http://
ဆရာတော်ဘုရား တပည့်တော် နောင်နောင်ပါ၊ အမေရိကားမှာနေပါသည်ဘုရား အနောက်တိုင်းသား ဗုဒ္ဒဘာသာကိုယုံကြည့်သောသူမျ
မြန်မာပြည်မှ တန်ခိုးကြီးဘုရားတွေမှာ မိန်းကလေးတွေမ၀င်ရ ဥပမာ ကျိုက်ထီးရိုးတို့လို ဆံတော်ရှင် စေတီတော်တော်များများမှာ မိန်းကလေးတွေမ၀င်ရဘူးဆိုပြီ
မိန်းကလေးတွေက ယောင်္ကျားတွေလောက် မမြတ်လို့ပဲ ဖြေလိုက်တော့ အနောက်တိုင်းသားတွေက အဲဒါကိုလက်မခံပါဘူးဘုရား။ သူတို့က ယောက်ျားမိန်းမ ဆိုတာအတူတူပဲ မိန်းကလေးတွေကတောင် ဒီနိုင်ငံမှာ အခွင့်ရေးပိုပြီးပေးထားတော့
ယောက်ျားတွေက ဘာလို့မိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်လို့ ယူဆပါသလဲ အကြောင်းပြချက်ထုတ်ပြတော်မူ
ဆရာတော်ရဲ့ သီလ သမာဓိ ပညာကို ရိုသေစွာ ရှိခိုးပါသည်ဘုရား။
ထိုမေးခွန်း၏အာဘော်
***************
အထက်ပါ မေးခွန်းက စာရေးသူထံ အီးမေးလ်ကနေ ရောက်လာတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေကလဲ မကြာမကြာ ကြုံရဖူးပါတယ်။
နံပါတ် (၁) အနေနဲ့ အမျိုးသမီးများ မတက်ရ မ၀င် မဖြတ်ရဆိုတဲ့ ဘုရားတွေ ဘုရားရင်ပြင်တွေ သိမ်တွေမှ ဆိုင်းဘုတ်တွေ တွေ့နေရသောကြောင့် ဗုဒ္ဓဘာသာ လူအများစုမှာ ယောင်ဝါးဝါးတွေ ဖြစ်သွားရတယ်။ ဗုဒ္ဓစာပေကို လုံးဝဆုပ်ကိုင်ထားသူများသာ ဒီအယူဆတွေကို လက်မခံပေမဲ့ ယောင်ဝါးဝါးတွေကတော့ လက်ခံနေကြတယ်။
နံပါတ် (၂) ကတော့ အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါသည်။ ဒီ ၂ ခုကိုပဲ ဆွေးနွေးကြည့်ကြရအောင်။
စာရေးသူအမြင်များ
*************
နံပါတ် (၁) ဘုရား ကျောင်း သိမ်စတဲ့ နေရာတွေမှာ အမျိုးသမီးများ မတက်ရ မ၀င်ရဆိုတာနဲ့ပတ်သက်ပြီး စာရေးသူ၏ အမြင်ကိုပဲ ပြောပြရမှာဖြစ်ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာလို့ ယုံကြည်ထားတဲ့ မြန်မာနိုင်ငံမှာ ဒီလိုအယူအဆတွေ ရှိနေပါတယ်။ ဘုရားဟောမဟုတ်၍ ထေရ၀ါဒလမ်းစဉ်မဟုတ်သော အယူအဆတွေဖြစ်ပါတယ်။ သို့သော်လည်း ဘာလို့ မြန်မာနိုင်ငံမှာ ဒီအယူအဆတွေ ရှိနေပါသလဲလို့ မေးရင် tradition ရိုးရာအစဉ်အလာ လက်ခံမှုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အစဉ်အဆက်လက်ခံလာကြသည့် အယူအဆဖြစ်သည်။ တချို့နေရာတွေမှာ ဘုရား သို့မဟုတ် ကျောင်း သိမ်များ၏ အဦးဆုံး ဒါယကာများကပဲ သူတို့၏ ဘုရား ကျောင်း သိမ်များအပေါ် အမျိုးသမီးများ မတက်ရဟု သတ်မှတ်ခဲ့သလား၊ ဒါမှ မဟုတ် ဂေါပကများ၏ ဘုရားကို သို့မဟုတ် ဘုရားရှင်၏ ကျောင်းတော်များကို ကြည်ညိုလွန်း၍ ဒီစည်းကမ်းသက်မှတ်ခဲ့လေရော့
မြန်မာပြည် တချို့ နာမည်ကြီး ဘုရားရင်ပြင်တို့၌ အမျိုးသမီးများ မတက်ရ မ၀င်ရဟု ပြောနေကြပေမဲ့ ဘုရားလက်ထက်တော်က သက်တော်ထင်ရှား ဘုရားရှင်၏ ဂန္ဓကုဋီကျောင်းဆောင်ထဲအတွင်
အမျိုးသမီးနှင့်သိမ်
************
တချို့နယ်တွေမှာ သိမ်ထဲကို အမျိုးသမီးများ မ၀င်ရဟု ဆိုကြတယ်၊ လူတွေကလဲ အမျိုးသမီးများကို သိမ်ထဲမ၀င်ရဟု ထင်နေကြသည်၊ ၀င်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့၊ စာရေးသူ ရဟန်းခံစဉ်က အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်အတွင
ရာဇဂြိုဟ်မြို့သိမ်
***********
ဘုရားလက်ထက်က ရာဇဂြိုဟ်မြို့ကြီးသည် လူဦး ၁၈ ကုဋေရှိသည်။ ငယ်ငယ်က ထို ရာဇဂဟ ပုဒ်ကို တောင် ၅ လုံးက ပတ်ပတ်လည် ကားရံထားလို့ တောင်ငါးလုံးရန် နွားခြံတို့လို ရာဇဂြိဟ်မြို့သို့ဟု နိဿျဆိုခဲ့ကြသည်။ ထိုမျှလောက် လူဦးရေ ထူထပ်သော ရာဇဂြိုဟ်မြို့ကြီး တစ်မြို့လုံးကို သိမ်သမုတ်ထားသည်။ ထိုမြို့ကြီးသည်ပင် သိမ်မည်ပါသည်။ ထိုသိမ်ကြီးထဲမှာ အမျိုးသမီးတွေ အိပ်ကြသည်၊ နေကြသည်၊ ကျင့်ကြီးကျင်ငယ်အမှု ပြုကြသည်၊ ဇနီးခင်ပွန်းတို့ပြုကြသည့်အ
တချို့က ဘုရားကျောင်းသိမ်တွေမှာ အမျိုးသမီးများ မ၀င်ရခြင်းသည် အမျိုးသမီးများက ဘုန်းကံ မရှိသောကြောင့်ဟု ယူဆထားကြသည်။ တကယ်တော့ ထိုအယူအဆ မမှန်ကန်ဟုဆိုရပါမည်။ အမျိုးသမီးရဟန်းမများ ထွန်းကားသည့်အချိန်အခါက အမျိုးသမီးများကိုယ်တိုင် သိမ်ထဲဝင်ပြီး ရဟန်းပြုကြသည်၊ ကံကြီးကံငယ်ပြုကြသည်၊ သူတို့ကိုယ်တိုင် ရဟန်းများပြုလုပ်နိုင်သည့် ကံကြီးကံငယ်များကို ပြုလုပ်နိုင်သည်မှာ ရဟန်း မဟုတ်သော အမျိုးသားများထက် ဘုန်းကံရှိနေသည်ဟု ဆိုရပေမည်။ အမျိုးသမီးများနှင့်ဘုန်းကံ
အမျိုးသမီးများနှင့်ဘုန်းကံ
