စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆီ၊ အဆီနှင့် အဆိပ်


 
 ဦးအုန်းလှိုင် (တရားလွှတ်တော်ရှေ့နေ)

အစားအစာ အဆိပ်မျိုးစုံသင့်၍ လူအများ ရောဂါရကြသည့် အကြောင်းကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားချက်များအရ ထိုပြဿနာမှာ အမျိုးသားပြဿနာကြီး တစ်ရပ်အဖြစ် ရောက်ရှိလာကြောင်း မြင်တွေ့ရပါသည်။

ကျွန်တော်သည် ငယ်စဉ်မူလ တန်းကျောင်းသား ဘဝမှ ၁၉၆၄ ခုနှစ် ဆယ်တန်းအောင်မြင်ပြီး တက္ကသိုလ် တက်ရောက်ပညာသင်ကြားနေသည့် အချိန်တွင် ကျွန်တော်၏ပတ်ဝန်းကျင် အသိုင်းအဝိုင်း၌ ကင်ဆာဖြစ်နေသူ တစ်ဦးမျှ မမြင်ခဲ့ဖူးပါ။။ ကျွန်တော် ဆိုလိုသည်မှာ ကျွန်တော်နှင့် အတန်းတူ ကျောင်းသားများ၊ ၄င်းတို့၏မိဘများ၊ တစ်လမ်းတည်းနေသူများ၌ ကင်ဆာ ရောဂါသည် မတွေ့ဖူးကြောင်း ဆိုလို ခြင်းဖြစ်ပါသည်။ ဆေးရုံများတွင်တော့ ကင်ဆာရောဂါသည် ရှိမည်ဖြစ်ပါသည်။ လေဖြတ်သူ ဆို၍လည်း လေးငါးယောက် လောက်သာ တွေ့ဖူးပါ သည်။ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်သူ မှာလည်း နည်းပါးလှပါသည်။ အရိုးကျီးပေါင်း ရောဂါမှာလည်း အတော်ဖြစ်ခဲပါသည်။

ကျွန်တော် သတိထားမိသလောက် ၁၉၇၀ ပြည့်လွန်နှစ်များ ရောက်လာတော့မှ အထက်ပါ ကင်ဆာအပါအဝင် နှလုံး၊ လေဖြတ်၊ သွေးတိုး၊ ဆီးချို၊ အရိုးကျီးပေါင်း၊ ကျောက်ကပ်ရောဂါ များ တစ်နှစ်ထက်တစ်နှစ် အဖြစ်များ လာပါသည်။

အထက်ပါ ရောဂါများဖြစ်ရသည့် အဓိကအကြောင်းမှာ ဆီ၊ အဆီနှင့် အဆိပ်များကြောင့် ဖြစ်ရကြောင်း တွေ့ ရှိနိုင်ပါသည်။

