စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဦးခေါင်းနှစ်လုံးနှင့် ကျွဲငါးမန်းရှိကြောင်း ပထမဆုံး အတည်ပြုနိုင်ပြီ



မီချီဂန်၊ ဧပြီ ၂

ဦးခေါင်းနှစ်လုံးနှင့် ကျွဲငမန်းသန္ဓေသားကို အမေရိကန်သုတေသီများ ရှာဖွေတွေ့ရှိ အတည်ပြုနိုင်ကြပြီဖြစ် ကြောင်းသိရသည်။
ယခုတွေ့ရှိသော ဦးခေါင်း နှစ်လုံးနှင့် ကျွဲငါးမန်းသန္ဓေသားသည် ကမ္ဘာပေါ်တွင် ပထမဆုံး တွေ့ရှိခြင်းဖြစ်သည်။ အခြားငါး မန်းမျိုးစိတ်များကို ဦးခေါင်းနှစ် လုံးဖြင့် တွေ့ဖူးခဲ့ကြသော်လည်း လူသားစားငါးမန်းဖြစ်သည့် ကျွဲ ငါးမန်းမျိုး စိတ်တွင်မူ ယခုမှပင် တွေ့ဖူးကြခြင်း ဖြစ်သည်။

ဦးခေါင်းနှစ်လုံးနှင့် ငါးမန်း အချို့ကို မက္ကဆီကိုပင်လယ်အော် တွင် မကြာခဏတွေ့ရှိရာမှ ယင်း ငါးမန်းများနှင့်ပတ်သက်၍ အမေ ရိကန်ပြည်ထောင်စု မီချီဂန်ပြည် နယ်တက္ကသိုလ်မှ သုတေသီများ သုတေသနပြုလေ့လာခဲ့ခြင်း ဖြစ် သည်။ထို့နောက် ဆက်လက်လေ့ လာကြရာတွင် မက္ကဆီကန် တံငါသည်တစ်ဦးဖမ်းမိသော သာမန် ငါးမန်းအမ တစ်ကောင်၏ ဝမ်း ဗိုက်အတွင်းမှ ဦးခေါင်းနှစ်လုံးပါရှိ သည့် ငါးမန်းသန္ဓေသားကို တွေ့ခဲ့ကြပြန်၏။

ယင်း သန္ဓေသားသည် ဦး ခေါင်းနှစ်လုံး၊ နှလုံးနှစ်ခု၊ အစာ အိမ်နှစ်ခုစသည်ဖြင့် သီးခြားစီပါ ရှိပြီး အမြီးပိုင်းတွင်မှသာလျှင် ပူးသွားကာ အမြီးတစ်ခုတည်း ဖြစ်သွားကြောင်း တွေ့ကြရသည်။''ဒါပေမဲ့
အဲဒီခေါင်းနှစ်လုံးနဲ့ ငါးမန်းလေးတွေဟာ မွေးပြီးတာနဲ့ သေသွားကြတယ်ဗျ။ သူတို့ရဲ့ ခန္ဓာဗေဒဖွဲ့စည်းပုံက ခေါင်းနှစ် လုံး အတွက် လိုအပ်တဲ့စွမ်းအင်ကို မဖြည့်စွမ်းနိုင်ကြဘူးဗျ'' ဟု မီချီဂန်ပြည် နယ်တက္ကသိုလ်မှ သုတေသီတွဲဖက်ပါမောက္ခ မိုက် ကယ်ဝက်ဂ်နာက ပြောသည်။ ဦးခေါင်းနှစ်လုံးနှင့် မွေးဖွား လာသည့် သက်ရှိသတ္တဝါမှန်သမျှ မကြာမီအတွင်းတွင် သေဆုံးသွား ကြရခြင်းမှာလည်း
အဆိုပါ အ ကြောင်းရင်းကြောင့်ပင် ဖြစ်ကြောင်း သူကပြောသည်။

PN-002
Ref: dailymail

Popular Myanmar News Journal

ဒီနေရာမှကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...