စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြက်တူရွေးဈေးကွက်မြင့်တာလာမှုကြောင့် သီးနှံဖျက်ပိုးများဝင်ရောက်လာမည်ကို တောင်သူ များစိုးရိမ်



ယင်းမာပင်၊ ဧပြီ .. ၇


တောင်သူကြီးများ၏ စိုက်ပျိုးသီးနှံများအား တစ်ဖက်တလှမ်းမှ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသော ကြက် တူရွေးငှက်များအား အမျိုးတုန်းဖမ်းဆီးရောင်းချနေသည့်အတွက် ယခုနှစ် စိုက်ပျိုးရာသီအချိန်တွင် သီးနှံဖျက်ပိုး များ ၀င်ရောက်လာမည်ကို မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူကြီးများမှ အထူးစိုးရိမ်ပူပန် လျက်ရှိနေရကြောင်း ရင်ပေါင်တိုင်ကျေးရွာမှ တောင်သူ ဦးဖိုးဆန်းမှ ပြောကြားသည်။
အဆိုပါ ကြက်တူးရွေးငှက်များသည် တောင်သူများစိုက်ပျိုးထားရှိသော သီးနှံများအားဖျက်စီးသည်ဟု ယေဘုယျ ထင်မြင်နိုင်သော်လည်း ၎င်း ငှက်များသည် သီးနှံဖျက်ပိုးများအား တိုက်ခိုက်ချေမှုန်းပြီး ၀တ်မှုန်ကူး၍ မျိုးပွား ပေးရာတွင် ထိရောက်မှုရှိသဖြင့် ကြေးကျသောအခင်းများမှာ သီးနှံအထွက်တိုးတတ်လေ့လျက်ရှိကြောင်း မှတ်သား မိရသည်ဟု ၎င်းက ဆက်လက်၍ ပြောဆိုသည်။


နွေဦးပေါက်ကာလများသည် ကြက်တူရွေးငှက်များ သားပေါက်ချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိရာ စီးပွားရေး သ မား အချို့က အသိုက်အမြုံလိုက်နှိုက်ယူစုဆောင်းပြီး ရိုးရာတပေါင်းဈေးပွဲတော်များတွင် ပြန်လည်ရောင်းချ နေခြင်းဖြစ်သည်။ အတောင်အလက်၊ အမွှေးအမှင်မစုံသေးသော အရွယ်အစားမှ၊ အကောင်ကြီးများအရွယ်အထိ ဖမ်းဆီး ရောင်းချလျက်ရှိရာ တစ်ကောင်လျင် (၅၀၀၀)ကျပ်မှတစ်စုံလျင်(၇၀၀၀)ကျပ်အထိ အရွယ်အစားအလိုက် ဈေးနှုန်း အမျိုးမျိုးရှိကြာင်း သိရသည်။
တပေါင်းဈေးပွဲတော်များ၌ တွင်ကျယ်စွာရောင်းချပေးလျက်ရှိသော ကြက်တူရွေးငှက်များသည် မုံရွာခရိုင်၊ ယင်း မာပင်မြို့နယ်၊ အနောက်မြောက်ဒေသများရှိ ကျေးရွာဒေသခံများနှင့် ပုလဲမြို့နယ်၊ လဲကန်၊မိုးကောင်း၊ ၀က်ကျ၊ဂျပ် စသည့်ဒေသများမှ လာရောက်ရောင်းချကြခြင်းဖြစ်ကြောင်း အမေကြီးပွဲတော်နှင့် အလုံတပ်မြို့ ဘိုတော်ကြီး၏ တပေါင်းဈေးပွဲတော်များတွင် ကြက်တူရွေးငှက်များရောင်းချနေသူ တစ်ဦးမှ ဆိုသည်။


အဆိုပါ ဈေးပွဲတော်သို့ရောက်ရှိနေသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေ သူတစ်ဦးမှလည်း ယင်းကဲသို့ ကြက်တူရွေးငှက်များ အမျိုးတုန်းဖမ်းဆီးရောင်ချနေသည့်အတွက် အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်အတွင်း ကြက်တူရွေးငှက်များ မျိုးတုန်းပျောက်ကွယ်လာမည်ကို အထူးစိုးရိမ်းမိရပါ ကြောင်း၊ ၎င်း ထိန်းသိမ်းစောင့်ရှောက်ထားသည့် သစ်တောဧရိယာနယ်မြေအတွင်းရှိ ကြက်တူရွေးငှက်များအား မဆိုထားနှင့် လိပ်ပြာတစ်ကောင်ပင်လျင် ဖမ်းဆီးရောင်ချရန် မဖြစ်နိုင်ကြောင်း၊ ထောင်နှင့်ချီသော ကြက်တူရွေး ငှက်များ တွင်ကျယ်စွာ ဖမ်းဆီးရောင်းချနေခြင်းမှာ လွတ်လပ်စွာဖမ်းဆီးရောင်းချနေသည့်အတွက်လည်း စိတ်မ ကောင်းဖြစ်ရပါကြောင်း ၎င်းမှ မှတ်ချက်ပြုပြောကြားခဲ့သည်။


ယင်းကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီး သစ်တောဦးစီးဌာန(ခေါ်) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနရှိ ဖုန်း 071 - 21079 -23649 ဖုန်းများသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဘဆီတင်ပြပြီးမှ ဖြေကြားပေးပါမည်ဟု ပြောခဲ့ကြောင်း သိရသည်။
အလောင်းတော်ကသပ အမျိုးသားဥယျာဉ်တာဝန်ကျဝန်ထမ်းများ၏ တာဝန်ပေါ့လျော့တန်ခြင်းကြောင့် အဆိုပါ ဖြစ်စဉ်ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများမှ ဝေဖန်ပြောဆိုလျက်ရှိကြောင်းသိရသည်။


သတင်း =ဒေါက်တာ တိုင်းကျော်


Monywa Times

http://www.facebook.com/photo.php?fbid=401081443323026&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...