ဆရာတော် ရဝေနွယ်(အင်းမ) ရေးသားသော သံသရာခရီးဖော် စာအုပ်မှ ‘ကံ’ အကြောင်းကို ကမ္ဘာသစ်ဓမ္မမိတ်ဆွေတွေအတွက် ရေးသားဖော်ပြပေးလိုက်ပါတယ်။
တစ်ခါတစ်လေတော့လဲ ကံတရားကနားလည်ရအခက်သား၊ ကောင်းကံတွေ ပြုနေပေမယ့် အဆင်မပြမှု တွေနဲ့ချည်းပဲတွေ့နေရ တတ်ပါတယ်၊ မကောင်းကံတွေနဲ့ ယှဉ်နေပေမယ့်လဲ ဘာပဲလုပ်လုပ် အဆင်ပြေနေတတ်ပါတယ်၊ ဒီအဖြစ်မျိုးတွေက ၀န်းကျင်တိုင်း မှာ တွေ့နေရတာဖြစ်လေတော့ အမြင်အားဖြင့်သိပ်ပြီးဆန်းလှတယ်လို့တော့ မဆိုနိုင်ပါဘူး၊ ဒါပေမယ့် ဆန်းတာက ကံရဲ့သဘော တရားပါ။
ဥပမာပဲ ထားပါတော့ ၊ ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ လူတစ်ယောက်၊ မကောင်းကံမှန်သမျှ အကုန်လုပ်နေတယ်၊ ဒါကို သူ့ဝန်းကျင်ကလည်းသိနေကြတယ်၊
ဒါမျိုးတွေမြင်ရတော့ ကိုယ်ပြုနေကျကောင်းကံလေးအပေ
ဟိုး… စောစောပိုင်း ကာလတွေကတော့ မိမိလဲ ဒီအတိုင်းပါပဲ၊ နောက်ပိုင်းစာတွေဖတ်ရင်း သမ္ပတ္တိလေးပါးနဲ့ ၀ိပတ္တိလေးပါး အကြောင်းဖတ်မိတော့မှာပဲ ထိုက်သင့်သလောက် နားလည်ခဲ့ရပါတယ်၊ နားလည်သလောက် ပြန်ရေးပြပရစေဦး။
ကံဆိုတာ ကုသိုလ်ကံနဲ့ အကုသိုလ်ကံဆိုတာရှိပါတယ်၊ ကောင်းကံနဲ့ မကောင်းကံပေါ့၊ အဲဒီ ကံနှစ်ခုဟာ ပြုတိုင်းတော့ ပုံသေ အကျိုးမပေးပါဘူး။ သမ္ပတ္တိလေးပါးနဲ့ ကြုံနေရင် မိမိပြုထားတဲ့ အကုသိုလ်ကံဟာ အကျိုးမပေးနိုင်သလို ၀ိပတ္တိလေးပါးနဲ့ ကြုံနေရင်လဲ မိမိပြုထားတဲ့ ကုသိုလ်ကံက အကျိုးမပေး နိုင်သေးပါဘူး။
သမ္ပတ္တိရဲ့ အနက်က ပြည့်စုံခြင်း၊ ၀ိပတ္တိရဲ့ အနက်က ချွတ်ယွင်းခြင်းပါ။
သမ္ပတ္တိ-လေးပါးဆိုတာက -
၁။ ဂတိသမ္ပတ္တိ
၂။ ဥပဓိသမ္ပတ္တိ
၃။ကာလသမ္ပတ္တိ
၎။ ပယောဂသမ္ပတ္တိ
အဲဒီအထဲမှာ ဂတိသမ္ပတ္တိဆိုတာ လူ့ပြည့် ၊ နတ်ပြည်၊ ဗြဟ္မာပြည်ကိုပြောတာပါ၊ ဘ၀ကောင်းကိုရရှိခြင်းပေါ့၊ ဂတိသမ္ပတ္တိမှာဖြစ်နေရင် အကုသိုလ်ကံက အကျိုးပေးခွင့်မသာတော့ဘူး၊ ကုသိုလ်ကံရဲ့အလှည့်ရောက် နေပါတယ်
