စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ဝေဖန်ရေး”ဟူသည်


 

            လူသားများစတင်ပေါ်ပေါက်လာသည့်ကာလက ပေါ်ထွက်လာသည်ဟု ပညာရှင်အများက မိန့်ဆိုခဲ့ပါသည်။ ရှေးယခင်ကာလများက ယခုမျက်မှောက်ကာလအထိ လူမှု ပတ်ဝန်းကျင်လောကတွင် “ဝေဖန်”ရေးဟူသည့်စကားရပ်သည် အသုံးတွင်ကျယ်လျက်ရှိသည်။ လူတို့၏ကြိုးစားမှုကြောင့် ဖြစ်တည်လာသည့်ရုပ်ပိုင်းဆိုင်ရာများ၊ စိတ်ပိုင်းဆိုင်ရာများတွင် အားနည်း ချက်၊ အားသာချက်များမှာ ဒွန်တွဲလျက်ရှိသည်။ အားနည်းချက်များအနည်းဆုံးဖြင့် အကောင်းဆုံး၊ အတော်ဆုံးထိရောက်အောင် ကြိုးစားခဲ့ကြသည်။ “ဝေဖန်”အကြံပြုချက်များကို မိမိလုပ်ငန်းဆောင်တာ တွင် အကောင်းဆုံးလမ်းညွှန်မှုများအဖြစ် အသုံးပြုခဲ့ကြသည်။ မည်သို့ပင် အကောင်းဆုံး၊ အတော်ဆုံး ဖြစ်အောင်၊ အဘက်ဘက်မှဟာကွက် မရှိအောင် ကြိုးစားပါသော်လည်း အချိန်ကာလ၏ တိုက်တွန်းချက် အရ ဆက်လက်ကြိုးစားရမည် ပင်။ ခေတ်စနစ်၏ လိုအပ်ချက်များမှာ အမြောက်အမြားပင်ရှိသည်။

“ဝေဖန်” ဟူသည့်စကားရပ်သည် မြန်မာအဘိဓာန်၊ စာမျက်နှာ ၃၅၉ တွင် “ ၁။ အကောင်း အဆိုးကို သုံးသပ်စိစစ်သည်။ ၂။ စီမံခန့်ခွဲသည်။ ခွဲဝေပေးသည်။” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ စာ တစ်ပုဒ်၊ ကဗျာတစ်ပုဒ်၊ လုပ်ငန်းဆောင်တာများကို ဝေဖန်ရာတွင် အပြုသဘောဖြင့် “ဝေဖန်” အကြံပြုချက်များသည် တန်ဖိုးကြီးမားလှသည်။ အပျက်သဘောဖြင့် “ဝေဖန်”ပါက “ဝေဖန်” ခံရသူရော ၎င်းတို့၏ ပရိသတ်များကပါ စိတ်မသက်မသာဖြစ်သည်။ စိတ်ငြိုငြင်ခြင်းခံရမည်။ “ဝေဖန်” သူအတွက် ရလဒ်ကား မေတ္တာစူးခြင်းခံရမည်။ ဗုဒ္ဓဘာသာတရားတော်အရ မေတ္တာစူးခြင်းသည် ပစ္စုပ္ပန်ရော သံသယာပါ ၀ဋ်ကြွေးသဖွယ် ခံရခက်သည်ဟု ဆရာတော်ကြီးများက မိန့်မှာဖူးသည်ကို မှတ်သားရဖူးပါ သည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နာယက ဦးခင်အောင်မြင့်က အင်တာနက်စာမျက်နှာပေါ်ရှိ ရေးသားဖော်ပြခဲ့သော ဒေါက်တာဆိတ်ဖွား၏ “ above the law ” ခေါင်းစဉ်ပါ “ဝေဖန်” ချက်သည် လွှတ်တော်၏ လုပ်ဆောင် ချက် များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို စော်ကားခြင်း၊ ပြည်သူလူထုကို စော်ကားခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ စုံစမ်းစစ်ဆေးရေး ၁၅ ဦးပါကော်မရှင်ဖွဲ့ကာ တိုင်းပြည်နှင့် ပြည်သူလူထုကို စော်ကားမှုအတွက် အဖြစ်မှန်ပေါ်ပေါက်စေ ရန် တာဝန်ပေးခဲ့သည်။

