စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကယ်ရီ မလိုတဲ့ Golf လှည်း



ဂေါက်သီးကစားတဲ့ အခါမှာ ကယ်ရီတွေက အနှောက်အယှက် ဖြစ်စေပါ သလား။ အသုံးမကျ၊ ပုံဆိုးပန်းဆိုးကယ်ရီနဲ့ ကျလို့ သင့်ကစားပွဲကလဲ အရှုံးကြီးပဲဆိုရင် ကယ်ရီကို Tip ပေးချင်စိတ် ရှိတော့မှာ မဟုတ်ဘူး မဟုတ်လား။

နည်းပညာ အသစ်တွေရှိလာပြီ ဖြစ်တဲ့အတွက် ကယ်ရီတွေကို တွေးပူစရာ မလိုတော့ပါဘူး။ သင့်နောက်မှာ တကောက်ကောက်လိုက်မဲ့ လူမဲ့ Golf လှည်းတွေ ပေါ်လာပါပြီ။ FTR Systems ကနေ တီထွင်ထားတဲ့ Caddytrek က သင်လိုတဲ့ Golf Club တွေကို မနားတမ်း သယ်ပေးပါလိမ့်မယ်။ Tip လည်းပေးစရာလိုမှာ မဟုတ်သလို။ သင့်အနားမှာလည်း နားငြီးစရာတွေ ကြားရမှာ မဟုတ်ပါဘူး။

Remote-controlled နဲ့ ထိန်းချုပ်လို့ရတဲ့ အဆိုပါ လှည်းဟာ Golfer မှာ ပါရှိတဲ့ Sensor Unit ကို အာရုံခံပြီး သင်သွားတဲ့ နေရာတိုင်းကို အနောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလာပါလိမ့်မယ်။ သင်ရပ်တဲ့အချိန်မှာ ရပ်ခိုင်းလိုရပြီး နောက်ထပ် tee ခုံကို သွားခိုင်းချင်သလား။ ဆိုင်တစ်ခုခုကို သွားစေချင်သလား Remote Control နဲ့ ခိုင်းစေလို့ရမှာ ဖြစ်ပါတယ်။

လမ်းကြောင်းရှာတဲ့ Device မှာ ပါဝင်တဲ့ Sensors ဟာ Caddytrek လှည်းကို အတားအဆီးတွေကနေ ရှောင်ရှားပေးနိုင်ပါတယ်။ 25 degrees ရှိတဲ့ ကုန်းတွေကိုလည်း တက်နိုင်ပါတယ်။ Lithium ion battery ဟာ 27 holes or 10 miles ကို နှစ်နာရီကြာ တစ်ကြိမ်အားသွင်းထားရုံနဲ့ သွားနိုင်ပါတယ်။

အလေးချိန်ဟာလည်း 39 pounds သာရှိတဲ့အတွက် ပေါ့ပါးပြီး သယ်ရလွယ်ကူပါတယ်။

ဈေးနှုန်းကတော့ $1,595 ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Game မှာ အခြေအနေ မကောင်းဘဲ ရှုံးမယ်ဆိုရင် စက်ရုပ်လှည်းကိုသာ အပစ်တင်ပြီး ဆူပူကြိမ်းမောင်းလိုက်ပါတော့။

http://caddytrek.com/Videos/demonstration/

Stuff Myanmar
caddytrek
Stuff Myanmar Magazine

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...