ဥပဓိသမ္ပတ္တိဆိုတာက ရုပ်အဆင်းလှပခြင်းကိုပြောတာ
နေပူကြဲကြဲမှာ ချွေးသံတရွှဲရွှဲနဲ့ ဒဏ်ထမ်းနေတဲ့ အဲဒီရုပ်လှလှကောင်မလေးကိုမြ
ခစားဖို့ထားလိုက်တယ်၊ သူ့ရဲ့မိသားစုကိုလဲ ဒဏ်ထမ်းနေရာကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတ
ကာလသမ္ပတ္တိဆိုတာက မြတ်စွာဘုရားပွင့်ရာ၊ အခါ၊ စကြာဝတေးမင်းပေါ်ရာအခါ၊ မင်းကောင်း မင်းမြတ်တွေပေါ်ရာအခါ ကိုပြောတာပါ၊ မြတ်စွာဘုရား ပွင့်နေရင် နိဗ္ဗာန်ရောက်ကြောင်းတရားတွေ
ပယောဂသမ္ပတ္တိဆိုတာက - သတိ၊ ၀ီရိယ၊ ဥာဏ်တွေနဲ့ ပြည့်စုံနေတာကို ပြောတာပါ၊ လောကမှာ နေသမျှ ကာလပတ်လုံး အမြဲတမ်း သတိရှိနေမယ်၊ သွက်သွက်လက်လက် နိုးနိုးကြားကြားနဲ့ လုံ့လ၀ီရိယရှိနေမယ်၊ အရာရာကို နားလည်သဘောပေါက်ပြီး ထက်မြတ်တဲ့ ဥာဏ်ပညာရှိနေမယ်၊ သတိဝီရိယဥာဏ်တွေယှဉ်ပြီး အားကြီးတဲ့ ကုသိုလ်တွေပြုနေမယ်၊ အဲဒီလိုဆိုပြန်ရင်လဲ အကုသိုလ်ကံက အကျိုးပေးခွင့် မသာပြန်ဘူး၊ လောကမှာ ကြီးပွားချမ်းသာနေတဲ့သူတွေက
ဆိုလိုတာက ဒီပစ္စုပ္ပန်ဘ၀မှာ ပယောဂသမ္ပတ္တိနဲ့ ကုသိုလ်ကံအကျိုးတွေကို ခံစားနိုင်ခွင့် ရှိသလို အကုသိုလ်ကံတွေကိုလဲ တားဆီးထားနိုင်တယ်၊ ဥပမာ- အဇာတသတ်မင်းကိုကြည့်၊ အဖကိုသတ်ထားတဲ့ ပါဏာတိပါတကံကြီးက အ၀ီစိငရဲကို ကျိန်းသေမုချကျရမယ်၊ ဒါပေမယ့် သတိတွေဥာဏ်တွေဝင်လာပြီး မြတ်စွာဘုရားကိုသွားပြီး ဆည်းကပ်လိုက်တော့ ဘုရားရှင်ကို ဆည်းကပ်လိုက်တဲ့ ပယောဂသမ္ပတ္တိကြောင့် အ၀ီစိငရဲမကျတော့ဘဲ အ၀ီစိငရဲထက်ငယ်တဲ့ လောဟကု မ္ဘီငရဲမှာပဲ ကျရတော့တယ်၊ နောက်အကျိုးတစ်ခုက အဲဒီငရဲက လွတ်လာရင် ‘၀ိဇိတာဝီ’ဆိုတဲ့ ပစ္စေကဗုဒ္ဓါဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်ရမယ်တဲ့၊ ဒါ ပယောဂသမ္ပတ္တိရဲ့ အစွမ်းသတ္တိတွေပါပဲ၊
