စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သီပေါမြို့

 

         သီပေါမြို့လို့လူသိများတဲ့ မြောက်ပိုင်းသျှမ်းပြည်နယ်ရဲ့ မောသျှမ်းတောင်တန်းများ ပတ်လည်ဝန်းရံ အလှဆင်ထား သဖွယ် နံဘေးက တစိမ့်စိမ့် တလိမ့်လိမ့်နဲ့ ဒုတ္ဘ၀တီမြစ် ကလေးတစ်စင်းက ပတ်ချာ လည့်ကာ စီးဆင်းနေပြီး သာယာလွမ်းမော ဘယ်ကောင်းတဲ့ မောသျှမ်းလူမျိုးတို့ရဲ သမိုင်းအထင်ကရမြို့ လေးတမြို့ပါ ဒီသီပေါမြို့ လေးဟာ မြန်မာ့သမိုင်း တလျှောက်မှာ နေရယူလျှက် ရှိနေပါတယ် သီပေါမြို့လေးဟာ မောကိုး ပြည်ထောင် မှာ ပါဝင်ခဲ့သလို့ ရှေးယခင် မြို့တည်ပြီးချိန်မှ စ၍ သျှမ်းစော်ဘွား အဆက်ဆက် ကနေ အဆင့်ဆင့် အုပ်ချုပ်လာခဲ့တဲ့မြို့လေးလည်းဖြစ်ပါတယ်။

သီပေါ မြို့လေးပေါ်ပေါက် လာရတဲ့အကြောင်းကလည်း သျှမ်းလူမျိုးတို့၏ လန့်ကျောက်နိုင်ငံတော် (ယခုတရုတ်ပြည်) ကို သျှမ်းဘုရင်ခွန်လူဖုန်း အုပ်ချုပ်စိုးနေချိန်မှာ ယခုသီပေါနယ်မှာ မိန်းတိမ်းခေါ် ဆိုတဲ့မင်းဆက်ကို သျှမ်းတွေက စတင်တည် ထောင်တဲ့အချိန်ဖြစ်ပါတယ် တိမ်းခေါ်မင်းဟာ ခွန်းလူး၊ ခွန်လှိုင်းဆိုတဲ့ သားတော် နှစ်ပါးကိုသာဖွားမြင်ခဲ့ပြီး နောက်ပိုင်းမှာ မင်းဆက်ပြတ်သွားခဲ့ပါသည်။

ထိုအချိန် တိမ်းခေါ်တိုင်းပြည်ကြီးသည် မငြိမ်မသက်ဖြစ်ရာက အမှတ်ကြီးလေးဦးက လေးနယ်စီခွဲပြီး အုပ်ချုပ်ခဲ့ရာကို သျှမ်းတို့က စီကော့လို့ခေါ်ပါတယ်။ သီဆိုတာက သျှမ်းလို လေး ကော့ဆိုတာ လူအရေအတွက် လူလေးယောက် အုပ်ချုပ်လို့ ဆီကော့ လို့ခေါ်ဆိုတာ ဖြစ်ပါတယ် .. ဒါကြောင့် စီကော့ စီကော့လို့ ခေါ်ဆိုရာက နောက်ပိုင်း ဆီပေါက် သို့ပြောင်းလည်းလာပါတယ် ဆီဆိုတာက လေး ပေါက်ဆိုတာက ရပ်ကွက် ဒီလိုနဲ့ ရပ်ကွက်လေးခု ဆီပေါက်လို့ ခေါ်ပါတယ် အဲ့ဒီဆီပေါက် ကနေပြီးတော့ ဆီပေါ့ ဆိုပြီးတော့ အသွင်ကူးပြောင်း လာရာမှ နောက်ဆုံးမှာ သီပေါ ရယ်လို့ခေါ်ဆိုခဲ့ကြပါသည်။(မယ်ခူးခေးရှဲန်)

တဖန် ကုန်းဘောင်ခေတ် မြန်မာ့ရာဇာဝင်မှာတော့  သီပေါမြို့ကို အုန်းဘောင်လို့ခေါ် ဆိုရေးမှတ်ခဲ့ကြပြီး အုန်းဘောင်သီပေါလို့ ခေါ်ဆိုကြပြန်ပါတယ်AD - 1534 အင်းဝနေပြည်တော်ကို မိုးညှင်းဘုရင်

