Like This Page · Monday
တခါတုန်းက မြတ်ဗုဒ္ဓ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူ
ပါတယ်။ အဲဒီအချိန်မှာ မလ္လိကာမိဖုရားက ဘုရားရှင်ထံကို ချဉ်းကပ် ရောက်လာတယ်။
သင့်တော်ရာက ထိုင်ရင်း လက်အုပ်ချီမိုး ရှိခိုးပြီး ပြဿနာ လေးချက်ကို
လျှောက်ထားပါတယ်။
၁။ရုပ်ဆိုး ဆင်းရဲ
မေး။ ။အရှင်ဘုရား- ဒိလောကမှာ အမျိုးသမီးအချို့ ကအဆင်းမလှ, အရုပ်ဆိုး အကျဉ်းတန်လှပါတယ်၊ ဆင်းရဲနွမ်းပါးလှပါတယ်၊ ပစ္စည်းဥစ္စာလဲမရှိ၊ အသုံး အဆောင်ဆိုလဲမရှိ၊ သြဇာအာဏာလဲမရှိပါဘုရား၊ အဲဒီလိုဖြစ်နေရခြင်း အကြောင်းက ဘာကြောင့်ပါသလဲဟုမေးလျှောက် တယ်..။
ဖြေ။ ။မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသကြီးတယ်၊ စိတ်ပင်ပန်းမူ များတယ်၊ နည်းနည်းကလေး အပြောခံရရုံနဲ့ စိတ်ခုတတ်တယ်၊ စိတ်ဆိုးတတ်တယ်၊ စိတ်မြန်တယ်၊ ရန်ြငိုးထားတတ်တယ်၊ သိသိသာသာ အမျက်ထွက်လာတတ်တယ်၊ မကျေမချမ်းဖြစ်လာတတ်တယ်။ အဲဒီအမျိုးသမီးဟာ ရဟန်း၊ သူတော်ကောင်းတို့အား ထမင်း၊ အဖျော်၊အ၀တ်၊ဖိနပ်၊ ပန်း၊နံ့သာ၊ နံ့သာပျောင်း၊ အိပ်ရာ၊နေရာ၊ မီးထွန်းစရာဆီဆိုတဲ့ ဒါန၀တ္ထုဆယ်ခုထဲက ဘာတစ်ခုကိုမျှ မပေးလှူဘူး၊ ပြီးတော့ ငြူစူတဲ့စိတ်(ကိုယ့်ထက်သာမနာလိုတဲ့စိတ်)များနေတယ်၊ သူများလာဘ်ရတာ၊အရိုအသေခံရတာ ၊အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာကို ငြူစူနေတယ်(မနာလိုမရူစိတ်ဖြ စ်နေတယ်) စိတ်ပြစ်မှားနေတယ်၊ မနာလိုမရူစိတ်အကျိတ်အခဲဖြစ် နေတယ်။
အဲဒီအမျိုးသမီးဟာ အဲဒီဘ၀က စုတေလို့ ဒီလူ့ဘုံကို ရောက်လာခဲ့ရင် ဖြစ်ရာဘ၀မှာ
အဆင်းမလှ၊ အရုပ်ဆိုးအကျဉ်းတန်ပြီး ဆင်းရဲနွမ်းပါးရ တော့တယ်၊
ကိုယ်ပိုင်ပစ္စည်းလဲမရှိ၊ အသုံးအဆောင်လဲမရှိ၊ သြဇာအာဏာ အရှိန်အ၀ါလဲ
မရှိနိုင်တော့ဘူး။ မလ္လိကာ ဒီလို အကြောင်းအထောက် အပံ့ကြောင့် ဒီလောကမှာ
အချို့အမျိုးသမီးက အဆင်းမလှ အရုပ်ဆိုး အကျည်းတန်ပြီး
ဆင်းရဲနွမ်းပါးပစ္စည်းဥစ္စာလဲ မရှိ၊အသုံးအဆောင်လဲ မရှိ၊ သြဇာအာဏာလဲမရှိဘဲ ဖြစ်နေရတော့တာပဲဟုဖြေလိုက်ပါတယ်..။
၂။ရုပ်ဆိုး ချမ်းသာ
