စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နှာခေါင်းနှင့် လည်ချောင်းသည် လူ့ကိုယ်ခန္ဓာ၏ အဓိက အရေးကြီးသော အင်္ဂါဖြစ်

 

နှာခေါင်းနှင့် လည်ချောင်းသည် လူ့ကိုယ်ခန္ဓာ၏ အဓိက အရေးကြီးသော အင်္ဂါဖြစ်ပြီး
အသက် ရှူသွင်း ရှူထုတ် ရာနှင့် စကားပြော ရာတွင် အဓိက အရေးပါသည်။ ယခုခေတ်တွင် စက်မှု လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုး တိုးတက်လာ သည်နှင့် အမျှ ပတ်ဝန်းကျင် လေထု သည်လည်း ညစ်ညမ်း လာသောကြောင့် နှာခေါင်း ရောင်နာနှင့် လည်ချောင်းရောင် ရောဂါ အမျိုးမျိုး ဖြစ်ပေါ်လာသည်။

ယင်း ရောဂါများ၏ လက္ခဏာ များသည် နှာချေခြင်း၊ နှာရည် ယိုခြင်း၊ နှာခေါင်း ပိတ်ခြင်း၊ နှာပြည်ရည်ယိုခြင်း၊ လည်ချောင်းတွင်း ခိုးလိုးခုလု ဖြစ်၍ ထွေးထုတ်မရ၊ မျိုချမရ ဖြစ်ခြင်း၊ လည်ချောင်း ခြောက်ခြင်း၊ နာခြင်း၊ ချွဲသလိပ်ကပ် ခြင်းနှင့် အော်ဂလီ ဆန်ခြင်းတို့ ဖြစ် တတ်သည်။

နှာခေါင်း ရောဂါ မဖြစ်ရန် ရှောင်ရမည့် အချက်များမှာ နှာခေါင်းအတွင်း လက်ဖြင့် မကြာခဏ ထိုး၍ ပွတ်ခြင်း မပြုလုပ်သင့်။ နှာခေါင်းတွင်းရှိ အပေါ်ယံ မြှေးပါးများသည် နူးညံ့လွန်းသောကြောင့် လက်ဖြင့် ပွတ်ခြင်းဖြင့် ဗက်တီးရီးယား ပိုးများ ဝင်ရောက်ခြင်းတို့ ဖြစ်သည်။

ရောဂါပိုး ရှိ၊ မရှိ သိရှိနိုင်သော လက္ခဏာများမှာ နံနက် အိပ်ရာထချိန်တွင် အဆက်မပြတ် နှာချေခြင်း၊ နှာရည် ယိုခြင်း၊ နှာပိတ်ခြင်း၊ နှာခေါင်းအတွင်း အမြဲ ယားနေခြင်း၊ နံနက် အိပ်ယာထချိန်တွင် ခေါင်းမူး၊ ခေါင်းကိုက်၍ ချွဲသလိပ်များ လည်ချောင်းတွင်း ပြည့်စို့နေခြင်း စသော လက္ခဏာများ တစ်လအတွင်း ဆက်တိုက်ဖြစ်ပွား ပါက ဆရာဝန်ဖြင့် အမြန်ဆုံး ပြ၍ ကုသသင့်ပေသည်။ ။


https://www.facebook.com/photo.php?fbid=514357495328753&set=a.351047714

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...