စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူအများစုတွင် ချို့တဲ့နေတတ်သော အာဟာရဓာတ် ငါးမျိုး




လူအများစုဟာ နေ့စဉ် အစားအသောက်တွေ စားနေပေမယ့် အဓိက လိုအပ်တဲ့ အာဟာရ ဓာတ်တွေ ချို့တဲ့ နေတတ်ပါတယ်။ ဒီလို အရေးပါတဲ့ အာဟာရ ဓာတ်တွေ ချို့တဲ့နေရင် နှလုံးရောဂါ၊

လေဖြတ်တာ၊ ညောင်းညာ နုံးချိတာနဲ့ ကိုယ်အလေးချိန် တက်တာတွေလို ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမဲ့ ကံကောင်းတာက ဒီအာဟာရ ဓာတ်တွေကို အစားအသောက် တွေကနေ အလွယ်တကူ ရနိုင်တာပဲ ဖြစ်ပါတယ်။

(၁) ဗီတာမင် ဒီ

အရိုးတွေကို သန်စွမ်းစေတဲ့ ဗီတာမင်ပါ။ သွေးလှည့် ပတ်မှုဆိုင်ရာ လေ့လာမှု တစ်ရပ်အရ ဗီတာမင်ဒီ ချို့တဲ့ သူတွေဟာ နှလုံးရောဂါထတာနဲ့ လေဖြတ် တာတို့ ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်း မြင့်မားကြောင်း သိရပါတယ်။ အကြောင်း ကတော့ ဗီတာမင်ဒီဟာ သွေးလွှတ်ကြော တွေရဲ့ ရောင်ရမ်းမှုကို လျော့ကျ စေလို့ပါ။ မင်နီဆိုတာ တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ရပ်အရ ဗီတာမင်ဒီ အလုံ အလောက် ရှိသူတွေက လက်ပ်တင် ဟော်မုန်းကို ထွက်ရှိစေပြီး ဒီဟော်မုန်းက ဦးနှောက်ဆီကို ဗိုက်ပြည့်ကြောင်း သတင်းအချက်အလက် ပို့ပေးတယ်လို့ သိရပါတယ်။ တခြားလေ့လာမှု တစ်ရပ်အရ သွေးထဲမှာ ဗီတာမင်ဒီပါဝင်မှု မြင့်မားတဲ့ သူတွေ အနေနဲ့ အဆီစုဆောင်းမှု လျော့နည်းကြောင်း၊ ဗီတာမင်ဒီ ရှိတာက ဗိုက်အဆီကို လျော့ကျ စေကြောင်း သိရပါတယ်။

ဗီတာမင်ဒီ ရရှိအောင်

ခရမ်းလွန် ရောင်ခြည် ဘီကို အရေပြားက ရရှိတဲ့အခါမှာ ခန္ဓာကိုယ်ကနေ ဗီတာမင်ဒီ ထုတ်လုပ် ပေးပါတယ်။ တကယ်လို့ နေရောင်ခြည်ကို မခံယူ ဖြစ်ရင် ဗီတာမင်ဒီပါတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ မက်ကရာယ်ငါးတွေကို စားပေးပါ။ နို့နဲ့ ဥအမျိုးမျိုးမှာလည်း ဗီတာမင်ဒီ ပါဝင်ပါတယ်။

(၂) မဂ္ဂနီဆီယမ်

မဂ္ဂနီဆီယမ်က လုပ်ငန်းဆောင်တာ အများကြီးကို လုပ်ဆောင် ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာ ၃၀၀ ကျော်မှာ ပါဝင်နေပါတယ်။ အမေရိကန် အာဟာရဂျာနယ်ရဲ့ လေ့လာမှု တစ်ရပ်အရ မဂ္ဂနီဆီယမ်ပမာဏ နည်းပါး တာက၊ သွေးထဲက C-reactive ပရိုတင်း အဆင့်ကို တိုးစေပါတယ်။ C-reactive ပရိုတင်းဟာ နှလုံးရောဂါကို ဖြစ်စေ နိုင်ပါတယ်။

မဂ္ဂနီဆီယမ် ရရှိအောင်

တစ်နေ့မှာ မဂ္ဂနီဆီယမ် ၄၀၀ မီလီဂရမ် ရရှိအောင် မှီဝဲပါ။ ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ် အလုံအလောက် မရှိရင် ဆဲလ်တွေဟာ စွမ်းအင်ထုတ်လုပ်ဖို့ ပင်ပန်း ရတတ်ပါတယ်။ မဂ္ဂနီဆီယမ် ရရှိအောင် ဟင်းနုနယ်ရွက်နဲ့ ဟေလိဘက် ငါးတွေ စားသင့်ပါတယ်။ ဒါမှမဟုတ် မဂ္ဂနီဆီယမ် ၂၅၀ မီလီဂရမ် မှီဝဲသင့် ပါတယ်။