စ၀်လုံနှင့်သား ၀င်ရောက်သိမ်းပိုက်ကာ သားဖြစ်သူ သိုဟန်ဘွားကို မင်းအဖြစ်ထားရာက ပြည်မြို့ စား မင်းကြီးရန်နောင်နှင့် အတူ အုပ်ချုပ်စေခဲ့ပါတယ်။ AD- 1555 အရောက် မှာတော့ သိုဟန်ဘွားကို မင်းကြီးရန်နှောင် လုပ်ကြံသတ်ဖြတ်ပြီး သီပေါမြို့ကိုအပိုင်စားတဲ့ သီပေါစော်ဘွား အုန်းဘောင်ခွန်မင်း ကို နန်းတင်ကြတယ်လို့ မြန်မာ့မှန်နန်းက ဆိုပါတယ် အုန်းဘောင်သီပေါ လို့ရေးတခါ မှတ်ကြပြန်ပါတယ်။

အုန်းဘောင်ဆိုတာကတော့ သျှမ်းလို အွန်ပွန်းလို့ခေါ်ပါတယ် အွန်ပွန်းဆိုတာက လယ်တွေကို ရေသွင်းဖို့ နမ္မတူမြစ်ကနေ ရေသွယ်ယူကာ ပြန်လည်ဖြန့်ဝေတဲ့ ရေလွဲမြောင်းအသေးလေးတွေကို ဆိုလိုပါသည်။ သီပေါမြို့သည် တချိန်က ဆန်ရေစပါး ပေါကြွယ်ဝသော နေရာဖြစ်သလို ရေလွဲဆည်တွေ အများအပြားနှင့် လယ်ယာစိုက်ပျိုး အုပ်ချုပ်သော စော်ဘွားဖြစ်တာကြောင့် သျှမ်းတို့က အွန်ပွန်း စ၀်ဖှ လို့ခေါ်ပါတယ် ဒါကို ဗမာလူမျိုးများက အုန်းဘောင် စော်ဘွား ခေါ်ဆိုရေးမှတ်ခဲ့ကြပါသည်။ ဒီလိုနဲ့ခေတ်အဆက်ဆက် သျှမ်းစော်ဘွားများ အုပ်ချုပ်လာခဲ့ရာ ...

AD- 1866 - Dec 13 သီပေါစော်ဘွားကြီး ခွန်ကြာထွန်း၏ သားတော် ကမ္ဘောဇရဋ္ဌ မဟာဝံသ သိရီပ၀ရ သုဓမ္မရာဇာ ဘွဲ့ရ (၈၅) ဆက်မြောက် စော်ဘွားကြီး အဖြစ်ကို စ၀်ကြာခိုင် (ခ) စ၀်ခွန်ဆိုင် သီပေါ စော်ဘွား အဖြစ်ကိုခံယူလေသည်။ 1889 ခုနှစ်မှာ ( C. I.E = Companion of the Order of tha Indian Empire ) ဆိုကိုရရှိခဲ့သည်။

AD- 1895 ခုနှစ်မှာ စော်ဘွားကြီး စ၀်ကြာခိုင်သည် ကြေးချိန် - ၄၇၇၉ ပိဿာ-၁၅ ကျပ်သား ၊ ငွေချိန် - ၂၆ ပိဿာ ၊ ရွှေချိန် - ၂ ပိဿာ-၂၅ ကျပ်- ၂ ပဲ ၊ စရိတ်တော် (ငွေဒင်္ဂါး) ၉၅၅၈ - ကျပ်- ၆ ပဲ ၊တို့ဖြင့် သွန်းလောင်းပူဇော်ခဲ့ပါသည်။ ၁၂၆၄ - ခုနှစ်တွင် မဟာမြတ်မုနိ မကိုဋ်တော်ကို တင်လှူခဲ့ပါသည်။
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးနှင့် နောင်တော် ညီတော်အဖြစ် အနီးစပ်ဆုံး ပုံစံတူကူးယူ၍ မြေတိုင်းအမတ်ကြီး ဦးကြိုင်ကို ပန်းတဉ်းဝန်ခန့်ကာ ဂန္ဓကုဋိတိုက်တော်၊ ပြာသာဒ် စုလစ်မွန်းချွန်၊ အာရုံခံတန်ဆောင်း တို့ဖြင့် ၁၂၅၇-ခု ၀ါဆိုလပြည့်ကျော် (၅) ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။

