စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခွင့်လွှတ်ခြင်း


           ကျွန်တော်ဘ၀ကို နာကျင်အောင် စိတ်ဓာတ်ကျအောင် ပူဆွေးလောင် မြိုက်အောင် အထပ်ထပ်ရှူံးနိမ့်အောင် ထိခိုက်စေခဲ့တဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်၊၊ လူတိုင်း လူတိုင်းဟာ မျှော်လင့်ချက်တွေ ၊ အနာဂါတ်စိတ်ကူးတွေ ၊ ပိုင်ဆိုင်မြတ်နိုးလိုမှုတွေ ဆုံးရှုံးရခိုက်မှာ ပူဆွေး သောကများစွာနဲ့ ဘ၀မှာဘာတစ်ခု မျှမမြင်စွမ်းတော့ဘာဘူး၊၊ ၀န်ခံပါတယ် ၊၊
ကျွန်တော်ကိုယ်တိုင်ပါပဲ ၊၊

ကျွန်တော်ဘ၀မှာ “ခွင့်လွှတ်ခြင်း” ဆိုတဲ့အဓိပ္ပါယ်ကို သဘောပေါက်ချိန်ကစပြီး ဒီအရာတွေအားလုံးကို အနည်းငယ်ပြေလျော့သွားအောင် နေတတ်ခဲ့ပါတယ်၊၊ ကျွန်တော်သိတဲ့ “ခွင့်လွှတ်ခြင်း” အဓိပ္ပါယ်ကိုအားလုံးနဲ့ဖလှယ်ချင် ပါတယ် ၊၊

ကျွန်တော်တကယ်ခွင့်လွှတ်လိုက်တာက ကျွန်တော်ကိုကျွန်တော် လွတ်လပ်မှု ပေးလိုက်တာပါ ၊၊ကျွန်တော့်စိတ် ကိုကျွန်တော် ငြိမ်းချမ်းအောင် နေခွင့်ပေးလိုက်တာပါ ၊၊

“ခွင့်လွှတ်တယ်”ဆိုတာ စိတ်ဓာတ်ရော အသိဥာဏ်ကြီးမား သူတွေသာ လုပ်နိုင်တယ်၊၊ခွင့်မလွှတ်နိုင်

တာစိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နည်းသူတွေသာ ဖြစ်တယ် လို့ခံယူလိုက်ပါတယ်၊၊


"ခွင့်လွှတ်တယ်" ဆိုတာ ပျော့ညံ့တဲ့ လက္ခဏာ မဟုတ်ပါဘူး၊၊အားမတန်လို့မာန်လျော့တာ မဟုတ်ပါဘူး၊၊ အသိဥာဏ်အင်အား စိတ်ဓာတ်အင်အား ပြည့်ဝမှ ရင့်ကျက်စိတ်ထားရှိမှ လုပ်နိုင်တာပါ ၊၊

ဆုံးရှုံးပူဆွေးရချိန်တွေမှာ ခန္ဓာကိုယ်အင်အားတွေ၊ စိတ်ဓာတ်တွေ၊ အချိန်တွေ ၊ ငွေကြေးတွေ ကုန်ဆုံး ပျက်ဆီးရပါတယ် ၊၊လူတစ်ကာ ကဝေဖန်ပြောဆိုလာ တတ်ပါတယ်၊၊ ဒီအရာတွေ ကင်းဝေးဖို. ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လိုက်ပါတယ် ၊၊ အားလုံးကို လွတ်လပ်မှု ပေးလိုက်ပါတယ်၊၊ ခွင့်လွှတ်ခဲ့ပါတယ် ၊၊ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ ဘယ်သူ ဘာပဲလုပ်ခဲ့ လုပ်ခဲ့ အတိတ်ကအရာအားလုံးကြိုးစားမေ့ခဲ့ပါတယ်၊၊

ကိုယ်လုပ်ခဲ့သမျှအပေါ်ကြည့်ပြီး မှားခဲ့တာတွေကို မှားပါတယ်လို့တိတိကျကျ ၀န်ခံခဲ့ပါတယ် ၊၊သင်ခန်းစာလည်းယူခဲ့ပါတယ်၊၊ ကိုယ့်ကိုယ် ကိုလည်း ခွင့်လွှတ်လိုက်ပါတယ် ၊၊ ဒါမှလည်း အရာအားလုံး ငြိမ်းချမ်း ပြည့်စုံ လွန်မြောက်မှာ ပါ၊၊ ကြိုးစား ကြည့်ပါ ၊၊ စမ်းကြည့်ပါ ၊၊ကျွန်တော်ဆုတောင်းပါတယ် ၊၊

အားလုံး တစ်ချိန်မှာ အရာရာကို အတန်ငယ် "ခွင့်လွှတ်တတ်" နိုင်ကြပါစေဗျာ ၊၊ ၊၊


ရေးမိရေးရာလေးများ

ဒီနေရာမှကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...