မေး။ ။အရှင်ဘုရား-အချို့ အမျိုးသမီးကတော့ အဆင်းမလှ၊ အရုပ်ဆိုး အကျည်းတန်ပေမဲ့ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတယ်၊ အသုံး အဆောင်လဲပေါများတယ်၊ သြဇာအာဏာလဲရှိတယ်၊ ဘယ်လို အကြောင်း အထောက်အပံ့ကြောင့် ဒီလိုဖြစ်ရပါသလဲဘုရားဟုလျှောက်တယ်။
ဖြေ။ ။မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသကြီးတယ်၊ စိတ်ပင်ပန်းမူများတယ်၊ နည်းနည်းကလေး အပြောခံရရုံနဲ့ စိတ်ခုတတ်တယ်၊ စိတ်ဆိုးတတ်တယ်၊ စိတ်မြန်တယ်၊ရန်ငြိုးထားတတ် တယ်၊ သိသိသာသာ အမျက်ထွက်လာတတ်တယ်၊ဒေါသထွက် လာတတ်တယ်၊ မကျေမချမ်းဖြစ်လာ တတ်တယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးက အလှူဒါနကိုတော့ ပေးလှူ တတ်တယ်၊ ငြူစူစိတ်(မနာလိုစိတ်)မျိုး မရှိ၊ သူတစ်ပါးလာဘ်ရတာ၊ အလေးပြု ခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာတွေကို မငြူစူ(လိုလားနှစ်သက်တယ်)စိ တ်မပြစ်မှား၊
မနာလိုမရူစိတ် အကျိတ်အခဲ မဖြစ်ချေ။ အဲဒီအမျိုးသမီးက အဲဒီဘ၀က စုတေလို့
ဒီလူ့ဘုံကို ရောက်လာခဲ့ရင် ဖြစ်ရာ ဘ၀မှာ အဆင်းမလှ၊ အရုပ်ဆိုး
အကျည်းတန်ပေမယ့် ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝတယ်၊အသုံးအဆောင်ပေါများတယ်၊ သြဇာအာဏာလဲ ရှိလာရပါတော့ တယ်။ မလ္လိကာ ဒီလိုအကြောင်းအထောက်အပံ့ကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက အဆင်းမလှ၊အရုပ်ဆိုး အကျည်းတန်ပေမဲ့ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတယ်၊အသုံးအဆော င် ပေါများတယ်၊ သြဇာအာဏာ လဲ ရှိလာရတော့တာပဲဟု ဖြေလိုက်ပါတယ်။
၃။ရုပ်ချော ဆင်းရဲ
မေး။ ။အရှင်ဘုရား- အချို့အမျိုးသမီးကတော့ ရုပ်ချောပါတယ်၊ အဆင်းလှပါတယ်၊ရုပ်ဆင်းသဏ္ဍာန် အလွန်ပြေပြစ်ပါတယ်၊
ဒါပေမဲ့ ဆင်းရဲနွမ်းပါးလှပါတယ်၊ ပစ္စည်းဥစ္စာလဲ မရှိ၊ အသုံးအဆောင်လဲမရှိ၊
သြဇာအာဏာလဲမရှိပါ၊ ဘယ်လိုအကြောင်းအထောက်အပံ့ြေ ကာင့် ဒီလိုဖြစ်ရပါသလဲဘုရားဟုလျှောက်ထားတယ်။
ဖြေ။ ။ မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသမကြီး၊ စိတ်ပင်ပန်းမူ(စိတ်မကျေနပ်မူ)မများ၊
အများအပြား အပြောခံရပေမဲ့ စိတ်မခုတတ်၊ စိတ်မမြန်တတ်၊ စိတ်မဆိုးတတ်၊
ရန်ငြိုးမထားတတ်၊ သိသိသာသာ ပေါ်ပေါ်လွင်လွင် အမျက်မထွက်တတ်၊
မကျေမချမ်းမဖြစ်တတ်။
