စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ တစ်ယောက်ဖြစ်၍ မြန်မာလိုသာ မြင်သည်



 

         က္ဈန်တော်လည်း မြန်မာကို မြန်မာလို့ပဲ မြင်ချင်တယ်။ အထူးသဖြင့် မြန်မာမလေးတွေကို "ဗိုင်းကောင်းကျောက်ဖိ"… တန်ဘိုးရှိတဲ့ မြန်မာမလေး တွေအဖြစ် မြင်ချင်တယ်။ ဗိုင်း ဆိုတာ ဝါဂွမ်းကို ဝါဖတ်စက်နဲ့ ဖတ်ထားတဲ့ အရာဝတ္တု။ အရမ်းဖြူစင်ပြီး အရမ်း ပေါ့လွန်းလို့ လေတိုက်ရင်တောင် အလွယ်တကူ လွှင့်ပါးသွားတတ်တယ်။ ဒီလို လွှင့်တတ်လို့ ကျောက် ဆိုတဲ့ အထိန်းအကွပ်နဲ့ ဖိပြီး ကာကွယ်ထားရတာ။ အဲဒီလိုပဲ မိန်းကလေးတစ်ယောက်ရဲ့ အိနြေ္ဒသိက္ခာကို ဟီရိ သြတပ္ပ ဆိုတဲ့ အရှက်အကြောက်တရား နှစ်ပါးနဲ့ ကာကွယ်ရတယ်။ လူမှာ အရှက်အကြောက် ဆိုတာ မရှိတော့ရင် ဒီထက်ဆိုးတဲ့ အကုသိုလ် ဒုစရိုက်အမှုတွေ ပြုဘို့ ဝန်မလေးတော့ဘူး။

           ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး... ဆိုတာ တစ်ခုနဲ့ တစ်ခု ယှက်နွယ်နေတယ်လို့ က္ဈန်တော် မြင်ပါတယ်။ ယဉ်ကျေးမှု လျော့နည်းလာရင် ဘာသာတရားလည်း တဖြည်းဖြည်း ကင်းကွာလာလိမ့်မယ်။ ဘာသာတရား နိမ့်ပါးလာတာနဲ့အမျှ လူမှုရေးတွေ ဒွေးရောယှက်တင် ဖြစ်လာပြီး စစ်မတိုက်ရတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ မြန်မာ ဆိုတာ အုတ်ရောရော၊ ကျောက်ရောရော ဖြစ်လာလိမ့်မယ်။ နောက်ဆုံးတော့ မြန်မာပြည် ဆိုတာ မြေပုံလောက်သာ ကျန်ခဲ့ပြီး မြန်မာစစ်စစ်ကို ပြတိုက်ထဲ သွားရှာရလိမ့်မယ်။

          က္ဈန်တော် ဒီလိုပြောတာ အကြောင်းမဲ့မဟုတ်ပါဘူး။ က္ဈန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဘယ်လိုဖြစ်နေသလည်း ဆိုတာ သတိထားကြည့်လိုက်ရင် သိပါလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိနေပေမယ့် ယဉ်ကျေးမှုကနေ ဘာသာရေးအထိ ဝါးမြိုပစ်လိုက်လို့ ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားရတဲ့ နိုင်ငံတွေ အများကြီးပါ။ က္ဈန်တော်တို့ မြန်မာနိုင်ငံကို ဒီလိုအဖြစ်ဆိုးမျိုး မကြုံတွေ့ရစေဘို့အတွက် လူတိုင်းကိုယ်စီ မြန်မာ ဆိုတဲ့ အသိနဲ့ အချိန်မီ ကာကွယ်တားဆီးမှ တော်ကာကျမှာပါ။

         ကျန်စစ်သားမင်းကြီးဟာ သမီးတော် ရွှေအိမ်စည် အပေါ် လူကြမ်းကြီး လုပ်ပြီး ပဋိက္ခရားမင်းသား နဲ့ခွဲ၊ ခြေတစ်ဖက်မသန်တဲ့ စောယွန်းမင်းသား နဲ့ ဘာကြောင့် ပေးစားခဲ့ပါသလည်း...? ယဉ်ကျေးမှု၊ ဘာသာရေး၊လူ မျိုးရေး တစ်ခုမှမတူတဲ့အတွက် မြန်မာဆိုတဲ့အသိနဲ့ ကာကွယ်တားဆီး ခဲ့တာပါ။ အဲဒါမြန်မာစိတ်ပါ။ မြန်မာ ကို ဘာနဲ့မှ သွေးနှော မခံနိုင်တဲ့ ကျန်စစ်သားမင်းကြီးရဲ့ မျိုးချစ်စိတ်ဓာတ်က နှစ်ပေါင်းတစ်ထောင် ကျော်ခဲ့တာတောင် အခုချိန်ထိ ခေတ်မီနေပါသေးတယ်။

