စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







PSB Academy နှင့် University of Newcastle တို့ ပူးပေါင်း ပေးအပ် ချီးမြှင့်သော ပညာသင်ဆုအကြောင်း

http://sphotos-a.xx.fbcdn.net/hphotos-ash3/p480x480/64123_10151415339348392_1966273010_n.jpg

သြစတြေးလျနိုင်ငံတွင် ထင်ရှားသော တက္ကသိုလ်အခုအဖြစ် အသိအမှတ်ပြုခံထားသော University of Newcastle နှင့် စင်ကာပူနိုင်ငံတွင် ဦးဆောင်ဦးရွက်ပြုနေသော ပုဂ္ဂလိက ကျောင်းဖြစ်သော PSB Academy တို့ပူးပေါင်း၍ စင်ကာပူဒေါ်လာ 16,000 တန်ဖိုးရှိသော ပညာသင်ဆုကို PSB Academy တွင်တက်ရောက်နိုင်သော University of Newcastle ၏ Engineering ဘာသာရပ်အတွက် ပေးအပ်သွားမှာဖြစ်ကြောင်း 22.3.2013 သောကြာနေ့တွင် ထုတ်ပြန်ထားသည်။

ရည်ရွယ်ချက်

အရှေ့တောင်အာရှမှ ထူးချွန်ထက်မြက်သော အရည်အသွေးပြည့်မှီပညာရှင် လူငယ်များ ကို Engineers Australia (EA) Professional Body for Engineer in Australia and Worldwide မှ တရားဝင်အသိအမှတ်ပြုခြင်း ခံရသော UON ၏ နီုင်ငံတကာ စံချိန်စံညွှန်းမှီ Engineer ဘွဲ့ ဒီဂရီကို တက်ရောက်နိုင်စေရန်နှင့် နိုင်ငံအသီးသီးနှင့်ဒေသ အသီးသီးတို့၏ အနာဂတ်များ ဖွံ့ဖြိုးတိုးတက်ရန် ကျွမ်းကျင်စွာ လုပ်ဆောင်မည့် ကျွမ်းကျင်အင်ဂျင်နီယာများ ပေါ်ထွက်လာစေရန် ရည်ရွယ်သည်။
ခံစားခွင့်ရှိသော ကျောင်းသားများ

1. BEHS (အခြေခံပညာအထက်တန်း) အောင်မြင်ပြီး ဇွန်လ (သို့) သြဂုတ်လ 2013 ပညာသင်နှစ်မှာ PSB Academy မှ ဘွဲ့ဒီဂရီတန်း၏ ပထမနှစ်ဖြစ်သော Foundation Diploma in Engineering ဘာသာရပ် ကို တက်ရောက်မည့်သူများ
(မှတ်ချက်- ပညာသင်နှစ် စုစုပေါင်း လေးနှစ်ကို စင်ကာပူနိုင်ငံရှိ PSB Academy တွင် ပြီးဆုံးအောင် သင်ရမည်။ PSB Academy မှ ပထမနှစ်နှင့် University of Newcastle မှ သုံးနှစ်- ပေါင်း လေးနှစ်)

2. နိုင်ငံတကာအသိအမှတ်ပြု Higher National Diploma (HND) ပြီးထားသော ကျောင်းသားများ မြန်မာနိုင်ငံအစိုးရ Engineer တက္ကသိုလ်ကျောင်းများတွင် ပညာသင်နှစ် (၂နှစ်)ကို အောင်မြင်ပြီးသော ကျောင်းသားများ၊ City and Guilds Level 5 ပြီးထားသော ကျောင်းသားများသည် PSB Acadamy မှ ပထမနှစ် ပညာသင်နှစ် ကင်းလွတ်ခွင့် ဖြင့် သြဂုတ်လ 2013 ခုနှစ် ကျောင်းဖွင့်ချိန်ကာလအတွက် လျောက်ထားနိုင်သည်။

