စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“Google.com.mm တွင် မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီ”



မြန်မာဒိုမိန်းနှင့်ဖြစ်သော www.google.com.mm ကို မြန်မာဘာသာ ဖော်ပြချက်များဖြင့် အသုံးပြုနိုင်ရန် Google က ပြောင်းလဲ လွှင့်တင်လိုက်ပြီဖြစ်သည်။ www.google.com.mm ကို ပြီးခဲ့သည့် မတ်လ ၂၁ ရက်တွင် စတင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း မရှိချေ။

ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။

www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက်များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် ယူနီကုဒ်ဖောင့်ကို ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်သည်။

Planet Myanmar Network


ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...