စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သီတဂူဆရာတော် “မြင့်မြတ်သောစိတ်ဓါတ် နှင့် နေ့စဉ်ဆုတောင်း”

(၁) မေတ္တာ - ဟူသည် သူတစ်ပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်လိုသောစိတ်......

“ငါသည် မည်သူ့ကိုမျှ ဒုက္ခမပေးပါရစေနှင့် ၊ သူတစ်ပါးတို့၏ အကျိုးစီးပွားကိုသာ ဆောင်ရွက်နိုင်ရပါလို၏”

(၂) ကရုဏာ- ဟူသည် သူတစ်ပါးတို့၏ ဒုက္ခကို ခံစားတတ်သောစိတ်.....

“ငါသည် သူတစ်ပါးတို့၏ ဒုက္ခကိုပယ်ဖျောက်, ဒုက္ခရောက်သူကို စောင့်ရှောက်နိုင်ရပါလို၏”

(၃) မုဒိတာ- ဟူသည် မိမိထက် စီးပွားဥစ္စာ ရာထူးအာဏာ ဂုဏ်ပါဝါ သာလွန်သော သူတို့ကိုမြင် လျှင်ကြား လျှင်သိလျှင် အတုမပြိုင်ဝမ်းမြောက်နိုင်သောစိတ်......

“ငါသည် ငါ့ထက်သာလွန်သူကို မည်သည့်အခါမှ အတုမပြိုင်ပါရစေနှင့်၊ ၀မ်းမြောက်စွာ လက်တွဲနိုင်ရပါစေလို၏”

(၄) ဥပေက္ခာ- ဟူသည် မြေကြီးနှင့်တူသောစိတ်.......

မြေ၌နေသူ လူတို့သည် မြေပေါ်၌ပင် မစင်စွန့်ကုန်၏ ။ မြေကြီးသည် စိတ်မပျက်(No Depress, No Reject) ။

ထိုသူတို့သည်ပင် မြေကြီး၌အလှပန်းပင်တို့ကို စိုက်ကြကုန်၏။ မြေကြီးသည် မမက်မော ၊ မသာယာ (No Attach,No Accept ) ။

“ငါသည် လောက၏ဆိုးသော အခြေအနေ၌လည်း စိတ်မပျက်ရပါစေနှင့် ၊လောက၏ကောင်းသော အခြေ အနေကိုလည်းမတပ်မက်ရပါစေနှင့် ၊ကောင်းဒဏ် ဆိုးဒဏ် ဤနှစ်တန်ကို ခံနိုင်သည့်သူ ဖြစ်ရပါလို၏။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...