******************
အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆနှင့်ပတ်သက်ပြီး ပြောရရင် သူများအတင်းပြောသလို ဖြစ်နေမယ်၊ တကယ်တော့ အမျိုးသားလဲ လူသား အမျိုးသမီးလဲ လူသားဆိုတော့ လူဖြစ်ဖို့ရန် ဘုန်းကံအတူပါလာတာခြင်း အတူတူပဲဖြစ်သည်။ သို့သော်လည်း ဘုန်းကံအနဲအများအပေါ် မူတည်ပြီး အမျိုးသား အမျိုးသမီး ကွဲပြားပေမဲ့ သာသနာအတွက်ရော လူမှုရေးအတွက် နိုင်ငံရေးအတွက်တွေပါ အကျိုးပြုပေးနိုင်တာကတော့ တန်းတူ လုပ်နိုင်ကြသည်ဟု ယူဆမိပါသည်။ အကောင်း (positive view) အမြင်ကိုသာ ရေးချင်ပေမဲ့ မေးလာတဲ့သူရှိလာတော့ မေးခွန်းအရ ဘုန်းကံနိမ့်ခြင်းအကြောင်းက
အဘိဓမ္မာ ၇ ကျမ်းတွင် အပါအ၀င်ဖြစ်သည့် ဓမ္မသင်္ဂဏီပါဠိတော် အဋ္ဌကထာ (အဋ္ဌသာလိနီ) စာမျက်နှာ ၃၅၈-၃၅၉ တို့၌ ဣတ္ထိလိင်္ဂံ ဣတ္ထိနိမိတ္တံအဖွင့်မှာ အမျိုးသမီးများနှင့် အမျိုးသားများ ခန္ဓာကိုယ်တည်ဆောက် ဖွဲ့စည်းပုံ အသွင်အပြင် မတူပုံနှင့် ထိုအသွင်အပြင်ဖြစ်ပေါ်လာရခြင
တခါက သောရေယျအမျိုးသား အလွန်ချောမောလှပသော အရှင်မဟာကစ္စာယန ရဟန္တာမထေရ်ကို မြင်ပြီး အယောနိသောမနသိကာရ (မကောင်းတဲ့စိတ်ကူး) ဖြစ်မိသည်၊ ဒီလောက်လှတဲ့သူ ငါ့မိန်းမဖြစ်ရင် ဘယ်လောက်ကောင်းမလဲဟု အတွေးစိတ်ဝင်လာတဲ့အမျှ ထိုသောရေယျ သူဋ္ဌေးသား သူ၏အမျိုးသားအင်္ဂါများပျောက်
ထိုကဲ့သို့ အမျိုးသမီးလိင် (ဣတ္ထိလိင်္ဂ)နှင့် အမျိုးသားလိင် (ပုရိသလိင်္ဂ)နှင့်ပတ်သက်ပြီး
ထိုအဋ္ဌကထာဆရာ၏အဆိုများအရ- အမျိုးသမီးများသည် အမျိုးသားများထက် အကုသိုလ်ကြီးခဲ့သလို ကုသိုလ်ကံတွေ နဲခဲ့သော ကြောင့် အမျိုးသမီးဖြစ်ရသည်ဟုဆိုသည့
အမျိုးသမီးများ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကိုက အမျိုးသားများကဲ့သို့ ပေါ့ပါးမှုမရှိ၊ လွတ်လပ်မှုမရှိသည့် အပြင် ယောက်ျားများထက် သီးခြား ကိုယ်ဝန်ဆောင်ရခြင်း၊ သားမွေးရခြင်း၊ ဥတုလာခြင်း စတဲ့ဒုက္ခများသည် ယောက်ျားများထက် ဘုန်းကံနဲပါးခြင်းဆိုတဲ့ လက္ခဏာများရှိနေသည့်အတွက် စာနာထောက်ထားသင့်သည်။
အမျိုးသမီးများအခွင့်အရေး