နောက် ၀ိပတ္တိလေးပါးထဲမှာ ဂတိသမ္ပတ္တိဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါတယ်လေးဘုံ ကိုပြောတာ၊ မကောင်းတဲ့ဘ၀ကိုရရှိတယ်ပေါ့
ဥပဓိဝိပတ္တိဆိုတာက ရုပ်အဆင်းမလှတာပါ၊ ဒီပရာဆိုတဲ့ ၀တ္တုမှာ မင်းကြီးက ဒီပရာဇာဆိုတဲ့ မင်းစားကို ဖွားမြင်တော့ မင်းကြီးက သားကိုချစ်တာရော၊ မိဖုရားကိုချစ်တာရော ပေါင်းပြီး မိဖုရားကို လိုရာဆုကို တောင်းပါလို့ ပြောတယ် မိဖုရားကလဲ ကောင်းပြီ၊ အခုမယူသေးပါ၊ နောငမ်မှယူမယ်လို့ ပြန်လျှောက်တယ်၊ အဲဒီ ဒီပရာဇာမင်းသာက ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်မှာ ကြက်တိုက်တမ်းကစားသတဲ့၊ မင်းသားဖြစ်ပြီး မကစားသင့်တဲ့ အရာကို ကစားတော့ ကြက်က နောက်ပြန်ဆုတ်ရင်း မင်းသားရဲ့ မျက်စိကို ခွပ်လိုက်တာ မျက်စိပျက်ရော၊ ဒီလိုနဲ့ မင်းသားတစ်ဆယ့်ခြောက်နှစ်သာ
ယခုထိုဆုကို တောင်းလိုပါတယ်’ပေါ့ မင်းကြီးကလဲ ‘မိဖုရားမြတ်ဆုယူလော့’ဆိုတေ
ကာလ၀ိပတ္တိဆိုတာက - မြတ်စွာဘုရားရှင်နဲ့ ဝေးနေတဲ့ကာလ၊ ဆုန်ကပ်ကာလ၊ မကောင်းတဲ့ မင်းတွေအုပ်စိုးတဲ့ကာလကို ခေါ်တာပါ၊ အဲဒီကာလာတွေမျာ ဒါန၊ သီလ၊ ဘ၀နာ၊ သမာဓိ၊ ပညာဆိုတဲ့ ကုသိုလ်တရားတွေကို ပြုခွင့်မရ၊ စားဝတ်နေရေးတွေ ကျပ်တည်း၊ ပြည်တွင်းစစ်တွေဖြစ်၊ ဥပမာ- အာဖဂန်နစ္စတန်တို့ ပါလက်စတိုင်းတို့လို နိုင်ငံမျိုးပေါ့၊ အမြဲတမ်း စစ်တွေဖြစ်နေတော့ ပညာသင်ကြား ခွင့်မရ၊ စီးပွားရေးလုပ်ခွင့်မရ၊ တစ်သက်လုံး ဒုက္ခသည်စခန်းမှာပဲ ရွက်ဖျင်တဲတွေထိုးပြီး နေကြရတာ၊ အဲဒီကာလဆိုးတွေနဲ့ ကြုံနေရင်လဲ ကုသိုလ်ကံက အကျိုးပေးခွင့် မရပြန်ဘူး။
ပယောဂ၀ိပတ္တိဆိုတာက သတိမရှိ၊ ၀ီရိယမရှိ၊ ဥာဏ်မရှိတာကို ပြောတာပါ၊ သတိ၊ ၀ီရိယ၊ ဥာဏ်ကင်းတဲ့သူဟာ ပညာပဲသင်သင်၊ စီးပွားရေးပဲ လုပ်လုပ်၊ အောင်မြင်မှု လမ်းကြောင်းနဲ့ ဝေးတတ်ပါတယ်၊ ဒါပြောသာပြောရတယ်၊ သတိ၊ ၀ီရိယ၊ ဥာဏ်ကင်းပြီဆိုရင် ပညာလဲ ကောင်းကောင်းသင်မှာမဟုတ်တော
