စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သိထားသင့်သည် နည်းကောင်းများ



သူငယ်ချင်းတွေအတွက် ကောင်းနိုးရာရာ လေးတွေရွေးလို့ မှတ်သားစရာလေးများ တင်ပြပေးလိုက်ပါတယ် ။ တကယ်လည်းအသုံးဝင်တဲ့နည်းလေးတွေဖြစ်ပါတယ်။

(၁) လူတောထဲမှာ နှာချေချင်တာကို အရေးပေါ် ကာကွယ်ချင်ရင် မိမိ၏နှာခေါင်းကို အမြန်ပိတ်၍ ညှစ်လိုက်ပါ။ ပျောက်သွားပါ လိမ့်မည်။

(၂) လူတောထဲမှာကျို့ ထိုးနေခြင်းအား အမြန်ပျောက်စေ ချင်ပါက ရင်ကိုကော့၍ အသက်ကို ၀ပြဲနေအောင် ရှူသွင်းလိုက်ပါ။ တတ်နိုင်သလောက် အချိန်ကြာကြာ အသက်အောင့်ထားပြီးမှ ရှူသွင်းထားသော လေကိုပြန်ထုတ်ပါ။ ထူးဆန်းစွာ ပျောက်ကင်းသွားပါလိမ့်မည်။

(၃) ရေခဲသေတ္တာထဲတွင် အသားငါးပုပ်စော် နံနေပါက မီးသွေးခဲကလေးများ ထည့်ထားလိုက်ပါ။ အနံ့ ဆိုးများ ပျောက်သွားပါလိမ့်မည်။

(၄) လက်တွင်အနံ့ ဆိုးများ ကိုင်ထားမိ၍ ဆပ်ပြာဖြင့် ဆေးသော်လည်း အနံ့ မပျောက်ပါက ကျောက်ချဉ်ဖြင့် ရေဆွတ်ပြီးပွတ်တိုက် ဆေးကြောလိုက်ပါ။ အနံ့ ဆိုးများအားလုံး ပျောက်သွားပါလိမ့်မည်။

(၅) ခေါင်းကိုက်နေပါက သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။ တဆစ်ဆစ် ကိုက်နေတာတွေ သက်သာ သွားပါလိမ့်မယ်။

(၆) ခြင်ကိုက်၍ ယားနေပါက ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ဆေးပေးခြင်းဖြင့် ခဏတဖြုတ်သက်သာပါတယ်။

(၇) သကြားအညိုတွေခဲနေပါက ပန်းသီးတစ်စိပ်လောက် ထည့်လိုက်ပါ။ ချက်ချင်း အရည်ပျော်သွားပါလိမ့်မယ်။

(၈) တစ်လတစ်ခါ ရာသီလာချိန်မှာ ကိုက်ခဲနာကျင်တတ်သူ အစ်မနဲ့ ညီမလေးတွေအတွက်ပါ၊ ဒိန်ချဉ်ဗူးလေးပဲဖြစ်ဖြစ်၊ ရိုးရိုးဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေပါတယ်။

(၉) ပြောင်းဖူး ပြုပ်တဲ့အခါဆားလေးနည်းနည်းထည့်ပြီး ပြုပ်ကြည့်ပါ။
ပြောင်းဖူးရဲ့ သဘာဝအချိုဓါတ်တွေ ထွက်လာစေပါတယ်။

(၁၀) ပုရွက်ဆိပ်ကလေးတွေ အိမ်မှာတန်းစီနေပါက မြေဖြူ ခဲနှင့် ခြစ်၍ တားလိုက်ပါက လမ်းကြောင်းပြောင်းသွားပါလိမ့်မည်။

(၁၁) ထမင်းအိုး ဟင်းအိုးတွေ တူးပြီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွှာထားတဲ့ အခွံတွေထည့်ပြုပ်လိုက်ပါ။

(၁၂) ကြေးအိုး ကြေးဇွန်းတွေ ပြောင်လက်စေချင်ရင်မန်ကျီးရွက် (မန်ကျီးအနှစ်ရည်) နဲ့တိုက်လိုက်ပါ။

(၁၃) မီးဖိုချောင်သုံးစတီးအိုးခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil) သုတ်ပေးခြင်းဖြင့် အရောင်တက်ပြီး အပြင်၊အစွန်းအထင်းတွေကိုပါ ဖုံးလွှမ်းပေးနိုင်ပါတယ်။

(၁၄) ရုံးပတီသီးကြော်စားလို့ ချွဲပစ်ပစ်ဖြစ်နေတာမကြိုက်ပါက ဟင်းအိုးချတဲ့အချိန်မှာ သံပုရာသီး တစိပ်ထည့်လိုက်ပါ လုံးဝမချွဲတော့ပါ။

(၁၅) ကြက်သွန်နီနွှာလို့ မျက်ရည်မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ်သုတ်ပြီး လှီးပါ။

(၁၆) အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေစွဲနေပါက ဖယောင်းတိုင် တစ်တိုင်ထွန်းလိုက်ပါ အနံ့တွေပျောက်သွားပါလိမ့်မယ်။

(၁၇) ထမင်းစားချိန် ထမင်းစားပွဲမှာ ယင်ကောင်တွေလာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ။ ယင်ကောင်များ မလာနိုင်တော့ပါ။

