စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လှူမည်ဟု ကတိပြုပြီးသောအခါ.....



     ပုထုဇဉ်ရဲ့  သဒ္ဒါတရားဆိုတာ မခိုင်မြဲဘူးဆိုတာ သိသော်လည်း...ဆင်ခြင်နိုင်ဖို့ မျှဝေလိုက်ပါတယ်။ နတ်ရေကန်ဆရာတော် သတိပေးဟောကြားဖူးတဲ့ တရားလေးကို သတိရလို့ ပါ။
အရာရာ မသေချာသောလောကကြီးမှာ စီစဉ်သမျှဟာ အကြောင်းမသင့် ရင် ပျက်တတ်ပါတယ်။ သို့သော်လည်း တမင်သက်သက်သော်လည်းကောင်း၊ အလေးမထား၍ သော်လည်းကောင်း၊ မေ့သွား၍သော်လည်းကောင်း လှူမည်ဟု ကတိပေးထားသောအရာကို ပျက်ကွက်ပါက (အထူးသဖြင့် သံဃာနှင့် ဆက်စပ်နေသော အလှူများ) တွင် လှူဒါန်းပါမည်ဟု ကတိပေးပြီး အလေးမထားပါက..မိမိ ကူးသန်းရောင်းဝယ်ဖောက်ကားရာတွင် မျှော်လင့်ထားသောအရာများ ထင်သလို မရဘဲ လက်လွတ်ရတတ်ပါတယ်။



       မိမိက ဒီလောက်ဒီလောက်လှူပါမည်ဟု ကတိပေးပြီး တကယ်လှူသောအခါ ယခင် ကတိပေးထားသလောက် မလှူလျှင် ကိုယ်က အကျိုးအမြတ်အဖြစ်ရစရာရှိသောအခါတွင် ထင်သလောက် မရဖြစ်တတ်ပါတယ်။ကိုယ်က ကတိပေးထားသလောက် လှူသောအခါ ကိုယ်ရစရာရှိလျှင်လည်း အတိအကျ ရတတ်ပါတယ်။ကိုယ်က ပြောထားတာထက် ပိုလှူသောအခါတွင်လည်း စီးပွားရေးလုပ်သောအခါ ထင်တာထက် ပိုရတတ်ပါတယ်။

အထက်ပါ အကြောင်းအရာများကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ မလှူနိုင်ပါက ကတိအလွယ်တကူမပေးသင့်ပါ။ လှူမည်ဟု ပြောဆိုထားပြီးပါကလည်း ပြောသည့် အတိုင်း အလေးထားဆောင်ရွက်သင့်ပါတယ်။

အနည်းငယ်မျှသောကံကို အကျိုးမပေးဟု မထင်မှတ်သင့်ဘဲ မိမိ၏ ကာယကံ၊၀စီကံ၊ မနောကံ တို့ကိုကောင်းမွန်စွာ စောင့်ရှောက် မှသာလျှင် စင်ကြယ်သော အကျိုးပေးကို ရရှိမှာဖြစ်ပါတယ်။

မှတ်ချက်။ ။ အကြောင်းအမျိုးမျိုးကြောင့် လှူရန်ကြိုးစားသော်လည်း မလှူဖြစ်သောအလှူများကို မဆိုလိုပါ။အကျိုးပေးသန်သောအလှူ အဖြစ် စေတနာဖြင့် သတိတရရှိရန် မျှဝေခြင်းဖြစ်ပါတယ်။

မေတ္တာဖြင့်
မနန်းမွန်း(အနှိုင်းမဲ့စာတိုပေစများ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...