အချိုမှုန့် ပေါ်နေသည်မှာ ကြာပြီဖြစ်သော်လည်း တရုတ်လူမျိုး စားသောက်ဆိုင်ကြီးများနှင့် တရုတ် အသိုင်းအဝိုင်း လောက်တွင်သာ အသုံး ပြုကြပါသည်။ မြန်မာနိုင်ငံသားများက မျှင်ငံပြာရည်နှင့် ငါးငံပြာရည်ကိုသာ အဓိကထား သုံးစွဲနေခဲ့ကြပါသည်။ အချိုမှုန့်ကို လူအများစု အသုံးမပြုကြ ပါ။ စစ်အစိုးရတက်လာပြီး ပြည်သူပိုင်သိမ်းသဖြင့် စီးပွားရေးပျက်၍ မှောင်ခို စီးပွားရေးနှင့်အတူ တစ်ဖက်နိုင်ငံမှ တစ်ဆင့် အချိုမှုန့်များ အကြီးအကျယ် မှောင်ခို တင်သွင်းလာခဲ့ပါသည်။ ထိုအခါတွင်မှ မြန်မာနိုင်ငံသားများ အချိုမှုန့်ကို တွင်ကျယ်စွာ အသုံးပြုလာ ကြပါသည်။ နိုင်ငံတော်အစိုးရကပင် ဒိုက်ဦးမြို့နယ်၌ အချိုမှုန့်စက်ရုံတည် ဆောက်လျက် ဆွမ်းအုပ်တံဆိပ် အချိုမှုန့် များ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးခဲ့ပါ သည်။ အချိုမှုန့်မပါသောဟင်း မရှိသလောက်ဖြစ်လာပါသည်။ အချိုမှုန့် ကို တွင်တွင်ကျယ်ကျယ် စားသုံးလာသည့် အခါမှစ၍ ကင်ဆာ၊ နှလုံး၊ သွေးတိုး၊ လေဖြတ်၊ ဆီးချို၊ အရိုးကျီးပေါင်း၊ ကျောက်ကပ်ရောဂါ အပါအဝင် အခြား ရောဂါများ တစ်နေ့တခြား အဖြစ်များလာခဲ့ ပါသည်။ သို့သော် သိပ်မဆိုးရွားလှသေးပါ။

၁၉၈၈ ခုနှစ် အရေးအခင်းကြီး ဖြစ်ပြီးနောက် စစ်အစိုးရက နိုင်ငံခြားမှ စားအုန်းဆီများ အကြီးအကျယ် တင်သွင်းလာပါသည်။ လူအများ စားအုန်းဆီ ကို စားလာကြပါသည်။ စားအုန်းဆီ မှာ ပဲဆီ၊ နှမ်းဆီလောက် မကောင်းသည့် အပြင် ပညာရှင်များ၏ ပြောဆို ရေးသားချက်များအရ ရောဂါမျိုးစုံ ဖြစ်နိုင်မှန်း လူအများ သိရှိကြသော် လည်း ငွေကြေးအခြေအနေအရ စားအုန်းဆီကိုသာ လူအများအဓိကထား စားသုံးလာကြပါသည်။ ဤအခါ တွင် ကင်ဆာ၊ သွေးတိုး၊ လေဖြတ်၊ နှလုံး၊ အရိုးကျီးပေါင်းနှင့် အခြားရောဂါ များ ယခင်ကထက် အဖြစ်များလာပါ သည်။

ယခုအချိန်တွင် အစားအစာများ ၌ ဓာတုဗေဒဆိုးဆေးများ၊ အသီးအနှံ ကြီးထွားစေသောဆေးများ အများအပြား သုံးစွဲလာပါသည်။ စိုက်ပျိုးရာတွင် လည်း ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး များ၊ စည်းကမ်းမရှိ သုံးစွဲလာကြပါ သည်။ လူအများ နေ့စဉ်စားသုံးနေသော အသီးအနှံများတွင် အဆိပ်အမျိုးမျိုး ပါဝင်နေသဖြင့် နေ့စဉ်လိုလို အဆိပ်များကို လူအများစားသုံးနေရပါသည်။
သားငါးဘက်တွင်လည်း အဆိပ် နှင့် မကင်းပါ။ ယခင်က ရန်ကုန်မြို့မှ နယ်မြို့များသို့ သားငါးပုစွန် စသည်တို့ တင်ပို့ရာတွင် ရေခဲများနှင့်အတူ ရေခဲ ရိုက်၍ ပို့ကြပါသည်။ ယခုအချို့က ပိုမိုအမြတ်ရရန် ရေခဲလျှော့ပြီး လူသေကောင် မပုပ်စေရန်သုံးသည့် ဖော်မလင် ခေါ် ဆေးများ ထည့်သွင်း အသုံးပြုနေကြပါသည်။ အသားများ၊ ငါးများနှင့် ပုစွန် များကို ဆေးဆိုးကြသည်မှာ လူအများ အသိပင်ဖြစ်ပါသည်။ ငါးပိ အမြန်နူးနပ်စေရန် ငါးပိရည်ကို ဓာတ်မြေသြဇာ ထည့်ကြပါသည်။
ဝက်သား၊ ဘဲသား၊ အမဲသား၊ ကြက်သား စသည့် တိရစ္ဆာန်အဆီများ ကြောင့် ရောဂါအမျိုးမျိုး ဖြစ်ကြရသည်ကို ယခင်ကပင် သိရှိကြပြီးဖြစ်ပါသည်။