(၁၈) ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျီးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ။ အရောင်လွင်ြ့ပယ်တာကိုကာကွယ်တဲ့ အပြင် ၊ မှိုတောင်မတက်တော့ပါ။

(၁၉) သတင်းစာကို ရေ နဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကိုတိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည်လင်လင်လေးဖြစ်လာပါလိမ့်မည်။

(၂၀) ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည် ကိုအသုံးပြုပြီး ဘေစင်ကိုစင်ကြယ်အောင် တိုက်ချွတ်နိုင်ပါတယ်။

(၂၁) ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်း၌ ကပ်မနေနိုင်ပါ။

(၂၂) နေပူထဲ သွားလို့ သွားဖုံးခြေရင်းတွေ ကြွပြီး အစာမစားနိုင် ဖြစ်နေပါက ညနေ ၆ နာရီခန့် တွင် ခေါင်းမှလောင်း၍ ရေချိုးပါ။ ကောင်းသွားပါလိမ့်မည်။

(၂၃) ပါးစပ်ထဲတွင် အပူကွက်ကလေး များပေါ်နေ၍ ရေသောက်သည့် အခါတိုင်းစပ်နေပါက Vitamin C ဆေးပြား သောက်ပြီး၊ညနေ ၆ နာရီခန့် တွင် ခေါင်းမှလောင်း၍ ရေချိုးပါ။ ကောင်းသွားပါလိမ့်မည်။

(၂၄) ရေချိုးနေရင်း နားထဲရေ၀င်၍ ထုံနေပါက ထိုရေ၀င်နေသော နားထဲသို့ ပင် နောက်ထပ်ရေ ၃ စက်လောက် ထပ်ထည့်လိုက်ပါ။ ပြီးလျှင်ခေါင်းကို စောင်း၍ရေကို ထုတ်ပစ်လိုက်ပါ။ ထူးဆန်းစွာပင် ယခင်ဝင်နေသော ရေပါထွက်သွား ပါလိမ့်မည်။

(၂၅) စကားပြောလျှင်ပါးစပ်မှအနံ့ ဆိုးထွက်နေပါလျှင် ရေများများသောက်၍ အနီးဆုံး အိမ်သာတွင် အိမ်သာတက်လိုက်ပါ။ နံနက်စောစောအိပ်ရာထတိုင်း ၀မ်းသွားတတ်အောင် လေ့ကျင့်လိုက်ပါ။ ၀မ်းအကျန်ရှိလေ ပါးစပ်မှ အနံ့ ဆိုးထွက်လေ ဖြစ်ပါ၏။

(၂၆) ဥပုသ်စောင့် ထား၍ ညနေအခါ သေလောက်အောင် ထမင်းဆာနေပါက သကြားအနည်းငယ်ကို အရည်ဖျော်ပြီးသောက် လိုက်ပါ။ နေသာထိုင်သာ ရပါမည်။

(၂၇) တယ်လီဖုန်းဟမ်းဆက်၊ လက်ပတ်နာရီများ ရေ၀င်နေလျှင် ဆန်အိတ်ထဲတွင် နှစ်မြှုပ်ထားပါက ရေငွေ့ များပျောက်သွားပါလိမ့်မည်။

(၂၈) ဆန်အိတ်ထဲထွင် ပိုးထိုးခြင်းမှ ကာကွယ်ရန်အတွက် ငရုပ်သီးအခြောက် သို့ မဟုတ် ကြက်သွန်နီဥ ကိုနှစ်မြှုပ်ထားလိုက်ပါ။

(၂၉) ကားရေတိုင်ကီ ရေယိုကျနေခြင်းမှ အရေးပေါ်ရေလုံ လိုပါလျှင် ရေစိမ့်ကျနေသော နေရာတစ်ဝိုက်အား ငှက်ပျောသီးအခွံ ဖြင့် များများပွတ်တိုက်လိုက်ပါ။ ရေလုံသွားပါလိမ့်မည်။

(၃ မျက်စိမှုန့် နေသူများ မျက်မှန်တတ်နေသူများ.  ကြည်လင့်စေချင်ရင်  မနက်အိပ်ရာထ ချိန်...တိုင်း
သွားမတိုက်မီ. မျက်နာမသပ်မီ ဒူဆစ်ကနေ ခြေဖျားထိ ရေလောင်းပေးပါ...4 .5  ခွက်လောက်
ခြေနစ်ဖက်စလုံးနော်...နေတိုင်းလောင်းပေးပါ။။ရေလောင်းပြီး မိနစ်  (၂၀) ကြာမှ သွားတိုက် မျက်နာသပ်ပါ။
သိသိသာမျက်စိကြည့်လင်လာပေလေမယ့်။
သူငယ်ချင်းတို့.........ရေ ထွေရာလေးပါအစုံ တင်လိုက်တာနော်ကြိုက်တာကိုမှတ်သွားကြပါ။
တချိန် ချိန်မှာအသုံးတည့်ပါတယ်.........။အခုလို တကူတက လာပြီဖတ်ပေးတဲ့ သယ်ချင်းအားလုံး
ထာဝရ ပျော်ရွှင်ပါစေ။
နွေည(ခေတ္တထိုင်း)
30/3/2013
1/17/00 PM

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...