အဲဒီအမျိုးသမီးက အလှူဒါနကိုတော့ မပေးလှူ၊ ငြူစူစိတ်ကများနေတယ်၊ သူများလာဘ်ရတာ၊ အရိုအသေခံရတာ၊ အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာတွေကို ငြူစူနေတယ်၊ စိတ်ပြစ်မှားနေတယ်၊ မနာလိုမရူစိတ် အကျိတ်အခဲဖြစ်နေတယ်။
အဲဒီအမျိုးသမီးက အဲဒီဘ၀က စုတေလို့ ဒီလူ့ပြည်ကို ရောက်လာခဲ့ရင် ဖြစ်ရာဘ၀မှာ ရုပ်ချောတယ်၊ အဆင်းလှတယ်၊ ရုပ်ဆင်းသဏ္ဍာန် ပြေပြစ်တယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးတယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာ မရှိ၊ အသုံးအဆောင်လဲ မရှိ၊ သြဇာအာဏာအရှိန်အ၀ါလဲ မရှိတော့ဘူး။
မလ္လိကာ ဒိလို အကြောင်းအထောက်အပံ့ကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက ရုပ်ချောတယ်၊ အဆင်းလှတယ်၊ ရုပ်ဆင်းသဏ္ဍာန်ပြေပြစ်တယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးရမယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာလဲမရှိ ၊ အသုံးအဆောင်လဲ မရှိတဲ့အပြင် သြဇာအာဏာအရှိအ၀ါ မရှိဘဲ ဖြစ်နေရတော့တာပဲဟုဖြေလိုက်ပါတယ်။
၎။ရုပ်ချော ချမ်းသာ
မေး။ ။အရှင်ဘုရား- အချို့ အမျိုးသမီးကတော့ ရုပ်လဲချောတယ်၊ အဆင်းလဲလှတယ်၊ ရုပ်ဆင်းသဏ္ဍာန်လဲ အလွန်ပြေပြစ်တယ်၊ ပစ္စည်းဥစ္စာလဲ ချမ်းသာကြွယ်ဝတယ်၊ အသုံးအဆောင်လဲ ပေါများတယ်၊ သြဇာအာဏာလဲ ရှိတယ် ဘယ်လိုအကြောင်းအထောက်အပံ့ြေ ကာင့် ဒီလိုဖြစ်ရပါသလဲဘုရားလျှောက်ထားတယ်။
ဖြေ။ ။မလ္လိကာ! ဒီလောကမှာ အချို့အမျိုးသမီးက ဒေါသမကြီး၊ စိတ်ပင်ပန်းမူ(စိတ်မကျေနပ်မူ)မများ၊
အများအပြား အပြောခံရပေမဲ့ စိတ်မခုတတ်၊ စိတ်မဆိုးတတ်၊ စိတ်မမြန်တတ်၊
ရန်ငြိုးမထားတတ်၊ သိသိသာသာ အမျက်မထွက်၊ ဒေါသမထွက်တတ်၊ မကျေမချမ်း မဖြစ်တတ်။
အဲဒီအမျိုးသမီးက အလှူဒါနကိုလဲ ပေးလှူတယ်၊ ငြူစူတဲ့စိတ်မရှိ၊ သူတစ်ပါးလာဘ်ရတာ၊ အရိုအသေခံရတာ၊ အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာတွေကို မငြူစူ၊ စိတ်မပြစ်မှား၊ မနာလို မရူစိတ် အကျိတ်အခဲ မဖြစ်ဘူး။
မလ္လိကာ အချို့အမျိုးသမီးက အဲဒီဘ၀က စုတေလို့ ဒီလူ့ပြည်ကို ရောက်လာ ခဲ့ရင် ဖြစ်ရာဘ၀မှာ ရုပ်ချောမယ်၊ အဆင်းလှမယ်၊ ရုပ်ဆင်းသဏ္ဍာန်ပြေပြစ်မယ်၊၊ ပစ္စည်းဥစ္စာလဲ ချမ်းသာကြွယ်ဝမယ်၊၊ အသုံးအဆောင်လဲ ပေါများမယ်၊ သြဇာအာဏာလဲ ရှိလာရတော့တယ်။
