စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သွေးလှူဒါန်းခြင်းနှင့်ပတ်သက်၍သိသင့်သောအချက်အလက်များ

http://www.spinninghat.com/wp-content/uploads/2012/05/Blood-Gel-1-High-Res-RGB-1800x1800px1.jpg


၁။ သွေးလှူဒါန်းခြင်းဖြင့် ကျွန်ုပ်တွင် သွေးအားနည်းနိုင်ပါသလား

အကြမ်းဖျင်းအားဖြင့် အရွယ်ရောက်ပြီးသူများတွင် သွေးပမာဏ (၅) လီတာ မှ (၆) လီတာ အထိရှိပါသည်။ သွေးလှူဒါန်းမှု့ တစ်ကြိမ်တွင်သွေး (၄၅၀) မီလီမီတာ သာထုတ်ယူပါသည်။ ထုတ်ယူလိုက်သော သွေးပမာဏ သည် (၇၂) နာရီ အတွင်း ပြန်လည်ပြည့်သွားမည်ဖြစ်သည်။သွေးအား (Hemoglobin) မပြည့်သူများ သွေးမလှူဒါန်းမိစေရန် စစ်ဆေးမှု့များ ပြုလုပ်ပြီးမှ လက်ခံသဖြင့် သွေးအားမနည်းနိုင်ပါ။

၂။ သွေးလှူဒါန်းခြင်းဖြင့် ကျွန်ုပ်တွင် ရောဂါရနိုင်ပါသလား

သွေးလှူဒါန်းခြင်းဖြင့် မည်သည့်ရောဂါ မှ ကူးစက်ခြင်း မရှိပါ။ အသုံးပြုနေသောအပ်များ နှင့် ပိုက်များသည် ပိုးသတ်ထားသော တစ်ခါသုံးများသာဖြစ်ပါသဖြင့် ရောဂါများ မရနိုင်ပါ။

၃။ သွေးဖောက်ထုတ်ရာတွင် နာကျင်ပါသလား

သွေးလှူရှင်တိုင်း ပထမအကြိမ်တွင် ကြောက်ရွံတက်ပါသည်။ သို့သော် သွေးဖောက်ထုတ်ရာတွင် အရေပြားအား ဖောက်ချိန်တွင်သာအနည်းငယ် နာကျင်ပါသည်။ ယင်းနောက် နာကျင်မှု့ လုံးဝ မရှိပါ။


၎။ ကျွန်ုပ်သည် သွေးလှူဒါန်းနိုင်အောင် ကျန်းမာပါရဲ့လား

ဆရာဝန်မှ သွေးလှူဒါန်းခြင်း မပြုမီ ကျန်းမာရေး စစ်ဆေးမှု့ ပြုလုပ်ပါသည်။ ကျန်းမာရေးနှင့်မညီညွတ်သော သွေးများကို လက်မခံပါ။သင့်တော်သော လမ်းညွှန်မှု့ ပေးပါသည်။ ထို့ကြောင့် သွေးလှူဒါန်းခြင်းသည် သင့် ကျန်းမျာရေးအား စစ်ဆေးခြင်းလည်းဖြစ်ပါသည်။


၅။ ကျွန်ုပ်သည် သွေးလှူဒါန်းပြီးပါပြီ၊ သို့ပေမယ့် သွေးထပ်မံလှူဒါန်းရန် လိုအပ်ပါသလား

လူနာများအတွက် နေ့စဉ် သွေး (၁၀၀) ယူနစ် မှ (၁၅၀) ယူနစ် အတွင်း လိုအပ်နေပါသည်။ သွေးလှူရှင်များသည် (၄) လ လျှင် တစ်ကြိမ်သာလှူဒါန်းနိုင်ပါသောကြောင့် သွေးလိုအပ်နေသော လူနာများအား အစဉ်သင့် ထောက်ပံ့နိုင်စေရန် အစဉ်ကြိုးပမ်းနေရပါသည်။ ထို့ကြောင့်လူနာများအား ကူညီရန် သင့်ကဲ့သို့ အချိန်မှန်မှန် လှူဒါန်းနေကြသော သွေးလှူရှင်များအပေါ် အားကိုးနေရပါသည်။


၆။ သွေးလှူဒါန်းခြင်းဖြင့် ကိုယ်အလေးချိန် တိုးလာနိုင်ပါသလား

သွေးလှူဒါန်းခြင်းဖြင့် ကိုယ်အလေးချိန် တိုးလာခြင်းများ မဖြစ်နိုင်ပါ။ သင့်အတွက် သေချာပေါက်ရရှိသွားမည်မှာ သွေးလိုအပ်နေသော
လူနာတစ်ဦးအား ကူညီနိုင်မှု့အတွက် ဖြစ်ပေါ်လာသော ပီတိ သာဖြစ်ပါသည်။


၇။ သွေးအတုများ ရရှိနိုင်ပါသလား

သွေး ဆဲလ်များအား လုံးဝ အစားမထိုးနိုင်သေးပါ။ လူသားမှ လှူဒါန်းမှသာ သွေးလိုအပ်နေသော ဝေဒနာရှင်များအား ကယ်တင်နိုင်မည်။


၈။ သွေးများ အသုံးပြုရန် ငွေကြေးပေးရပါသလား

စေတနာရှင် သွေးလှူရှင်များမှ အခမဲ့ လှူဒါန်းထားသောကြောင့် အသုံးပြုရန် ငွေကြေးပေးရန် မလိုအပ်ပါ။ သို့သော် သွေးသွင်း ကုသနိုင်သည်အထိရောက်ရန် ပြုလုပ်ခဲ့ရသော သိုလှောင်စရိတ်၊ စမ်းသပ်စစ်ဆေးစရိတ်များအတွက် သုံးစွဲသူများမှ နိုင်ငံတော်နှင့်အတူ မျှဝေကျခံပေးပါသည်။


၉။ လှူဒါန်းပြီးသော သွေးများအား မည်ကဲ့သို့ ပြုပြင်ပါသနည်း

ထုတ်ယူပြီးသော သွေးများအား (HIV, Hepatitis, Syphilis) အစရှိသည့် ရောဂါပိုးများအား ဓာတ်ခွဲကျွမ်းကျင် ၀န်ထမ်းများမှ စစ်ဆေးရပါသည်။ ထုတ်ယူပြီးသော သွေးများမှ (၃၀) ရာခိုင်နှုန်း သော သွေးအိပ်များကို (၆) နာရီ အတွင်း သွေးရည်ကြည်၊ သွေးဥမွှာ၊ သွေးနီဥများ
(Concentrate) အဖြင့် လိုအပ်သလို ခွဲထုတ်ရပါသည်။



၁၀။ သွေးလှူဒါန်းရန်အတွက် အချိန်မည်မျှကြာမည်နည်း၊မည်သည့်ဆောင်ရွက်ချက်များ ပြုလုပ်ရပါသနည်း

ပျမ်းမျှအားဖြင့် သွေးဖောက်ထုတ်ရန် အချိန် (၁၀) မိနစ် မှ (၁၅) မိနစ် အတွင်းသာကြာမြင့်ပါသည်။ သို့သော် မှတ်ပုံတင်ခြင်းမှ စတင်၍အနားယူပြီးသည့် အချိန်အထိ အချိန် (၆၀) မိနစ် ခန့် လိုအပ်ပါသည်။

ဝိ သု ကြုံ
                                                            လေးစားစွာဖြင့်    ....    မောင်မြင့်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...