စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆက်သွယ်ရေးလမ်းကြောင်းတွေကြောင့် သင့်ကျန်းမာရေး ထိခိုက် နိုင်



အခုခေတ်မှာဆိုရင် အိမ်တွေနဲ့အလုပ်တွေမှာ လက်ကိုင်ဆဲလ်ဖုန်း၊ ကြိုးမဲ့ဖုန်း၊ ကြိုးမဲ့ အင်တာနက်စနစ်စတဲ့ အီလက်ထရွန်နစ် နည်းပညာတွေက ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်နေပါတယ်။
ဒီဆက်သွယ်ရေးနည်းပညာတွေက လူတွေရဲ့ဘဝနေထိုင်မှုအတွက် အဆင်ပြေ စေသလိုလူတွေရဲ့ကျန်းမာရေးကို အနည်းနဲ့ အများဆိုသလို ထိခိုက်စေနိုင် သလားဆိုတဲ့အတွေးတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

၁။ဆဲလ်ဖုန်းများ (Cell Phones)

ဖုန်းကိုဖွင့်ထားတဲ့အခါ သင့်ဖုန်းမိဖို့အတွက် အနီးဆုံး ဆဲလ်ဖုန်းတာဝါတိုင်ကနေ ရေဒီယို လှိုင်း (radio frequency radiation)တွေကို လက်ခံရရှိနေပါတယ်။ သင့်အနေနဲ့ ဖုန်းတာဝါ တိုင်နဲ့ဝေးလေလေ၊ တာဝါတိုင်ကနေ ရေဒီယိုလှိုင်းတွေပိုလက်ခံရရှိလေလေ ဖြစ်တတ် ပါတယ်။

ဆဲလ်ဖုန်းအန္တရာယ်ကင်းဝေးစေရန်

သင်ကားမောင်းနေတဲ့အခါမှာ ဖုန်းပိတ်ထားပါ။ လက်ကိုင်ဖုန်းကို သယ်ဆောင်တဲ့အခါ အိတ်ကပ်လို လူနဲ့နီးနေတဲ့ နေရာထဲ မထည့်ပါနဲ့။ ခန္ဓာကိုယ်နဲ့ အနည်းဆုံး ခြောက်လက်မ လောက်ခွာပြီး သယ်ဆောင်ပါ။ ညအိပ်တဲ့အခါ အိပ်ရာဘေးမှာ ဆဲလ်ဖုန်းကိုထားပြီး နှိုးစက် နာရီအဖြစ် အသုံးမပြုပါနဲ့။

၂။ကြိုးမဲ့ဖုန်းများ (Cordless Phones)

ကြိုးမဲ့ဖုန်းတွေဟာ အားကောင်းပါတယ်။ ဒါပေမယ့် ဆဲလ်ဖုန်းတွေလိုပဲ ပြင်းအားရှိနေ ပါတယ်။ ကြိုးမဲ့ဖုန်းတွေရဲ့ ဘေးမှာထိုင်တာဟာ နှလုံးခုန်နှုန်းမမှန်တာကိုဖြစ်စေတယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။

ကြိုးမဲ့ဖုန်း အန္တရာယ်ကင်းဝေးစေရန်

အိမ်မှာအသုံးပြုတဲ့အခါ ကြိုးမဲ့ဖုန်းအစား ကြိုးပါတဲ့ ဖုန်းတွေကိုသုံးပါ။

၃။ကြိုးမဲ့အင်တာနက်စနစ် (Wireless Routers)

သင့်အိမ်နီးချင်းရဲ့ကော်ဖီဆိုင်မှာ တပ်ဆင်ထားတဲ့အင်တာနက်စနစ်ကြောင့် သင့်ကွန်ပျူတာက အင်တာနက်ရနေနိုင်ပေမယ့် ဒါဟာ ရေဒီယိုလှိုင်းပမာဏများများကို လက်ခံရရှိနေပါတယ်။