မလ္လိကာ ဒီလိုအကြောင်းအထောက်အပံ့ကြောင့်
ဒီလောကမှာ အချို့ အမျိုးသမီးက ရုပ်ချောရတယ်၊ အဆင်းလှရတယ်၊ ရုပ်ဆင်းသဏ္ဍာန်
ပြေပြစ်ရ တယ်၊ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝရတယ်၊ အသုံးအဆောင်လဲ ပေါများရတယ်၊
သြဇာအာဏာ အရှိအ၀ါလဲ ရှိလာရတော့တာပဲဟုဖြေလိုက်ပါ တယ်။
မလ္လိကာမိဖုရားကြီးကြည့်ရတာေ တာ့ ရုပ်ဆိုးပုံပေါ်မယ်။ မြတ်စွာဘုရားကို ပွင့်ပွင့်လင်းလင်းလျောက်ထားတယ်။
အရှင်ဘုရား တပည့်တော်က ရှေးဘ၀က ဒေါသကြီးသူ၊ စိတ်ပင်ပန်းမူများသူ၊
နည်းနည်းကလေး အပြောခံရုံနဲ့စိတ်က ခုတတ်သူ၊ စိတ်ဆိုးတတ်သူ၊ စိတ်မြန်သူ၊
ရန်ငြိုးထားတတ်သူ၊ သိသိသာသာ အမျက်ထွက်တတ်သူ၊ ဒေါသဖြစ်တတ်သူ
ဖြစ်လာခဲဟန်တူပါတယ်ဘုရား၊ ဘာဖြစ်လို့လဲဆိုတော့ တပည့်တော်မက အဆင်းမလှ၊
အရုပ်ဆိုး အကျည်းတန်မ ဖြစ်နေလို့ပါဘုရား။
ဒါပေမယ့်ဘုရား သူတော်ကောင်းတို့အား ထမင်း၊ အဖျော်စသည့်ဖြင့်တော့ လှူလာခဲ့ဟန်တူပါတယ်ဘုရား၊ ဘာဖြစ်လို့လဲဆိုတော့ တပည့်တော်မက ဒီဘ၀မှာ ချမ်းသာကြွယ်ဝပါတယ်ဘုရား၊ ပစ္စည်းဥစ္စာပေါပါတယ်ဘုရား၊ အသုံးအဆောင်တွေလဲပေါပါတယ်ဘု ရား။
နောက်တစ်ခုကလေးဘုရား၊ တပည့်တော်မက ရှေးဘ၀ကတုန်းက ငြူစူစိတ်(ကိုယ့်ထက်သာ
မနာလိုစိတ်) ကင်းခဲ့ဟန်တူပါတယ်ဘုရား။ ယခုဘ၀မှာ တပည့်တော်မ တန်ခိုးအရှိန်
အ၀ါကြီးမား ပါတယ်ဘုရား။ တပည့်တော်မက ဒီနန်းတော်အတွင်းမှာ
လူပေါင်းမြောက်များစွာကို အုပ်စိုးကြီးမူးနေရပါတယ်။ ဘာပဲဖြစ်ဖြစ်ဘုရား
တပည့်တော်မလေး ဒီနေ့က စလို့ ဒေါသမကြီးသူ၊ စိတ်ပင်ပန်းမူ မများသူ
ဖြစ်ပါတော့မယ်၊ အများကြီးအပြောခံရပေမဲ့ စိတ်မခုတော့ပါ၊ စိတ်မဆိုးတော့ပါ၊
စိတ်မမြန်တော့ပါ၊ ရန်ငြိုးမထားတော့ပါ၊ သိသိသာသာအမျက်ထွက်မူ၊ ဒေါသဖြစ်မူ၊
မကျေမချမ်းဖြစ်မူကိုလဲ မပြုတော့ပါဘုရား၊ ရဟန်း၊ သူတော်ကောင်း တို့အား
ထမင်း၊ အဖျော်စသည့်လှူဒါန်းဖွယ်ရာများကို
ပေးလှူပါမယ်ဘုရား၊ ငြူစူစိတ် ကင်းသူဖြစ်ပါတော့မယ် ဟု မြတ်စွာဘုရားအား
လျောက်ထားဝန်ခံလိုက်ပါတယ်။ မြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ တရားတော် ကိုလဲ