AD- 1924 ခုနှစ် ၁၂၈၆ - ခု ကဆုန်လဆန်း (၆) ရက်နေ့တွင် တန်ဆောင်းတော် မီးလောင်ကျွမ်း၍ ရုပ်ပွားတော်မြတ်မှာ အနည်းငယ်မီးခခဲ့ပါသည်။ သီပေါ အုန်းဘောင် လေးမြို့ဂိုဏ်းချုပ်ဆရာတော် ဦးက၀ိ မထေရ်မြတ်နှင့် အရီးတော်ထိပ်ခေါင်တင် ကြီးမှူးလျက် ပြည်သူပြည်သားများ ကောင်းမှုဖြင့် ၁၂၈၉ - ခု ပြာသိုလပြည့်နေ့တွင် ပြန်လည်ပြုပြင် ပြီးစီးခဲ့ပါသည်။

စ၀်ချယ် (1906 - 1928) စ၀်ချယ်ကို 1872 ခုနှစ်တွင်ဖွားမြင်ပြီး သီပေါမင်း၏ ခေါ်သီပေါမင်း၏ ခေါ် ဆိုချက်အရ မန်းလေး ရွှေနန်းတော်တွင် သွားရောက်နေထိုင်ခဲ့သည်။ 1913 Apri (၈၆)ဆက်မြောက် ကမ္ဘောဇရဋ္ဌ မဟာဝံသ မဟာရာဇာ ဘွဲ့ခံ စော်ဘွားကြီး ဆာစောချယ် အဖြစ်သို့ရောက်ရှိသည်။
AD- 1923 စော်ဘွားကြီး စ၀်ချယ် ၏မွေးနေ့ပွဲတွင် ( C. I.E = Companion of the Order of tha Indian Empire ) ဆိုကိုရရှိခဲ့သည်။

စ၀်အုံကြာ(1928-1938) စ၀်ချယ် နှင့် မဟာဒေ၀ီ စ၀်သီရိမာလာတို့၏ တဦးတည်းသော သား ( Rugby School ) (Brasennoso College Oxford ) 1917 BA 1922 (Ma) 1917 - 1919 (South Eastrn Agricultural )
1919 Dec မှာ ( Honorary Extea Assistant Commission for administrativ training မကွေးမြို့မှာ တက်ရောက်ခဲ့ပါသည်။ 1922 ခုနှစ် စ၀်သုန္ဒ ၏သမီးတော် မဟာဒေ၀ီ စ၀်လိ နှင့်ထိမ်းမြားသည်။

သီးပေါ စော်ဘွား စ၀်ကြာဆိုင်သည်သီပေါ စော်ဘွားကြီး စ၀်အုံကြာနှင့်  မဟာ ဒေ၀ီ တို့မှ 1924 ဖွားမြင်တော်မှုပြီး မွေးချင်းများ ဖြစ်ကြသော စ၀်ကြာဆုန်၊ စ၀်မမ၊ စ၀်ကြည်စု၊ စ၀်ယဉ်နုတို့၏ မောင်အငယ်ဆုံး ဖြစ်သည်။1932 – 1935မေမြို့ ဂျိုးဇက်ကျောင်းတွင် (St.Joseph) ပညာ သင်ကြား၍1935 – 1941သျှမ်း ချိ့စ်ကျောင်းတွင်၎င်း( Shan Chief` School)။ 1941 ခနှစ်တွင် အခြေခံပညာ အထက်တန်းမောင်မြင်၍ အိန္ဒိယနိုင်ငံ တာဂျီလိန် (St. Paul)၎င်း ဆက်လက်၍( Senior Cambridge)။ 1947 (January) သီပေါစော်ဘွားဖြစ်ကို ခံယူလေသည်။ 1949 (October) ထိုနောက် အမေရိကန်(Colorado) ပညာသင်ကြား။ 1953 (Mining Engineer)။ 1953 (March) (Austria) (Inge)အင်ဂျီးနှင့်တွေ့ဆုံ 1954 (January) စ၀်ကြာဆိုင်သည် အင်ဂျီး(Inge)နှင့်အတူ သီပေါ သို့ပြန်လည် ရာက်ရှိလာသည်။ အနာဂတ် သျှမ်းပြည်တွက် ဆားရရှိရန် ဘောကြိုဒေသမှ ဆားထွက်ရှိသည့် ဒေသတို့ ကိုယ်တိုင် ကွင်းဆင်း လေ့လါ သုတေသန များ ပြုလုပ်ခဲ့သည်။