       အခုတော့ က္ဈန်တော်တို့ မြန်မာမလေးတွေအများစုက ရိုးရာသနပ်ခါးကို မေ့ပြီး နိုင်ငံခြားကလာတဲ့ မိတ်ကပ် အမျိုးမျိုးကို ခုံမင် တပ်မက် နေကြပါပြီ။ ငါးပိကိုမေ့ပြီး ပေါင်မုန့်မီးကင် နဲ့ ချိစ် ကို တမ်းတနေကြပါပြီ။ အဆိုးဆုံးက အရှက်လုံယုံသာမက၊ အိနြေ္ဒသိက္ခာရှိပြီး မြန်မာ့ရာသီဥတုနဲ့ ကိုက်ညီတဲ့ ထဘီနဲ့အင်္ကျီကို ကိုယ်ပေါ်က ခ္ဈတ်ချပြီး နိုင်ငံခြားက ဈေးကြီးပေး ဝယ်ရတဲ့ မလုံ့တလုံ အဝတ်အစားတွေကို အမြတ်တနိုး ဝတ်ဆင်နေကြပါပြီ။ မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်လေး ဝတ်လာတဲ့ မြန်မာမလေးတွေကို အထင်မကြီးတတ်ကြပဲ "တိုက်ဂေါ"… ဆိုတဲ့ အကြည့်နဲ့ အထင်သေးချင် နေကြပါပြီ။

   ဒါတွေဟာ... တိုးတက်မှုလို့ ယူဆကြရင်တော့ ခေတ် ရေစီးကြောင်း ပြောင်းလဲမှုမှာ က္ဈန်တော်မောင်မှန် တစ်ယောက် အမှီမလိုက်နိုင်ပဲ ကျန်နေခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဘိုးတော်ဘုရား လေးဖက်ကုန်းတဲ့အရွယ်က စကားတွေနဲ့ ဒီလူကြီး ဘာလာကြောင်တာလည်း... လို့ ဝိုင်းဝန်း ထောပနာ ပြုကြရင်လည်း က္ဈန်တော်ကတော့ ကျေနပ်စွာ ခံယူနေဦးမှာပါ။ ဘယ်သူတွေ ဘာပြောပြော... က္ဈန်တော်ကတော့ မြန်မာပုဆိုးနဲ့ အင်္ကျီကို သေသည်အထိ မြတ်နိုးစွာ ဝတ်ဆင်နေဦးမှာပါ။ ထမင်းစားရင်လည်း မြန်မာ့ငါးပိရည်နဲ့ တို့စရာမျိုးစုံကို ဖွယ်ဖွယ်ရာရာလုပ်ပြီး အားပါးတရ စားနေဦးမှာပါ။ က္ဈန်တော့်အမေ ရေချိုးပြီးရင် လူးဘို့ မြန်မာသနပ်ခါးကိုလည်း အညာကျောက်ပျဉ်ပေါ်မှာ အားရပါးရသွေးပြီး ကိုယ်တိုင် လိမ်းပေးနေဦးမှာပါ။ အခါကြီး ရက်ကြီးတွေမှာလည်း ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်ယူကြတဲ့ မိဘနှစ်ပါးအတွက် ဆွမ်းချိုင့်ကို ကိုယ်တိုင် သွားပို့နေဦးမှာပါ။ ရှာဖွေထားတဲ့ ခ္ဈေးနှဲစာလေးထဲကနေ ကောင်းနိုးရာရာလေးတွေ ရွေးချယ် ချက်ပြုတ်ပြီး ဆွမ်းခံကြွချီလာတဲ့ သံဃာတော်တွေကို အာရုဏ်ဆွမ်း လောင်းလှူနေဦးမှာပါ။

ဘာပြုလို့လည်းဆိုတော့ က္ဈန်တော်ဟာ... ဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ်တစ်ယောက် ဖြစ်နေလို့ပါပဲ.........။
(မောင်မှန် )

credit: OPP

 ဒီနေရာမှ ကူးယူမျှဝေပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...