စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သေမဲ့လူစာရင်း

 
ဟိုးတစ်ခါက လူတစ်ယောက်ဆီ သေမင်းကရောက်လာတယ်..
"စိတ်မကောင်းပါဘူး.. မင်းဒီနေ့သေရတော့မယ်".. ဟော့သည်မှာ.. စာရင်းတဲ့..ပြတယ်.. သေမဲ့လူစာရင်းတွေကို တန်းစီပြီးရေးထားတယ်..သူ့နာမည်က ထိပ်ဆုံးက…

အဲ့ဒါနဲ့ .. အဲ့ဒီလူက…" ကောင်းပါပြီ… ဒါပေမဲ့.. ခဏလောက်တော့နေပါဦးဗျာ.. ကျွန်တော် ခင်ဗျားကိုဧည့်ခံပါရစေဦး".. ဆိုပြီး

ကော်ဖီတွေ.. မုန့်တွေကျွေးတယ်.. သေမင်းလည်း အားရပါးရစားပြီး အိပ်ပျော်သွားပါလေရော..

ဘယ်ရမလဲ.. ကိုယ့်လူက ကော်ဖီထဲမှာ အိပ်ဆေးတွေခတ်ထားတာကိုး..

အဲ့ဒါနဲ့.. သေမင်း တခူးခူး တခေါခေါအိပ်ပျော်နေတုန်း

သူက ခုနက သေမဲ့လူတွေရဲ့နာမည်စာရင်းကိုပြောင်းပြန်လှန်လိုက်တယ်..

သူ့နာမည်က နောက်ဆုံးဖြစ်သွားတာပေါ့..

ခဏကြာတော့.. သေမင်း အိပ်ယာကနိုးလာတယ်..

‘‘ ဟ..စားကောင်းကောင်းနဲ့စားလိုက်တာ ဗိုက်လေးပြီး အိပ်တောင်ပျော်သွားတယ်ကွာ..

ကဲ..ကဲ.. မင်းက ငါ့အပေါ်သိပ်ဧည့်ဝတ်ကျေပြီး ကောင်းကောင်းမွန်မွန်ပြုစုတဲ့အတွက်..

သေမဲ့လူတွေစာရင်းကိုပြောင်းပြန်လှန်လိုက်မယ်ကွာ..

နောက်ဆုံးကနေပဲ စခေါ်တော့မယ်..’’

(တချို့ ဘယ်လိုမှရှောင်ပြေးလို့မရတဲ့အရာတွေကို ရိုးရိုးသားသားရင်ဆိုင်လိုက်တာ အကောင်းဆုံးပါပဲ)

- Sai Lay

ဒီနေရာမှကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...