စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးထူးဆန်းဆန်း ချစ်သူကို surprise ဖြစ်အောင်လုပ်တဲ့ သူ


ချစ်သူကို surprise ဖြစ်အောင်လုပ်ချင်တဲ့ လူတွေအများကြီးပေါ့။ ကိုယ့်ချစ်က ကိုယ်ပေးတဲ့ လက်ဆောင်ဗူးလေးကို ဖွင့်လိုက်ရင် အရမ်းကို ကြည်နူးပြီးတော့ ပျော်ရွှင်သွားတဲ့ပုံလေးကို ချစ်သူတိုင်း မြင်ချင်ကြတာပေါ့။ တရုတ်နိုင်ငံက ငနဲတစ်ယောက်ကတော့ သူ့ချစ်သူ အံအားသင့်စေဖို့ဆိုပြီးတော့ သူကိုယ်တိုင် သူ့ချစ်သူကို ပေးဖို့ဝယ်ထားတဲ့ အရုပ်ကလေးနဲ့ အတူစက္ကူပုံးထဲကို ၀င်ပြီးတော့ ချစ်သူဆီကို လက်ဆောင်ပုံး ပို့လိုက်ပါသတဲ့။ ပုံးကလည်း သူ့ရဲ့ ချစ်သူ ကောင်မလေးရဲ့ ရုံးဆီကိုရောက်ပါတယ်။ ပုံးကိုဖွင့်လိုက်တော့ ကိုယ်တော်ချောက အောက်ဆီဂျင်ပြတ်ပြီးတော့ သတိမေ့နေပါလေရောတဲ့။

ကိုယ်တော်ချောက ပြည်တွင်းချောပို့လုပ်ငန်းတစ်ခုကို သူ့ချစ်သူဆီကို ပုံးတစ်ခုပို့ချင်တယ်ဆိုပြီးတော့ ပုံးလာယူမယ့်လူ မလာခင်မှာ ပုံးထဲကိုဝင်၊ သူ့အိမ်က သူငယ်ချင်းက ပုံးကို တိပ်တွေဘာတွေနဲ့ အကျအနပိတ်၊ ဟိုရောက်ရင် ပုံးထဲကထွက်၊ ချစ်သူကို အရုပ်ကလေး ပေးမယ်ဆိုပြီးတော့ စီစဉ်တာပါ။ ဒါပေမယ့် ဒီလောက်ကျဉ်းတဲ့ လေလုံပုံးထဲမှာ ကိုယ်တော်ချော သတိမေ့ပြီးတော့ လောကကြီးနဲ့ အဆက်ပြတ်သွားပါတယ်။ ကံကောင်းတာတစ်ခုကတော့ သူ့ကောင်မလေးပုံးဖွင့်ပြီးတော့ မကြာခင်မှာပဲ ငနဲက သတိပြန်လည်သွားပါတယ်တဲ့။ အင်း… ချစ်တာလည်းချစ်ပေါ့လေ…. အရူးအမူးချစ်တယ်ဆိုဆို၊ ဒီလိုနေရာတွေမှာတော့ နှလုံးသားရေးကို ဦးနှောက်လေးနဲ့ နဲနဲလေး စဉ်းစားဖို့လိုမယ်လို့ထင်ပါတယ်။



http://blog-aunghtut.blogspot.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...