တကယ့် ဘောလုံးကဲ့သို့ ကစားနိုင်သည့် ဘောလုံးမီးအိမ်
မီးမရှိသော ဒေသရှိ လူများအတွက် တကယ့် ဘောလုံးကဲ့သို့ ကစားပြီး အားသွင်းနိုင်သည့် LED မီးအိမ်ကို တီထွင်လိုက်ပြီ ဖြစ်သည်။
အဆိုပါ ဘာလုံးမီးအိမ်သည် နာရီဝက် ကစားပြီးပါက ၃ နာရီ ကြာမီးထွန်း နိုင်သည်။ အဆိုပါ ဘောလုံးမီးအိမ်ကို ဟားဗက် တက္ကသိုလ်မှ ကျောင်းသားဟောင်း ရှစ်ဦးပါဝင် သောအုပ်စု တစ်စုက တီထွင်ခဲ့ပြီး ဘောလုံးကို SOCCKET ဟု အမည်ပေးထားသည်။ ဘောလုံး အတွင်း ရှေ့နောက် ရွေ့လျားနိုင်သော ချိန်သီး ပါဝင်ပြီး ဘောလုံး ရွေ့လျားမှုကြောင့် အတွင်းရှိချိန် သီးရွေ့လျားကာ လျှပ်စစ်ဓာတ် ထုတ်လုပ်ပေးပြီး ၎င်းလျှပ်စစ် ဓာတ်အားကို ဘောလုံးအတွင်းရှိ အားသွင်းနိုင်သော ဘက်ထရီ တစ်လုံး၌ စုဆောင်းထားရှိသည်။ မီးထွန်း လိုပါက ဘောလုံးရှိ LED မီးအိမ် တပ်ဆင်မည့် နေရာအား အဖုံးဖွင့်ပြီး မီးအိမ် တပ်ဆင်ကာ အသုံးပြု နိုင်သည်။

၎င်းဘောလုံးကို ပြင်းပြင်းထန်ထန်
ကစားနိုင်ရန်နှင့် ရေစိုဒဏ် ခံနိုင်သည့် EVA ရေမြှုပ်ဖြင့် ပြုလုပ်ထားပြီး
သာမန် ဘောလုံး တစ်လုံးထက် တစ်အောင်စခန့် ပိုလေးသည်။ ရှေ့ပြေး SOCCKET ဘော
လုံးကို အောင်မြင်စွာ ထုတ်လုပ် နိုင်ပြီဖြစ်၍ မကြာမီ အမြောက်အမြား
ထုတ်လုပ်သွား မည်ဖြစ်သည်။ ၎င်းဘောလုံးသည် ဝင်ငွေ နည်းပါးပြီး လျှပ်စစ်မီး
ရရှိမှု နည်းပါးသည့် ဒေသများတွင် အသုံးဝင်မည် ဖြစ်သည်။
No comments:
Post a Comment