ဘော်ကြိုဘုရားပွဲတွင် သျှမ်းအမျိုးသားများသည် အလေါင်းအစား ခုံမင်းနှစ်သက်သည်ကို ကြိုက်နှစ်သက်ခြင်းမရှိ၍ နောင်အနှစ်ပွဲတော် ကျင်းပချိန်တွင် ဘော်ကြို ဘုရားပွဲတော်တွင်း အလေါင်းစားများ ပြုလုပ်ခြင်းများ ပိတ်ပင်သည်ဟု သိရှိပါသည်။ စော်ဘွားကြီး စ၀်ကြာဆိုင်သည် သျှမ်းအမျိုးသားများ ချစ်ခင်လေးခြင်း ယုံကြည်ကိုးစားခံရသော စော်ဘွားတဦးဖြစ်သည်

1948 ခုနှစ် မိုင်းရှုးစော်ဘွား စ၀်မန်ဖ၏ နေအိမ်တွင် စော်ဘွားကြီးများ တံခါးပိတ်အစည်းဝေး၌ ပထမ အချက်ဖြစ်သည့် သျှမ်းပြည်ပြည်သူ့ အစိုးရသို့ အာဏာစွန့်လွှတ်ရေးဆိုသည်ကို အားလုံးလိုလို လက်ခံခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံ မဟာရာဂျာ ( ) စော်ဘွားများသည် ပင်၎င်းတို့၏ အာဏာကို အစိုးရထံသို့ ပေးအပ်စွန့်လွှတ်လိုက်ပြီဖြစ် သောကြောင့်ပင်။ ကမ္ဘာနှင့် အ၀ှမ်းထူးခြားစွာ ဖြစ်ပျက် ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေကို မလွန်ဆန်နိုင်တော့ဟုလည်းေ ကြာင်းပြုကြသည်။

ဒုတိယ- အချက်ဖြစ်သည့် လျော်ကြေးငွေယူရန် မယူရန်ကို မှု အငြင်းအခုံဖြစ်ခဲ့ကြ၏ ပြည်ထဲရေးဝန်ကြီး စ၀်မန်ဖက ဖြစ်နိုင်လျှင် လျော်ကြေးငွေကို မယူရန်တင်ပြခဲ့ပါသည်။ နောင်သောအခါတွင် သျှမ်းပြည်၏ ပြည်သူလူထု သားစဉ်မြေးဆက်တို့ အနေဖြင့် သျှမ်းပြည်ကြီးကို သျှမ်းစော်ဘွားများက ငွေကြေးဖြင့် လဲလှယ်၍ ရောင်းစားသွားခဲ့ကြသည်ဟူသော သမိုင်းအမည်း စက်ကြီးစွန်းထင်းကျန်ရစ် နေခဲ့မည် ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့ပေသည်။ ထိုအဆိုတင်သွင်းချက်ကို သီပေါ စော်ဘွား စ၀်ကြာဆိုင်နှင့် အချို့သော စော်ဘွားငယ် (နယ်ငယ်သောစော်ဘွားများကိုဆိုလိုသည်) များတဦး နှစ်ဦးခန့်ကသာ ထောက်ခံခဲ့ကြပါသည်။


သီးပေါ စော်ဘွား စ၀်ကြာဆိုင်နှင့် အင်ဂျီ တဖြစ်လည်း မဟာဒေဝီ စဝ်သုစန္ဒီ သျှမ်းမင်းသမီးလေး သူတို့ ၂ယောက်ရဲ့ ဇတ်လမ်းလေးက.. တကယ့်ကို ပုံပြင်ဆန် ပြီး ကြည်နူးဖွယ်..ကြေကွဲဖွယ်တွေ အတိနဲ့ပါ။ အချိန်က..၁၉၅၁ ခုနှစ်။ ကော်လိုရာဒို ပြည်နယ်ရဲ့ ဒန်ဗာ ဆိုတဲ့မြို့လေးက Colorado School of Mines မှာ.. ကျောင်းလာတက်ကြတဲ့..အာရှတိုက်သား မိုင်းအင်ဂျင်နီယာ ကျောင်းသားလေး နဲ့ exchange student အနေနဲ့ ခဏ ရောက်နေတဲ့ သြစကြီးယား နိုင်ငံသူလေး တို့ ချစ်ခင်စုံမက်သွားကြတဲ့.. သာမာန် အချစ်ဇတ်လမ်းလေး တခုပါပဲ။