*******************
မြတ်ဗုဒ္ဓသာသနာတော်မှာ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ သာသနာ့ဝန်ထမ်းများ ဖြစ်ခွင့်ရှိသည်၊ ဘုရားရှင်၏ လက်ျာ လက်ဝဲများဖြစ်ခွင့်ရှိသည်၊ အရှင်သာရိပုတ္တရာနှင့် အဆင့်တူ ပညာအရာဝယ် ခေမာထေရီ၊ အရှင်မောဂ္ဂလာန်နှင့်အဆင့်တူ
ဘုရား၊ ဗြဟ္မာ၊ စကြာဝတေးမင်း၊ မာနတ်မင်း၊ သကြားမင်းဟုသော ထိုနေရာများမှာ အမျိုးသမီးများ ဖြစ်ခွင့်မရှိ။ ‘‘ဘုရား ဗြဟ္မာ မင်းစကြ်ာနှင့် မာရ သက္ကံ မိန်းမမှန် အမှန် မဖြစ်ရာ’’ ဟု ငယ်ငယ် သာမဏေကျော်တန်း ၀င်စဉ်က ရဖူးသည် ကဗျာဆောင်ပုဒ်ဖြစ်သည်။ (အင်္ဂုတ္တရနိကာယ် ပထမအုပ်)။
အဋ္ဌသာလိနီတွင် ဘုရားဖြစ်ဖို့ရန် ပြည့်စုံရမည့်အချက်ထဲမှာ လိင်္ဂသမ္ပတ္တိ ဆိုတာပါသည်၊ ဆိုလိုသည်မှာ ယောက်ျားလိင်အင်္ဂါရှိရမည်ဟု ဆိုသည်။ ‘‘မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ’’။ ဗုဒ္ဓ၀ံသ-၂-၅၉ နှင့် အဋ္ဌသာလိနီ ဗုဒ္ဓ၀င်အခန်းမှာ လေ့လာနိုင်ပါသည်။
အမျိုးသမီးနှင့်အကုသိုလ်
*****************
ကုသိုလ် အကုသိုလ်တို့သည် လူတစ်ယောက်၏ ဘုန်းကံများဟုခေါ်သည်။ ထို့ကြောင့် လူတစ်ယောက်၏ ဘုန်းကံကြီးခြင်း ဘုန်းကံနဲခြင်းကို ကုသိုလ် အကုသိုလ်ကံတို့၏ အနဲအများဖြင့် ဆုံးဖြတ်ကြသည်။ ဘုန်းကံကြီးသူသည် ကုသိုလ်ကံကြီးသူများဖြစ်ပြီ
ဗလ၀ အကုသလ ၀သေန - များစွာသော အကုသိုလ်အစွမ်းကြောင့် အမျိုးသမီးဖြစ်ရတယ်ဆိုတော့ အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်အဖြစ်များသလား? မေးစရာရှိလာသည်။
တခါက အနုရုဒ္ဓါမထေရ်ကြီး ဘုရားထံရောက်လာပြီး ‘‘အရှင်ဘုရား-တပည့်တော် နတ်မျက်စိနှင့် အမျိုးသမီးတွေ ငရဲကျရောက်နေတာကို တွေ့နေရပါတယ်ဘုရား၊ အဘယ့်ကြောင့် ဒီလိုဖြစ်ရပါသလဲဘုရား’’ မေးလျှောက်သော အခါ
ဘုရားရှင်က ‘‘အနုရုဒ္ဓါ အမျိုးသမီးတွေ ငရဲရောက်နေကြတယ်ဆိုတာ အချက်သုံးချက်နှင့် တစ်နေကုန် နေနေကြလို့ဖြစ်တယ်။ အဲဒီ ၃ ချက်က---
၁။ နံက်ပိုင်းမှာ- အမျိုးသမီးတွေက မစ္ဆရိယစိတ်တွေနဲ့ နေကြတယ်။
၂။ နေ့လည်ပိုင်းမှာတော့- ဣဿာ စိတ်နဲ့ နေကြတယ်။
၃။ ညနေပိုင်းမှာတော့- ရာဂစိတ်နဲ့ နေကြတယ်။
‘‘နံနက် မစ္ဆေ နေ့လည် ဣဿာ ညနေ ရာဂ’’ ဆိုတဲ့ ငယ်ငယ်က ရထားတဲ့ ဆောင်ပုဒ်တစ်ပိုင်းတစ်စလေး ဖြစ်ပါတယ်။
(အင်္ဂုတ္တိုရနိကာယ်၊ ပထမအနုရုဒ္ဓါသုတ်၊ နှာ ၂၈၅)။