ယခုမကြာသေးမီ တစ်နှစ်လောက် မှ စ၍ ဈေးများတွင် အလွန်ကြီးသော ငါးကြင်း၊ ငါးမြစ်ချင်းများ တွေ့ရှိ လာရပါသည်။ သင်္ကာမကင်း ဖြစ်မိသော်လည်း အကြောင်းရင်းကို မသိခဲ့ပါ။ ကျွန်တော်၏ အိမ်ရှေ့အိမ်၌ သန်လျင်ဘက်မှ ဆေးတက္ကသိုလ်(၂) လာတက်နေသော ဆေးကျောင်းသူပြောမှ အဖြစ်မှန်ကို သိရပါတော့သည်။ ဆေးကျောင်းသူက ၄င်း၏မိဘများမှာ ငါးကန်များ နှင့် ငါးမွေးသည့် လုပ်ငန်းလုပ်ကြောင်း၊ အချို့ငါးမွေးသူ များသည် ငါးကန်များ မှ ၄င်းတို့သတ်မှတ်ထားသော အဆင့်မီ ငါးများကို ကြီးထွားဆေးများ ထည့်ဖျော်ထားသည့် အလျား၊ အနံ ၃၀ ပေခန့်ရှိ အုတ်ကန်ထဲ၌ ထည့်၍ ၄င်းတို့စိတ်ကြိုက် ကြီးနိုင်သမျှ ကြီးသည်အထိ ထပ်မံမွေးမြူပြီး ဈေးကွက်တင် ရောင်းချကြကြောင်း ပြောပြပါသည်။ ဆေးကျောင်းသူမှာ ပညာဗဟုသုတ ရှိသူလည်း ဖြစ်သောကြောင့် အလွန်ကြီးမား သော ငါးများကို မစားကြရန် ပြောပါသည်။ ထို့ကြောင့် ငါးကြီးသားကို အမြဲ စားနေသူများမှာ ငါး၏ဇာစ်မြစ်ကို စုံစမ်းပြီးမှသာ စိတ်ချလက်ချ စားသင့်ပါသည်။ သို့မဟုတ်ပါက အဆိပ်များကို စားနေရသလို ဖြစ်နေပါလိမ့်မည်။

ရန်ကုန်မြို့၏ လေထုကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလျက် ရှိပါသည်။ သစ်ပင်ကြီးငယ်များ အကြောင်းအမျိုးမျိုးကြောင့် နည်းပါးလျက် ရှိနေရာတွင် မော်တော်ကားများ အဆမတန် များပြားလာပြီး ၄င်းတို့မှ ထွက်ရှိလာသော အဆိပ်ဓာတ်ငွေ့များ ကြောင့် လေထုမှာ မသန့်ရှင်းတော့ ကြောင်း အားလုံးအသိပင် ဖြစ်ပါသည်။

အထက်ပါ အကြောင်းအရာများ အရ ကျွန်တော်တို့သည် အကြောင်း အမျိုးမျိုးကြောင့် ဆီ၊ အဆီနှင့် အဆိပ်များကို နေ့စဉ် စားသောက်နေကြရပါ သည်။ ထို့ကြောင့်ပင် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ကင်ဆာရောဂါဖြစ်သူ အများဆုံး၌ ဒုတိယအဆင့် ရောက်နေရခြင်း ဖြစ်ပါလိမ့်မည်။ အခြားရောဂါ ဖြစ်သူ များမှာလည်း အလွန်များပြား လျက်ရှိပါသည်။