အင်ဂျီ ကို ၁၉၃၂ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၃ရက်နေ့တွင် သြစတြီးယားနိုင်ငံ၊ Kärntenဒေသတွင် မွေးဖွါးခဲ့သည်။ ၆နှစ်သမီး အရွယ်တွင် နာဇီကျူးကျော်မှုကို ကြုံတွေ့ခဲ့ရပြီး၊ သူမ၏ အမေကိုယ်တိုင် နာဇီများ၏ ဖမ်းဆီးမှုကို သုံးကြိမ်ခံခဲ့ ရဖူးသည်။ ဒုတိယကမ္ဘာစစ်အပြီး သြစတြီးယားနိုင်ငံမှာ များစွာ ခက်ခဲဆင်းရဲ လာသောကြောင့် အမေရိကန်တွင် ပညာဆက်လက် သင်ယူရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၅၁ခုနှစ်တွင် Fulbright ပညာသင်ဆုရရှိသူ ပထမဆုံးသော သြစတြီးယားလူမျိုး ဖြစ်လာခဲ့သည်။ အမေရိကန်နိုင်ငံ ကော်လိုရာဒို၊ အမျိုးသမီး ကောလိပ်တွင် ပညာဆည်းပူးခဲ့သည်။ အဲဒီတုန်းက..ကျောင်းအုပ်ကြီးကလွဲလို့.. ဒီ အင်ဂျင်နီယာ ကျောင်းသားလေးဟာ အာရှတိုက်က.. ဘုရင်ငယ်လေး တပါး ဆိုတာ ဘယ်သူမှ မသိစေအောင်..သူကိုယ်တိုင်က..သိုဝှက်ထားခဲ့တယ်တဲ့။ ကော်လိုရာဒိုတွင် ပညာဆည်းပူးနေစဉ် Colorado school of Mining မှ မိုင်းတူးအင်ဂျင်နီယာ ကျောင်းသား သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် ဖူးစာဆုံခဲ့ကြသည်။

၁၉၅၃-ခုနှစ်တွင် ကော်လိုရာဒိုရှိ သူငယ်ချင်းတစ်ဦးအိမ်တွင်ပင် လက်ထပ်ခဲ့ကြသည်။ သူတို့ ၂ယောက် လက်ထပ်ပြီးတော့.. အင်ဂျီက..ယောင်နောက်ဆံထုံးပါ.. လိုက်လာခဲ့တယ်။ သူတို့ သဘောင်္ကြီး ရန်ကုန် ဆိပ်ကမ်းကို ကပ်ကာနီးလို့ .. အလံတွေ ပုဝါတွေ တရမ်းရမ်း..ဗုံမောင်းသံ တညံညံ နဲ့ ဆိပ်ကမ်းပြည့် ကြိုနေကြတဲ့ ရှမ်းလူမျိုးတွေကို မြင်တော့မှ…. “There is something I have to tell you, my dear.” လို့ ပြောလိုက်တဲ့..ခင်ပွန်းသည်ရဲ့ စကားအဆုံးမှာ… သူမဘ၀ဟာ အရှင်လတ်လတ်ကနေပြီး.. မင်းသမီးတပါး ဖြစ်သွားခဲ့ပြီး…ပြိုင်တည်းမှာပဲ..ရှုပ်ထွေးလာနိုင်မဲ့ သူ့ အနာဂါတ်ကိုလည်း အာရုံရမိလိုက်တယ်..လို့.. အင်ဂျီက လွမ်းဆွတ် ထားပါတယ်။ သီပေါသို့ ရောက်ရှိပြီး လအတန်ကြာတွင် တရားဝင်ရိုးရာ လက်ထပ်အခမ်းအနားကို ကျင်းပခဲ့ပြီး၊ ဗေဒင်နက္ခတ်အရ မဟာဒေဝီ စဝ်သုစန္ဒီ ဟူသော ရှမ်းအမည်ကို ရရှိခဲ့သည်။ သူတို့ မောင်နှံ သီပေါ ဟော်နန်းကို ရောက်တဲ့ အချိန်ကစပြီး..အဲဒီ နယ်တခွင်မှာ ပြုပြင်ပြောင်းလဲ ရေးတွေ ဖြစ်လာ တော့တယ်။ စပ်ကြာဆိုင်က..သူကိုယ်တိုင် လူဖြစ်ခဲ့တဲ့ မြေရှင်ပဒေသရာဇ် စနစ်ကြီး ကို ပြောင်းလဲဖို့ ကြိုးစားရင်း..

