ ဖြစ်သလို တစ်ဖက်တစ်လမ်းကလည်း သင့်တော်မှန်ကန်တဲ့ အစားအစာတွေကို ဆောင်းရာသီမှာ စားသုံးရပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ ဆောင်းရာသီမှာစားသုံးသင့်တဲ့ အကောင်းမွန် အသင့်တော်ဆုံး အစားအစာတွေကို တင်ပြပေးလိုပါတယ်။

(၁) မုန်လာဥနီ (carrots)

မုန်လာဥနီမှာ ရောင်ခြယ် carotene နဲ့ လူကိုပင်းတို့ ပါဝင်ပါတယ်။ အဲဒီပါဝင်ပစ္စည်းတွေဟာ အရေပြားကို ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ မုန်လာဥနီစားသုံးခြင်းဟာ အရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး ဗီတာမင်အေပါဝင်တာကြောင့် အရေပြားကို ချောမွေ့ စေပါတယ်။ ဒါကြောင့် မုန်လာဥနီဟာ အသားအရည်ကို ထိန်းသိမ်းပေးနိုင်တဲ့ အာဟာရတွေနဲ့ ပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်ဖြစ်တာကြောင့် သာမန်ထက် အသားအရည်ထိခိုက်နိုင်တဲ့ ဆောင်းရာသီမှာနေ့စဉ် စားသုံးပေးသင့်ပါတယ်။

(၂) စပျစ်သီး

စပျစ်သီးကို စားသုံးပေးခြင်းဟာ အသားအရည် အိုမင်းလာခြင်းကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ယခင်နှစ်ပေါင်းများစွာကတည်းက အရေပြားထိန်းသိမ်းဖို့ အသုံးပြုခဲ့တဲ့အပြင် အခုခေတ်ပေါ် အရေပြားထိန်းသိမ်းတဲ့ အလှကုန် အများစုမှာလည်း ပါဝင်နေပါတယ်။ စပျစ်သီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ အရေပြားကို ထိန်းသိမ်းဖို့အတွက် အခြားရင်းမြစ်တွေကရတဲ့ ပစ္စည်းတွေထက်ပိုသင့်တော်ပါတယ်။ လိမ္မော်သီးနဲ့ ကျွဲကောသီးလို အသီးတွေမှာလဲ အလားတူ အာနိသင်ရှိပေမယ့် စပျစ်သီးကရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရည်အသွေးပိုကောင်းတယ်လို့ သိရပါတယ်။

(၃) ငါး

အိုမီဂါ ၃အဆီဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ငါးတွေကို ဆောင်းရာသီမှာ တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်စားသုံးပေးသင့်ပါတယ်။ ဒါဟာ အရေပြားကိုပိုပြီးကျန်းမာစေသလို ကင်ဆာရောဂါကနေ ကာကွယ်ပေးနိုင်ပါတယ်။ အိုမီဂါ ၃ အဆီ ဓာတ်မှာပါဝင်တဲ့ EPA (eicosapen taaenoic acid) ဟာ အရေပြားက ကော်လဂျင်တွေကို ထိန်းပေးနိုင်တာကြောင့် အရေပြားပျော့တွဲခြင်းကနေ ကာကွယ်ပေးပြီး အသားအရေတင်းရင်းစေပါတယ်။

(၄) ဟင်းနုနွယ်

ဟင်းနုနွယ်ရွက်ကိုလည်း ဆောင်းရာသီ စူပါအစားအစာအဖြစ် သတ်မှတ်ကြပါတယ်။ သူ့မှာ ပါဝင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေဟာ အသားအရည်ကို ကြည်လင်စေပြီး ဆောင်းတွင်းမှာ ဖြစ်တတ်တဲ့ အရေပြားခြောက်သွေ့မှု၊ ဓာတ်မတည့်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၅) ပန်းမုန်လာစိမ်း

သုတေသနတွေအရ ဗီတာမင်စီ ကြွယ်ဝနေတဲ့ ပန်းမုန်လာစိမ်းဟာ မျက်နှာအရေပြားမှာအရေးအကြောင်းဖြစ်ခြင်းနဲ့ အသက်အရွယ် ကြီးလာလို့ အသားအရည်ပျော့တွဲ ခြင်းကိုလျော့ပါးစေပါတယ်။ ဒါ့အပြင် ပန်းမုန်လာစိမ်းမှာ အသားအ ရည်တင်းရင်းစေတဲ့ ကော်လဂျင်ကို ထိန်းသိမ်းပေးနိုင်တဲ့အပြင်အရေပြားကို ချောမွေ့စေတဲ့အတွက် ဆောင်းရာသီမှာ နေ့စဉ်စားသုံးသင့် တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

Credit to
ပိုပိုဇော်
ငြိမ်းအေး
Ref: ANI
credit to >>Health Updates Journal No. 96

https://www.facebook.com/photo.php?fbid=627565497292899&set=a.5170202616807

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...