အထက်ကပြောခဲ့တဲ့ စကားတွေကို ပြန်အနှစ်ချုပ်လိုက်ရင် သမ္ပတ္တိလေးပါးနဲ့ ပြည့်စုံနေမယ်ဆိုရင် အကုသိုလ်ပြုခဲ့ရင်တာင် အကုသုလ်အကျိုးပေးခွင့် မသာဘဲ ကုသိုလ်ကံကချဉ်း အကျိုးပေးနေပါလိမ့်မယ်၊ ၀ိပတ္တိလေးပါးနဲ့ ကြုံနေမယ်ဆိုရင်လဲ ကုသိုလ်ကံအကျိုးပေးခွင့်မသာ
ဒီနေရာမှ အဓိက ပြောချင်တာကတော့ ပယောဂသမ္ပတ္တိပါ၊ လူတစ်ယောက်အတွက် ဂတိသမ္ပတ္တိ၊ ဥပဓိသမ္ပတ္တိ၊ ကာလသမ္ပတ္တိဆိုတဲ့ တရးသုံးပါက ပြုပြင်ယူလို့ ခက်ခဲပေမယ့် ပယောဂသမ္ပတ္တိကတော့ ပြုပြင်ယူလို့ ရပါတယ် ဒါကို ကိုယ်က သိထားဖို့ပါပဲ၊ အတိတ်ပယောဂသမ္ပတ္တိကတော့ ပြုပြင်ယူလို့မရတော့ ထားလိုက်ပါတော့၊ ပြုပြင်ယူလို့ရတဲ့ ပစ္စုပ္ပန်ပယောဂ သမ္ပတ္တိကို ပြုပြင်သွားဖို့ ပါပဲ၊ ဥပမာ ကိုယ်က ရုပ်မလှခဲ့ရင် ‘‘’အာ်…ငါဟာ အတိတ်ဘ၀က စိတ်ထားညံ့ခဲ့လို့ ဒီဘ၀မှာ ရုပ်မလှတာ၊ ဒီဘ၀မှာ စိတ်ထားလှအောင်နေမယ်၊ ရုပ်လှရာ လှကြောင်း ကုသုလ်တွေကို ပြုမယ်’’ ဆိုပြီး သတိယှဉ်တာ၊ စိတ်ချမ်းသာအောင်နေတာ၊ ဥတုနဲ့ သင့်လျော်တဲ့ အစာအဟာရကို စားတာ၊ အချိန်မှန်အိပ်ပြီး၊ အချိန်မှန်စားတာ၊ ပညာကို ၀ီရိယရှိရှိ ကြိုးကြိုးစားစားနဲ့ သင်ယူတာ အခွင့်သင့်တိုင်း စွမ်းနိုင်တဲ့ ကုသိုလ်တွေကို စေတနာပါပါနဲ့ ပြုတာ နိုးနိုးကြားကြားနဲ့ သတိရှိရှိနေတာ စသည်ဖြင့်ပေါ့၊ ဒါတွေဟာ ပစ္စုပ္ပန်ပယောဂသမ္ပတ္တိကို ကောင်းအောင် ပြုပြင်ယူတာပါပဲ။
ကျန်တာတွေတော့ ထားလိုက်ပါတော့လေ၊ ပြုပြင်ခွင့်ရှိတဲ့ ပစ္စုပ္ပန်ပယောဂသမ္ပတ္တိကိုတော့
ကံအကြောင်းကို နားလည်သဘောပေါက်အောင် ရေးသားဖော်ပြပေးသော ဆရာတော်ကို အထူးကျေးဇူးဆပ်သောအားဖြင့် ကမ္ဘာသစ်မှသူငယ်ချင်းများအား
အသိပညာဗဟုတုတများတိုးပွားကြ
ဇာဇာ
(by ကမ္ဘာသစ်)
မြတ်ဗုဒ္ဓအလင်း
http://www.facebook.com/photo.php?fbid=393040387460465&set=pb.35101865832930
No comments:
Post a Comment