စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Samsung GALAXY S စီးရီး နဲ့ Note စီးရီး...




GALAXY ဆိုတာ

အမှန်တော့ Samsung GALAXY S စီးရီး ဖုန်းတွေ နဲ့ Samsung GALAXY Note စီးရီးတွေ ဆိုတာ Family တစ်ခုတည်းက ပါပဲ။ ဂလက်ဆီ ( GALAXY ) လို့ခေါ်တဲ့ မိသားစုထဲက ဖြစ်ပါတယ်။ Samsung မှ ကမ္ဘာတစ်ဝန်းက လူသားအားလုံးအတွက် တစ်စုတစ်စည်းတည်း၊ စည်းစည်းလုံးလုံး ရှိစေမေယ့် အထင်ကအရ အမှတ်အသား တစ်ခု အနေနဲ့ နဂါးငွေ့တန်း ဂလပ်ဆီခေါ် GALAXY အမည်တပ်လို့ မိုဘိုင်းဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာများကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်တာကြောင့် နှစ်စဉ် ရောင်းအား အကောင်းဆုံး စံချိန်တင်တာ အားလုံး မျက်မြင်ကိုယ်တွေ့ပါပဲ။


S စီးရီးနဲ့ Note စီးရီး ကွာခြားမှု

Samsung GALAXY S ကစလို့ Galaxy S4 အထိတောင် ရောက်ခဲ့ပါပြီ။ စမတ်ဖုန်း အသုံးပြုလိုသူတိုင်းအတွက် အရည်အသွေး အကောင်းဆုံး ဖြစ်အောင် ဖန်တီးထားတဲ့ စမတ်ဖုန်း ဖြစ်တာကြောင့် S2 ထဲက လူကြိုက်များလာခဲ့ကာ S3 တင်မက S4 ရဲ့  ရောင်းအား အင်မတန် ကောင်းတာကိုတွေ့ရမှာပါ။ သူက စမတ်ဖုန်း ဖြစ်ပါတယ်။ စမတ်ဖုန်းဆိုတာ မြန်မာလို စမတ်ကျသော ဖုန်းလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သာမန်လက်ကိုင်ဖုန်းတွေနဲ့ မတူပဲ သူ့ရဲ့ လုပ်ဆောင်ချက်က ကွန်ပြူတာ တစ်လုံးနီးပါး ဖြစ်လာတာမို့ သာမန်လက်ကိုင်ဖုန်းတွေထက်ပိုသာကြောင်း သိသာအောင် အသိဉာဏ်ပြည့်စုံသော ဖုန်း၊ စမတ်ဖုန်း ဆိုပြီး ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါက ဖုန်းပြောဆိုရန်နဲ့ ဆက်သွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက် များအတွက် အထောက်အပံ့ပေးတဲ့ ဖုန်း ဖြစ်ပြီး ယင်းထဲမှာ လက်တလော ထွက်ရှိထားတဲ့ အဆင့်မြင့်ဆုံး စမတ်ဖုန်းက Samsung GALAXY S4 ပါပဲ။

Samsung GALAXY Note 3 ကျတော့ စမတ်ဖုန်း အမျိုးအစားထဲမှာ မဟုတ်တော့ပါဘူး။ သူက Note အမျိုးအစားထဲ ဝင်သွားပါတယ်။ သူက Note အမျိုးအစားဖြစ်ပြီး လက်တွေ့ပိုဆန်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ လူတွေဟာ လက်အားကိုးနဲ့ စာရေးသားတဲ့အကျင့်ကို စတင်ပျိုးထောင်လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ နည်းပညာတွေနဲ့ အစားထိုးပြောင်းလဲသွားတယ်။ ဒါပေမယ့် ဒီ Note အမျိုးအစားတွေက စာရေးသားတဲ့ အလေ့အကျင့်ကိုလည်း မပျောက်ပျက်စေသလို၊ အဆင့်ုမြင့်နည်းပညာတွေရဲ့ နောက်ဆုံးပေါ်လုပ်ဆောင်ချက်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါက Note တွေရဲ့ သဘောတရားပါ။

ဒီတော့ Note နဲ့ Smartphone ကို ယေဘုယျအားဖြင့် ရေးခြစ်စရာ မှင်တံလေး ပါဝင်ခြင်း ရှိ၊ မရှိ နဲ့ ခွဲခြားနိုင်ပါတယ်။။ Note မှာတော့ Smartphone တွေထက် အပိုပါဝင်လာတဲ့ စွမ်းဆောင်ရည်တွေကတော့ လက်ဖြင့်ရေးသားကာ ခိုင်းစေလုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။


ဘာရွေးချယ်သင့်သလဲ

ဘယ် အမျိုးအစားက ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်မယ်ဆိုတာ ကိုယ့်ရဲ့  ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည် ပါတယ်။ ကိုယ်နေ့စဉ် အသုံးချရမယ့် လုပ်ငန်းတာဝန်တွေနဲ့ ဆက်စပ်စဉ်းစားနိုင်ပါတယ်။ Note ကို စာရေးသား မှတ်သားဖို့ များများလိုအပ်သူမျိုး၊ ပုံဆွဲခြင်းနဲ့ ဆက်စပ်လုပ်ကိုင်လိုသူမျိုး၊ အဆင့်မြင့်မြင့် မျက်နှာပြင်ကျယ်ကျယ် အသုံးပြုလိုသူမျိုးတွေ အတွက် အထူးသင့်လျော်ပါတယ်။ S စီးရီး စမတ်ဖုန်းတွေကတော့ လက်တစ်ကိုင်စာ အသုံးပြုနိုင်မယ့် အရွယ်အစားတွေနဲ့ အဆင့်မြင့်ဖုန်းတစ်လုံးအဖြစ် ပီပီပြင်ပြင် အသုံးပြုလိုသူများအတွက် အထူးသင့်လျော်ပါတယ်။


Samsung GALAXY S 4 ကိုင်ရတာနဲ့ Samsung GALAXY Note 3 ကိုင်ရတာ ခံစားမှုခြင်းမတူပါဘူး။ ဒါကို လက်ရှိ အသုံးပြုသူ Samsung Galaxy ချစ်သူများ ပိုသိပါလိမ့်မယ်။

Credit to Samsung Myanmar


https://www.facebook.com/photo.php?fbid=519099334854569&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...