ကျွန်တော်ငယ်စဉ်က မတွေ့ကြုံ ဖူးသော ကင်ဆာရောဂါမှာ အနှံ့အပြား ဖြစ်နေပါပြီ။ ရပ်ကွက်တိုင်းသာမက လမ်းတိုင်းတွင် ကင်ဆာရောဂါ ဖြစ်နေသူ၊ သေဆုံးခဲ့သူများ တွေ့ကြုံ နေရသည်။ ကင်ဆာရောဂါနည်းတူ နှလုံး၊ သွေးတိုး၊ လေဖြတ်၊ အသည်း အဆီဖုံး၊ ဆီးချို၊ သွေးချို၊ အရိုး ကျီးပေါင်း၊ ရောဂါဖြစ်သူများမှာလည်း လမ်းတိုင်း၌ တွေ့ရှိနိုင်ပါသည်။

အဆိုပါရောဂါများ နည်းပါးအောင် နိုင်ငံတော်အစိုးရနှင့် တကွ လူမှုရေး အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် နိုင်ငံသူ နိုင်ငံသားအားလုံးတွင် တာဝန် ရှိပါသည်။ ထို့ကြောင့် တတ်နိုင်သော နည်းလမ်းများဖြင့် ကာကွယ်ကြရပါမည်။

ကျွန်တော် အထက်တန်း ကျောင်းသားဘဝတွင် ကျွန်တော်၏ဖခင်က ရောဂါများအဖြစ်များ လာရခြင်း နှင့်ပတ်သက်၍ ပြောကြားခဲ့သည်ကို အမှတ်ရမိပါသည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ အချိန်က ဆန်စပါးစိုက်ပျိုး ရာတွင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ကို လူအများ အသုံးမပြုကြကြောင်း၊ ထိုစဉ်က ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေး ကို အချို့လယ်သမားများ အသုံးပြု နေကြပြီ ဖြစ်သော်လည်း မတွင်ကျယ်သေးကြောင်း၊ သဘာဝမြေသြဇာနှင့် စိုက်ပျိုး သော ဆန်နှင့် အသီးအရွက်များကိုသာ စားသုံးရပြီး ဆီစားသုံးရာတွင်လည်း နှမ်းဆီကိုသာ အသုံးပြုကြကြောင်း၊ ထို့ကြောင့် ထိုစဉ်က လူအများရောဂါ အဖြစ်နည်းကြောင်း၊ လူအသေ အပျောက်လည်း အလွန်နည်းကြောင်း ရွာတစ်ရွာတွင် ၂ နှစ် သုံးနှစ်လောက် ကြာမှ လူတစ်ယောက် လောက်သာ သေဆုံးကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပြီးနောက် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးကို စိုက်ပျိုးရေးတွင် အများအပြား အသုံးပြုလာပြီး လူအများက ပဲဆီကို ပိုမို စားသုံးလာသဖြင့် ရောဂါဘယ များထူပြောလာကြောင်း ပြောပြခဲ့ပါသည်။

မကြာမီက ဂျာနယ်တစ်စောင်တွင် ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါသည်။ ဂျာနယ်နှင့် ရေးသူကို မမှတ်မိတော့ပါ။ ၄င်း၏မိသားစုတွင် သွေးတိုးနှင့် အရိုး ကျီးပေါင်းရောဂါ ဖြစ်ပွားနေသူများ ရှိရာ မည်သို့မျှ ကုသ၍ မပျောက်နိုင်ဘဲ ရှိနေရာမှ အညာရှိ ဆွေမျိုးများထံ နှမ်းဆီ စစ်စစ်မှာ၍ လအတန်ကြာ စားသုံးခဲ့ရာတွင်မှ သွေးတိုးနှင့် ကျီးပေါင်းရောဂါ ပျောက်ဆုံးခဲ့ရကြောင်း၊ အခြားသူများ လည်း လက်တွေ့ နှမ်းဆီစားသုံးကြည့် ကြပါရန် ရေးသားထားပါသည်။

