စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သက်တန့် ရောင်စဉ် တောင်တန်းများ



ကျွန်မတို့ကမ္ဘာ မြေကြီးရဲ့ အချို့သော နေရာ တွေမှာ ထူးဆန်းတဲ့ မြေမျက်နှာ သွင်ပြင် တွေ ဖွဲ့စည်း တည်ဆောက်ပုံ တွေ ဖြစ်ပေါ် လို့ နေ တတ် ပါတယ်။ အဲဒီလို ထူးဆန်း တာတွေ ထဲကမှ သက်တန့်ရောင် ထဲမှာ ပါဝင်တဲ့ ရောင်စဉ်များ လိုပဲ အရောင် တွေ အတန်း လိုက် အစဉ် လိုက် ဖြစ်ပေါ် နေတဲ့ တောင်တန်း တွေ အကြောင်း ပြောပြ ချင် ပါ တယ်..

ရုတ်တရက် ကြည့်လိုက်ရင် အခြားသော ဂြိုလ်ကမ္ဘာ တစ်ခုခု လို့ ထင်သွားရ လောက်ပြီး တကယ် ရှိတာ မဟုတ် ပဲ ကွန်ပျူတာ နည်းပညာနဲ့ ဖန်တီး ထားတာလို့ ထင်ရလောက် အောင် အံ့သြဖွယ် ထူးဆန်းတဲ့ အရောင်အသွေး တွေနဲ့ ဖြစ်ပေါ် နေတဲ့ သက်တန့် ရောင်စဉ် တောင် တန်း တွေဟာ တရုတ် နိုင်ငံ အနောက် မြောက်ဖက် ရှိ ကျန်းစူး ပြည်နယ် က ထဲန်းရှ ဘူမိဗေဒ ဥယျာဉ် ထဲမှာ တည်ရှိ နေတာပါ။ ၂၀၁၀ ခုနှစ် မှာတော့ ယူနက်စ် ကိုရဲ့ ကမ္ဘာ့ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ဒေသ အဖြစ် စာရင်း သွင်းခံ ခဲ့ရပါတယ်။

၎င်း သက်တန့်ရောင်စဉ် တောင်တန်းများ ဟာ လွန်ခဲ့ တဲ့ နှစ် သန်းပေါင်း ၂၄သန်းခန့်က အနီရောင် သဲကျောက်လွှာတွေပေါ် သတ္တုဓာတ်တွေ တစ်လွှာ ပြီး တစ်လွှာ အနယ် ကျပြီး နောက် ရာသီဥတု၊ ရေ၊ လေတို့ တိုက်စား ခံရပြီး ခုလို အလွှာ အထပ်ထပ် ကိတ်မုန့် ပုံသဏ္ဍန် ရောင်စုံ တောင်တန်း တောင်ကုန်း တွေ ဖြစ်ပေါ်ခဲ့ရတာပါ။ သက်တန့်ရောင်စဉ် တောင်တန်း တွေ ကြားမှာ ပဲ သဘာဝ ရဲ့ ဖန်တီးမှု နဲ့ ဖြစ်ပေါ် နေတဲ့ တိုင်လုံးပုံ သဏ္ဍာန် တွေ၊ သဘာဝ မျှော်စင်တွေ၊ လျှိုမြောင် ချောက် ကမ်းပါး တောင်ချိုင့်ကြား တွေ၊ ရေတံခွန် တွေ စသဖြင့် လေ့လာ စရာ၊ သွားရောက် လည်ပတ် ကြည့်ရှု စရာ အများ အပြား ရှိပါ တယ်။

သက်တန့် ရောင်စဉ် တောင်တန်း တွေ ပေါ်မှာ သစ်ပင် တွေ ပေါက်ရောက် နေတာ မရှိ သလောက် ဖြစ်ပြီး တော့ တောင် ကတုံး တွေ ဖြစ်နေ တာ ကိုတာ တွေ့ရ ပါတယ်။ အချို့ တောင်စောင်း နဲ့ မြေပြန့် အနည်း ငယ် လောက် မှာသာ မြက်ပင်၊ ချုံပင် လေးတွေ ကျို့တို့ ကျဲတဲ ပေါက်နေ တတ်ပါ တယ်။ သို့သော် ငြားလည်း အနီ တစ်ကန့်၊ အပြာ တစ်ကန့်၊ အဝါ တစ်ကန့် အလီလီ အလာ လာ စီခြယ် ထားပုံ ကတော့ ဖြင့် မျက်စိ ပသာဒ ဖြစ်ဖွယ် ကောင်းလှ ပါတယ်။ ဒါကြောင့်လည်း ခရီးသွား အများ အပြား လာရောက် လေ့လာ လည်ပတ် ကြတဲ့ နေရာ အဖြစ် တစ တစ ထင်ရှား လာပြီ ဖြစ်ပါ တယ်။

အချိန်ရလို့ လည်စရာ ပတ်စရာ ရွေးချယ် တဲ့အခါ အရောင် စုံ ကျောက်လွှာ တွေနဲ့ ဖွဲ့စည်း ထားတဲ့ သက်တန့်ရောင်စဉ် တောင်တန်း များ၊ မြေလွှာ မှာ ရှိရာ ထဲန်းရှ ဘူမိဗေဒ ဥယျာဉ် ကိုလည်း အရောက် သွားကြည့် သင့်ပါ တယ်။ စာမရေး ဖြစ်တာ ကြာသွား တဲ့အတွက် အားလုံး အားလုံး ကို တောင်းပန် ပါတယ်။ အားလုံး လည်း ကိုယ်ရော စိတ်ပါ ကြည်လင် ရွှင်လန်း ကြပါ စေ ရှင့်..

ချော ( အစိမ်းရောင် လွင်ပြင် )


https://www.facebook.com/photo.php?fbid=517702091660960&set=a.351047714993066

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...