PSB Academy အကြောင်း

PSB Academy သည် ကျောင်းသားများ တစ်ဦးချင်း၏ လိုအပ်ချက်များကို ပြည့်စုံကြွယ်ဝဖို့ အဆင့်မြင့် ပညာရေးနှင့် လေ့ကျင့်သင်ကြားရေးကို ထောက်ပံ့ပေးရာတွင် နှစ်ငါးဆယ်နီးပါး အတွေ့ အကြုံရှိခဲ့သော စင်ကာပူနိုင်ငံ၏ အကြီးဆုံးနှင့် သိပ္ပံနှင့် နည်းပညာ နယ်ပယ်တွင် ဦးဆောင်ဦးရွက်ပြုနေသော ပုဂ္ဂလိက ကျောင်းဖြစ်သည်။ ယခင်က PSB Academy သည် Singapore အစိုးရ၏ အဖွဲ့ဝင် တစ်ခု ဖြစ်ခဲ့ပြီး productivity and standards Board အဖြစ် စင်ကာပူနိုင်ငံ၏ လုပ်သားထုအင်အားကြားမှာ ထုတ်လုပ်မှုများ တိုးတက်လာစေရန် အရေးပါသော အခန်း ကဏ္ဍတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ ယခုအခါ PSB Academy သည် စင်ကာပူ နိုင်ငံတွင် ရှိသော ဒေသခံနှင့် နိုင်ငံတကာ ကျောင်းသား ဦးရေ တစ်သောင်းနီးပါး အတွက် အင်္ဂလိပ်စာဘာသာစကားသင်ကြားမှု ဆိုင်ရာ ဘာသာရပ် အပါအ၀င် Business& Communication, Finance and Accounting, Engineering and Technology. Life & Physical Sciences များအတွက် Certificate တန်းမှ စပြီး Diploma, Undergraduate Degrees, Post-graduate တန်းများအထိ Program ပေါင်း 57 ခုကို အချိန်ပြည့်နှင့် အချိန်ပိုင်း သင်ကြားပေးလျက်ရှိသည်။

သိပ္ပံ ဘာသာရပ်များ ဖြစ်သော Life Science နှင့် Engineering ဘာသာရပ် အတွက် သင်ထောက်ကူပစ္စည်း အပြည့်အစုံ ပါဝင်သော လက်တွေ့ခန်းများကို PSB Academy မှ ကျောင်းသားများ အတွက်ကြီးမားသော အခွင့်အလမ်းများအဖြစ် သီအိုရီများကို လက်တွေ့အသုံးပြုနိုင်ရန် အထောက်အပံ့ပေးထားသည်။ ထို့အပြင် စာကြည့်တိုက်၊ စာသင်ခန်းများ၊ ပြင်ပ လေ့လာသင်ကြားရေး နေရာများ၊ Students Hub ၊ ကွန်ပြူတာ လက်တွေ့ခန်းများ၊ အားကစားနှင့် Recreation Facilities၊၊ ကော်ဖီဆိုင်များနှင့် စာအုပ်အရောင်းဆိုင်များ၊ Internet (WiFi@PSB) များအသုံးပြု၍ စာသင်ခန်းပြင်ပတွင် လေ့လာနိုင်ရန် စီစဉ်ထားခြင်း စသည့် ကျောင်းသားများအတွက် မရှိမဖြစ် လိုအပ်ချက်များကို အပြည့်အ၀ ထောက်ပံ့ပေးထားခြင်းဖြင့် PSB Academy တွင် ကျောင်းသားများ၏ သင်ယူမှု အတွေ့အကြုံတွေကို တိုးတက်စေပါသည်။
PSB Academy သည် Singapore Government’s Council for Private Education (CPE) မှ ချီးမြှင့်သော EduTrust Certificate ကို သက်တမ်း 4 နှစ်စာရရှိထားပါသည်။ 2010 ခုနှစ်တွင် Singapore Experience Award for Best Education Experience ကို အောင်မြင်သော ပထမဆုံး ပုဂ္ဂလိက ပညာရေးတက္ကသိုလ် ဖြစ်သည်။

PSB Academy ရှိ School of Engineering အကြောင်း
PSB Acadamy ရှိ School of Engineering သည် 2001 ခုနှစ်မှစ၍ Mechnical Engineering, Industrial Engineering, Information Technology နှင့် Electrical Engineering ဘာသာရပ် ဒီပလိုမာ နှင့် ဒီဂရီများကို အချိန်ပြည့်စာသင်ကြားချိန်နှင့် အချိန်ပိုင်းစာသင်ကြားချိန်ဖြင့် သင်ကြားပေးလျက်ရှိသည်။ သင်ကြားပြသပေးသောဆရာများသည် လုပ်ငန်းခွင်နယ်ပယ်များနှင့် သင်ကြားရေးဆိုင်ရာ နယ်ပယ်များတွင် အတွေ့အကြုံအနည်းဆုံးသက်တမ်း 10 နှစ်ကျော် ရှိခဲ့သူများဖြစ်သည်။ ကျောင်းသားများအတွက် သင်ထောက်ကူပစ္စည်း အပြည့်အစုံ ထောက်ပံ့ပေးနိုင်ပြီး စင်ကာပူဒေါ်လာကုန်ကျငွေ 2.2 Million ဖြင့် ကောင်းမွန်သော ပစ္စည်းကိရိယာစုံလင်နှင့် လက်တွေ့ခန်းများကို အသုံးပြုသည့် တခုတည်းသော ကျောင်းဖြစ်သည်။