အင်တာနက်စာမျက်နှာတွင် ယခင် ကလည်း ရေးသားခဲ့သည်။ ယခုအရေးအသားသည် မြန်မာပြည်မှာနေပြီး မြန်မာပြည်သူလူထုကို စော်ကားသောကြောင့် အခံရခက်လှသည်။

ဒေါက်တာဆိတ်ဖွားသည် မည်သို့သောအတွေးများနှင့် ထိုကဲ့သို့ရေးပါ သနည်းဟု စောကြောမိ သည်။ ထင်ပေါ်ကျော်ကြားချင်လို့လား၊ ရည်ရွယ်ချက်ရှိရှိရေးသားနေတာလား၊ အဖျက်သဘောဖြင့် ရေးသားမှုကို ခုံမင်နေတာလား၊ ဒေါက်တာဘွဲ့ရပြီး အစွန်းရောက်သွားတာလား စသည်ဖြင့် စဉ်းစား မိသည်။ ဒီမိုကရေစီခေတ်ကာလမှာ လူတိုင်းလူတိုင်း တာဝန်ကိုယ်စီထမ်းဆောင်လျက်ရှိသည်။

စည်းကမ်းပြည့်ဝသောဒီမိုကရေစီနိုင်ငံတော်သစ်သို့ ဦးတည်ချီတက် လျက်ရှိသည်။ မီဒီယာများသည် လည်း စတုတ္ထမဏ္ဍိုင်ပီသစွာဖြင့် လွတ် လပ်စွာပြောဆိုရေးသားလျက်ရှိသည်။ “စည်းကမ်းမဲ့” မဟုတ်ဘဲ တာဝန် ယူမှု၊ တာဝန်သိမှု၊ တာဝန်ရှိမှု စသည့်ရိုးသားမှုကို အရင်းခံကာ၊ တိုးတက်စေသောစိတ်စေတနာ ဖြင့်ပါဝင်ကာ ပြောဆိုရေးသားလျက်ရှိသည်။

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့အရပ်ဒေသရှိ ပြည်သူလူထုများတိုး တက်အောင်မြင်စေ ရန် လွှတ်တော်တွင် ဆွေးနွေးညှိနှိုင်းအဖြေ ရှာလျက်ရှိပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်ဖြင့် လုံ့လစိုက်ကာ ပြည်သူလူထုကောင်း စားရေးအတွက် လွှတ်တော်တွင် ဆွေးနွေးညှိနှိုင်းအဖြေရှာ လျက်ရှိ သည်။ ပြည်သူ လူထုတစ်ရပ်လုံး ကြိုဆိုထောက်ခံရုံသာမက ကမ္ဘာ့နိုင်ငံအသီးသီးကပါ ချီးကျူးလေးစားကြရသည်။

ဒီမိုကရေစီသက်တမ်းနုနယ်သောကာလတွင် တိုင်းပြည်ကောင်းစားရေး အတွက် အပြုသဘောဖြင့် “ဝေဖန်” အကြံပြုကြပါလို့ တိုက်တွန်းချင်ပါသည်။

