စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အင်တာနက်မှ ထင်ရှားသော ပထမဆုံးများ




အင်တာနက်ပထမဆုံး အသုံးပြုသူ >>> Charley Kline မှ Oct 29, 1969 တွင် ARPANet မှ Standford Research Institude သို့ ပထမဆုံး packets ကို ပေးပို့ခဲ့ခြင်းဖြစ်သည်...

email address ၏ format ကိုစတင်တီထွင်ခဲ့သူ >>> Ray Tomlinson (1971 ခုနှစ်တွင် @ သင်္ကေတကိုအသုံးပြုပြီး user names များနှင့် host names များကို ခွဲခြားသည့် စံပြု အင်တာနက် email address format ကို စတင်တီထွင်သတ်မှတ်ခဲ့သည်...)

ပထမဆုံး Search Engine >>> Archie Search Engine (McGill University မှ 1990 တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်...)

အင်တာနက်အသုံးပြုနိုင်သည့် ပထမဆုံး မိုဘိုင်းလ်ဖုန်း >>> Nokia 9000 Communicator (1996 တွင် ဖင်လန်နိုင်ငံတွင် စတင်ရောင်းချခဲ့သည်)

ပထမဆုံး Youtube ဗွီဒီယို >>> Me At The Zoo - 10,000,000 views

Youtube မှ ပထမဆုံး comment >>> "Interesting" (Me At the Zoo တွင် ရေးသည့် comment ဖြစ်သည်) - 63,000 likes

Google တွင် ပထမဆုံး ရှာဖွေသည့်အရာ >>> "What is Google?"
(ဤအချက်မှာ တရားဝင်သတ်မှတ်ထားခြင်းမဟုတ်ပေ... အဘယ်ကြောင့်ဆိုသော် ထိုအချိန်က Google တွင် ရှာဖွေသမျှ ခြေရာခံသည့်စနစ်မပါရှိသေးသောကြောင့်ဖြစ်သည်... သို့သော် အရင်းအမြစ်အများစုက ဤအချက်ကို အတည်ပြုပြောကြားထားခဲ့ကြသည်)

Twitter ၏ ပထမဆုံး Tweet >>> "Just setting up my twttr" - Jack Dorsey, March 21st, 2006.

ပထမဆုံး Facebook profile >>> Facebook စတင်စက အသုံးပြုသူများကို ID နံပတ်များပေးခဲ့သည်... ပထမဆုံး Facebook user ၏ ID များမှာ ID#1 မှ 3 အထိ ဖြစ်ပြီး Zuckerburg မှ စမ်းသပ်ရန်အတွက် မိမိဘာသာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကိုနောက်ပိုင်းတွင်ဖျက်ပစ်ခဲ့သည်... သို့ရာတွင် ID#4 မှာ Zuckerburg ၏ ပထမဆုံးနှင့် ယခုတိုင်အသုံးပြုနေဆဲ Facebook account ဖြစ်သည်ဟု ယုံကြည်ထားကြသည်...

100,000,000 views ကျော်ခဲ့သည့် ပထမဆုံး Youtube ဗွီဒီယို >>> Evolution of Dance

1,000,000,000 views အထိရောက်ရှိခဲ့သည့် ပထမဆုံး Youtube ဗွီဒီယို >>> Gangnam Style- December 21st, 2012

Facebook မှ like button ပထမဆုံးအသုံးပြုခဲ့သည့် ရက် >>> April 21st, 2010
----------------------------------------------------------------
Ref: wikipedia.org, Crazy Facts and Records
နှိုင်းရင့်နွေ

https://www.facebook.com/photo.php?fbid=396859307078573&set=a.351047714993066

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...