ကျွမ်းကျင်မှု အသိအမှတ်ပြုခြင်း
PSB နှင့် ချိတ်ဆက်ထားသော သြစတြီးလျ နိုင်ငံ University of Newcastle က ပေးအပ်သော Bachelor of Engineering ဘာသာရပ်သည် Engineers Australia (EA) မှ အပြည့်အ၀ အသိအမှတ်ပြုထားပါသည်။ ထို့ကြောင့် ပြည်တွင်းအပြင် နိုင်ငံတကာမှာ အလုပ်အကိုင်ရှာဖွေရန်နှင့် အလုပ်အကိုင်ရရှိရန် မြင့်မားသော တက္ကသိုလ်ဖြစ်သည်။
University of Newcastle အကြောင်း
သြစတြေးလျှနိုင်ငံ၏ သုတေသန တက္ကသိုလ်များတွင် ထိပ်တန်း တက္ကသိုလ်တစ်ခု အဖြစ်အသိအမှတ်ပြုခံရသော University of Newcastle သည် 1965ခုနှစ်တွင် သင်ကြားမှု သင်ယူမှုပိုင်းဆိုင်ရာ ကဏ္ဍတို့တွင် ကျွမ်းကျင်မှုနှင့် စဉ်ဆက်မပြတ်ဆန်းသစ် ပြောင်းလဲတီထွင်ခြင်းတို့ကို နိုင်ငံတကာ စံချိန်စံညွှန်းဖြင့် အခြေခံအကောင်အထည်ဖေါ်ရန်အတွက် စတင်တည်ထောင်ခဲ့သည်။

UON သည် သြစတြေးလျ နိုင်ငံ၏ ပြည်သူ့ ဘဏ္ဏာရေး တက္ကသိုလ်ကျောင်း 36 ကျောင်း နှင့် သြစတြေးလျ အစိုးရတက္ကသိုလ်များ တွင် ၎င်း၏ သုတေသန ရလဒ်များကြောင့် Top 10 အဆင့် အတွင်နေရာယူထားပြီး Asian Pacific Region အတွင်း Top 100 အဆင့်တွင် ဆက်လက်ရပ်တည်လျက်ရှိသည်။
University of Newcastle မှ Engineering Program ၏ ထူးခြားချက်မှာ- အလုပ်သင်ကာလ 12 ပတ်ရှိခြင်းဖြစ်သည်။ လက်တွေ့လုပ်ငန်းခွင် နေရာများတွင်ဘွဲ့မရခင် 12 ပတ်ကြာ Training ကာလအဖြစ် အလုပ်လုပ်ရမည်ဖြစ်သည်။ PSB Academy ကျောင်းမှ စက်မှုလုပ်ငန်းခွင်များရှိ လိုအပ်သည့် အလုပ်နေရာများတွင် ကျောင်းသားများအား လွယ်ကူစွာ အလုပ်ရရှိရန် အတွက် ကူညီထောက်ပံ့ပေးသည်။

PSB ၏ ဘွဲ့ရကျောင်းသားအများစုသည် Assistant Engineer (သို့) Engineer အဖြစ် ကုမ္ပဏီအမျိုးမျိုးရှိ ဌာနအသီးသီးတွင် ၀င်ရောက်လုပ်ကိုင်နေကြပြီ ဖြစ်သည်။ ထို့အပြင် အချို့သော ဘွဲ့ရကျောင်းသားများသည် Master တန်းအတွက် MBA ကို ဆက်လက် တက်ရောက်နိုင်ပြီး ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍပိုင်းမှာလည်း ၀င်ရောက်လုပ်ကိုင်ကြသည်။ ၎င်းတက္ကသိုလ်မှ Engineering ဘွဲ့ရ အများစုသည် ဘွဲ့အပေါ်မူတည်ပြီး စင်ကာပူဒေါ်လာ လစာ 3,000 နှင့်အထက် ခံစားခွင့်ရှိကြသည်။
ထို့ကြောင့်လည်း UON မှ ဘွဲ့ရသူများသည် နိုင်ငံတကာ လုပ်ငန်းခွင်ရှာဖွေရာတွင် အလုပ်အကိုင်အခွင့်အလမ်း အကောင်းဆုံးကျောင်းတစ်ကျောင်းအဖြစ် ပြည်တွင်းသာမက ပြည်ပများတွင်ပါ လူသိများကျော်ကြားသည်။

ယခုပေးအပ်မည့် ပညာသင်ဆုများကို စိတ်ဝင်စားသော ကျောင်းသားများ အနေဖြင့် Myanmar Search International (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှု အမှတ် ၂၃၄၊ ရွှေဘုံသာအလယ်လမ်း ၊ ပန်းပဲတန်းမြို့နယ်ရန်ကုန်မြို့။ ဖုန်း ၀၁- ၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊ ၀၉၅၁၀၃၉၁၅ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...