စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကဲ့ရဲ့တာကို ကျေးဇူးတင်တယ်


သာမာန်အားဖြင့်တော့..
‘ငါ့ကို ဘယ်သူမှ မကောင်းမပြောရင် ကောင်းမှာပဲ’လို့ယူဆမှာပဲနော်။
အမှန်ကတော့ အဲ့ဒီလို ယူဆတာဟာ မကောင်းဘူး။ငါ့ကို ဘယ်သူကမှ မပြောရင်
င့ါဟာ ရင့်ကျက်တဲ့သူ ဖြစ်မလာနိုင်ဘူး။ကိုယ့်ကိုချီးမွမ်းတဲ့ကြားမှာ ပြုံးပြုံးလေးနေရတာ
ဘာမှ အခက်အခဲမရှိဘူး။အဲဒါ ရင့်ကျက်မှု မဟုတ်ဘူး။

ကိုယ့်ကို အကောင်းပြောတဲ့အခါလည်း ရှိတယ်၊
အဆိုးပြောတဲ့အခါလည်း ရှိတယ်။ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းဆိုတာ လောကဓမ္မတာပဲ။
အထိုက်အလျောက် ခံနိုင်ရည်ရှိမှ ဖြစ်မယ်။လုံးဝအပြောမခံနိုင်ရင် လောကကြီးမှာ နေလို့မဖြစ်ဘူး။

‘နတ္ထိလောကေ အနိန္ဒိတော’
လောကမှာ အပြစ်တင်မခံရတဲ့သ မရှိပါဘူးတဲ့။ မြတ်စွာဘုရားရှင်တောင် မလွတ်ပါဘူး။
အဲဒီလို မှန်ကန်တဲ့နည်းနဲ့ ‘ယောနိသော မနသိကာရ’ နဲ့ကိုယ့်စိတ်ကို ကြည့်ပြီးတော့ နက်နဲတဲ့သဘောထား၊
သည်းခံနိုင်တဲ့သဘောထားမျိုး ရသွားတဲ့အခါမှာ..

★စိတ်ကချမ်းသာသွားတယ်။★

(ဆရာတော်ဦးဇောတိက)
(တွေးမိတိုင်းပျော်တယ် စာအုပ်မှ)
နှလုံးသားအာဟာရ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...