သူ့ရဲ့ ရှမ်းအမျိုးသားတွေကို ဒီမိုကရေစီ စနစ်ဆီ လမ်းခင်းပေးခဲ့တယ်။ မြေယာတွေ ကို ပြည်သူ့ဆီ ပြန်ရောက်အောင် လုပ်ပေးခဲ့တယ်။ သူသင်ခဲ့တဲ့ ပညာတွေနဲ့..ဒီဒေသ ရဲ့ အသက်သွေးကြော..တွင်းထွက် သယံဇာတတွေ ကို အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်ခဲ့တယ်။

သြစတြေလျ နိုင်ငံက..ဘူမိဗေဒ ပညာရှင်တွေ ငှားပြီး တိုင်းတာ ရှာဖွေရေး တွေကို အကောင်းဆုံးအဆင့် နဲ့လုပ်တယ်..။ နိုင်ငံခြားက..မျိုးစိတ်အသစ်တွေ ၀ယ်ယူပြီး.. စိုက်ပျိုးမွေးမြူရေးတွေကို..စက်မူ နည်းပညာတွေနဲ့ မြှင့်တင်ပေးခဲ့တယ်။ စဝ်သုစန္ဒီသည် အချိန်အနည်းငယ်အတွင်း ဗမာ၊ ရှမ်း ဘာသာစကားများကို သင်ယူ တတ်မြောက်လာခဲ့ပြီး မိမိကိုယ်ကို ရှမ်းလူမျိုး တစ်ဦးအဖြစ် စတင်ခံယူလာခဲ့သည်သာကမ၊ သီပေါဒေသခံများကလည်း သူမအား ရှမ်းလူမျိုး မဟာဒေဝီ တစ်ဦးအဖြစ် လက်ခံလာကြသည်။

ထို့အပြင် စဝ်သုဒေဝီသည် ခင်ပွန်းဖြစ်သူနှင့် တွဲဖက်ကာ သီပေါဒေသ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ပြီး သားဖွားဆေးခန်းနှင့် ဗမာ၊ အင်္ဂလိပ်၊ ရှမ်း ဘာသာသုံးမျိုးဖြင့် သင်ကြားသော စာသင်ကျောင်း ကိုတည်ထောင်ရင်း ကိုယ်တိုင် လုပ်အားပေးခဲ့သည်။ မာယာရီ နှင့် ကိန္နရီ အမည်ရှိ သမီးနှစ်ဦး ထွန်းကားခဲ့သည်။ အင်ဂျီ ကိုယ်တိုင်လည်း စာသင်ကျောင်းတွေနဲ့ အမျိုးသမီးကဏ္ဍ တွေကို ကိုယ်ဖိ ရင်ဖိ ဆောင်ရွက်ခဲ့တယ်။ ဗမာလုံခြည်နဲ့ ဆံထုံးနဲ့ နေထိုင် ဆင်ယင်ခဲ့တဲ့ အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးကို အားလုံးက.. အလေးထား လေးစားခင်မင်ကြတယ်။ အဲဒီ ရပ်ရွာတွေမှာဆို.. သူတို့ မောင်နှံပုံကို ဘုရားစင်မှာတင်ပြီး ကိုးကွယ်တာမျိုးတောင် ရှိခဲ့တယ်တဲ့။

ဒါပေမဲ့.. လူကောင်းလူတော် တွေကို ၀မ်းပမ်းတသာ ကြိုဆို လက်ခံလေ့ မရှိတဲ့..ဒီမြေ..ဒီရေ..ဒီထုံး.. ဒီအမုန်းတွေနဲ့ အတူ ၁၉၆၂ ခု နှစ် မတ်လ ရဲ့ နိုင်ငံရေး မုန်တိုင်း ထဲမှာပဲ..ရန်ကုန်မြို့လွှတ်တော်ညီလာခံ က အပြန် ဘယ်မှာ ပျောက်ဆုံး သွားမှန်း မသိတဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ကို ယနေ့ထက်ထိ ဘယ်သူမှ ပြန်မတွေ့ကြရတော့ပါဘူး။