ချီးကျူး၊ သရဏဂုံလည်းတည်ဆောက်ပြီး ဥပါသိကာမအဖြစ်ကို ခံယူသွားပါတော့တယ်။
ကဲ..စာဖတ်သူရေ..(အထူးအားဖြင့်အမျိုးသမီးများ)
ကိုယ့်ကိုကို မေးခွန်းထုတ် ကြည့်လိုက်ပါ။ ဘယ်လိုထုတ်မလဲဆိုတော့
မှန်တစ်ချပ်ကို ကောက်ကိုင်လိုက်ပါ။ မိမိရဲ့မျက်နာကို သေချာကြည့်မေးလိုက်။
ငါရုပ်လည်းဆိုး ဆင်းလည်းဆင်းရဲ သလား၊ ရုပ်ဆိုးပြီး ချမ်းသာသလား၊
ရုပ်ချောပြီးဆင်းရဲသလား၊ ရုပ်လည်းချော ချမ်းလည်းချမ်းသာသလား လို့
မေးလိုက်ပါ။ အဖြေတော့ထွက်လာမှာပါ။ ဘယ်သူက ဘာတွေပြောနေပြောနေ မိမိရဲ့
အားနည်းချက် (သို့မဟုတ်)မိမိမှာ မပြည့်စုံမူတွေကတော့ မိမိသာအသိဆုံးပါ။
မလ္လိကာမိဖုရားကတော့ မြတ်ဗုဒ္ဓ ရှေ့တည့်တည့်မှာ ၀န်ခံသွားတယ်။
သူ့မှာလိုအပ်နေတဲ့အားနည်းချ က်တွေကို၊ နောက်နောင်ကိုလည်း ဒေါသမကြီးအောင်စောင့်ထိန်းမ ည်ဖြစ်ကြောင်းကိုပေါ့။ တစ်ခြားသူမသိရင်တောင် မိမိရဲ့အားနည်းချက်ကတော့ မိမိစိတ်ထဲမှာ အမြဲလိုလို ရောင်ပြန်ဟပ်နေတတ်ပါတယ်။
မိမိရဲ့အားနည်းချက်ကို သိလိုက်ပြီဆိုတာနဲ့ ဘုရားခန်းထဲသွားပါ၊ ဘေးကလူတွေ ရှိနေသေးရင် ၀န်မခံပါနဲ့ဦး၊ တစ်ယောက်ထဲအဆင်ပြေပြီဆိုမှ မလ္လိကာမိဖုရား ဘုရားရှင်ရဲ့ရှေ့တည့်တည့်မှာ
ဝန်ခံလျောက်ထားသလို ၀န်ခံလိုက်ပါ။ မလ္လိကာ မိဖုရားလိုပဲ ကျင့်သွားလိုက်ပါ၊
ဒါဆိုရင် သင့်က အလွန်ဆုံး ရုပ်ဆိုးဒီတစ်ဘ၀ပါ၊ ဆင်းရဲလဲ ဒီတဘ၀ပါ။
ပြောနေရင်ကြာတယ် ဘုရားခန်းထဲဝင်ပြီး လုပ်ကြည့် လိုက်ပါ၊ ပြုပြင်လိုက်ပါ။
ဒါဆိုရင် ဘ၀ကအနေလှပြီးအသေမြတ်သွားမှာ ပါ..။ စာဖတ်သူအားလုံး ဒိစာလေးကိုဖတ်ပြီးအသိဥာဏ်လေးတွေရရှိကြပါစေ..။ ရသည့်အလျောက်ကျင့်နိုင်ကြပါ စေ..။ ကျင့်သည်အလျောက် မဂ်ဖိုလ်၏အထောက်အပံ့ကောင်းေ တွဖြစ်ပါစေဟုဆန္ဒပြုလိုက်ပါတ ယ်..။
လပြည့်ဝန်း(သာစည်)
ဘ၀အရေးစိတ်အေးရဖို့ ဓမ္မ အသိရှိလျက် နေကြစို့။
ကျမ်းကိုး။ ။အင်္ဂုတ္တိုပါဠိတော်၊မဟာဝဂ်၊ မလ္လိကာဒေ၀ီသုတ်။
ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း၊ ဒုတိယတွဲ(အရှင်ကုမာရ)
ဓမ္မလမ်းပြကြယ်
၁။ရုပ်ဆိုး ဆင်းရဲ