ကြိုးမဲ့ အင်တာနက်စနစ်ကြောင့် အန္တရာယ်ကင်းဝေးစေရန်

ဖြစ်နိုင်ရင် ကြိုးမဲ့စနစ်ကို မသုံးဘဲ သင့်ကွန်ပျူတာကို မိုဒမ်းကြိုး (Cable Modem)ထဲ တိုက်ရိုက်ထည့်သုံးသင့်ပါတယ်။ ဒီနည်းလမ်းကတော့ ရေဒီယိုလှိုင်းတွေကို စိမ့်မထွက် စေတဲ့အပြင် ဆက်သွယ်ရေးစနစ်လည်း ပိုမိုမြန်ဆန်ကာ လုံခြုံဘေးကင်းပါတယ်။ သင့်အနေနဲ့ကြိုးမဲ့စနစ်ကို မစွန့်လွှတ်နိုင်ဘူးဆိုရင် ကွန်ပျူတာကို သင်မသုံးတဲ့အချိန် တွေမှာ ပိတ်ထားပါ။ အိမ်သားတစ်ဦးဦး သုံးနေစဉ်မှာ ဝေးဝေးမှာနေပါ။

၎။လက်ပ်တော့ပ် ကွန်ပျူတာများ (Laptops)

လက်ပ်တော့ပ် ကွန်ပျူတာကို အသုံးပြုတဲ့အခါ ပေါင်ပေါ်မှာတင်သုံးရင် သင့်ခန္ဓာကိုယ် အောက်ပိုင်းနေရာတစ်လျှောက်ကို ရောင်ခြည်ကျရောက်စေပါတယ်။ ဒီပြဿနာကြောင့် အမျိုးသားတွေမှာဆို ဝှေးစေ့ကင်ဆာဖြစ်နှုန်းမြင့်မားပြီး အမျိုးသမီး တွေမှာဆိုရင် ကိုယ်ဝန် ဆောင်ချိန်ဖြစ်ပါက မွေးရာပါချို့ယွင်းချက်ပါတဲ့ကလေးမွေးဖွားနိုင်ခြေ ရှိတယ်လို့ လေ့လာ သူတစ်ချို့ကဆိုပါတယ်။

လက်ပ်တော့ပ်ကွန်ပျူတာကြောင့် အန္တရာယ်ကင်းဝေးစေရန်

ပေါင်ပေါ်မှာ လက်ပ်တော့ပ်တင်ပြီး ဘယ်တော့မှ မသုံးပါနဲ့။ ပေါင်ပေါ်တင်ထားချင်ရင် အနည်းဆုံးခြောက်လက်မလောက်ထူတဲ့ ခေါင်းအုံးတစ်လုံးကို ပေါင်ပေါ်မှာအရင်တင်ပြီးမှ ကွန်ပျူတာတင်ကာသုံးပါ။ ကြိုးမဲ့အင်တာနက်စနစ်ဟာ ရောင်ခြည်လှိုင်းထုတ်လုပ်မှု များတာကြောင့် ဒီဗီဒီဇာတ်လမ်းကြည့်နေတဲ့အချိန်၊ ဓာတ်ပုံတွေကြည့်နေတဲ့အချိန်နဲ့ ပရော့ဂျက်အတွက် ပြင်ဆင်နေတဲ့အချိန်တွေမှာ ကော်နက်ရှင်ကို ပိတ်ထားပါ။

၅။ကလေးသုံး ကွန်ပျူတာမော်နီတာများ (Baby Monitors)

ကလေးသုံးမော်နီတာတွေဟာ ဆဲလ်ဖုန်းတွေထက် ရေဒီယိုလှိုင်းထုတ်လုပ်မှု ပိုများပါတယ်။ Utah တက္ကသိုလ်ရဲ့လေ့လာမှုတစ်ရပ်အရ ရေဒီယိုလှိုင်းတွေဟာ ကလေးတွေရဲ့ဦးနှောက် ထဲကို ထိုးဖောက်ဝင်ရောက်နိုင်တာကြောင့် ကလေးဟာ အသက်ငယ်လေလေ ရေဒီယို လှိုင်းသင့်နိုင်ခြေပိုများလေလေပါပဲ။ ဒါကြောင့် ကလေးသုံးမော်နီတာတွေကို အသုံးမပြု သင့်ပါဘူး။


https://www.facebook.com/photo.php?fbid=396460893785081&set=a.351047714993066. 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...