ကင်ဆာ၊ သွေးတိုး၊ နှလုံး၊ လေဖြတ်၊ ဆီးချို၊ သွေးချို၊ ကျောက်ကပ် ရောဂါများအပါအဝင် အခြားရောဂါများ မဖြစ်ရအောင် အဖြစ်နည်းပါး သက်သာအောင် အောက်ပါအတိုင်း စားသောက် နေထိုင်သင့်ပါသည်။

အသီးအရွက်များကို သေချာစွာ ဆေးကြောပြီးမှစားပါ။ ငါးပိရည်ကို သတိပြု စားသုံးကြပါ။ အချိုမှုန့် လုံးဝ မစားပါနှင့်။

စားအုန်းဆီ မစားသုံးဘဲ နှမ်းဆီကိုသာ စားသုံးကြပါရန်၊ နှမ်းဆီစားရန် ဈေးကြီးသည်ဆိုလျှင် စားအုန်းဆီ ၁၀ သား စားမည့်နေရာတွင် နှမ်းဆီ၊ နေကြာဆီ ငါးကျပ်သား စားသုံးကြပါ။
ဆီ၊ အဆီနှင့် အဆိပ်ကို အတော် အသင့်ကာကွယ်နိုင်သော ကန်စွန်းရွက် များများစားကြပါ။ ဤနေရာတွင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အစဉ်အသုံးပြုနေသည့် ဈေးကွက်များ၌ တွင်တွင်ကျယ်ကျယ် ရောင်းချနေသော တရုတ် ကန်စွန်းရွက်များကို မဆိုလိုပါ။ တောရွာများနှင့် ဆင်ခြေဖုံးရပ်ကွက် များတွင် ပေါများစွာ ပေါက်ရောက်နေ သော မြန်မာကန်စွန်းရိုးနီ နှင့် အရိုးစိမ်း ကန်စွန်းရွက် များကို စားသုံးကြရန် ဖြစ်ပါသည်။

အရှင်နာဂသိန်ရေးသားသော “လက်စွဲဆေးအဘိဓာန် (ပထမတွဲ) စာမျက်နှာ ၁၁၂” တွင် “ကန်စွန်းပင်သည် ချို၏။ သတ္တိအေး၏။ အဆိပ်ကို ပြေစေ၏။ နို့ရည်နှင့် သုက်ဓာတ်ကို တိုးပွားစေ၏။ လေသလိပ်ကိုဖြစ်စေ၏။ ကင်းဆိပ်၊ တက်နာ၊ မီးလောင်နာ၊ ရေငတ်၊ ကျောက်တည်ဆီးရောဂါတို့ကို ပျောက်ကင်းစေ၏။ သွေးဝမ်း၊ မီးယပ်ဖြူ၊ နီ၊ ပန်းသေ၊ ပန်းညှိုးရောဂါ တို့၌ အကျိုးပြု၏” ဟု ရေးထားပါသည်။ စာမျက်နှာ ၁၁၄ တွင် “ကန်စွန်းရွက် သတ္တုရည်ကို လက်ဖက်ရည် တစ်ပန်းကန် ခန့် တိုက်ကျွေးသော် ဘိန်းဆိပ်နှင့် စိန်အဆိပ်သင့်ခြင်း များကို ပျောက်ကင်းစေ၏။ တစ်နည်း - ကန်စွန်းရွက်ကို ထန်းလျက်နှင့် ကျိုသောက်လျှင်လည်း အဆိပ်ပြေ၏။ တက်စာဖြစ်သော မျှစ်၊ မှို၊ ငါးသလောက်၊ အဆီစာများဖြစ်သော ဘဲ၊ ဝက်၊ ငါးတန်၊ ငါးမြင်းသားများ ချက်လျှင် ကန်စွန်းရွက်အနည်းငယ် ထည့်ချက်စားပါက အဆိပ်အတောက် တက်သည့်ဘေး၊ အဆီပိတ်သည့် ဘေးမှ ကာကွယ်၏" ဟု ရေးသားထားပါသည်။