အဲဒီ အချိန်မှာ လူမမယ် သမီး ၂ယောက်နဲ့ ကျန်ခဲ့တဲ့ အင်ဂျီ ကို သီပေါ ဟော်မှာပဲ.. အစောင့်အကြပ် ထူထပ်စွာ နဲ့ အကျယ်ချုပ် ထားခဲ့တယ်။ ဘာကိုမှ မကြောက်တတ်ခဲ့တဲ့ အင်ဂျီ ကလည်း.. သူ့ဆက်သွယ်နိုင်သမျှ အရာရှိ စစ်အာဏာပိုင် မှန်သမျှ ထံ လိုက်လံ စုံစမ်းခဲ့ပေမဲ့.. “I am writing this secretly. I am being locked up in the army lockup at Ba Htoo Myo at Lawksawk… Miss you all. Conditions here are not clean. Hope to see you soon. Cheer up yourself! I am still OK. Love, Sao Kya Seng.” ဆိုတဲ့ လျှို့ဝှက်စွာ ရောက်လာတဲ့. စာလေးတစောင်က လွဲလို့.. ဘာသဲလွန်စ မှ မရခဲ့တော့ဘူး။
၂ နှစ်လောက်.. အားမလျှော့တမ်း စုံစမ်း နေခဲ့ရင်း.. နောက်ဆုံးမှာတော့. .သူ့အတွက် အန္တရယ်တွေ ၀ိုင်းနေတဲ့..တစိမ်းပြင်ပြင် ဖြစ်လာတဲ့ အခြေအနေတွေကြောင့်.. သြစကြီးယားသံရုံးရဲ့ အကူအညီနဲ့ သမီးလေး ၂ ယောက်အတွက် နိုင်ငံကူးလတ်မှတ် အတု လုပ်ပြီး မြန်မာနိင်ငံထဲက..ခိုးထွက် လာခဲ့တော့တာ..ကနေ့အထိ..အခု စာအုပ်ကို ရေးသားဖြစ်တဲ့ အထိပေါ့။


သီပေါစော်ဘွားစောဝ်ကြာဆိုင်ဟာ.. ၁၉၆၂ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော.. တိုးတက် ထက်မြတ်တဲ့ တိုင်းရင်းသား ခေါင်းဆောင် များနည်းတူ.. လက်စဖျောက် ခံခဲ့ရပြီးနောက် အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးလေး ဟာသမီးငယ် နှစ်ယောက်နှစ်အတူ မြန်မာပြည်မှ ထွက်ခွါလာခဲ့ရပါသည်။ သြစကြီးယားနိုင်ငံ ဗီယင်နာမြို့Schloss Laudon ဆိုတဲ့ ဇိမ်ခံ ဟော်တယ်ကြီး တခုရဲ့ ဧည့်ခန်းထဲကို နောက်ဆုံးသော မျှော်လင့်ချက်တွေ.. နာကျည်းမူတွေ နဲ့ အတူ သမီးလေး ၂ယောက်ကို လက်ဆွဲပြီး ဟော်တည်ရှေ့ မျက်ခင်းစိမ်းစိမ်းကို ဖြတ်၍ အထဲသို့ ၀င်လာတဲ့.. အမျိုးသမီးငယ် တယောက် အဲဒီ အမျိုးသမီးကတော့..တချိန်တုန်းက.. ရပ်ရွာလူထု က..ချစ်ခင်လေးစားခဲ့ကြတဲ့.. ရှမ်းမင်းသမီးတပါး ဖြစ်ခဲ့တဲ့ ..သြစကြီးယားနိုင်ငံသူ အင်ဂျီ ဖြစ်ပြီး.. သူလက်ဆွဲလာတဲ့ ကလေး ၂ယောက်ကတော့.. ကိန္ဒရာ နဲ့ အမရာ (ကိန္ဒရီ နဲ့ မာယာရီ) ဆိုတဲ့ ရှမ်း-သြစကြီးယန်း ကပြား သမီးလေး ၂ယောက်ပါ။ သူတို့ တွေ့ဖို့ ကြိုးစားခဲ့တဲ့ သူကတော့.. လန်ဒန်မြို့မှာ ဇိမ်ခံ ရင်း ..ဆေးကုဖို့ ရောက်နေတဲ့..မြန်မာပြည်က..ခေါင်းဆောင်ကြီး ဦးနေ၀င်း (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌ) ဖြစ်ပါသည်။ အဖြစ်အပျက်တွေက..ဆယ်စုနှစ် ကြာနေပြီ ဖြစ်ပေမဲ့.. အင်ဂျီ မှာ..သူ့ခင်ပွန်းသည်ရဲ့ ကံကြမ္မာ ဘယ်လို အဆုံးသပ်ခဲ့ရတယ် ဆိုတာ..သိဖို့အတွက်..ဇွဲမလျော့ပဲ တောက်လျှောက် ကြိုးစားနေခဲ့တယ်။ အခုလည်း.. သတ္တိတွေ အပြည့်နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် မေးဖို့..သူ ရောက်လာခဲ့ပြန်တယ်။




