စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တောင်သူလယ်သမားများ အကာအကွယ်ပေးရေးဥပဒေ မကြာမီပြဋ္ဌာန်းမည်



တောင်သူများ၏လက်ရှိဖြစ်ပေါ်နေသော ကြွေးမြီပြဿနာ၊ မြေယာဆုံးရှုံး
မှုနှင့် လယ်ယာစိုက်ပျိုးရေးများတွင် ကြုံတွေ့နေရသောအခက်အခဲများအား
ဖြေ ရှင်းကာကွယ်ပေးနိုင်ရန်အတွက် တောင်သူလယ်သမားအကာ
အကွယ်ပေးရေးဥပဒေရေးဆွဲနိုင်ရေးအတွက် အခြေခံမူများချမှတ်နိုင်ရန်
ဆွေးနွေးပွဲတစ်ရပ်ကို ဧပြီလ(၁)ရက်နေ့တွင် နေပြည်တော်လွှတ်တော်
ဝင်းအတွင်းရှိ ဇဗ္ဗူသီရိခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးပွဲတွင် တောင်သူလယ်သမားများ၏ မြေယာပိုင်ဆိုင်ခွင့်၊ လွတ်လပ်စွာ
စီမံခန့်ခွဲခွင့်၊ စိုက်ပျိုးခွင့်၊ လွတ်လပ်စွာရောင်းချခွင့်၊ ဈေးကွက်တွက်ချေ
ကိုက်သော သီးနှံများအား လွတ်လပ်စွာစိုက်ပျိုးရေး၊ နှစ်ရှည်ချေးငွေများ
အတိုးနှုန်းသက်သာစွာဖြင့်ရရှိနိုင်ရေး၊ ဈေးနှုန်းအာမခံရရှိရေး၊ ရာသီဥတု
ကြောင့်ပျက်စီး ဆုံးရှုံးမှုအာမခံသည့်စနစ်၊ ကုန်ထုတ်လမ်း၊မြေယာပြင်ဆင်မှု၊
လျှပ်စစ်မီးရရှိနိုင်မှုစသည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲ သို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌဦးနန္ဒကျော်စွာ၊
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဌာနဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းနှင့် မြန်မာဆန်စပါးအသင်းဥက္ကဋ္ဌနှင့
အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းဥက္ကဋ္ဌနှင့် တောင်သူ
ကိုယ်စားလှယ်များအပါအ၀င် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

SkyNet TV Browser

http://www.facebook.com/photo.php?fbid=400357793395391&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...