စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိဖုရားကြီး၏ ပုံတူပန်းချီ

 

          တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးနဲ့ မိဖုရားကြီး တို့ စိုးစံတော်မူကြတယ် ။ တစ်နေ့တော့ တောကစားထွက်ရင်း မိဖုရားကြီးဟာ ဒါဏ်ရာရပြီး မျက်လုံးတစ်ဖက် ကွယ်သွားသတဲ့ ။ အဲဒီမျက်လုံးကို လည်း သမားတော်က ထုတ်ပစ်မှရမယ်ဆိုလို့ ထုတ်ပစ်လိုက်တဲ့အခါ မိဖုရားကြီးရဲ့မျက်လုံးတစ်ဖက်ဟာ မျက်လုံးအတုကြီးတပ်ဆင်ရတာမို့ တကယ့်ကို အရုပ်ဆိုးအကျည်းတန်သွားခဲ့တယ် ။

        ဒီလိုနဲ့ တစ်နေ့တော့ဘုရင်ကြီးဟာ မိဖုရားကြီးအတွက် စိတ်ပြေလက်ပျောက်ဖြစ်စေဖို့အတွက် မိဖုရားကြီးပုံတူကို အတူဆုံးဆွဲနိုင်တဲ့သူတွေကို အသပြာ တစ်သိန်းချီးမြှင့်မယ်ကြေငြာလိုက်တယ် ။ အနယ်နယ်အရပ်ရပ်က ပန်းချီဆရာတွေဟာ မိဖုရားကြီးပုံတူကိုဆွဲဖို့အတွက် အဆင့်အဆင့် လက်ရည်သွေးပွဲတွေကျော်ဖြတ်ပြီးလာခဲ့ကြတယ် ။ အဆင့်ဆင့်ပြိုင်ပွဲတွေပြီးတဲ့အခါ နောက်ဆုံးမှာ ဇကာတင် ၃ ယောက် ကျန်ခဲ့သတဲ့ ။

          ပထမဆုံး ပန်းချီဆရာက မိဖုရားကြီးကို ရှေ့တည့်တည့်ကနေထိုင်စေပြီး မိဖုရားကြီးရဲ့ပကတိ အခြေအနေအတိုင်းကို အတိအကျဆွဲပေးလိုက်တယ် ။ မိဖုရားကြီးက ပုံတူကိုကြည့်လိုက်တဲ့အခါ မျက်လုံးတစ်ဖက်မှာ အရမ်းကို အရုပ်ဆိုးလွန်းတဲအ့တွက် ဒေါသထွက်တော်မူသတဲ့ ။ ဒီတော့ဘုရင်ကြီးကလည်း ကဲ မိဖုရားကြီးဒေါသထွက်အောင်လုပ်ရမလားဆိုပြီး သတ်စေ လို့အမိန့်ချလိုက်တယ် ။
 

           ဒုတိယပန်းချီဆရာအလှည့်ရောက်တော့တွေးတယ် ။ အင်း . . ပထမလူတုန်းက အရှိအတိုင်းဆွဲပေးလိုက်တော့ သေသွားရှာပြီ အဲဒီအားနည်းချက်ကိုငါပြင်ရမယ် ဆိုပြီး မိဖုရားကြီးရဲ့ ပျက်နေတဲ့မျက်လုံးနေရာမှာ အကောင်းပကတိအတိုင်းဆွဲပေးလိုက်ပါတယ် ။ အဲဒီပုံကိုမိဖုရားကြီးကကြည့်ပြီးတဲ့အခါ မျက်လုံးတစ်ဖက်ပျက်နေတဲ့နေရာမှာ ကောင်းတဲ့အတိုင်းဆွဲပေးတာဟာ သူ့ကို သက်သက်ရွဲ့တာဆိုပြီး ဒေါသထွက်တော်မူသတဲ့ ။ ဘုရင်ကြီးကလည်း မိဖုရားကြီးဒေါသထွက်တော့ ထုံးစံအတိုင်း သတ်စေလို့အမိန့်ချလိုက်တယ် ။

         နောက်ဆုံးပန်းချီဆရာတစ်ဦးပဲကျန်ပါတော့တယ် ။ အဲဒီပန်းချီဆရာကစဉ်းစားတယ် ။ အင်း . . လောကမှာ ပါးနပ်မှ သာအသက်ရှင်နိုင်မှာပါအလား . . ဆိုပြီး တွေးတယ် ။ ပြီးတော့မိဖုရားကြီးကို ဘေးတစ်စောင်းထိုင်ခိုင်းပြီးပုံတူဆွဲပေးလိုက်ပါတော့တယ် ။ အဲဒီပုံဟာ ဘေးတစ်စောင်းဖြစ်နေတဲ့အတွက် ပျက်နေတဲ့ရုပ်ဆိုးတဲ့တစ်ဖက်ကိုမမြင်ရပဲကောင်းတဲ့တစ်ဖက်ကိုသာမြင်နေရတဲ့အတွက်မိဖုရားကြီးက ၀မ်းသာအားရကျေနပ်တော်မူပြီး တစ်ဆွေလုံးတစ်မျိုးလုံကို သူကောင်းပြုတဲ့အပြင် အသပြာတစ်သိန်းကို ချီးမြှင့်ပေးတော်မူလိုက်ပါတော့တယ် ။

============================

“ လောကကြီးမှာ အရည်အချင်း ချင်းတူနေရင်တောင် ပါးရည်နပ်ရည်ရှိတဲ့လူနဲ့ စဉ်းစားတွေးခေါ်တတ်တဲ့လူက အသာစီးရတာပါပဲ ” 


သက်တန့်ချို

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...