စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အောင်နိုင်သူ ဟူသည်

 

အလယ်တန်းကျောင်း သင်ခန်းစာက ပုံပြင်တစ်ပုဒ် ဖြစ်ပါတယ်။ သားသုံးယောက်နဲ့ ဘုရင်တစ်ပါးဟာ အမဲလိုက်ထွက်ပါတယ်။ နန်းတော်ပေးအပ်ဖို့ သားတစ်ယောက် ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ယောက်ချင်းကို သစ်ကိုင်းမှာ နားနေတဲ့ ငှက် တစ်ကောင်အား ပစ်ခိုင်းပြီး အရည်အချင်း စစ်ပါတယ်။ ပထမ သားတော်ကို ပစ်ခိုင်းချိန် ဖခင်က ကြားဖြတ်စကားပြောပါတယ်။ “ဘာမြင်သလဲ” လို့မေးတော့ သူမြင်ရာ အားလုံး တစ်ခုချင်းစီး ရေရွတ်ပြပါတယ်။ ဒုတိယသားကို ပစ်ခိုင်းလဲ ဒီတိုင်းပါပဲ။

တတိယသားကို ပစ်ခိုင်းတဲ့အချိန်မှာတော့ စကားဖြတ်ပြောလည်း မရတော့ပါဘူး။ ငှက်ပစ်ဖို့ပြောပြီးသားဖြစ်တဲ့အတွက် သူချိန်ရွယ်ထားတဲ့ မြားနဲ့ လေးကြိုးကိုလည်း မလွတ်တော့ပါဘူး။ ဖခင်ဖြတ်ပြောတဲ့ စကားကို ခေါင်းထည့် မထည့်တော့ပဲ ငှက်ကို တည့်တည့်ထိအောင် ပစ်နိုင်ခဲ့ပါတယ်။

သာဓက-

စာဖတ်သူတို့လည်း ဒီပုံပြင်ထဲက မင်းသားလေးတွေလိုပဲ ဖြစ်ပါပဲ။ ရည်မှန်းချက် ပန်းတိုင် တစ်ခုထားပြီး ကြိုးစားနေချိန်မှာ အနှောက် အယှက်အတားအဆီးဆိုတာ ရှိစမြဲဖြစ်ပါတယ်။ ပတ်ဝန်းကျင် ဘာပြောပြော၊ ဘာဖိအားပဲ ပေးပေး၊ ဘာတွေပဲပြောင်းလဲသွားတိုင်း ကိုယ့် စိတ်ကူး၊ အိပ်မက်များကို လက်လွတ်ဆုံးရှုံး လိုက်မယ်ဆိုရင်တော့ ပန်းတိုင်ဆို တာ ဝေးသထက်ဝေးရမှာ ဖြစ်ပါတယ်။

ဘယ်သူက ဘယ်လို ဖိအားပေးပေး ကိုယ့်လမ်းသာ တည့်တည့် မှန်အောင် လျှောက်နိုင်ရင်၊ ရည်မှန်းချက်သာ ဖြစ်မြောက်အောင် အကောင် အထည်ဖော်နိုင်ရင် အရာအားလုံး ကို အောင်နိုင်မှာ ဖြစ်ပါတယ်။ အခက်အခဲ ဆိုတာ မရှိရင် ဘဝဆိုတာလည်း မရှိပါဘူး။ အရှုံးဆိုတာ မရှိဖူးရင် အောင်မြင်မှုဆိုတာလည်း ရှိမလာပါဘူး။ အရှုံးတွေ၊ ကောလဟာ လတွေ၊ တိုက်ခိုက်မှုတွေ၊ ဖိအားတွေကြားက ရုန်းထွက်ပြီး အောင်မြင်မှု ရအောင် ကြိုးစားရမှာဟာ မိမိရဲ့  တာဝန်သာ ဖြစ်ပါတယ်။
----
အောင်ခမ်း


ဒီနေရာမှကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...