မေး။ ။အရှင်ဘုရား- ဒိလောကမှာ အမျိုးသမီးအချို့ ကအဆင်းမလှ, အရုပ်ဆိုး အကျဉ်းတန်လှပါတယ်၊ ဆင်းရဲနွမ်းပါးလှပါတယ်၊ ပစ္စည်းဥစ္စာလဲမရှိ၊ အသုံး အဆောင်ဆိုလဲမရှိ၊ သြဇာအာဏာလဲမရှိပါဘုရား၊ အဲဒီလိုဖြစ်နေရခြင်း အကြောင်းက ဘာကြောင့်ပါသလဲဟုမေးလျှောက်
ဖြေ။ ။မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသကြီးတယ်၊ စိတ်ပင်ပန်းမူ များတယ်၊ နည်းနည်းကလေး အပြောခံရရုံနဲ့ စိတ်ခုတတ်တယ်၊ စိတ်ဆိုးတတ်တယ်၊ စိတ်မြန်တယ်၊ ရန်ြငိုးထားတတ်တယ်၊ သိသိသာသာ အမျက်ထွက်လာတတ်တယ်၊ မကျေမချမ်းဖြစ်လာတတ်တယ်။ အဲဒီအမျိုးသမီးဟာ ရဟန်း၊ သူတော်ကောင်းတို့အား ထမင်း၊ အဖျော်၊အ၀တ်၊ဖိနပ်၊ ပန်း၊နံ့သာ၊ နံ့သာပျောင်း၊ အိပ်ရာ၊နေရာ၊ မီးထွန်းစရာဆီဆိုတဲ့ ဒါန၀တ္ထုဆယ်ခုထဲက ဘာတစ်ခုကိုမျှ မပေးလှူဘူး၊ ပြီးတော့ ငြူစူတဲ့စိတ်(ကိုယ့်ထက်သာမန
၂။ရုပ်ဆိုး ချမ်းသာ
မေး။ ။အရှင်ဘုရား-အချို့ အမျိုးသမီးကတော့ အဆင်းမလှ၊ အရုပ်ဆိုး အကျည်းတန်ပေမဲ့ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတယ်၊ အသုံး အဆောင်လဲပေါများတယ်၊ သြဇာအာဏာလဲရှိတယ်၊ ဘယ်လို အကြောင်း အထောက်အပံ့ကြောင့် ဒီလိုဖြစ်ရပါသလဲဘုရားဟုလျှေ
ဖြေ။ ။မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသကြီးတယ်၊ စိတ်ပင်ပန်းမူများတယ်၊ နည်းနည်းကလေး အပြောခံရရုံနဲ့ စိတ်ခုတတ်တယ်၊ စိတ်ဆိုးတတ်တယ်၊ စိတ်မြန်တယ်၊ရန်ငြိုးထားတတ်
၃။ရုပ်ချော ဆင်းရဲ
မေး။ ။အရှင်ဘုရား- အချို့အမျိုးသမီးကတော့ ရုပ်ချောပါတယ်၊ အဆင်းလှပါတယ်၊ရုပ်ဆင်းသဏ္ဍာန်
ဖြေ။ ။ မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသမကြီး၊ စိတ်ပင်ပန်းမူ(စိတ်မကျေနပ်မ
အဲဒီအမျိုးသမီးက အလှူဒါနကိုတော့ မပေးလှူ၊ ငြူစူစိတ်ကများနေတယ်၊ သူများလာဘ်ရတာ၊ အရိုအသေခံရတာ၊ အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာတွေကို ငြူစူနေတယ်၊ စိတ်ပြစ်မှားနေတယ်၊ မနာလိုမရူစိတ် အကျိတ်အခဲဖြစ်နေတယ်။
အဲဒီအမျိုးသမီးက အဲဒီဘ၀က စုတေလို့ ဒီလူ့ပြည်ကို ရောက်လာခဲ့ရင် ဖြစ်ရာဘ၀မှာ ရုပ်ချောတယ်၊ အဆင်းလှတယ်၊ ရုပ်ဆင်းသဏ္ဍာန် ပြေပြစ်တယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးတယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာ မရှိ၊ အသုံးအဆောင်လဲ မရှိ၊ သြဇာအာဏာအရှိန်အ၀ါလဲ မရှိတော့ဘူး။
