တနေ့က မတွေ့တာကြာနေတဲ့ သူငယ်ချင်းတယောက်နဲ့ စင်ကာပူရောက် မြန်မာတွေစုဝေးတတ်တဲ့ ပင်နီဆူလာမှာတွေ့လို့ လက်ဘက်ရည်ဆိုင် ထိုင်ဖြစ်ကြတယ်။
အရင်က တော်တော်ဝတဲ့သူမ ခု ကိုယ်ရေစစ်သွားသလိုဘဲ။
ဒါနဲ့မေးကြည့်မိတယ် …
“ဟဲ့ နင့်ဘော်ဒီ တော်တော်ကျသွားပါလား၊ နေမကောင်းဘူးလား”
“ကောင်းပါတယ်ဟာ”
“ဒါဆိုဘာဖြစ်လိုလဲ အိမ်လွမ်းလို့လား”
“မဟုတ်ပါဘူးဟာ၊ င့ါ အခန်းဖော်ကြောင့်ပါ”
“ဘယ်လိုလဲ သေချာပြောစမ်းပါအုံး”
“ဒီကောင်မက အလိုက်ကန်းဆိုး မသိဘူးဟ၊ ည ညကျရင် ကွန်ပြူတာ တလုံးနဲ့ ဆူနေတာ၊ Chatting ရိုက်တယ်၊ ဂိမ်းဆော့တယ်၊ သီချင်းဖွင့်တယ်၊ ပြီးတော့ အခန်းထဲကို ဝင်လိုက်ထွက်လိုက်နဲ့ လုပ်တယ်၊ တခါးကို အသံအကျယ်ကြီး ဖွင့်တယ် ပိတ်တယ်၊ ညဉ့်နက်သန်းကောင် သူ့ဘဲနဲ့ ဖုန်းပြောတယ် စုံလို့ပါဘဲဟာ”
“နင် က မပြောဘူးလား”
“ပြောလဲ ရန်ဖြစ်ရတာဘဲ အဖတ်တယ်တယ်၊ တော်တော်စိတ်ပျက်ဖို့ကောင်း
“ဒါဆိုလဲ အခန်းပြောင်းလိုက်ပေါ့ဟာ၊ လွယ်လွယ်လေးဘဲ”
… ဆိုတော့
သူပြန်ပြောလာတဲ့ စကားကြောင့် ကျနော်လည်း သောက်နေတဲ့ လက်ဘက်ရည်တောင် သီးကုန်တယ်။
သူပြောတာက… …
“ပြောင်းမလို့ဘဲ၊ နောက်ထပ် ၁၅ ပေါင်လောက် ထပ်ချချင်သေးလို့”… တဲ့။
သန်၎ကို
Credit >ဧရာဝတီ
No comments:
Post a Comment