စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လင်းလင်းရဲ့ မန္တလေးမြို့ သေဆုံးခြင်းအကြောင်း”

 

         ခုနောက်ပိုင်း လင်းလင်းရဲ့ စင်မြင့်ဖျော်ဖြေသီဆိုမှုမှာ အမြဲလို နားထောင် ရလေ့ရှိတဲ့ “မန္တလေးမြို့သေဆုံးခြင်း”သီချင်းက အခုဆို ပရိသတ်ကြား မှာလည်း တော်တော်ပျံ့နှံ့နေပါပြီ။ ဒီသီချင်းကို လင်းလင်း ဘာကြောင့် ရေးဖြစ်လဲ ဆိုတာ စိတ်ဝင်စားမယ် ထင်တဲ့ ပရိသတ်တွေ အတွက် လင်းလင်း ကိုမေးကြည့်တော့ “ကျွန်တော်က မန္တလေးသားဖြစ်တော့ ကျွန်တော် မန္တလေးပြန်တိုင်းမှာ ခံစားရတာလေးတွေ ရှိတယ်။

        ပြောင်းလဲ တိုးတက် သွား တဲ့နောက်ကို မန္တလေးမြို့ကြီးကတော့ ပါသွားတယ်။ ဒါပေမယ့် မန္တလေးမြို့ကြီး ပါသွားတာပါရှိတယ်။ မန္တလေးက မြန်မာလူမျိုးတွေ ပါသွားတာ မရှိဘူး။ အဲဒါလေးတွေ ခံစားရတယ်။ ဒါပေမယ့် အဲဒါကလည်း ဘယ်သူကိုမှ ထိခိုက်လိုခြင်းမဟုတ်ဘူး။ အဲဒါနဲ့ တချို့သူငယ်ချင်းတွေ ကလည်း မန္တလေးနဲ့ ပတ်သက်တဲ့ သီချင်းမျိုး လုပ်ဖို့ ပြောကြတဲ့သူတွေ ရှိတယ်။ အဲဒီအချိန်မှာ ကိုယ်ခံစားနေရတာက ခုနလို အကြောင်းအရာ ဆိုတော့ စိတ်ကို ဖွင့်ချလိုက်ပြီးတော့ ရေးချင်တဲ့ စကားလုံးအတိုင်း ရေးချ လိုက်တာမှာ အဲဒီမန္တလေးမြို့သေဆုံးခြင်း သီချင်းလေးဖြစ်လာတာပါ” လို့ လင်းလင်းက ပြောပါတယ်။

မန္တလေးသားဖြစ်သူ အဆိုတော်လင်းလင်း၏ "မန္တလေးမြို့သေဆုံးခြင်း"သီချင်းကို နားဆင်လိုပါက

http://www.mediafire.com/download.php?zz16bkg6kynbi57

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...