(၃) ဗီတာမင် B12

ဗီတာမင် B12 ဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ Gray Matter ကို အကျိုးပြု ပါတယ်။ ဗြိတိန်လေ့လာမှု တစ်ရပ်အရ ဗီတာမင် B12 အဆင့် နည်းတဲ့ အသက်ကြီး သူတွေက ဗီတာမင် B12 အမြင့်ဆုံးရှိနေသူနဲ့ ယှဉ်ရင် ငါးနှစ်အတွင်း ဦးနှောက်ထုထည် ဆုံးရှုံးမှု မြန်ဆန်ကြောင်း သိရပါတယ်။

ဗီတာမင် B12 ရရှိအောင်

သိုးသားနဲ့ ဆယ်လ်မွန်ငါး တွေမှာ ဗီတာမင် B12 များစွာ ပါဝင်နေပါတယ်။ ပရိုတင်း ဓာတ်နဲ့တွဲပြီး ရှိနေ တတ်ပါတယ်။ အားဖြည့် ကွေကာထဲမှာ ဗီတာမင် B 12 အမြင့်ဆုံး ပါဝင်ပါတယ်။

(၄) ပိုတက်စီယမ်

ပိုတက်စီယမ် မရှိရင် နှလုံးက ကောင်းကောင်း ခုန်နိုင်မှာ မဟုတ်သလို ကြွက်သားတွေ ကလည်း ကောင်းစွာ ကျုံ့ဆန့် နိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။ ဦးနှောက်ကလည်း သတင်း အချက်အလက် တွေကို ကောင်းကောင်း ဘာသာပြန်နိုင်မှာ မဟုတ်ပါ။ ပိုတက်စီယမ်ဟာ ဆဲလ်တွေကို ဂလူးကို့စ် သုံးနိုင်အောင် ကူညီပါတယ်။ ဒါမှ စွမ်းအင်ရရှိ လာမှာပါ။

ပိုတက်စီယမ် ရရှိအောင်

သွေးထဲမှာ ဆိုဒီယမ်များနေရင် သွေးတိုး နိုင်ပါတယ်။ ပုံမှန် ပိုတက်စီယမ် အဆင့် ရှိနေမှသာ သွေးဖိအား ကောင်းမှာပါ။ ထောပတ်သီး တစ်လုံးမှာ ပိုတက်စီယမ် ၁၀၀၀ မီလီဂရမ် ပါဝင်ပြီး ငှက်ပျောသီး တစ်လုံးမှာ ပိုတက် စီယမ် ၄၀၀ မီလီဂရမ် ပါဝင်ပါတယ်။ အာလူး တစ်ခွက်မှာ လည်း ပိုတက်စီယမ် ၁၆၀၀ မီလီဂရမ် ပါဝင်ပါတယ်။

(၅) အိုင်အိုဒင်း

သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်း T3နဲ့ T4တို့ ထုတ်နိုင်ဖို့အတွက် အိုင်အို ဒင်း လိုအပ်ပါတယ်။ ဒီဟော်မုန်း နှစ်မျိုး စလုံးဟာ ကယ်လိုရီ လောင်ကျွမ်းမှုကို ထိန်းချုပ်ပေးထားပါတယ်။ အိုင်အိုဒင်း အလုံအလောက် မရှိတာက ကိုယ် အလေးချိန် တက်တာနဲ့ နုံးတာတွေကို ဖြစ်စေ နိုင်ပါတယ်။

အိုင်အိုဒင်း ရရှိအောင်

အိုင်အိုဒင်းဟာ နို့မှာ ပါဝင်ပါတယ်။ ဥအမျိုးမျိုးနဲ့ ဒိန်ချဉ် ထဲမှာလည်း အိုင်အိုဒင်းဓာတ် ပါဝင် တာကြောင့် တစ်နေ့မှာ အနည်းဆုံး ဥတစ်လုံး ဒါမှမဟုတ် ဒိန်ချဉ် တစ်ခွက် စားပေးပါ။


https://www.facebook.com/photo.php?fbid=517214365043066&set=a.351047714993066

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...