စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တပ်မတော်နေ့(သို့မဟုတ်)တော်လှန်ရေးနေ့ဖြစ်ပေါ်လာပုံ



(ယနေ့ကျရောက်တဲ့(၆၈)နှစ်မြောက်တပ်မတော်နေ့ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ မသိသေးတဲ့သူငယ်ချင်းတွေအတွက်ပြန်တင်ပေးလိုက်ပါတယ်...
(၆၈)နှစ်မြောက်တပ်မတော်နေ့အား ၀မ်းမြောက်စွာကြိုဆိုဂုဏ်ပြုပါ၏)

တော်လှန်ရေးနေ့ (သို့)တပ်မတော်နေ့၏အစ
******************************
ထိုနေ့၏ ပုံရိပ်ပြကွက်များတွင် နွေဦး၏ အပူရှိန်ပျပျ၊ ရိုးတံပြိုင်းပြိုင်းတို့ဖြင့် ရော်ဝါရွက်တို့ ကြွေကျနေသည့် ပင်စည်ခြောက်ခြောက်များ၊ တွန်သံသာသာနှင့် ဥသြငှက်ငယ်များ၊ အနီရောင်ရင့်ရင့် လက်မောင်းပတ်စ၊ ကြယ်ဖြူတပွင့်၊ အဖြူရောင် ကြယ်ပွင့်ကြီးဖြင့် လေတွင် တလူလူလွင့်နေသော အလံတော်အနီ၊ မီးကျိုးမောင်းပျက် ရရာသေနတ်လက်နက်များနှင့် စနစ်တကျ ယူနီဖောင်းဝတ်မထားသည့် တော်လှန်ရေးရဲဘော်များ၏ အသက်စွန့်တိုက်ပွဲဝင်မည့် ရဲရင့်ပြတ်သားသော မျက်နှာပေးများ၊ အမျိုးသားခေါင်းဆောင်၏ ဦးဆောင် စစ်ဆင်မှုအောက်တွင် တညီတညာ ပူးပေါင်းပါဝင်ခဲ့ကြလေသော ဖက်ဆစ်ဂျပန်ကို တော်လှန်မည့် ဗမာ့ကာကွယ်ရေး တပ်မတော်သားတို့ တိုက်ပွဲခေါ်သံအတွက် စိတ်အားတက်ကြွနေပုံတို့မှာ ပြတ်ပြတ်ထင်ထင် မြင်လာရပါသည်။

ဤသည်တို့၏ ပေါင်းစည်းမှု အင်အားလှိုင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို နင်းကန်ဖိစီး နှိပ်စက်နေသော ဖက်ဆစ်စနစ်ဆိုးကို အမြစ်ပါမကျန် အမိမြေပေါ်မှ တွန်းလှန်ဖယ်ထုတ်နိုင်ခဲ့သော သမိုင်းဝင် နေ့တနေ့ ဖြစ်လာမည့် “တော်လှန်ရေးနေ့” ၏ အစပင် ဖြစ်လေ၏။

လွန်ခဲ့သော ၁၉၄၅ ခု၏ မတ်လ ၂၇ ရက်တွင် သန္ဓေတည်ခဲ့သော အဆိုပါ သမိုင်းဝင်နေ့သည် ယနေ့ဆိုလျှင် သက်တမ်းကာလအားဖြင့် ၆၈ နှစ်ကို ဖြတ်သန်းတော့မည်ဖြစ်သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖက်ဆစ်တော်လှန်ရေး တပ်သားများ ရန်ကုန်မြို့ တော်လှန်ရေးပန်းခြံတွင် စစ်ချီအခမ်းအနား စတင်ခဲ့ရာ၊ ဖက်ဆစ်စနစ်ဆိုးကို စတင်တော်လှန်ခဲ့ရာ မတ်လ ၂၇ ရက်ကို “တော်လှန်ရေးနေ့” အဖြစ်သတ်မှတ်ခဲ့ပါသည်။

(ကိုးကား မဇ္ဇျိမ) Moekyashweco

https://www.facebook.com/photo.php?fbid=396828047081699&set=a.351047714993066 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...