စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထာဝရသင်္ကြန် အမည်ရှိ ၂၀၁၃ သင်္ကြန်ပွဲတော်ကို ထူးခြားစွာ ပြုလုပ် သွားမည်



Saturday 30th March 2013

Forever Group ရဲ့ Myanmar Index Creative Village တို့မှ ပူးပေါင်းပြီး ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်တဲ့ ထာဝရသင်္ကြန် ၂၀၁၃ သင်္ကြန် ပွဲတော်ကိုသင်္ကြန်ပွဲတော် ကာလအတွင်း ထူးခြား စွာ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ မတ်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ ချက်ထရီရမ် ဟိုတယ်မှာ ပြုလုပ်တဲ့ အဆိုပါ သင်္ကြန် ပွဲတော် စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ အဆိုပါ ထာဝရသင်္ကြန် ၂၀၁၃ သင်္ကြန်ပွဲတော် မှာတော့ ရေကစား မဏ္ဍပ်တင် သာမကဘဲ ပျော်ပွဲရွှင်ပွဲများ၊ ဂီတဖျော်ဖြေပွဲများနဲ့ တင်ဆက် သွားပေး သွားမှာဖြစ်ပြီး ထူးခြားတဲ့ အစီအစဉ်များ၊ ဖျော်ဖြေ တင်ဆက်မှု တွေနဲ့အတူ ဆုမဲများကိုပါ ဆွတ်ခူး နိုင်မယ့် အစီအစဉ်တွေလည်း ပါဝင်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ထာဝရသင်္ကြန် ၂၀၁၃ ပွဲတော်ကြီးကို စတုရန်းမီတာ သုံးသောင်း အကျယ်ရှိ ရန်ကုန်မြို့၊ မြို့မကွင်းမှာ ကျင်းပ သွားမှာဖြစ်ပြီး လူပေါင်း သုံးသောင်းကျော် ပါဝင် ကစားနိုင်တဲ့ မဟာသင်္ကြန် ရေကစားကွင်းကြီး အပြင် ညနေပိုင်း မှာလည်း ဂီတဖျော်ဖြေပွဲကို ကျင်းပ သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်္ကြန် ပွဲတော်ကြီးကို အများပြည်သူတွေ အတွက် ၇ ရက်တိုင်တိုင် ဖွင့်လှစ်ပေး သွားမှာဖြစ်ပြီး တစ်ခါမှ ပါဝင် ဆင်နွှဲဖူးခြင်း မရှိသေးတဲ့သူ တစ်ယောက် ကဲ့သို့ ပျော်ရွှင်မှု အသစ်ကို ရရှိစေမှာ ဖြစ်ပါတယ်။

ဧပြီလ ၁၆ ရက်နေ့မှာလည်း Forever Thank You Concert ဂီတဖျော်ဖြေပွဲ ကိုလည်း ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကြိုတင် လက်မှတ်များ ကိုတော့ www.myasiaticket.com,1876 call center နဲ့ ရန်ကုန်မြို့ရှိ MRTV-4 Digital Showroom များမှာ ဧပြီလ ၂ ရက်နေ့မှ ၁၄ ရက်အထိ ၀ယ်ယူနိုင်တာ ဖြစ်ပါတယ်။ ပွဲနေ့မှာ ၀ယ်ယူလိုသူတွေ အတွက် မြို့မကွင်းရှိ လက်မှတ် ကောင်တာ များမှာ ဧပြီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့ အထိ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ၀ယ်ယူနိုင်တာ ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်း အနေနဲ့ ပုံမှန် လက်မှတ် ကစားနည်း ၈ မျိုး ပါဝင်တဲ့ လက်မှတ်မှ တစ်ရက်ကို တစ်သောင်းကျပ်၊ ကစားကွင်း ၀င်ခွင့် လက်မှတ်မှာ တစ်ရက်ကို နှစ်ထောင်ကျနဲ့ Game Ticket (သီးခြား) လက်မှတ် တစ်စောင်ကို တစ်ထောင့်ငါးရာကျပ် (ကြိုက်နှစ်သက်ရာ ကစားနည်း) ၁ မျိုး သတ်မှတ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၁၈၇၆ ကို ဆက်သွယ်ပြီး ဖြစ်စေ၊ Facebook စာမျက်နှာ www.facebook.com/foreverthingyan 2013 ကိုဖြစ်စေ၊ အီးမေးလ် လိပ်စာ forever thingyan@gmail.com(သို့) website လိပ်စာ www.myasiaticket.com ကို ၀င်ရောက် လေ့လာ နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

mrtv-4

http://www.facebook.com/photo.php?fbid=398258550271982&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...