ဤသုတ်တော်က အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်စိတ် အဖြစ်များတယ်၊ ဖြစ်ချိန် ပိုများတယ်ဆိုတာ ပြဆိုခြင်းပဲ ဖြစ်သည်။ နံက် အိပ်ယာထ မိုးလင်းတာနဲ့ ကိုယ့်ပိုင်ဆိုင်မှုအပေါ်မှာ မစ္ဆရိယစိတ် စဖြစ်တယ်လို့ ဆိုတယ်၊ နေ့လည်ပိုင်းရောက်လာတော့ သူတစ်ပါးပိုင်ဆိုင်မှု အောင်မြင်မှု ပြည့်စုံမှုအပေါ်မှာ ဣဿာစိတ်ဖြစ်တတ်တယ်ဟုဆိုသည်၊
စာရေးသူ၏အယူအဆ မဟုတ်ပါ၊ ဘုရားဟောများကိုသာ ထုတ်ဖော်ပြခြင်းပဲ ဖြစ်သည်။ သို့သော်လည်း ကုသိုလ်ကောင်းမှုပြုနေကြသူမျ
နတ်ပြည်ရောက်သူ အရေအတွက်ကြည့်ပြန်တော့ အမျိုးသမီးများက ကောင်းရာဘုံကို အဖြစ်များသလိုဖြစ်သည်အတွက် ကောင်းမှုပြုသူများသည်ဟုလည်း
ဖေ့ဘုတ်မှာတင်ထားတဲ့ ချစ်စရာအမျိုးသမီးငယ်လေးမျာ
ယနေ့ခေတ်အမျိုးသမီးများ
******************
ခန္ဓာကိုယ်ဖွဲ့စည်းပုံသည်သာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာသည်သာ အမျိုးသားများထက် နိမ့်နေသည်ဆိုစေကာမူ စိတ်ဓာတ်ရေးရာ အသိပညာ ပိုင်းဆိုင်ရာမှာကား အဆင့်တူဟု ဆိုနိုင်သည်။ ထို့ကြောင့် သာသနာမှာ အမျိုးသားများကဲ့သို့ ရာထူးများရသည်၊ မဂ် ဖိုလ် နိဗ္ဗာန်ဝင်နိုင်သည်။
ယနေ့ခေတ်မှာ နိုင်ငံ၏ ခေါင်းဆောင်ပိုင်းနေရာများမ
ဤသို့အားဖြင့် အမျိုးသမီးများ ဘုန်းကံနိမ့်သည်ဟု အထင်အမြင်ဖြင့် အမျိုးသမီးများကို အထင်မသေးသင့်။
ဒကာတော် နောင်နောင်ရေ--မောင်ရင်ရဲ့ အမေးကို ဘုန်းဘုန်းတတ်နိုင်သလောက် ဤမျှလောက်ဖြင့်စုစည်းတင်ပြလ
ရွှင်လန်းချမ်းမြေ့ပါစေ
(သီတဂူစတား)
၅-၈-၂၀၁၁
..........................
https://www.facebook.com/
..........................
သိမ်ထဲ အမျိုးသမီးများ မဝင်ရဟု အချို့သော ကျောင်းတော်များ၌ ဆရာတော်များ ပြောဆိုရခြင်းမှာ သိမ်သည် သေးငယ်လွန်း၍ သော်လည်းကောင်း၊ ဆရာတော် သံဃာတော်များ ထိုင်သောနေရာမျှသာရှိ၍ အမျိုးသမီးများမှ မဟုတ် လူဝတ်ကြောင် အမျိုးသားများပင် နင်းလျှောက်သွားလားခြင်းမျာ
the eXistence မှ (အေးစေတီ ဆရာတော်၏ ဆုံးမဩဝါဒများမှ မှတ်မိသလောက်သင်ပြခြင်းဖြစ်
ဒီနေရာမှကူးယူမျှဝေပါသည်။
No comments:
Post a Comment