စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရေပြားကြွေကျသည့် ရောဂါဆန်းတစ်မျိုး



      အရီဇိုးနား ပြည်နယ်၊ တူစင်မြို့မှ Brystal ခေါ်တဲ့ ကိုးလ အရွယ် ကလေးငယ် လေးတစ်ဦးဟာ Epidermolysis Bullosa ခေါ်တဲ့ ရောဂါဆန်း တစ်မျိုးကို ခံစားနေရတယ်လို့ သိရပါတယ်။ အဲဒီ ရောဂါဟာ အရေပြားကို လက်နဲ့ အသာအယာ ထိတွေ့ရုံနဲ့ အရေပြားမှာ အရည်ကြည်ဖုတွေ ပေါက်လာတတ်တာကြောင့် သူ့ခြေတွေ၊ လက်တွေကို ပတ်တီးနဲ့ စည်းထားရပါတယ်။
လူငါးသောင်းမှာ တစ်ယောက်နှုန်း ဖြစ်ပေါ်လေ့ရှိပြီး အရေပြား တစ်လွှာနဲ့ တစ်လွှာ ပေါင်းစပ်ဖို့ လိုအပ်တဲ့ ပရိုတင်း ချို့တဲ့တာကြောင့် ဖြစ်တဲ့ရောဂါပါ။ အရေပြားဟာ အရမ်းပါးပြီး အထိမခံနိုင်တာကြောင့် ပွတ်တိုက်မှုလေး ရှိတာနဲ့ အရေပြားမှ သွေးထွက်ပြီး နာကျင်စေနိုင်ပါတယ်။

ဘယ်ပွတ်တိုက်မှုမျိုးမဆို အရေပြားနဲ့ ပါးစပ်အတွင်း အနာပေါက်စေနိုင်ပါတယ်။ ဒီရောဂါရှိတဲ့ ကလေးငယ်တွေဟာ အသက် တစ်နှစ်အတွင်း သေဆုံးသွားတတ်ကြပါတယ်။ အသက်ရှူ လမ်းကြောင်းမှ အရည်ကြည်ဖုတွေ ပေါက်ပြီး အသက်ရှူရ ခက်ခဲတဲ့ ပြဿနာတွေ ဖြစ်သွားရတာကြောင့်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...