Wednesday, March 13, 2013
ကမ္ဘာကျော် Forbes မဂ္ဂဇင်းနဲ့ Fortune မဂ္ဂဇင်းက ဖော်ပြခဲ့တဲ့ World’s Most Admired Company စာရင်းရဲ့ ထိပ်ဆုံးက ကုမ္ပဏီ စာရင်းမှာတော့ US ကုမ္ပဏီတွေက နေရာယူထားပါတယ်။ နံပါတ်တစ် နေရာမှာတော့ Appleက ခြောက်နှစ်ဆက်တိုက် ရပ်တည်ခဲ့ပြီး Googleက နံပါတ်နှစ်နဲ့ Amazon ကတော့ နံပါတ်သုံး နေရာတို့မှာ ရှိခဲ့ပြီး Coca Cola, Starbucksတို့က နံပါတ်လေးနဲ့ နံပါတ်ငါးနေရာမှာ ရှိနေခဲ့ပါတယ်။ USကုမ္ပဏီမဟုတ်တဲ့ ကုမ္ပဏီ တွေထဲမှာ BMWက နံပါတ် ၁၄နေရာမှာ ရှိပါတယ်။
Appleဟာ သူ့ရဲ့ထုတ်ကုန်တွေရဲ့ ဈေးနှုန်းနဲ့ ပတ်သက်ပြီး ဝေဖန်ခံရမှုတွေ ရှိခဲ့ပေမယ့် ရောင်းအား ကျဆင်းခြင်း မရှိဘဲ ပြီးခဲ့တဲ့ လေးလပတ် အတွင်းမှာ အသားတင် အမြတ်ငွေ USD 13သန်း ရရှိခဲ့လို့ အကျိုးအမြတ် အရရှိဆုံး ကုမ္ပဏီတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ Appleဟာ သူ့ရဲ့ Productတွေကို
ဈေးလျှော့ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပြီး Apple Product
တွေဖြစ်တဲ့ iPhoneနဲ့ iPadတို့ကလည်း ကျယ်ပြန့်စွာ အသုံးဒဏ်ခံ
ရောင်းအား ကောင်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီWorld’s Most Admired Companyစာရင်းကို Fortune မဂ္ဂဇင်းက စစ်တမ်း ကောက်ယူထားတာ ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ကုမ္ပဏီပေါင်း ၁၄၀၀ကို စတင်လေ့လာခဲ့တာ ဖြစ်ပြီး နောက်ထပ် ကုမ္ပဏီ ၄၀၀ကို ထပ်မံ စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
Myanmar ICT

No comments:
Post a Comment