စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ယဉ်ကျေးသိမ်မွေ့  မြန်မာ့ ဓလေ့များ



Saturday,March 30, 2013

ယဉ်ကျေးမှု ဟူသော ဝေါဟာရကို မေးမြန်း ကြည့်ပါက အနု ပညာဟု
ဖေဆိုကြမည့် သူများ ရှိသလို ဓလေ့ ထုံးစံဟု အနက် ဖော်ကြမည့် သူများလည်း ရှိမည်ဖြစ်သည်။

ဤအဖြေ များသည် မှားသည်ဟု မဆိုနိုင် သော်လည်း ပြည့်စုံမှုကား မရှိပေ။ ယဉ်ကျေးမှုဟု ဆိုရာတွင် အနုပညာ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးစံ ယဉ်ကျေးမှု ဟူ၍ နှစ်မျိုးလေ့လာ သိရှိရပေသည်။

အနုပညာ ယဉ်ကျေးမှုတွင် စာပေ၊ ဂီတ၊ သဘင်၊ ဗိသုကာ အတတ်၊ ပန်းဆယ်မျိုး စသည်တို့ ဖြစ်ကြသည်။ ရိုးရာဓလေ့ ထုံးစံ ယဉ်ကျေးမှု ဆိုသည်မှာ လူမျိုး တစ်မျိုး၏ ရေမြေ သဘာဝ ပတ်ဝန်းကျင်၊ ဆက်ဆံ
ရသည့် အခြေအနေ များပေါ်တွင် တည်မှီ၍ တွေးခေါ်ကြံဆ လက်ခံ ကျင့်သုံးလာသည့် အတွေးအခေါ်၊ ဝတ်စား ဆင်ယင်မှု၊ နေထိုင် စား
သောက်မှုများ ဖြစ်သည်။

''အမျိုးသား ယဉ်ကျေးမှု ဟူသည်ကား အနုပညာ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးစံ ယဉ်ကျေးမှု တို့ကို ပေါင်းစပ် ကျင့်သုံးသည့် မြန်မာ တစ်မျိုးသား လုံး၏ အမျိုးသား ယဉ်ကျေးမှု ပင်ဖြစ်သည်။''

သို့အတွက် အမျိုးသား ယဉ်ကျေးမှုသည် မြန်မာတို့ မျိုးရိုး ဂုဏ်သိက္ခာ မပျောက်ပျက် စေရေး အတွက် ထိန်းသိမ်း စောင့်ရှောက်ရမည့် အခြေခံ အုတ်မြစ်ပင် ဖြစ်ပေသည်။

မြန်မာတို့သည် ရှေးနှစ်ပေါင်း များစွာကပင် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်စာပေနှင့် သီးခြား ရပ်တည် နေထိုင်ခဲ့သော လူမျိုးဖြစ်သည်။

အရှေ့တောင် အာရှတွင် ယာဉ်ကျေးမှု အဆင့်အတန်း မြင့်မားသော လူမျိုးတစ်မျိုး ဖြစ်သည်။

မြန်မာ လူမျိုးတို့၏ မူလဗီဇ စရိုက် လက္ခဏာ များမှာ သတ္တိရှိသည်၊ ဇွဲနပဲ ကြီးသည်၊ စိတ်ရှည် သီးခံ၍ ခွင့်လွှတ်တတ်သည်။ ထို့အပြင် မြန်မာ့လူမှု အသိုင်း အဝိုင်းသည် အသက်ထက် အရှက်ကို တန်ဖိုးထားသည့် အပြင် အရှက်ထက် ဂုဏ်သိက္ခာကို ပို၍တန်ဖိုး ထားကြသည်။

လူ့ဘောင်လောက နေထိုင်ကြသည့် လူသားအားလုံး ယဉ်ကျေး သိမ်မွေ့
လာအောင်၊ လူသား အချင်းချင်း၊ တစ်ဦးပေါ် တစ်ဦး ကိုယ်ချင်းစာနာ တတ်
အောင် စည်းရုံး သိမ်းသွင်းနိုင်သော အရာသည် အကြင်နာနှင့် မေတ္တာ တ
ရားဟု မြန်မာ လူမျိုးတို့က သတ်မှတ်ထား ကြသည်။

ရှေးနှစ်ပေါင်း များစွာက တည်ရှိခဲ့သည့် မိမိတို့ ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးစံများတွင် ကြီးသူငယ်သူ အားလုံး လိုက်နာ ကျင့်သုံးရမည့် လူမှု ကျင့်ဝတ်များနှင့် ၃၈ ဖြာ မင်္ဂလာ တရားတော် များလည်း ရှိသည်။

လူ့လောက၌ ကောင်းကျိုး ချမ်းသာကို ဖော်ဆောင်နိုင်သည့် မြန်မာတို
့၏မြတ်နိုးဖွယ်ရာ ယဉ်ကျေးသိမ်မွေ့ မြန်မာ့ ဓလေ့များကို အလေးထား လိုက်နာ ဆောင်ရွက် ကြရေးနှင့် မြန်မာ ပီပီ မြန်မာ့ မူဟန်များကို ခုံမင်
မြတ်နိုးစွာ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် သွားနိုင်ရန် ရေးသား တင်ပြ လိုက်ပါသည်။


ဓာတ်ပုံ-အဘိဓမ္မာ အသင်းကြီး

http://www.facebook.com/photo.php?fbid=398185676945936&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...