ဦးသာတင့်ရေး “ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်း” စာမျက်နှာ ၁၄၅ တွင် “ရေကန်စွန်းပင်သည် နို့ရည်ကို ဖြစ်စေ၏။ သုက်ကိုဖြစ်စေ၏။ ရေ၌ ရှိသော ပိုးကိုပယ်တတ်၏။ နူနာရောဂါ အကျိုးပြု၏။ ၄င်းအပြင် အန်ဆေး၊ ပိုး၊ ဝမ်းဗိုက်ရောင်၊ အဖျား၊ ဝါသင့်နာ၊ ချောင်းဆိုး၊ အသည်းနှင့်စပ်သော ရောဂါတို့နှင့်လည်း အကျိုးပြု၏" ဟု ရေးသားထားပါသည်။

Health Digest အတွဲ (၇) အမှတ် (၂၂)၊ မတ်လ ၁၀ ရက်နေ့၊ ၂၀၁၀ စာမျက်နှာ - ၃ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဒေါက်တာရည်ညွန့်မေ ရေးဆောင်းပါးတွင် ကန်စွန်းဥ၏ ဆေးဖက်ဝင်ပုံကို အကျယ်တဝင့်ရေး သားထားပါသည်။ အဓိကအားဖြင့်
“မျက်စိအား ကောင်းစေသည်။ ကင်ဆာကို တိုက်ထုတ်သည်။ နှလုံးကို ကာကွယ်သည်။ အရိုးကို သန်မာစေသည်။ စိတ်ဓာတ်ကို ခိုင်မာစေသည်။ ကိုယ်ခံအားစနစ်ကို ကောင်းစေသည်” ဟုရေး သား ထားပါသည်။

ကျွန်တော်တစ်နေ့လျှင် ကန်စွန်းရွက် တစ်စည်း ၁၀၀ ကျပ်ဖိုး နေ့စဉ် သုံးခွက် တစ်ခွက်တင် ကျိုသောက်ပါသည်။
သုံးနှစ်ခန့်ရှိပြီဖြစ်ပါသည်။ ကျွန်တော် မဝပါ။ အဆီပိုမရှိပါ။ ပိန်လည်း မပိန်ပါ။ အဆီမရှိသဖြင့် သွေးတိုး ရောဂါမဖြစ်ပါ။ ကန်စွန်းရွက် တစ်မျိုးတည်းနှင့် ကင်ဆာရောဂါ ပျောက်ကင်းသည်ဟု အတိအကျ မပြောနိုင်သော်လည်း ဆေးရုံတွင် ဆေးကုသခံနေသည့် ကင်ဆာရောဂါသည် သုံးဦးမှာ
ကန်စွန်းရွက်ပြုတ်ရည်ကိုပါ သောက်ခိုင်းရာ ကင်ဆာရောဂါ လျင်မြန်စွာ သက်သာပျောက်ကင်း ခဲ့ပါသည်။

အဆီနှင့်အဆိပ်အပြင် အခြား ရောဂါမျိုးစုံ ပျောက်ကင်းစေနိုင်သော ကန်စွန်းရွက်ကို နေ့စဉ်စားသုံးသင့် ပါသည်။

နိုင်ငံတော် အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများက ဦးဆောင်ပြီး နိုင်ငံသူ၊ နိုင်ငံသားအများ ပါဝင်လျက် ပြည်သူပြည်သားများ ဆီ၊ အဆီ နှင့် အဆိပ်အန္တရာယ်တို့မှ ကင်းဝေးရန် ဝိုင်းဝန်းဆောင်ရွက် သင့်ပါသည်။

The Voice Weekly


 http://www.facebook.com/photo.php?fbid=151409545028840&set=a.131750700328058.2

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...