“ဝေဖန်”မှုကို ကြိုဆိုရပါသည်။

“ဝေဖန်”မှုသည် စေတနာထက် ဝေဒနာဖြစ်ပါမူ၊ အကျိုးမရှိ ဖြစ်ပါမူ ဆက်လက်လုပ်ဆောင်ရန်မသင့်ပါ။ အမျိုးသားရေးနှင့် ဆိုင်သော သတင်းအချက်အလက်များ ကိုလည်း “စည်းကမ်းမဲ့” ပရမ်းပတာဖော်ပြခြင်းမျိုးကို မပြုလုပ်သင့်ပါ။ ပြည်သူလူထုကို စိတ်အနှောင့် အယှက်ပေးသည်နှင့် တူသည်။ မြန်မာနိုင်ငံ သည် ပြည်ထောင်စုတိုင်းရင်းသားများဖြင့် ပါဝင်ဖွဲ့စည်း ထား သော ပြည်ထောင် စု သမ္မတမြန်မာနိုင်ငံတော်ဖြစ် သည်။ ပြည်ထောင်စု တိုင်းရင်းသားများ၏ ပြည်ထောင်စုစိတ်ဓာတ်သည် ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့နေရမည်။ ထိုကဲ့သို့ တည်တံ့ အောင် အပျက်သဘောဖြင့် “ဝေဖန်” ရေးသားမှုများကို ရှောင်ရှားသင့်ပါသည်။ အမှောင်ထဲက လူတစ်ယောက်သည် အလင်းရောင်ရှိရာ အမှန်တရားဘက်သို့ ဘယ်သောအခါမှ မထွက်လာရဲတော့ပါ။ အချိန်ကာလကြာသည်နှင့် အမျှ ဒေါက်တာဆိတ်ဖွား၏ “ဝေဖန်”မှုများသည် ပျက်သုဉ်းပျောက်ကွယ် သွားမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် ပြည်သူလူထု၏အသံကို လုပ်ငန်းလမ်းညွှန် အဖြစ်ခံယူ၍ လက်ရှိဖြစ်ပေါ် နေသည့် စိန်ခေါ်မှုများ၊ နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေး၊ တိုင်းရင်းသားလက်နက်ကိုင် များအားလုံးနှင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်မှုများ စသည်တို့ကို ရင်ဆိုင်ဖြေရှင်းကာ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ဦးတည်ချီတက် လျက်ရှိသည်။ ပြည်ထောင်စုဖွားတိုင်းရင်းသားအပေါင်းတို့သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်ရာတွင် ဥပဒေနှင့်အညီ တက်ညီလက်ညီ ပါဝင်ကြရမည်သာဖြစ်သည်။ အလုပ်လုပ်ကြရမည်ဖြစ်သည်။

ဤနေရာတွင် အလုပ်လုပ်သည်ဆိုရာဝယ် မိမိကိုယ်တိုင်ပါဝင်သည်ရှိသလို မပါဝင်နိုင်သည် လည်း ရှိသည်။ အခြေအနေ၊ အချိန်အခါ၊ အနေအထား ကန့်သတ်ချက်များကြောင့်သာ မပါဝင်နိုင်ခြင်း ဖြစ်သည်။ အဆိုးဆုံးမှာ ဇရာ၏ကန့်သတ်ချက်ကြောင့်ဖြစ်မည်။ နိုင်ငံတော်အတွက် ကောင်းရာ ကောင်းကျိုး ဆောင်ရွက်လုပ်ကိုင်နေသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ပါဝင်မကူနိုင်၊ မိမိ အတ္တကို ရှေ့တန်းတင်ကာ “ဝေဖန်”နေမှုကို မပြုလုပ်သင့်ပါ။ ထို့ကြောင့် မိမိ၏ “ဝေဖန်”ချက်ကြောင့် တိုင်းရင်း သားပြည် သူလူထု စိတ်အနှောင့်အယှက်ဖြစ်ရရုံသာမက တိုင်းပြည် အကျိုးကို ဦးတည် ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ အကြံဉာဏ်ကောင်းများ မှေးမှိန်နေမည်သာဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဒီမိုကရေ စီနိုင်ငံတော်သစ်သို့ တိုင်းရင်းသားပြည်သူလူထုနှင့် တည်ဆောက်ချီ တက်လျက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် လည်း ထာဝရငြိမ်းချမ်းရေးတည်ဆောက်နေသည်။

မတူညီသည်များ ဘေးဖယ်ထားကာ တူညီသည်များဖြင့် ပူးပေါင်း လက်တွဲပြီး ကောင်းမွန်သောအကြံဉာဏ်များ၊ ဝေဖန်အကြံပြုချက်များကို ကြိုဆိုလက်ခံလျက်ရှိသည်။

မည်သည့်အလုပ်မဆို ဝေဖန်နေသည်ဆိုခြင်းထက် မိမိလုပ်ရမည့်အလုပ် ကို ပူးပေါင်းပါဝင်လုပ်ကိုင်ခြင်းသည် အမှန်ကန်ဆုံးဖြစ်နိုင်သလို ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်မှုကို ဖန်တီးနိုင်ပါသည်။

ထို့ကြောင့် အောင်မြင်မှုပန်းတိုင်သို့ရောက်အောင် ရိုးသားမှုကိုအခြေခံကာ အပြု သဘောဖြင့် ဝေဖန်အကြံပြုကြပါစို့ဟု တိုက်တွန်းချင်ပါသည်။

ကျော်လှိုင်ဝင်း

http://www.facebook.com/photo.php?fbid=397988763632294&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...