မလ္လိကာ ဒိလို အကြောင်းအထောက်အပံ့ကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက ရုပ်ချောတယ်၊ အဆင်းလှတယ်၊ ရုပ်ဆင်းသဏ္ဍာန်ပြေပြစ်တယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးရမယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာလဲမရှိ
၎။ရုပ်ချော ချမ်းသာ
မေး။ ။အရှင်ဘုရား- အချို့ အမျိုးသမီးကတော့ ရုပ်လဲချောတယ်၊ အဆင်းလဲလှတယ်၊ ရုပ်ဆင်းသဏ္ဍာန်လဲ အလွန်ပြေပြစ်တယ်၊ ပစ္စည်းဥစ္စာလဲ ချမ်းသာကြွယ်ဝတယ်၊ အသုံးအဆောင်လဲ ပေါများတယ်၊ သြဇာအာဏာလဲ ရှိတယ် ဘယ်လိုအကြောင်းအထောက်အပံ့ြေ
ဖြေ။ ။မလ္လိကာ! ဒီလောကမှာ အချို့အမျိုးသမီးက ဒေါသမကြီး၊ စိတ်ပင်ပန်းမူ(စိတ်မကျေနပ်မ
အဲဒီအမျိုးသမီးက အလှူဒါနကိုလဲ ပေးလှူတယ်၊ ငြူစူတဲ့စိတ်မရှိ၊ သူတစ်ပါးလာဘ်ရတာ၊ အရိုအသေခံရတာ၊ အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာတွေကို မငြူစူ၊ စိတ်မပြစ်မှား၊ မနာလို မရူစိတ် အကျိတ်အခဲ မဖြစ်ဘူး။
မလ္လိကာ အချို့အမျိုးသမီးက အဲဒီဘ၀က စုတေလို့ ဒီလူ့ပြည်ကို ရောက်လာ ခဲ့ရင် ဖြစ်ရာဘ၀မှာ ရုပ်ချောမယ်၊ အဆင်းလှမယ်၊ ရုပ်ဆင်းသဏ္ဍာန်ပြေပြစ်မယ်၊၊ ပစ္စည်းဥစ္စာလဲ ချမ်းသာကြွယ်ဝမယ်၊၊ အသုံးအဆောင်လဲ ပေါများမယ်၊ သြဇာအာဏာလဲ ရှိလာရတော့တယ်။
မလ္လိကာ ဒီလိုအကြောင်းအထောက်အပံ့ကြေ
မလႅိကာမိဖုရားၾကီးၾကည့္ရတာေ
ဒါပေမယ့်ဘုရား သူတော်ကောင်းတို့အား ထမင်း၊ အဖျော်စသည့်ဖြင့်တော့ လှူလာခဲ့ဟန်တူပါတယ်ဘုရား၊ ဘာဖြစ်လို့လဲဆိုတော့ တပည့်တော်မက ဒီဘ၀မှာ ချမ်းသာကြွယ်ဝပါတယ်ဘုရား၊ ပစ္စည်းဥစ္စာပေါပါတယ်ဘုရား၊ အသုံးအဆောင်တွေလဲပေါပါတယ်ဘု
ကဲ..စာဖတ်သူရေ..(အထူးအားဖြင
မိမိရဲ့အားနည်းချက်ကို သိလိုက်ပြီဆိုတာနဲ့ ဘုရားခန်းထဲသွားပါ၊ ဘေးကလူတွေ ရှိနေသေးရင် ၀န်မခံပါနဲ့ဦး၊ တစ်ယောက်ထဲအဆင်ပြေပြီဆိုမှ မလ္လိကာမိဖုရား ဘုရားရှင်ရဲ့ရှေ့တည့်တည့်မှ
လပြည့်ဝန်း(သာစည်)
ဘ၀အရေးစိတ်အေးရဖို့ ဓမ္မ အသိရှိလျက် နေကြစို့။
ကျမ်းကိုး။ ။အင်္ဂုတ္တိုပါဠိတော်၊မဟာဝဂ်၊ မလ္လိကာဒေ၀ီသုတ်။
ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း၊ ဒုတိယတွဲ(အရှင်ကုမာရ)
ဓမ္မလမ်းပြကြယ်