
နောက်(၅)နှစ်အထိ အသက်ဆက်ပေးနိုင်တဲ့ နှလုံးတု တစ်ခုကို ပထမဦးဆုံးအကြိမ်အဖြစ် အစားထိုးတပ်ဆင် အောင်မြင်ခဲ့ပါတယ်။
အသက် (၇၁)နှစ်အရွယ် အဖိုးတစ်ယောက်ကို ဆရာဝန်တွေက ဒီဇင်ဘာ၊ ၂၅ရက်နေ့မှာ ခွဲစိတ်ကုသခဲ့ပါတယ်။ ခွဲစိတ် အစားထိုးကုသပြီးတဲ့နောက် ကောင်းကောင်းကြီး ကျန်းမာရေးပြန်ကောင်းသွားတယ
နှလုံးအတုနဲ့ အစားထိုးကုသဖို့ကို ဆရာဝန်တွေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ကြိုးစားခဲ့ကြပေမဲ့ ဒီ့မတိုင်ခင်အချိန်ထိတော့ နှလုံးတုတွေဟာ လအနည်းငယ်သာ အလုပ်လုပ်နိုင်ခဲ့ကြပါတယ်။
နောက် (၅)နှစ်ထိ အသက်ဆက်နိုင်တဲ့ နှလုံးတုနဲ့ ပထမဆုံးအကြိမ် အောင်မြင်စွာ အစားထိုးကုသနိုင်မှုကို ပါရီမှာရှိတဲ့ Georges Pompidou ဆေးရုံမှာ ခွဲစိတ်ကုသနိုင်ခဲ့တာဖြစ်ပါ
အဲ့ဒီ့ နှလုံးတုဟာ အလေးချိန် (၂)ပေါင်ရှိပြီး နှလုံးစစ် တစ်ခုထက် ၃ဆနီးပါး ပိုလေးပါတယ်။ ဘက်ထရီကတော့ အရုပ်တွေ၊ လက်ပတ်နာရီတွေ နဲ့ စမတ်ဖုန်းတွေကို အားသွင်းတဲ့ ဘက်ထရီတွေနဲ့ အမျိုးအစား တူတူပါပဲ။
နှလုံးတု စက်ကို တိုင်တေနီယံနဲ့ အဓိကလုပ်ထားပြီး ခန္ဓာကိုယ်နဲ့ ထိတွေ့မယ့် အပြင်ဘက် နံရံကိုတော့ နွား တစ်သျှူးနဲ့ လုပ်ထားပါတယ်။
No comments:
Post a Comment