ဒါပေမဲ့..အခန်းထဲက..ထွက်မလာတဲ့..တာဝန်ရှိသူကြီးက.. သူ့ဇနီး ဒေါ်ခင်မေသန်းကို လွှတ်ပြီး..စပ်ကြာဆိုင် မသေသေးပါဘူး..ကျန်းကျန်းမာမာ ရှိနေပါတယ် လို့.. အဖြေပေးလိုက်ပါတယ်။ ဒီအဖြေ စကားက..အခြေအမြစ်မရှိ သလို ဘယ်ကိုမှ ဆက်သွားစရာလည်း မရှိတော့တဲ့.. ငရဲကလာတဲ့ အလိမ်အညာ လမ်းဆုံးစကားတခုသာ ဖြစ်တယ်ဆိုတာ..သူသိပေမဲ့.. အခု ထက်ထိလည်း..သူ့ခင်ပွန်း အလောင်း ကို မတွေ့ခဲ့ရ။ တကယ်တော့.. ငယ်ရွယ် ထက်မြတ်တဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ဟာ.. ၁၉၆၂ ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော.. တိုးတက် ထက်မြတ်တဲ့ တိုင်းရင်းသားခေါင်းဆောင် များနည်းတူ.. လက်စဖျောက် ခံခဲ့ရတာပါ။ ဒီစာအုပ်ကို ဒုတိယ အိမ်ထောင်ဖြစ်တဲ့ ခင်ပွန်းသည်ရဲ့ အားပေးတိုက်တွန်းမူ နဲ့ ရေးသားထုတ်ဝေ ခဲ့တာဖြစ်ပြီး..အလင်းရောင် ပျောက်ကွယ်ရင်း..မှောင်စပြုနေတဲ့ ဗမာပြည်ရဲ့ ဖိနှိပ်ကန့်သတ်မူတွေကို ကမ္ဘာက သိအောင်..နောက်..သူ့ခင်ပွန်းစပ်ကြာဆိုင် ရဲ့ သူ့မြေသူ့ရေ အပေါ် တာဝန်ကျေခဲ့ပုံ.. နိုင်ငံရေး အမြင်ကျယ်ခဲ့ပုံတွေ..လူသားဆန်ခဲ့ပုံတွေကို မှတ်တင်းတင် ရစ်ဖို့ပါလို့ ဆိုထားပါတယ်။

ဒီစာအုပ်ကို ၁၉၉၄ မှာ ဟာဝိုင်ယီတက္ကသိုလ် စာအုပ်တိုက်က..ပုံနှိပ်ခဲ့ပါတယ်။ စာအုပ်ရဲ့ အတွင်းအဖုံးမှာ အမေရိကန်မှာ အခြေချ နေထိုင်နေတဲ့.. စာရေးသူ -အငြိမ်းစားကျောင်းဆရာမ ကြီး အင်ဂျီရဲ့ မဟာနဖူး ဆံထုံး မြင့်မြင့်ကြီးနဲ့ ဓါတ်ပုံ ကို ကြက်သရေ ရှိစွာ မြင်ရနိုင်ပါတယ်။ Burma lifeline ဆိုတဲ့ ဖောင်ဒေးရှင်းတခုကိုလည်း အင်ဂျီနဲ့ သူ့ဒုတိယခင်ပွန်းက မတည်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

သျှမ်းနီလူငယ်

အေးချမ်းမွန်မှ ရှမ်းသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ရှမ်းသတင်း

ဒီနေရာမှကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...