စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သစ္စာမဲ့အမျိုးသမီးများစာရင်းမှာ ထိုင်းနဲ့မလေး ထိပ်တန်းကပါဝင်






ကွန်ဒွန်ကုမ္ပဏီ Durex ရဲ့ စစ်တမ်း
ကောက်ချက်အရ သစ္စာမရှိဆုံး အမျိုး
သမီးတွေစာရင်းမှာ မြန်မာပြည်ရဲ့ 
အိမ်နီးချင်းတိုင်းပြည်တွေ ပါဝင်နေ
 

တယ်လို့ မနေ့ကနဲ့ဒီကနေ့ တက်လာတဲ့ သတင်းတွေက ဆိုပါတယ်။

ထိပ်ဆုံးမှာ ဗိုလ်စွဲသူကတော့ အာဖရိကတိုက် ဂါနာနိုင်ငံက အမျိုးသမီးများ

 ဖြစ်ပါတယ် တဲ့။


အဆင့် ၁။ ဂါနာ
အဆင့် ၂။ ထိုင်း
အဆင့် ၃။ မလေးရှား
အဆင့် ၄။ ရုရှား
အဆင့် ၅။ စင်္ကာပူ


မြန်မာအမျိုးသမီးများကိုတော့ ဒီစစ်တမ်းရလဒ်ထဲ မတွေ့ရပါ။

နိုင်ငံ ၄၀ နီးပါး အကျုံးဝင်တယ်၊ လူပေါင်း သောင်းနဲ့ချီကို ကောက်ခဲ့တဲ့စစ်တမ်းလို့ ဆိုပါတယ်။

မနှစ်ကလည်း စစ်တမ်းကောက်ခဲ့တယ်၊ အဲဒီတုန်းက အဆင့် ၁ မှာ ရောက်ခဲ့တာကတော့ နိုင်ဂျီးရီးယားအမျိုးသမီးတွေပါ တဲ့။ ဒီနှစ်မှာတော့ နိုင်ဂျီးရီးယားအမျိုးသမီးတွေက ဘယ်အဆင့်မှ မချိတ်ခဲ့ပါဘူး။
နိုင်ဂျီးရီးယားကို ဒီနှစ် ထည့်မတွက်တာလား ဒါမှမဟုတ် နိုင်ဂျီးရီးယားအမျိုးသမီးတွေက ရုတ်တရက် သစ္စာရှိသွားတာလား ဆိုတာတော့ မသိရပါ။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒီအကြောင်းအရာကို စိတ်ဝင်စားသူ မနည်းပါဘူး။ ထိုင်းရဲ့ အထင်ကရ သတင်းစာ ဘန်ကောက်ပို့စ် ဆိုရင် မနေ့က သူများတွေ ရေးပြီးသား ဒီသတင်းကို Breaking News 

ဆိုပြီး အွန်လိုင်းမှာ အခုလေးတင် တင်လိုက်ပါတယ်။

စစ်တမ်းရလဒ်တိုင်း ယုံရတာ မဟုတ်သလို ဒီစစ်တမ်းကရော ဘယ်လောက်အထိ စိတ်ချရမလဲလို့ မေးစရာရှိပါတယ်။

ဒီကုမ္ပဏီက စစ်တမ်းကို သူ့ရဲ့ဝက်ဆိုက်ကနေ ကောက်ယူခဲ့တာပါလို့ ဆိုပါတယ်။

ကွန်ဒွန်ကုမ္ပဏီက ကောက်ယူတဲ့ စစ်တမ်းကို အွန်လိုင်းပရိသတ်က သဘောထားဝိုင်းပေးကြတာ အထက်ပါအတိုင်း ရလဒ် ထွက်လာတာ ဖြစ်ပါတယ်။



(ဧရာဝတီ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...